Monday, August 3, 2009

ဆုနဲ့စူး


ကိုရီနို ရဲ့ တက်ဂ်ကြွေးလေးပါ။ ဆုနဲ့ စူး တဲ့..း) ကိုရီနို က သူ့ Tag ကြွေးတွေကို လိုက်တောင်းနေတော့ ရေးစရာမရှိလဲ မရေးချင်လို့ မရအောင် ဘလော့ပေါ်မှာ အကြွေးစာရင်းတင်တော့ ရေးလိုက်ပါတယ်။ ကိုရီနိုရေ အကိုပြောတဲ့ ဆု နဲ့ စူးဆိုတာ ဆိုင်လားမဆိုင်လား၊ ဟုတ်လားမဟုတ်လား ကိုယ်တိုင်တာ စဉ်းစားပေတော့ဗျာ ကျနော်တော့ ရေးချလိုက်ပြီး).....

ကျနော်ဘ၀မှာ သေချာပြန်စဉ်းစားကြည့်မိရလောက်အောင် ငယ်စဉ်က မထူးချွန်ခဲ့ပါဘူး။ ပေါ်ကုန်ပါပြီဗျာ.. တကယ်ပြောတာ ကျနော်ငယ်စဉ်က အတန်းထဲမှာ စာတော်တဲ့ လူစာရင်းထဲမှာ မပါခဲ့ပါဘူး။ စာမတော်လို့ စာအညံ့ကြီးလားဆိုတော့လဲ အဲလောက်ထဲ မညံ့ပါဘူး (ကိုယ့်ဟာကို ပြန်သုံးသပ်တာပါ) အတန်းထဲမှာ စာမေးပွဲဖြေရင်တော့ အောင်နေတာပါပဲ။ တခါတလေ ကျတာကလွဲလို့ပေါ့း).. ဒီတော့ ငယ်စဉ်က ဆုရခဲ့ဖူးတာ မရှိပါဘူး။ ၃ တန်းနှစ်တုန်းလောက်ကထင်တယ် ကျောင်းပွဲတခုမှ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကဗျာ သီချင်းလေးတွေ ရွတ်ဆိုတဲ့ ပြိုင်ပွဲမှာတော့ ဒုတိယဆု တခါ ချိတ်ဖူးတယ်။ ဒါဟာ ပညာရေးဖက်မှာ အရမ်းထူးချွန်တဲ့ ကျနော့်ရဲ့ဆုတခုပါပဲ။

ပျော်ရွှင်ဖွယ် ကောင်းတဲ့ ဆုရလာဒ်တွေ မရှိသလို ရင်နဲ့ခံစားပြီး နောင်တရနေရမဲ့ စူးဒါဏ်ရာတွေလဲ ကျနော့်ဘ၀မှာ မရှိပါဘူး။ ကျနော့်က အပေါင်းအသင်းကို ခင်မင်တတ်သလို စိတ်လဲ ရှည်တတ်ပါတယ်။ ဒါကြောင့် တော်ရုံတန်ရုံ အပေါင်းအသင်းတွေ ရန်ဖြစ်တယ် ကွဲတယ်ဆိုတာ မရှိသလောက်ပါပဲ။ အချိန်တန်လို့ ခွဲသွားရတာလေးတွေတော့ ရှိစဲမြဲပါ။ ကျနော်ယုံကြည်နေတာ တခုတော့ ရှိတယ်။ ကျနော်တို့ငယ်စဉ်က အတန်းဖော်တွေ အားလုံး အရွယ်ရောက်လာလို့ အားလုံးမဟုတ်ရင်တောင်မှ အတော်များများကတော့ ကိုယ်ပိုင်လုပ်ငန်းတွေ ကိုယ်စီနဲ့ အောင်မြင်နေကြမှာပါ။ ဒါပေမဲ့ ဘယ်သူတွေကတော့ ဘယ်အတန်းတုန်းကအဖော်လဲ ကျနော်မမှတ်မိပါဘူး။ မှတ်ဥာဏ်က အဲလိုကောင်းတာမျိုးပါ။ ကျနော့်ဘ၀မှာ မှတ်မှတ်ရရ အရင်းနှီးဆုံး ခင်မင်ဖူးတဲ့ သူငယ်ချင်းတွေများစွာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ဦးနှောက်ထဲမှာ လုံးဝမမေ့နိုင်တဲ့ သူငယ်ချင်းတွေကို ရေတွက်ကြည့်မယ်ဆို ကျနော်လက်ချောင်းလေးတွေနဲ့တင် ရေတွက်လို့ ရပါတယ်။

ကျနော်မွေးရပ် တောင်ကြီးမြို့လေးမှာ အထက်တန်းထိနေခဲ့ရပါတယ်။ ကျနော်တို့ အထက်တန်းလောက်ရောက်မှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေကိုတော့ ကောင်းကောင်းကြီး မှတ်မိနေပါတယ်။ ကျနော့်ရဲ့ အခင်မင်ရဆုံး သူငယ်ချင်းများကို ဒီမှာ ရေးသားဖူးပါတယ်။ အမြဲတမ်း ဘ၀မှာ မမေ့နိုင်တဲ့ ပျော်ရွှင်စရာ အဖြစ်လေးတွေပါ။ ကျနော်မှာကျောင်းသားဘ၀က ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီးတော့ ရည်မှန်းချက်တခုတော့ ရှိပါတယ်။ ကျနော်တို့ အသက်လေးလဲ ရလာရင် ကျနော်တို့ကျောင်းသား၊ကျောင်းသူ သူငယ်ချင်းဟောင်းလေးတွေ စုံစုံညီညီ ပျော်ပျော်ပါးပါးနဲ့ ကျနော်တို့ကို ပညာသင်ကြားပေးခဲ့တဲ့ ကျနော့်တို့ရဲ့ ကျေးဇူးရှင် ဆရာသမားတွေကို လေးစားစွာနဲ့ ကန်တော့ချင်မိပါတယ်။ ဒီစိတ်ကူးလေးကို အောင်မြင်အောင်လဲ ကျနော်ကြိုးစားပါဦးမည်။


လေးစားလျက် တောင်ပေါ်သား

5 comments:

မိုးခါး said...

ဟီးဟီး
အဲလိုတော်တယ်ဆိုတာ ထင်တော့ထင်သား
ခုတော့ ပိုသေချာသွားတာပေါ့ :P

August 3, 2009 at 9:52 PM
အိုက်ခီလောက် said...

လုပ်လိုက်လေကြာသလားလို့ 
တောင်ကြီးရောက်ရင် လှမ်းခေါ်လိုက် သိလား
အပြေးလေးလှမ်းလာမယ်

August 4, 2009 at 8:08 AM
ဇော် said...

ဖတ်တယ်ဗျ။ =)

August 4, 2009 at 3:20 PM
အိမ် said...

ကိုယ်တော်တာ လူသိကုန်ပြီဗျို၊့

August 12, 2009 at 11:59 PM
မငုံ said...

ဒီလောက် တော်ကြောင်းကြွားတာကိုက တော်နေတာ :) တူတော်မောင်အစား ကြီးဒေါ် ဂုဏ်ယူသွားတယ်။

August 13, 2009 at 10:11 AM