Sunday, April 19, 2009

နာမည်ကြီး ထမင်းငတ်




ကျနော် အရမ်းစိတ်ညစ်နေပါတယ်။ ဒါကြောင့် ဒီပိုစ့်လေးကို ရေးတာပါ။ အဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်......

နာမည်ကြီး ထမင်းငတ် တဲ့။ ဒီစကားပုံလေးက ကျနော်တို့လို ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေကိုများ ပြောနေသလားအောင်မေ့ရတယ်။ ပြည်ပရောက် လူတွေရဲ့ ဘ၀ကို အထဲမှာနေကြတဲ့လူတွေက သိပ်ပြီးနားလည်ခံစားပေးလေ့ မရှိတာကို တွေ့ရပါတယ်။ သူတို့နားလည်တာက မြန်မာပြည်အပြင်ထွက်သွားတာနဲ့ အားလုံးအဆင်ပြေနေကြတယ်။ သူဌေးတယောက်လို နေနိုင်ကြတယ်။ ၀တ်ကောင်းစားလှတွေနဲ့ နေနိုင်ကြတယ် ဒီလိုပဲတွေးကြပါတယ်။ သူတို့ဒီလိုတွေးတာကော မှားသလားဆိုတော့ မှားတယ်လဲ မပြောချင်ပါဘူး….

သူများတိုင်းပြည်မှာ အလုပ်လုပ်ရတာ ဘယ်လောက် ပင်ပန်းခက်ခဲတယ်ဆိုတာ ကိုယ်တိုင်လုပ်တဲ့လူပဲ သိပါတယ်။ ကျနော်တို့ တိုင်းပြည်မှာလို မလုပ်ချင်ရင် ဒီအတိုင်းထားလို့ရတာမဟုတ်ပါဘူး ပြီးတော့ တိုးတက်နေတဲ့ တိုင်းပြည်မှာ အလုပ်တခု လုပ်ပြီဆို ပိုပြီးတာဝန်ပိုကြီးပါတယ်။ ဆိုလိုတာက မြန်မာပြည်မှာ လုပ်တဲ့ System Admin တယောက်နဲ့ သူများတိုင်းပြည်မှာ လုပ်နေတဲ့ System Admin တယောက်ဟာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ရာထူးတွေ တူနေပေမဲ့ လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားအရ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဒီတော့ တိုးတက်တဲ့ တိုင်းပြည်တွေမှာ အလုပ်လုပ်နေရသူတယောက်အဖို့ အရာရာဟာ ဂရုစိုက်နေရတဲ့ဘ၀ပါ။ ကိုယ့်လုပ်တဲ့ အလုပ်ပေါ် ကိုယ်တာဝန် အပြည့်ယူရပါတယ်။

ဒီလိုနေရာမျိုးမှာ လုပ်နေတဲ့လူတွေအပေါ်မှာ အမြဲစိတ်ဖိစီးမူဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမူတွေကို ဖြေဖျောက်ဖို့က ဘာအရေးကြီးဆုံးလဲ။ သူတပါးတိုင်းပြည်မှာ တယောက်ထဲ သီးသန့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိကို ရှိရပါ့မယ်။ ဒီလိုမှ မဟုတ်ရင် တယောက်ထဲ မနက်အလုပ်သွား ညနေ အလုပ်ပြန် ခေါင်းထဲမှာ အလုပ်ရဲ့ကိစ္စတွေနဲ့ဆို အဲဒီလူဟာ မကြာခင် ရူးသွားနိုင်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းလေးတွေ ရှိထားတော့ ကိုယ်စိတ်ညစ်နေတဲ့အချိန် သူတို့ကိုပြောပြမယ်။ သူတို့စိတ်ညစ်ရင်၊ အခက်အခဲတွေ ရှိရင် ကိုယ်ကူညီနိုင်မယ်။ မကူညီနိုင်ရင်တောင် အားပေးလို့ရတယ် အကြံလေးတွေ ပေးလို့ရပါတယ်။ ဒီတော့ သူငယ်ချင်း အပေါင်းအသင်းဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။

ကျနော် အဓိကပြောချင်တာက ပြည်တွင်းကိစ္စပါ။ ပြင်ပရောက် မိတ်ဆွေ သူငယ်ချင်းတွေက ဒီလို ခံစားရတာတွေကို သူတို့လဲ ခံစားရတော့ နားလည်ပေးတတ်ပါတယ်။ ပြည်တွင်းက လူတွေက နားမလည်ပေးနိုင်ဘူးလား….
ကျနော် G-talk ဖွင့်လိုက်တာနဲ့ ပြည်တွင်းက သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး စကားပြန်ပြောပါတယ်။ တခါတလေ အလုပ်တွေ များလို့၊ အလုပ်ထဲမှာ ဖြစ်နေလို့ စကားမပြောဖြစ်ရင်တောင် ကျနော်ဆီ သူတို့သိချင်တာ မေးလ်လေးနဲ့ပို့ထားဖို့ ကျနော် အမြဲပြောဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ပြန်ကြားရတာတွေက ၀မ်းနဲစရာတွေပါ။ မင်းတို့က နိုင်ငံခြားရောက်သွားတော့ ငါတို့ကို မေ့ပြီးပေါ့။ မေးရင် မဖြေချင်ဘူးပေါ့ ဘာညာနဲ့ ကျနော် ပြန်ကြားရပါတယ်။ ဒီထက် ပိုပြီး ၀မ်းနဲမိတာကတော့ ဒီကိုလာပြီးအလုပ်လုပ်ဖို့ မေးတာတွေပါ။ ကျနော်ကို အသိမိတ်ဆွေတွေက မေးကြပါတယ်။ ဒီကိုလာချင်တယ် ဘာလိုလဲ စသည်ဖြင့်ပေါ့။ ကျနော်အတတ်နိုင်ဆုံး ရှင်းပြပေးနေကြပါ။

သူတပါးတိုင်းပြည်ကိုလာရင် အဓိက သူတို့ရဲ့ ဘာသာစကား၊ စကားပြော၊ ပြီးတော့ ကိုယ်ဘာကိုတတ်ကျွမ်းသလဲ အဲ့ဒီကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်ကို နှံ့စပ်ေ

6 comments:

ဆန်းဝင်း said...

လေးဖြူ ..ရင်ဘတ်ကြီးနဲ့ သီချင်းဆိုတာကို အားကျပီး.. ရင်ဘတ်ကြီးနဲ့ ဘလော့ပါတယ်ခင်ဗျာ.....

April 19, 2009 at 8:58 PM
ကောင်းကင်ပြာ said...

ဘာမှ လုပ်မရဘူး မောင်လေးရေ၊ အမ ကတော့ နောက်ဆုံး ပြောမရ ရင် လာကြည့်လိုက်လို့ဘဲ ပြောလိုက်ပါတယ်၊ ကိုယ်တွေ ခံစားနေရတာ ဒီမှာနေတဲ့ သူတွေဘဲ သိတယ်ကွာ

April 20, 2009 at 2:52 AM
နွေးနေခြည် said...

ဟုတ်ပါတယ် နာမည်ကြီး မေတ္တာငတ်နေပါတယ်...

April 20, 2009 at 5:50 AM
မငုံ said...

သိပ်မှန်ပါတယ်။ အလုပ်သဘောဝသာ တူမယ် လုပ်ရတဲ့ အလုပ်ပုံစံနဲ့ ခံစားရတဲ့ ဖိစီးမှု့ လုံးဝမတူဘူး။ဒါကို.ပြည်တွင်းက သူငယ်ချင်းတွေ နားမလည်ကြဘူး။ နောက်ဆုံးတော့ ပြောလိုက်ပါတယ်။ ကိုယ့်အကြောင်းသာ ကိုယ်အသိဆုံးပါပဲ။ လာချင်ရင် လာ။ ကိုယ်တွေ့မှယုံတယ်ဆိုရင်လို့ပဲပြောလိုက်တယ်။

April 20, 2009 at 9:26 AM
flowerpoem said...

ကိုတောင်ပေါ်သားရေးထားတာမှန်ပါတယ် လူတိုင်းဟာ အထူးသဖြင့် မြန်မာပြည်ကလူတွေက အပြောနဲ့မယုံကြပါဘူး ကိုယ်တိုင်မှယုံကြတာပါ. အထင်ကြီးတာပေါ့လေ..

April 20, 2009 at 9:49 PM
ဇော် said...

အိမ်ပြန်ချင်တယ်ဗျိုးးးးးးးးးးးးးး
ဒါပေမယ့် အမေက ပြန်မလာနဲ့တဲ့။ အိ။
ဒီမှာ ဘယ်လောက်အထီးကျန်လဲဆိုတာ တူတို့က တိကြတာဟုတ်ဖူး။ တူများကို ၀ိုင်းနွှာမယ် ဆိုတာချည်းပဲ။ ဟင့် ။

April 22, 2009 at 12:16 AM