Friday, May 22, 2009

အမှတ်တရ နာမည်လေး


ဘာလိုလိုနဲ့ ကျနော်ဘလော့လေး ရှင်သန်နေတာ ၁ နှစ်ဆိုတဲ့ အတိုင်းအတာကို ကျော်လွန်လာခဲ့ပါပြီ။ ဒီတနှစ်ဆိုတဲ့ အကန့်အသတ်လေးကြားထဲမှာ အရာတွေ အားလုံး မဟုတ်ခဲ့ပေမဲ့ တချို့အရာတော်တော်များများလဲ ပြောင်းလဲခဲ့ပါတယ်။ ဒီဘလော့လေးကို စတင်စိတ်ဝင်စားအောင် လုပ်ခဲ့တဲ့ ကျေးဇူးရှင်အကို ကိုဈာန် နှင့် ဘလော့လောကက ချစ်စရာမောင်နှမများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်ဘလော့လေးကို အမြဲလာဖတ်နေတဲ့ ဘလော့စာဖတ်ဝါသနာအိုးတွေ၊ ဝေဖန်အကြံပြုပေးတဲ့ အကို၊မောင်နှမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

တကယ်တမ်း ကျနော်ဘလော့စလုပ်ခါစက ရေးတဲ့နာမည်က ကျနော်နာမည်အတိုင်းပါ။ ဒါပေမဲ့နောက်ပိုင်းပိုစ့်လေးတွေမှာ ကျနော် တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို သုံးခဲ့ပါတယ်။ ဒီနာမည်ဖြစ်တည်လာရတဲ့ အကြောင်းအရင်းကတော့ ထွေထွေထူးထူးမရှိပါဘူး။ ကျနော်ရဲ့ မွေးရပ်တောင်ကြီးမြို့လေးကို အရမ်းသတိရတာကြောင့် ဒီ တောင်ပေါ်သား ဆိုတဲ့ နာမည်လေးကို ပေးဖြစ်သွားတာပါ။ အခုဆို ကျနော်နာမည်လဲ အမေမွေးတုန်းက နာမည်လေးတောင် ပျောက်နေပါပြီ ဟဲဟဲ.. ဘာလို့လဲဆိုတော့ အဝေးတနေရာမှာ ရောက်နေတဲ့အတွက် သူငယ်ချင်းအပေါင်းအသင်းကလဲ သိပ်မရှိပါဘူး။ ရှိတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကလဲ ကျနော်ကို တောင်ပေါ်သား နာမည်နဲ့ပဲ ခေါ်ကြပါတယ်။

နာမည်ဆိုလို့ ကျနော်မှာ သူငယ်ချင်းတွေက ခေါ်တဲ့ ချစ်စရာ နာမည်လေးတွေတော့ ရှိပါတယ်။ ကျနော် ရန်ကုန်ရောက်တော့ သင်တန်းတက်တော့ သူငယ်ချင်းတွေ ခေါ်တာက တောင်ကြီးသား တဲ့။ အဲ အလုပ်လုပ်တော့ သူငယ်ချင်းတွေ ခေါ်တာ ရှမ်းစုတ် တဲ့၊ အဲ အရမ်းခင်တဲ့ ညီအကိုတွေ ချစ်စနိုးခေါ်တာကတော့ စောက်ရှမ်း တဲ့၊ ခု ဘလော့လောက ရောက်မှ ကျနော်လဲ နာမည်မျိုးစုံ ရပါတော့တယ်။ အောက်မှာ ကြည့်ပေးတော့ဗျာ.. ကျနော်ကို ခေါ်တဲ့ နာမည်တွေပေါ့။ လူလဲ သူတို့လုပ်မှ ပေါ်တာတွေကော တောင်တာတွေကော (တမျိုးမထင်လေနဲ့ နာမည်ပြောတာပါ) အစုံပါပဲ။

တယ်ပေါ်သောင်၊ ကိုတောင်၊ ပေါ်ပေါ်၊ သားပေါ်တောင် ၊ ကိုတောင်ပေါ်၊ ငတောင်၊ တောင်တောင်၊ ရှပ်ပြာစိန် အစုံကိုရှုပ်နေတာပဲ.. ဒါပေမဲ့ ကျနော် ဒီတောင်ကြီးသား ဖြစ်ရတာ ရှမ်းတယောက် မဟုတ်ပေမဲ့ ရှမ်းမြေမှာ ကြီးပြင်းလာခဲ့ရတာကို ကျနော် တကယ် ဂုဏ်ယူမဆုံးပါဘူး။
ဒီတောင်ပေါ်သား ဆိုတဲ့ နာမည်လေးဟာလဲ ကျနော်ရဲ့ နှလုံးသားထဲမှာ ထာဝစဉ် ရှိနေမှာပါ။

ကဲ ကိုရီနို ရေ၊ မအားတဲ့ ကြားက ရေးလိုက်တယ်ဗျာ.. နောက်ကျသွားတာ တောင်းပန်ပါတယ်။




လေးစားလျက် တောင်ပေါ်သား

11 comments:

ကြယ်ဖြူစင် said...

ဦးရှင်ကြီးခေါ်တဲ့နာမည်ကျတော့မပါဘူ..သွား တိုင်မယ်...ရှမ်းခေါက်ဆွဲကျွေးရင်မခေါ်နဲ့လို့.. သွားဖွလိုက်ဦးမယ်..ကိုတောင်ပေါ်..
ခင်မင်လျှက်
ကြယ်ဖြူစင်..

May 22, 2009 at 9:27 PM
မောင်မျိုး said...

တောင်ပေါ်သား...ဒီနာမည်က တွေးလေးရှုပ်လေ မောင်တောင်ပေါ် ငါမတွေးသွားတော့ဘူး ဟိဟိ

May 22, 2009 at 9:30 PM
WWKM said...

ဟုတ်ပါ့..
တီဝါ့အိမ်ကို လာလည်တာ.. စိုးမင်းထိုက်ဆိုတဲ့နာမည်
နဲ့...း))))) ခုတော့လည်း တောင်ပေါ်သားလေးပေါ့
ကွယ်...း)

May 22, 2009 at 10:38 PM
မိုးခါး said...

ကိုဖိုးစိန်တော့ မဟုတ်တော့ဘူးထင်တယ် .. ????? :P
တောင်ကြီးကိုလွမ်းတာလား ရှမ်းမလေးတွေကိုလွမ်းတာလား .. :P
ဒါနဲ့ အလုပ်များတယ်ဆိုပြီး ပုန်းပြီးမချက်နဲ့နော် .. :D

May 22, 2009 at 10:42 PM
မငုံ said...

တောင်ပေါ်..ငါပေးထားတဲ့နာမည်လဲ မပါဘူး။ လိုက်အော်လိုက်ရမလား။:)) ရှပ်ပြာစိန်လို့

May 22, 2009 at 11:04 PM
ကိုရင်နော်ခင်လေးငယ် said...

ဦးနော်တို့ခေါ်တဲ့ နာမည်လေးပါလို့ ကျေးဇူး..း)

May 22, 2009 at 11:07 PM
may16 said...

တောင်ပေါ်သား နာမည်ပေးထားတာကောင်းပါတယ် .မိုက်တယ်

May 22, 2009 at 11:12 PM
kiki said...

ကို တောင်ပေါ်၊ မြောက်ပေါ် .ပေါ်ချင်ရာပေါ် ။။လာလှန်သွားတယ် ..အဲ ..လာလည်သွားတယ် ဗျိုးး
နောက်တခါ နာမယ်ပေး ကင်ပွန်းတပ်ပွဲ ကျွေးပြီးမှ အကျုံး ဝင်မှာနော့ ။

May 23, 2009 at 12:23 AM
ဇော် said...

ဆရာပေါ် ကျနော်ခေါ်တဲ့နာမည်ကျ မပါဘူး။ ဟွန်း။

May 23, 2009 at 9:05 AM
ဂျပန်ကောင်လေး said...

အစ်ကို့ နာမည်သမိုင်းလေးကို လာဖတ်သွားတယ်ဗျ...

May 27, 2009 at 3:23 AM
mgnge said...

တောင်တောင်

May 29, 2009 at 1:18 PM