Tuesday, May 5, 2009

ဒါက..ဒီလိုရှိတယ်


အမ မငုံက Tag ပြန်ပါတယ်။ ဒါက ဒီလိုရှိတယ်တဲ့ (ဘာက ဘာကိုရှိတာလဲတော့ ကျနော် သေချာမသိပါ)။ ဘ၀မှာ လွှဲခဲ့တဲ့အရာတွေ ရှိသလို ပြင်သင့်တဲ့ အရာတွေလဲ ရှိပါတယ်။ ဒါလေးတွေကို ရေးခိုင်းလိုက်တာပါ။ ကျနော်ဘ၀မှာ လွဲခဲ့တဲ့ အရာတွေလဲ အတော်များများရှိခဲ့ပါတယ်။ ဒီလိုပဲ ပြင်သင့်ပင်မဲ့ မပြင်နိုင်ခဲ့ပဲ စိတ်အလိုလိုက်မိခဲ့တာတွေလဲ အများကြီးပါ။ ကဲ လေ့လာ ဝေဖန်သွားပေတော့ဗျာ....း)


၁)စိတ်ဓါတ်

ပထမဆုံး ကျနော်ရဲ့ စိတ်ဓါတ်ပါ။ အရာရာကို ကိုယ်လုပ်ချင်တာ ကိုယ်မှန်မယ်ထင်ရင် လုပ်တတ်တဲ့ အကျင့်တခုပါ။ ဒါလေးက တခါတလေ ကောင်းလှပေမဲ့ အမြဲတမ်းတော့ လူအသိုင်းအ၀ိုင်းထဲမှာ နေမယ်ဆိုရင် အဆင်ပြေလှတယ်မဟုတ်ပါဘူး။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင် လုပ်ယူနေဆဲပါ။ တခါတလေ ကျနော်ရဲ့ စကားပြောတွေဟာ သူငယ်ချင်းတွေရဲ့ နားမှာအ၀င်ဆိုးစေပါတယ်။ ဒါဟာလဲ ပြင်သင့်တဲ့ အချက်တခုပါ။ ဘုကန့်လန့်လဲ လုပ်တတ်ပါသေးတယ်။ ငယ်ငယ်တုန်းကဆို ပိုဆိုးပါတယ်။ အဖွားအိမ် သွားလည်လို့ ထမင်းစားနေရင် ဦးလေးက စနေရင် ကျနော် စိတ်တိုလာရင် ထမင်းစားပွဲတခုလုံးကို မှောက်ချလိုက်တတ်တာပါ။ ပန်းကန်တွေဆို အဝေးကို ပစ်ထုတ်လိုက်တာပါ။ (ခု အဲ့ဒီ ဦးလေးလဲ ဆုံးသွားပါပြီ ဘ၀မှာ အမှတ်တရ အနေနဲ့ ကျန်နေဆဲပါ)

၂)အိပ်ချိန်

ကျနော် ဒီမှာ တခေါက် ရေးခဲ့ဖူးပါတယ်။ ကျနော်ရဲ့ အကျင့်လေးတွေကိုပေါ့။ တခါတလေ အတော့်ကို ဆိုးပါတယ်။ အိပ်ချိန်ကို ပုံမှန်မထားတတ်ပါဘူး။ ဥပမာ အလုပ်မရှိတဲ့ သောကြာ၊စနေ ညတွေဆို ကျနော် မိုးလင်းမှ အိပ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ ထတော့ နေ့လည်ပိုင်းလောက်မှ ထဖြစ်ပါတယ်။ တခါတလေ ကျနော်ကြိုက်တဲ့ ဘောလုံးပွဲတွေ လာရင်တော့ ကျနော် တညလုံး မအိပ်ပဲ စောင့်ကြည့်တတ်ပါတယ်။ ပြီးမှ သူငယ်ချင်းတွေကို မနက်နိုးပေးဖို့ အကူအညီ တောင်းရပေါင်းလဲ မနဲပါဘူး။ အလုပ်နောက်ကျတာလဲ မနဲတော့ပါဘူး

၃)စကားပြောခြင်း

ကျနော်နဲ့ ရင်းနှီးရင် ခင်မင်ရင် ကျနော်အရမ်းစတတ် နောက်တတ်တာပါ။ အစကောင်းလို့ အနောက်ကောင်းလို့ သူငယ်ချင်း အချင်းချင်း စိတ်ကောက်ကြပေါင်းလဲ မနဲတော့ပါဘူး။ ကျနော်ပါးစပ်က တခါတလေ အတည်ပေါက်နဲ့ လျှောက်ပြောတတ်တာပါ။ အများစုကတော့ တကယ်အတည်ပါ။ ပုံမှန်ဆို မစတတ်ပါဘူး၊ အရမ်းခင်တဲ့ ကျနော့်သူငယ်ချင်းတွေကိုတော့ စဖြစ်ပါတယ်။ ဟိုတလောကပဲ ကျနော်အလုပ် ပြုတ်သွားပြီလို့ စလိုက်တာ ကျနော်သူငယ်ချင်းတွေ ကျနော်အတွက် စိတ်မကောင်းဖြစ်သွားကြရပါတယ်။ အဟီးးး အဲလိုစတာပါ။ (ဒါမှ ကျနော်ကို ဘယ်လောက်ခင်လဲ ဆိုတာ သိမှာပေါ့နော့်)

၎)အပေါင်းအသင်းခင်မင်ခြင်း

လိုအပ်သည်ထက် အပေါင်းအသင်းကို ပိုမို ခင်တွယ်တတ်ပါတယ်။ ကိုယ်မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အရာတွေကို အပေါင်းအသင်းနဲ့ တွေ့ရင် သူတို့ လုပ်ခိုင်းရင် အားနာနာနဲ့ လုပ်တတ်ပါတယ်။ တခါတလေ သူငယ်ချင်းတွေ ဘီယာသောက်နေရင် ကျနော်မသောက်ပဲ နေတတ်ပါတယ်။ နောက်ဆုံး သူတို့က မရမက တိုက်ရင်တော့ သောက်ဖြစ်သွားတတ်ပါတယ်။ ရေကို ချွေတာတာပါ။ အပေါင်းအသင်းခင်တွယ်မူကြောင့် လက်ရှိချိန်ထိ ချစ်သူ မရှိတော့တာပါ။ (ကြော်ငြာဝင်တာပါ အဟီး) ချစ်သူထက် သူငယ်ချင်းအပေါင်းအသင်းရဲ့ ကိစ္စ အရေးတွေကို ဦးစားပေးတတ်လို့ ရင်ကွဲရပါတယ်။ (ရင်ကွဲ=သရက်သီး ကို ပြောတာပါ)။ ခုချိန်ထိတော့ မပြင်နိုင်သေးပါ။ ပြင်ဖို့လဲ စိတ်ကူးက လုံးဝမရှိပါ။ အဟက် ဟက် (ကိုရန်အောင် ရီနည်းလေး ငှါးသုံးပါတယ်) ဘ၀မှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာကို ဘာနဲ့မှ မလဲနိုင်သေးပါ။


ကျနော် ဘယ်သူ့ကိုမှ မTag တော့ပါဘူးနော့်။ တော်ကြာ ၀ဠ်ကြွေးတွေ လည်နေမယ် အဟား.......


လေးစာ
းလျက် တောင်ပေါ်သား

8 comments:

ဖိုးစိန် said...

ဒီတစ်ခါလည်းအကျင့်တွေတူနေပြန်ပြီး
အပျိုကြီးဆီကိုကော်ပီကူးပီးပေးလိုက်တော့မယ်
အဟီးး
ပိုစ့်လေးငှားပါလာဗျာ

May 5, 2009 at 11:57 PM
ဖိုးစိန် said...

ဒီတစ်ခါလည်းအကျင့်တွေတူနေပြန်ပြီး
အပျိုကြီးဆီကိုကော်ပီကူးပီးပေးလိုက်တော့မယ်
အဟီးး
ပိုစ့်လေးငှားပါလာဗျာ

May 5, 2009 at 11:57 PM
ဇော် said...

ဆရာပေါ်ကတော့ အတည်ပေါက်နဲ့လျှောက်ပြောနေပြန်ပါပြီ။ တကယ်ဟုတ်မဟုတ်၊ ရန်ကုန်ကို လှမ်းမေဦးမှ။ အဟိ။

May 6, 2009 at 12:17 AM
WWKM said...

လာဖတ်သွားတယ် တောင်ပေါ်သားရေ..
အဟတ်ဟတ် ဟားးးး အဲဒါ အေသွေးတွေရဲ့အမူအကျင့်တွေလေ.. ကူချထားတယ်ထင်ရအောင်နီးစပ်လှပါပေတယ်... :P

တီဝါကိုတော့ ဦးဥာဏ်ကပြောတယ်.
“ ပြန်မပြောနားမထောင် လူ့ဂွစာကောင်”တဲ့.ဟဟ အဲဒါဆောင်ပုဒ်အသစ် သေခြာမှတ်ထား.... :D

May 6, 2009 at 12:54 AM
flowerpoem said...

ထမင်းစားပွဲမှောက်ချတယ်တဲ့ ဆိုးတဲ့ကိုတောင်ပေါ်သားကြီးပဲ ဟား၂
စိတ်ဓာတ်တွေကို မှတ်သားသွားပါတယ်..

May 6, 2009 at 1:29 AM
နေ့အိပ်မက် said...

လူတိုင်းကတော့ အဲလိုပဲ တစ်ခုမဟုတ်တစ်ခုတော့ ပြင်စရာ အမြဲရှိနေမှာပဲ... အိပ်တဲ့ ကိစ္စကတော့ နေ့အိပ်မက်နဲ့ တော်တော့်ကို တူတာ... ညသုံးလေးနာရီမှအိပ်ပြီး မနက်ဆို နေ့လည်၂နာရီ၃နာရီလောက်မှ ထတာလေ.... :P

May 6, 2009 at 8:49 AM
မငုံ said...

အဟမ်း..အေသွေးသမားချင်းတူနေပြန်ပြီ။ ကျေးဇူးပါ Tag ထားတာလေး ဖြေပေးလို့။ ဖတ်ရင်းနဲ့ ကြောက်လာတယ်:)) ထမင်းဖိတ်မကျွေးတော့ဘူးနော်။

May 6, 2009 at 10:26 AM
kiki said...

အပေါင်းအသင်းခင်တဲ့  ကျောင်းဆရာရေ ။ ခင်မင်လို့ ထမင်းစား ဖိတ်ပါတယ် ။ ပဲပုပ် နဲ့ ငပိ ရောမွှေချက်လေး ။ စားပွဲတော့မရှိဘူး ။ မတ်တပ်ရပ်ပြီး buffet ပုံစံလေးနဲ့  ။ အဲဒါမှ မှောက်ချင်နေရင်တော့ ဒယ်အိုးလွတ်တွေ ချပေးထားမယ်လေ ။တခါတည်း ဆေးပြီး မှောက်ထားခဲ့ ပေးနော့ ။

May 6, 2009 at 5:27 PM