Wednesday, October 21, 2009

အလင်းပျောက်တဲ့ည



လမိုက်ည
မျှော်လင့်ထားတာတွေ ပျောက်ဆုံးတဲ့ ည
အမှောင်တွေထဲမှာ ငါ့ကိုထိုးသိပ်တဲ့ ည
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည

ငါ့အသက်ကို တချက်စောင်းလှည့်ကြည့်လိုက်တော့
ဆယ်စုနှစ်တွေ ကိုကျော်လွန်လို့
ငါတောင့်တတဲ့ အလင်းရောင် ခုထိမထွန်းလင်းသေး
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည

ည....မှောင်မိုက်တဲ့ ည
စာပေဆိုတာ မရှိ၊ ရသဆိုတာပျောက်ဆုံး
ဒီအမှောင်တွေထဲမှာ င့ါဦးနှောက်ကို ပြန်စမ်းစစ်လိုက်တော့
အသိတရားမရှိ ဘာဆို ဘာမှ မရှိတဲ့.....

ည.... မှောင်မိုက်တဲ့ည
ည.... အလင်းပျောက်တဲ့ည


*** ပုံကို Googleမှ ယူထားပါသည်။ ***



လေးစားလျက် တောင်ပေါ်သား

16 comments:

မျှော်လင့်ခြင်း said...

အမှောင်ထဲမှာ ဖတ်သွားပါတယ်။
သန်းခေါင်ကျော်ရင် နံနက်ခင်းကိုရောက်ဖို့ နီးလာပြီလို့ မှတ်ယူလိုက်တော့မယ် ။

October 21, 2009 at 11:48 AM
ညီညီ said...

အမှောင်ညကိုလွန်မြောက်လို့ သာယာသော နံနက်ခင်းတစ်ခုကို အမြန်ဆုံးမွေးဖွါးနိုင်ပါစေ အစ်ကိုရေ..

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

October 21, 2009 at 1:17 PM
မေလေး said...

မိုးလင်းနိုးနိုးနဲ့ စောင့်နေတာ ကြာလှပေါ့တောင်ပေါ်ရေ။
မသူတော်တွေ သေကိုမသေနိုင်ဘူးနော်
ငကန်းသေ ငစွေတက်မှာမို့ ထူးတော့လဲ မထူးပါဘူးဟယ်။

October 21, 2009 at 2:14 PM
ရေတမာ said...

ည ည နဲ့ ညလေးကိုတောင် သတိရလာဘီ။ သူဘာသာနေတဲ့ညကို အပြစ်တင်နေပြန်ပြီ။ မီးထွန်းပေါ့ မမှောင်ချင်ရင် ဒုက္ခပဲ

October 21, 2009 at 2:35 PM
မိုးခါး said...

ဖယောင်းတိုင်ထွန်းပြီး ဖတ်သွားတယ် .. နေ့ဘက်ရေးတဲ့ ညကဗျာကို :P

October 21, 2009 at 2:45 PM
စိမ်း... said...

မီး၂၄နာရီလာတော့မှာတဲ့... ပြောတယ်ပြောတယ်.. :)

October 21, 2009 at 2:58 PM
ဂျပန်ကောင်လေး said...

ဘ၀မှာ မီးအိမ်ရှင်လေး ပေါ်လာမှာပါ...

October 21, 2009 at 3:57 PM
yangonthar said...

အေးခဲမှောင်မိုက်နေတဲ့ ညတွေ ကုန်ဆုံးလွန်မြောက်ပါစေ ကိုတောင်ပေါ်သားရေ နေ့ ဆိုတာ နေအကွယ်မှာ ကုန်ဆုန်းရသလို ညဆိုတာလည်း အရုံတက်မှာ ပျောက်ကွယ်ရ စမြဲပါ ... နေခြည်နုနု အလင်းစိုစိုတွေနဲ့ နွေး ထွေးတဲ့ နေ့ ရက်မှာ မကြာခင် တောက်ပ ထွန်းလင်းနိုင်ပါစေ
ကဗျာလေး အရမ်းကောင်းတယ်
ခင်မင်လျှက်
ရန်ကုန်သား :))

October 21, 2009 at 4:43 PM
Anonymous said...

အမှောင်ခွင်း အလင်းဆောင်ဖို့အတွက် ကြိုးစားခဲ့ တာဆယ်စုနှစ် ကြာပြီဆိုတော့ အမှောင်ထဲ နေသားကျနေလောက်ပါပြီ..။ ဒီတော့ ဆက်သာနေလိုက်ပါတော့........ ......လို့ မပြောပါဘူး... ဆက်လက်ပြီး အမှောင်ထဲမှာ အလင်းတန်းလေး တခု ရရှိဖို့ ဆက်လက် ကြိုးစားကြပါစို့ဗျာ... မသေမချင်း ကျနော်တို့မှာ မျှော်လင့်ချက်တွေ ရှိနေမှာပါ..။

October 21, 2009 at 7:26 PM
ဝက်ဝံလေး said...

အလင်းပျောက်တာများ ကဗျာထဲ ထည့်ရေးနေရသေးတယ် မီးမှမလာတာ ပျောက်မှာပေါ့လို့

ချိတ်ချိုးနဲ့နော် ခင်လို့ မင်လို့ ဂျစ်လို့ စ သွားဒယ် တိရား ဘိုင် ပြန်ပြီ တာ့တာ

October 21, 2009 at 7:52 PM
Ree Noe Mann said...

အမှောင်ကို ကြိုက်လို့တော့ မဟုတ်ဘူး

အမှောင်ထဲမှာ ရောက်နေလို့ အမှောင်ထဲမှာ

ပဲထိုင်နေရတာပါ။

အမှောင်ဆိုတာ အမြဲမရှိပါဘူးညီရာ။

အနေ့တော့ အလင်းဆိုတာရှိလာမှာပါ။

အလင်းရောက်လာတဲ့ နေ့ကို အကိုတို့တွေ

အသက်ရှည်အနာမဲ့စွာ ရှိနိုင်ပါစေလို့ပဲ

ဆုတောင်းရတော့မှာပဲကွာ။

ကဲ ညီ မှောက်မိုက်တဲ့ ည အလင်းပျောက်တဲ့ ည

မှာထိုင်ပြီး ဖိုးစိန်ဆီမှာ ရက်စ် သီချင်းတူတူ သွားဆို

လိုက်ကြရအောင်ကွာ

နောင်တော် ရီနို

October 21, 2009 at 8:09 PM
သံလွင် HeRo said...

အလင်းပျောက်ညတွေဆွေး...ဘေးနားကအ
နွေးဓာတ်လေး...ယူဆောင်လာပါကိုယ့်အနားဆီ

ကိုတောင်ပေါ်က အာရုဏ်တက်ချိန်ကိုရောက်
နေလို့ အမှောင်ဆုံးလို့ထင်နေရတာပါ။
မကြာခင် လက်ဆတ်တဲ့ အလင်းရောင်တွေ
တွေ.တော့မှာ...ကြိုးစားထားနောင်တော်

October 21, 2009 at 10:12 PM
နေ့အိပ်မက် said...

လမိုက်ညတွေနဲ့ ကြုံတော့လည်း ဘာမှလုပ်စရာမရှိတော့ အေးအေးဆေးဆေးနေရတာပေါ့... မီးအိမ်လေးတွေရှာရင်း လသာညတွေရောက်လာခဲ့ရင် ဘာတွေလုပ်မလဲတွေးရတာလည်း အရသာတစ်မျိုးပဲ

October 21, 2009 at 11:29 PM
Sein Lyan Tun said...

ညဘယ်လောက်မှောင်မှောင်...

အာရုံဦးနေ့သစ်တော့ရောက်မှာပါ...

အားတင်းထားလေ...

မှောင်လွန်းပြီးရင် အလင်းလာတော့မယ်..

ပိတ်မှောင်နေတဲ့ညတွေဟာ တခါတလေ ပျော်ဖို့ကောင်းပါတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

October 21, 2009 at 11:38 PM
ပုံ့မေ said...

တိတ်ဆိတ်သောည.... လှပလွန်းတယ်... (ဘယ်သူဆိုတယ် မသိပါ...း)) )

အိပ်မပျော်သော ညတစ်ည သံသရာရှည် လေသာ ပြတင်းနံဘေးဝယ် (ဒါတော့ ဝင်းဦး) :)

အဟီးးးးးးးးးး :D

ပိတ်ကားပေါ် ဘာဆက်ဖြစ်မယ်ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့ အစ်ကိုရေ....

အဓိကကတော့ ကိုယ့်ဘဝမှာ အမှောင်မဖုံးပါစေနဲ့ ... မီး ၂၄နာရီမလာလဲ အနဲဆုံးတော့ ဖယောင်းတိုင်နဲ့ မီးခြစ်ရှိပါစေနော... :)

အမှောင်မဖုံးချင်တဲ့ စိတ်ရှိရင် မဖုံးအောင် လုပ်နိုင်တဲ့ နည်းတော့ရှိမှာပေါ့.......

ဒန့် ဒန်......... ဆရာမကြီး လုပ်သွားတယ်...... ဒါပဲ

:D

October 22, 2009 at 9:21 AM
Angel Shaper said...

မှောင်မိုက်ည၊ အလင်းပျောက်တဲ့ညမှာ အသိတရာလေး ထွန်းလင်းပါစေ။

October 22, 2009 at 4:01 PM