အလင်းပျောက်တဲ့ည

လမိုက်ည
မျှော်လင့်ထားတာတွေ ပျောက်ဆုံးတဲ့ ည
အမှောင်တွေထဲမှာ ငါ့ကိုထိုးသိပ်တဲ့ ည
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည
ငါ့အသက်ကို တချက်စောင်းလှည့်ကြည့်လိုက်တော့
ဆယ်စုနှစ်တွေ ကိုကျော်လွန်လို့
ငါတောင့်တတဲ့ အလင်းရောင် ခုထိမထွန်းလင်းသေး
အရာရာမှောင်မိုက် အလင်းကင်းမဲ့တဲ့ ည
ည....မှောင်မိုက်တဲ့ ည
စာပေဆိုတာ မရှိ၊ ရသဆိုတာပျောက်ဆုံး
ဒီအမှောင်တွေထဲမှာ င့ါဦးနှောက်ကို ပြန်စမ်းစစ်လိုက်တော့
အသိတရားမရှိ ဘာဆို ဘာမှ မရှိတဲ့.....
ည.... မှောင်မိုက်တဲ့ည
ည.... အလင်းပျောက်တဲ့ည
*** ပုံကို Googleမှ ယူထားပါသည်။ ***
လေးစားလျက် တောင်ပေါ်သား
11 comments:
အမှောင်ထဲမှာ ဖတ်သွားပါတယ်။
October 21, 2009 at 7:48 PMသန်းခေါင်ကျော်ရင် နံနက်ခင်းကိုရောက်ဖို့ နီးလာပြီလို့ မှတ်ယူလိုက်တော့မယ် ။
မိုးလင်းနိုးနိုးနဲ့ စောင့်နေတာ ကြာလှပေါ့တောင်ပေါ်ရေ။
October 21, 2009 at 10:14 PMမသူတော်တွေ သေကိုမသေနိုင်ဘူးနော်
ငကန်းသေ ငစွေတက်မှာမို့ ထူးတော့လဲ မထူးပါဘူးဟယ်။
ည ည နဲ့ ညလေးကိုတောင် သတိရလာဘီ။ သူဘာသာနေတဲ့ညကို အပြစ်တင်နေပြန်ပြီ။ မီးထွန်းပေါ့ မမှောင်ချင်ရင် ဒုက္ခပဲ
October 21, 2009 at 10:35 PMဖယောင်းတိုင်ထွန်းပြီး ဖတ်သွားတယ် .. နေ့ဘက်ရေးတဲ့ ညကဗျာကို :P
October 21, 2009 at 10:45 PMမီး၂၄နာရီလာတော့မှာတဲ့... ပြောတယ်ပြောတယ်.. :)
October 21, 2009 at 10:58 PMဘ၀မှာ မီးအိမ်ရှင်လေး ပေါ်လာမှာပါ...
October 21, 2009 at 11:57 PMအေးခဲမှောင်မိုက်နေတဲ့ ညတွေ ကုန်ဆုံးလွန်မြောက်ပါစေ ကိုတောင်ပေါ်သားရေ နေ့ ဆိုတာ နေအကွယ်မှာ ကုန်ဆုန်းရသလို ညဆိုတာလည်း အရုံတက်မှာ ပျောက်ကွယ်ရ စမြဲပါ ... နေခြည်နုနု အလင်းစိုစိုတွေနဲ့ နွေး ထွေးတဲ့ နေ့ ရက်မှာ မကြာခင် တောက်ပ ထွန်းလင်းနိုင်ပါစေ
October 22, 2009 at 12:43 AMကဗျာလေး အရမ်းကောင်းတယ်
ခင်မင်လျှက်
ရန်ကုန်သား :))
အမှောင်ခွင်း အလင်းဆောင်ဖို့အတွက် ကြိုးစားခဲ့ တာဆယ်စုနှစ် ကြာပြီဆိုတော့ အမှောင်ထဲ နေသားကျနေလောက်ပါပြီ..။ ဒီတော့ ဆက်သာနေလိုက်ပါတော့........ ......လို့ မပြောပါဘူး... ဆက်လက်ပြီး အမှောင်ထဲမှာ အလင်းတန်းလေး တခု ရရှိဖို့ ဆက်လက် ကြိုးစားကြပါစို့ဗျာ... မသေမချင်း ကျနော်တို့မှာ မျှော်လင့်ချက်တွေ ရှိနေမှာပါ..။
October 22, 2009 at 3:26 AMအလင်းပျောက်တာများ ကဗျာထဲ ထည့်ရေးနေရသေးတယ် မီးမှမလာတာ ပျောက်မှာပေါ့လို့
October 22, 2009 at 3:52 AMချိတ်ချိုးနဲ့နော် ခင်လို့ မင်လို့ ဂျစ်လို့ စ သွားဒယ် တိရား ဘိုင် ပြန်ပြီ တာ့တာ
အလင်းပျောက်ညတွေဆွေး...ဘေးနားကအ
October 22, 2009 at 6:12 AMနွေးဓာတ်လေး...ယူဆောင်လာပါကိုယ့်အနားဆီ
ကိုတောင်ပေါ်က အာရုဏ်တက်ချိန်ကိုရောက်
နေလို့ အမှောင်ဆုံးလို့ထင်နေရတာပါ။
မကြာခင် လက်ဆတ်တဲ့ အလင်းရောင်တွေ
တွေ.တော့မှာ...ကြိုးစားထားနောင်တော်
လမိုက်ညတွေနဲ့ ကြုံတော့လည်း ဘာမှလုပ်စရာမရှိတော့ အေးအေးဆေးဆေးနေရတာပေါ့... မီးအိမ်လေးတွေရှာရင်း လသာညတွေရောက်လာခဲ့ရင် ဘာတွေလုပ်မလဲတွေးရတာလည်း အရသာတစ်မျိုးပဲ
October 22, 2009 at 7:29 AMPost a Comment