Monday, September 14, 2009

ရင်ထဲက ပန်းလေးတပွင့်


Tag ပိုစ့်တွေကို ဘယ်သူက အစပျိုးခဲ့လဲမသိပါဘူး... တခါတလေ ဒီ Tag ပိုစ့်တွေက အရမ်းကို ခေါင်းစားခက်ခဲပါတယ်။ မရေးတော့လဲ မဖြစ်၊ ရေးလျှင်လဲ ဒုက္ခ ဒီလို Tag ပိုစ့်တွေကို ဖန်တီးတဲ့ ပညာရှင်တွေထဲမှာ တီဝါ၊ ဂျပန် တို့က အရမ်းအားပါပါတယ်။ မရေးလဲ အကြွေးတွေ ခဏခဏတောင်းနေပါတယ်။ ညီငယ် အဆိပ်ခွက် တက်ဂ်ထားတဲ့ အကြောင်းတွေလဲ အများကြီး ရှိနေပါသေးတယ်။ အချိန်ရရင်တော့ တဖြေးဖြေး ရေးပေးပါမယ်။ ခုဟာက အိမ်ရှင့်ဆီလာပြီး အကြွေးတောင်းနေသလို လုပ်နေတော့ အမြန်ဆုံး ရေးပေးလိုက်ပါတယ်။

အချစ်ဆိုတာကို လူတိုင်းထိတွေ့ ခံစားခဲ့ကြဖူးမည်။ ကိုယ့်ကြုံတွေ့ခဲ့ဖူးတဲ့ အချစ်၊သံယောဇဉ်ကိုလိုက်၍ အချစ်သည်ပူပြင်းသည်။ တောက်လောင်သည်၊ အေးမြသည် စသည်ဖြင့် အမျိုးမျိုးခွဲခြား သတ်မှတ်ကြပြန်သည်။ ကျနော်ဖြတ်သန်းခဲ့ဖူးသော အတိတ်တွေထဲမှာလဲ ဒီအချစ်ဆိုတာကို ကြုံတွေ့ခဲ့ဖူးသည်။ ကျနော့်အမြင်အရ အချစ်ဆိုသည်ကို သတ်မှတ်သည့် အတိုင်းအတာ စံအနေအထားတခုတွင် လူတယောက်၏အသက်အရွယ် အပိုင်းအခြားသည်လဲ အဓိကပါဝင်ပတ်သက်နေသည်ဟု မြင်မိသည်။ ကျောင်းသားဘ၀အရွယ်တွင် မဖွံဖြိုးသေးသည့် ဦးနှောက်ရဲ့ စေခိုင်းချက်၊ တဇွတ်ထိုးဆန်သော စိတ်၏စေခိုင်းချက်ကြောင့်လဲ အချစ်ဟုထင်မိသောအရာများကို မက်မောတွယ်တာခဲ့ဖူးမိမည်။

ကိုယ်တိုင် အလုပ်လေးလုပ်လာတော့ ဘ၀ရဲ့ခက်ခဲမူတွေကို ရင်ဆိုင်တတ်လာတဲ့အချိန်မှာ တွေ့သောအချစ်သည် ငယ်စဉ်ကလိုမဟုတ်တော့ပေ။ အရာရာကို ချင်ချိန်စဉ်းစားတတ်လာတော့ ကိုယ်ပိုင်ဘ၀လေးတခုအတွက် ရွေးချယ်တတ်လာခဲ့သည်။ သာယာချမ်းမြေ့သည့်ဘ၀ကို မက်မောတွယ်တာတတ်ပြန်သည်။ ထို့ကြောင့် အသက်အရွယ်လေးရမှ အိမ်ထောင်ပြုလျှင် အမှားများစွာ မကျူးလွန်တတ်ပေ၊ အမှားများစွာလဲ မရှိတတ်၊ အိမ်ထောင်ရေးသည်လဲ သာယာချမ်းမြေ့၍ ပျော်ရွှင်စရာဖြစ်နေပေလိမ့်မည်။ တခါတရံတွင် အချစ်ဟုထင်မိသော အရာများသည်လဲ အချိန်လွန်မှ အချစ်စစ်မဟုတ်မှန်း သိခဲ့ရတတ်သည်။ ကျနော်သည်လဲ ဒီလိုမျိုး ကြုံတွေ့ခဲ့ဖူးပါသည်။


ကျနော်သူကို အမှတ်မထင် စတွေ့ခဲ့မိသည်။ အမှတ်မထင်ဆိုသည်ထက် မမျှော်လင့်သော အနေအထားတခုမှ စတင်ရင်းနှီးခဲ့မိသည်။ ဒီနောက်ပိုင်း ကျနော်တို့ စကားတွေ ပြောဖြစ်ပါတယ်။ အဓိက ကျနော်သူ့ကို ချစ်မိရတဲ့ အချက်အလက်တွေကတော့ သူ့ရဲ့ စိတ်ဓါတ်လေးပါပဲ။ ရိုးသားမူတွေနဲ့ အမှန်ကို အမှန်အတိုင်း ပြောတတ်တဲ့ သူ့ရဲ့စိတ်ဓါတ်၊ မလိမ်မ၀ှက်ပဲ မှန်မယ်ထင်ရင်လုပ်တတ်တဲ့ စိတ်ဓါတ်လေးကိုပါ၊ တကယ်တမ်း ပိုမိုခင်တွယ်ခွင့်ရလာတော့ ပိုပြီးလေးစားရတဲ့ စိတ်ဓါတ်လေးတွေကိုလဲ ထပ်တွေ့ရပါတယ်။ ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကို ရိုသေကိုင်းရှိုင်းမူတွေ ရှိတယ်။ လူမူရေးလုပ်ငန်းများမှာလဲ နာမည်ကောင်းမယူပဲ လုပ်ဆောင်တတ်ပါတယ်။

လူတိုင်းအရာရာဟာ မပြည်စုံသလို ကျနော့်ချစ်သူမှာလဲ အရမ်းဆိုးတဲ့ စိတ်ကလေးတခုတော့ ရှိပါတယ်။ ဒါကတော့ နှစ်ယောက်စကားပြောနေရင်းကို စိတ်တို၊စိတ်ကောက်တတ်တာပါ။ ကျနော့်ရဲ့ အရင်စိတ်နဲ့ဆို မလွယ်ပါဘူး အဟီးးး။ ဒါပေမဲ့ သူကလဲ စိတ်ကောက်ရင် ခဏလေးနေရင် ပြေသွားတတ်ပါတယ်။ ခုတော့ ကျနော့်သူ့ကို အရမ်းချစ်နေမိပါတယ်။ ဒီအတွက် ကျနော်အတတ်နိုင်ဆုံး ခွင့်လွှတ် နားလည်မူတွေ ပေးနေပါတယ်။ အရာရာကို အနိုင်ယူချင်ခဲ့မိတဲ့ ကျနော် ခုတော့ စိတ်ကိုလျော့နေရပါတယ်။ ကျနော့်ရည်မှန်းချက်တွေထဲမှာ သူလဲတစိတ်တဒေသ အဖြစ်နဲ့ ပါဝင်နေပါတယ်။



လေးစားလျက် တောင်ပေါ်သား

16 comments:

ဆောင်းနှင်းရွက် said...

ကိုတောင်ပေါ်ကလည်း ....
ဖတ်မလို့ ရှိသေးတယ် ..းး)
ပို့စ် က တိုတိုလေးနဲ့
ပြီးသွားတယ် . -)

ဆုတောင်း ပေးသွားတယ် ..။
အမြန်ဆုံးလက်တွဲနိုင်ပြီး
6 star Hotel မှာ
အမြန်ဆုံး မင်္ဂလာဆောင်နိုင်ပါစေ .း)

September 15, 2009 at 12:54 AM
yangonthar said...

ကိုတောင်ပေါ်သားရေ
ချစ်တော့လည်း အပြစ်ဆိုတာ မြင်ရိုးထုံးစံမဟုတ် ဘူးမလားဗျာ ကောင်းပါတယ် ချစ်နေဖို့ သာပါ .... ပေးဆပ်ခြင်းမရှိရင် အချစ်လို့ မမြည်ဘူးလို့  ကြား ဖူးတယ်ဗျ .... နားလည်မှုပေးဆပ်မှု များနှင့် အပြစ်ကင်းသော ချစ်ခြင်းကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေဗျာ
ခင်မင်လျှက်
ရန်ကုန်သား
အေးမြသာယာရှိပါစေ

September 15, 2009 at 2:30 AM
WWKM said...

ဟမ်း

တကယ်ကြီးရေးပေးတာ ကျေးဇူးတင်ပါတယ် တောင်ပေါ်သားရေ။

ကျနော်ချစ်မိတဲ့ ချစ်သူလေးနဲ့ မခွဲမခွါတသက်တာလက်
တွဲပြီး နားလည်မှုတွေ ၊ပေးဆပ်မှုတွေနဲ့ အနှောက်အ
ယှက်ကင်းစွာ ချစ်နိုင်ကြပါစေ။

မင်္ဂလာဆောင်ရင် တီဝါတို့ကိုဖိတ်လိုက်နော်.လာခဲ့မယ်။း)

ခင်မင်စွာနဲ့

တီဝါ
(အဟမ်း.. သူရေးထားတာနဲ့ အကြွေးတောင်းရတာ
တောင် မျက်နှာပူလာပြီ။မရဘူး..ဆက်တောင်းထားဦးမှာပဲ..ပေးချင်တဲ့သူပေး.မပေးချင်
တဲ့သူနေ။)း)

September 15, 2009 at 7:48 AM
ပုံ့မေ said...

သဲပြောသလိုပဲ ပို့ စ်ကတိုလိုက်တာ။ :)

ကိုတောင်ပေါ်တို မြန်မြန် ရွှေလက်တွဲနိုင်ပါစေဗျို့ ....

September 15, 2009 at 8:47 AM
မိုးခါး said...

ကြားမိတာတော့ ကိုတောင်ပေါ်က လူပျိုကြီး လုပ်မယ်ဆိုလားးးးးးးးးးးးးးးးး :P

September 15, 2009 at 9:05 AM
မေလေး said...

အဲဒါဘူလေးလဲ

September 15, 2009 at 11:02 AM
kiki said...

ငယ်ငယ်တုံးက နှလုံးသားနဲ့ချစ်..
နဲနဲကြီးလာတော့ ဦးနှောက် နဲ့ ချစ်...
ဒီထက်ကြီးလာတော့ ... ဘာနဲ့ ချစ်...???
ခုလောလောဆယ် ..ဘာနဲ့ ချစ် ..????
သိချင်လိုက်တာ

ပြော .. ပြော .. ပြော ..
နား .. နား ပြီး ..ပြော ..

September 15, 2009 at 11:17 AM
Waing said...

အရာရာကို အနိုင်ယူချင်ခဲ့မိတဲ့ ကျနော် ခုတော့ စိတ်ကိုလျော့နေရပြီလား ကိုတောင်ပေါ်သားရေ.. :)))

September 15, 2009 at 11:37 AM
သံလွင် HeRo said...

ဒီမောင်နှံ အမြန်ဆုံးရွှေလက်တွဲနိုင်ပြီး
အချစ်တွေရာသက်ပန်ခိုင်မြဲပါစေဗျား...

September 15, 2009 at 3:28 PM
flowerpoem said...

ကိုတောင်ပေါ်သားရဲ့ ပန်းတစ်ပွင့်ကို ဖတ်ပြီး အယူအဆ အတွေးအခေါ်တွေ က မှန်ပါတယ် အသက်အရွယ်ရလာတဲ့ အခါမှာမှ အချစ်က သေချာ ဝေဖန်ပိုင်းခြားနိုင်တာပါ..

September 15, 2009 at 3:47 PM
စည်သူ said...

ကဲ.. ရောက်ပါတယ် တောင်ပေါ်သားရေ..

အချစ်နဲ့ ပက်သက်လာရင်တော့ မဆွေးနွေးချင်ဘူး..း)

ပြောရရင်.. မပြောတာပဲကောင်းပါတယ်လေ..းP

အရင်စိတ်ကို မြင်ယောင်မိတယ်..

September 15, 2009 at 10:24 PM
Sein Lyan Tun said...

ပေါ်ပေါ်ရင်ထဲက ပန်းက စိန်ပန်းပဲဆိုတာ ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ပါကွယ်....း)

အချစ်နဲ့ ဘဝတစ်ထပ်တည်းကျပါစေလို့

ညီ့အတွက် အကို့ရင်နဲ့အမျှဆုတောင်းပေးပါတယ်

ပျော်ရွှင်ပါစေ

ချစ်တဲ့

ဖိုးစိန်

September 15, 2009 at 10:57 PM
Anonymous said...

ပျော်ရွှင်ပါစေမောင်လေးရေ..... ဘ၀မှာ ပြည့်စုံမှုဆိုတာ မရှိပေမယ့် ရရှိတဲ့ အတိုင်းအတာလေးကို အပြည့်အ၀ ခံစားနိုင်ပါစေ။

ခင်တဲ့မကြီး

September 16, 2009 at 12:59 PM
Yu Ya said...

ကိုတောင်ပေါ်သားရဲ့ ပန်းလေးတစ်ပွင့်ကို နားလည်မှုတွေ ပေးနိုင်သမျှ ပေးနိုင်ပါစေခင်ဗျာ။

yu ya

September 16, 2009 at 9:12 PM
မဆုမွန် said...

ချစ်ခြင်းပို့စ်လေးကို ချစ်ခြင်းများစွာနဲ့ဖတ်သွားတယ် မောင်လေးရေ

ငြိမ်းချမ်းပါစေနော်

September 21, 2009 at 3:08 PM
Anonymous said...

ချစ်ခြင်းတွေ ပေါင်းစည်းနိုင်ကြပါစေဗျာ

September 22, 2009 at 5:57 AM