Tuesday, May 5, 2009

တို့ဟူးနွေး


ခုတလော စိတ်ထဲမှာ မွေးရပ်မြေက ရှမ်းအစားအစာလေးတွေ အရမ်းစားချင်နေပါတယ်။ အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးသုတ်တွေ အရမ်းစားချင်ပါတယ်။ ဒါနဲ့ ဦးရှင်ကြီး ကို ဖုန်းဆက်တော့ ဦးရှင်ကြီးက အားရက်ကြရင် လုပ်ကျွေးမယ်တဲ့.. စားရပါဦးမယ် အဟဲ စားချင်သူများ မောင်တောင်ပေါ်သားကို ဆက်သွယ်ကြဗျို့.. တီဝါ အိမ်ကိုလဲ သွားလည်ပြီးရင် အော်ပြီး ချက်ကျွေးခိုင်းရတာ အမောပါပဲ။ အပြင်မှာ မစားရတော့ တီဝါ တို့ကိုသွားအော်တာပါ။ မနေ့ကတော ဦးရှင်ကြီးကို ဖုန်းဆက်ပြီး တို့ဟူးလုပ်နည်းတွေ တို့ဟူးနွေး လုပ်နည်းတွေ သေချာမေးပါတယ်။ သူကလဲ သေချာ ပြောပြပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း တောင်ပေါ်သား ငပျင်းက အဆင့်တွေ များလို့ မလုပ်ဖြစ်ပါဘူး။ ဒီနေ့ညတော့ အာသာဖြေတဲ့အနေနဲ့ ရှမ်းအစားအစာတွေ ရောင်းတဲ့ ပနဆူလာ ပလာဇာအောက်က အင်းလေးကို ရောက်ခဲ့ပါတယ်။

အင်းလေးက နေရာထိုင်ခင်းလေးတွေက မဆိုးပါဘူး။ တော်တော်ကို သပ်ရပ်ပြီး အဆင်ပြေပါတယ်။ အဲ့က အကိုအမတွေကလဲ တော်တော်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ၀င်ဝင်ခြင်း ရေအေးတခွက်လာချပေးပါတယ်။ နောက်ပြီး menu လေးလာပေးပါတယ်။ အစစအရာအရာ အဆင်ပြေပါတယ်။ ဒါနဲ့ အစားချင်ဆုံးဖြစ်တဲ့ တို့ဟူးနွေး တပွဲ မှာလိုက်တယ်။ တို့ဟူးကြော်ပါ မှာမလို့လုပ်တော့ အဲ့ကအမကြီးက သိနေတယ်ထင်ပါ့။ တို့ဟူးနွေးထဲမှာ တို့ဟူးကြော်ပါ ထည့်ပေးတယ်ဆိုတာနဲ့ တောင်ပေါ်သားလဲ ကတ်စေးနဲနဲ နဲ့မှာလိုက်တော့ဘူးပေါ့ အအေးကတော့ ပင်မှည့်ဖျော်ရည်တခွက် မှာလိုက်တယ်။ ဈေးကတော့ သူများဆိုင်ထက်စာရင် အနည်းငယ်ကြီးတာကို တွေ့ရပါတယ်။ တို့ဟူးနွေးက မှာတုန်းက အချိုရည်မထည့်ခိုင်းဖို့ပါပဲ ဒါပေမဲ့ မေ့သွားတယ်ဗျာ.. ကျနော်က အချိုရည်နဲ့ဆို မစားတတ်ဘူးရယ်...ဒါပေမဲ့ မတတ်နိုင်ပါဘူး စားချင်တော့လဲ ကိုယ်တိုင်တယောက်ထဲ အေးဆေး သွားထိုင်စားရတာပေါ့ဗျာ.. ကဲ စားဦးမလား တို့ဟူးနွေး...

တို့ဟူးနွေး မှာထားတာ မလာတော့ မြင်တာလေးတွေ ရိုက်ထားတာ... ဖုန်းကင်မရာကို လျှောက်ကလိရင်နဲကပေါ့... (ရေအေးတခွက်ပါ)





ဒါက သူတို့ချပေးတဲ့ Menu ပါ။ အစုံပါပဲ ရှမ်းအစားအစာတွေ ရတယ်။ ကြေအိုးခေါက်ဆွဲ စုံနေတာပဲ အအေးမျိုးစုံလဲ ရပါတယ်။


စားတဲ့လူကစား၊ ရောင်းတဲ့လူက ရောင်းနဲ့ ဟုတ်နေတာပဲ ဟန်ကျနေတာ.. စဉ်းစားမိသေး... ဒီလိုဆိုင်လေး ဖွင့်နိုင်ရင်မစိုးဘူးလို့..... ဟီးးးးး


တို့ဟူးနွေးလေး လာပါပြီခင်ဗျာ.....


စားကောင်းကောင်းနဲ့ စားလိုက်တာ အရောက်နောက်ကျတဲ့ အအေးခွက်တောင် မရိုက်ဖြစ်ခဲ့ပါဘူး ဟီးးးးးးး အဲ့လို မေ့တတ်တာ.....



လေးစားလျက် တောင်ပေါ်သား

15 comments:

Sein Lyan Tun said...

ရှမ်းစာကြိုက်တယ်
အကြိုက်ဆုံးက တို့ဟူးနွေး
အသေကြိုက်
ရှမ်းလက်ဖက်ရည်လဲကြိုက်တယ်
အိုးးး
ကြိုက်တယ်

May 5, 2009 at 9:50 PM
နွေးနေခြည် said...

မြနန္ဓာမှာ စနေနေ့ တို့ဟူးနွေးရတယ်။ Yishun မှာလည်း ရှမ်းအစားအစာရောင်းတဲ့ ဆိုင်မှာသွားစားဖူးတယ်။ အဲဒီဆိုင်လည်းကောင်းတယ်။ ခုအဲဒီဆိုင်က ပင်နီစူလာမှာ လာဖွင့်နေပြီတဲ့

May 5, 2009 at 9:53 PM
Phyo Evergreen said...

အချိုရည်မကြိုက်ဘူးတဲ့ တောသား... အဲ တောင်ပေါ်သား...။ အချိုရည်လေးနဲ့မှကောင်းတာ.. မြေပဲတွေများရင်တော့ မကြိုက်ဘူး..။ သစ်တောရပ်ကွက်က ဆိုင်သိလား.. အရမ်းကောင်းတယ်..အိမ်နဲ့ဝေးပေးမဲ့ အမြဲသွားစားတယ်...။ ဒေါ်ထွမ်းပါ အဆစ်အနေနဲ့ သတိရသွားပြီ..။

May 5, 2009 at 10:10 PM
စိုင်းစိုင်းလားရှိုး said...

တောင်ပေါ်သားတို့ကတော့ လုပ်ပြီ ခဏတောင်မစောင့်တော့ဘူး အားရင် ချက်ကျွေးမယ် ဆိုတာကိုလေ။

May 5, 2009 at 10:16 PM
Anonymous said...

ဝေးးးး တောင်ပေါ်သားလေး..
သူများတိုဖူးနွေးချက်လားလို့ အပြေးလာလိုက်ရတာ.
ခလုတ်တောင်တိုက်တယ်...ဟဟ
တိုဖူးနွေး ၃ပွဲလို့ အော်မှာမလို့ကို....
အခုတော့ ၀ယ်စားတာတဲ့....
ဘာပဲဖြစ်ဖြစ် တိုဖူးနွေးဆိုအရမ်းကြိုက်... တရေးနိုး ဗိုက်ဆာဆာနဲ့ နှိုက်စားသွားတယ်...

တီဝါ တိုဖူးကျိုရမှာပျင်းလို့လေ...
မစာရဘူး။ ဦးရှင်ဂျီးကိုပြောလိုက် တီဝါတို့ စလုံးလာမှ
ချက်ကျွေးလို့..နော့...

နဖြိုးပြောတဲ့ သစ်တောရပ်ကွက်က ဆိုင်မှာသွားစား
ဘူးတယ်.. ကောင်းမှကောင်း.. အချိုရည်များများလေး
နဲ့ မှ တီဝါကကြိုက်တာ...

ဘာပဲဖြစ်ဖြစ် သွာရည်ကျသွားပါတယ်လေ.. ဂလု :D

May 5, 2009 at 10:37 PM
အဆိပ်ခွက် said...

ကိုတောင်.. ကျနော် လဲ ကြိုက်တယ် တိုဖူးနွေးကို တောင်ကြီမှာဆို ကျိုင်းတုန် တိုဖူးနွေဆိုင်ကိုသိလား မိုက်တယ် .. ပြောရင်းစားချင်လာပြီ ... ရွှတ်...

အဆိပ်ခွက်

May 5, 2009 at 11:28 PM
khin oo may said...

ရှမ်းခေါက်ဆွဲ အရည်ဘဲ။ (စိတ်မပြောင်းဘူး)

May 5, 2009 at 11:54 PM
အိုက်ခီလောက် said...

အင်းတို့ ဖူးနွေးဆိုလို့  သတ်သတ်လွတ်ဆိုင်ပဲ အီကြာကွေးလေးနဲ့ လွေးလိုက်ရလို့ ကတော့ဂွတ်
ထ ( ၄ ) အောက်နားကဆိုင်ကတော့ မူပိုင်ပဲ ရှမ်းဆိုင်လေ
အဲ့ဆိုင်တော့အမြဲရောက်တယ် မနက်တိုင်းပဲ အီကြာကွေးလေးနဲ့ မိုက်တယ် အဟိ
ပြီးတော့တောင်ကြီးတစ်မြို့ လုံးက ဆိုင်တွေလိုက်စားတယ်
ပိုက်ပိုက်မရှိတဲ့နေ့ ဆို ဈေးသက်သာတဲ့ဆိုင်လိုက်ရှာစားတတ်တယ်
အရက်ဖိုးလည်းချန်ရ ပြီးတော့ စားကလည်းစားချင်ဆိုတော့လေ
ရောက်ပါတယ် အရှေ့ဘုရားဖြူကနေ အနောက်ဖက် ချမ်းမြသာစည်တို့ တောင်ဖက် ဆောစီ ကနေ မြောက်ဖက် ကရင်မရေထွက် အထိ ရှိတဲ့ဆိုင်တွေ လိုက်စားတယ်
ဒေါ်ထွမ်းတော့ အိုကေစိုပြေရင် လစ်တယ် မနန်းပန် လည်း ထိုနည်းလည်းကောင်း မနန်းပန်မှာက ပိုကောင်းတယ် ဆေးလိပ်ကို ပြောင်းနဲ့ သောက်ရတာကိုး ခပေါင်းဆေးလိပ် အလကားချပေးထားတယ် ပြီးတော့ ဆေးပြောင်းကြီးနဲ့ 
ကြည့်ရင် လောပန်းလို ပဲ အဟားး သူ့ ဆိုင်က ကြိုက်တာဆိုလို့ ကြက်ခြေထောက်ပေါင်းပဲ
အင်း ထ ( ၅ ) ကျောင်းထဲကဆိုင်တော့ အသကုန်လွေးတာ မနက်စာ မစားခဲ့တဲ့နေ့ နဲ့ ကျောင်းနောက်ကျတဲ့ နေ့ ဆို အဲ့ဆိုင်ပဲ
တော်ပြီ အဟိ မစားရအညှော်ခံနေတယ်

May 6, 2009 at 1:24 AM
Anonymous said...

ဟုတ်ပါ့ဗျာ ပြောမှပဲ တောင်ကြီးမြို့က ဆိုင်တွေ လွမ်းနေမိတယ်ဗျာ... ကျေးဇူးတင်ပါတယ် အားလုံးကို


လေးစားလျက်
တောင်ပေါ်သား

May 6, 2009 at 2:25 AM
ခီခန့် (ငပျင်း) said...

ဟဟ.... သူတို့တောံစားသွားပြီပေါ့..
ကြည့်နေ..ငါတို့လဲစားမယ်.. ဟွန်း..
ကိုတောင်ပေါ်သား ဟုတ်ပလား အနော့်အတွက် တပွဲပိုမှာလိုက် ၂ပွဲကပါဆယ်ပေါ့.. ဟတ်တယ်မလား..
ဟွန်းအစားဆို ရင်တော့ မကြိုက်စေနဲ့ကြိုက်ရင်မုန်းစားတာ
ဟွန်း.. ကိုတောင်ပေါ်သားကျွေးဖို့ပြင်ထားတော့..။

May 6, 2009 at 7:01 AM
နေးတစ် said...

ဟေ့..တို့အိမ်မှာ Sunday တိုင်း တို့ဟူးနွေးချက်စားတယ်ဟ။ လာမယ့်Sunday လာခဲ့။ တဂျီဂျီပြောနေပြီး မလာရင်တွေမယ် ဒင်း....

May 6, 2009 at 8:51 AM
နေးတစ် said...

အဲ.. အချိုရည်ဆိုလို့ ကြွားဦးမယ်။ အိမ်မှာချက်တဲ့ တို့ဟူးနွေးက အချိုရည်တောင် ကိုယ်တိုင်ကျိုတာနော်။
ဟဲ..ဟဲ

May 6, 2009 at 8:59 AM
ကြယ်စင်မင်း said...

ကယ်.. တိုဖူးနွေးမလာခင်ရိုက်ထားတဲ့ ရေတစ်ခွက်ပဲ သောက်ထားအုံးမယ်.. တိုဖူးနွေးမလာမချင်း မပြန်ဘူး..

:D

May 6, 2009 at 1:01 PM
ဇော် said...

ကျွန်တော်လဲ စားချင်တယ်ဗျိုးးးး။ အိမ်ပြန်ချင်နေပါတယ်ဆိုမှ။ အီးးးး။

May 6, 2009 at 6:26 PM
Anonymous said...

လာလည်မယ်ဗျာ လိုက်ဝယ်ကျွေးရမယ်

May 11, 2009 at 1:40 AM