နာမည်ကြီး ထမင်းငတ်

ကျနော် အရမ်းစိတ်ညစ်နေပါတယ်။ ဒါကြောင့် ဒီပိုစ့်လေးကို ရေးတာပါ။ အဆင်မပြေဖြစ်ခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်......
နာမည်ကြီး ထမင်းငတ် တဲ့။ ဒီစကားပုံလေးက ကျနော်တို့လို ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ လူတွေကိုများ ပြောနေသလားအောင်မေ့ရတယ်။ ပြည်ပရောက် လူတွေရဲ့ ဘ၀ကို အထဲမှာနေကြတဲ့လူတွေက သိပ်ပြီးနားလည်ခံစားပေးလေ့ မရှိတာကို တွေ့ရပါတယ်။ သူတို့နားလည်တာက မြန်မာပြည်အပြင်ထွက်သွားတာနဲ့ အားလုံးအဆင်ပြေနေကြတယ်။ သူဌေးတယောက်လို နေနိုင်ကြတယ်။ ၀တ်ကောင်းစားလှတွေနဲ့ နေနိုင်ကြတယ် ဒီလိုပဲတွေးကြပါတယ်။ သူတို့ဒီလိုတွေးတာကော မှားသလားဆိုတော့ မှားတယ်လဲ မပြောချင်ပါဘူး….
သူများတိုင်းပြည်မှာ အလုပ်လုပ်ရတာ ဘယ်လောက် ပင်ပန်းခက်ခဲတယ်ဆိုတာ ကိုယ်တိုင်လုပ်တဲ့လူပဲ သိပါတယ်။ ကျနော်တို့ တိုင်းပြည်မှာလို မလုပ်ချင်ရင် ဒီအတိုင်းထားလို့ရတာမဟုတ်ပါဘူး ပြီးတော့ တိုးတက်နေတဲ့ တိုင်းပြည်မှာ အလုပ်တခု လုပ်ပြီဆို ပိုပြီးတာဝန်ပိုကြီးပါတယ်။ ဆိုလိုတာက မြန်မာပြည်မှာ လုပ်တဲ့ System Admin တယောက်နဲ့ သူများတိုင်းပြည်မှာ လုပ်နေတဲ့ System Admin တယောက်ဟာ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ရာထူးတွေ တူနေပေမဲ့ လုပ်ရတဲ့ ပတ်ဝန်းကျင် အနေအထားအရ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ဒီတော့ တိုးတက်တဲ့ တိုင်းပြည်တွေမှာ အလုပ်လုပ်နေရသူတယောက်အဖို့ အရာရာဟာ ဂရုစိုက်နေရတဲ့ဘ၀ပါ။ ကိုယ့်လုပ်တဲ့ အလုပ်ပေါ် ကိုယ်တာဝန် အပြည့်ယူရပါတယ်။
ဒီလိုနေရာမျိုးမှာ လုပ်နေတဲ့လူတွေအပေါ်မှာ အမြဲစိတ်ဖိစီးမူဆိုတာ ရှိတတ်ကြပါတယ်။ ဒီလိုစိတ်ဖိစီးမူတွေကို ဖြေဖျောက်ဖို့က ဘာအရေးကြီးဆုံးလဲ။ သူတပါးတိုင်းပြည်မှာ တယောက်ထဲ သီးသန့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေ ရှိကို ရှိရပါ့မယ်။ ဒီလိုမှ မဟုတ်ရင် တယောက်ထဲ မနက်အလုပ်သွား ညနေ အလုပ်ပြန် ခေါင်းထဲမှာ အလုပ်ရဲ့ကိစ္စတွေနဲ့ဆို အဲဒီလူဟာ မကြာခင် ရူးသွားနိုင်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းလေးတွေ ရှိထားတော့ ကိုယ်စိတ်ညစ်နေတဲ့အချိန် သူတို့ကိုပြောပြမယ်။ သူတို့စိတ်ညစ်ရင်၊ အခက်အခဲတွေ ရှိရင် ကိုယ်ကူညီနိုင်မယ်။ မကူညီနိုင်ရင်တောင် အားပေးလို့ရတယ် အကြံလေးတွေ ပေးလို့ရပါတယ်။ ဒီတော့ သူငယ်ချင်း အပေါင်းအသင်းဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။
ကျနော် အဓိကပြောချင်တာက ပြည်တွင်းကိစ္စပါ။ ပြင်ပရောက် မိတ်ဆွေ သူငယ်ချင်းတွေက ဒီလို ခံစားရတာတွေကို သူတို့လဲ ခံစားရတော့ နားလည်ပေးတတ်ပါတယ်။ ပြည်တွင်းက လူတွေက နားမလည်ပေးနိုင်ဘူးလား….
ကျနော် G-talk ဖွင့်လိုက်တာနဲ့ ပြည်တွင်းက သူငယ်ချင်း မိတ်ဆွေတွေနဲ့ စကားပြောဖြစ်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး စကားပြန်ပြောပါတယ်။ တခါတလေ အလုပ်တွေ များလို့၊ အလုပ်ထဲမှာ ဖြစ်နေလို့ စကားမပြောဖြစ်ရင်တောင် ကျနော်ဆီ သူတို့သိချင်တာ မေးလ်လေးနဲ့ပို့ထားဖို့ ကျနော် အမြဲပြောဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် ပြန်ကြားရတာတွေက ၀မ်းနဲစရာတွေပါ။ မင်းတို့က နိုင်ငံခြားရောက်သွားတော့ ငါတို့ကို မေ့ပြီးပေါ့။ မေးရင် မဖြေချင်ဘူးပေါ့ ဘာညာနဲ့ ကျနော် ပြန်ကြားရပါတယ်။ ဒီထက် ပိုပြီး ၀မ်းနဲမိတာကတော့ ဒီကိုလာပြီးအလုပ်လုပ်ဖို့ မေးတာတွေပါ။ ကျနော်ကို အသိမိတ်ဆွေတွေက မေးကြပါတယ်။ ဒီကိုလာချင်တယ် ဘာလိုလဲ စသည်ဖြင့်ပေါ့။ ကျနော်အတတ်နိုင်ဆုံး ရှင်းပြပေးနေကြပါ။
သူတပါးတိုင်းပြည်ကိုလာရင် အဓိက သူတို့ရဲ့ ဘာသာစကား၊ စကားပြော၊ ပြီးတော့ ကိုယ်ဘာကိုတတ်ကျွမ်းသလဲ အဲ့ဒီကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်ကို နှံ့စပ်အောင်လုပ်လိုက် ပြီးရင်လာရင် အဆင်ပြေနိုင်ပါတယ်လို့ ပြောပြပေးပါတယ်။ ပြီးတော့ အခုလက်ရှိဖြစ်နေတဲ့ စီးပွါးရေး အခြေအနေကြောင့် အခုအချိန်အခါက လာရင် အဆင်သိပ်မပြေနိုင်သေးဘူးလို့ စေတနာထား ပြောပြပါတယ်။ ဒါကို ကျနော် သူငယ်ချင်းတွေဆီက တဆင့်စကား ပြန်ကြားရပါတယ်။ ကျနော်တို့ကပဲ သူလာပြီးအောင်မြင်မှာကို မလိုလားလို့ မလာခိုင်းတာပါတို့။ ပြီးတော့ ကျနော်တို့ မကူညီရင်လဲ ရတယ်တို့ သူငယ်ချင်းအချင်းချင်း စကားများကြမဲ့ စကားလုံးတွေ ဆိုလာပါတယ်။ သူတို့ ကျနော်တို့ဘ၀တွေကို နားမလည်ပေးကြပါဘူး…….
တကယ်တမ်း သူများလက်အောက်မှာ လုပ်နေရင် ဘယ်တော့မှ ကြီးပွါးမှာ မဟုတ်ပါဘူး နည်းပညာတွေ ဗဟုသုတတွေ ရသင့်သလောက် ရတာတော့ မှန်ပါတယ်။ ဒီတော့ ကိုယ်တိုင် ကြီးပွါးချမ်းသာချင်ရင် ကိုယ်ပိုင်လုပ်ငန်းတခုကို ထူထောင်ဖို့လိုပါတယ်။ ဒီလို ရည်မှန်းချက်မျိုးနဲ့ ပြည်ပရောက်နေသူတွေ တပုံကြီးလို့ ကျနော် ယုံကြည်ပါတယ်။ ဒီမှာ စကားပြောလာတာက ဆွေမျိုးအသိုင်းအ၀န်းပါ။ ခုလို တနေ့တနေ့ ခေါင်းစားခံပြီး လုပ်နေတဲ့ လူတွေရဲ့ စိတ်ကိုနားမလည်ပေးကြပါဘူး သူတို့ လိုချင်တာတွေပဲ သိပါတယ်။ မလုပ်ပေးရင်လဲ ဆွေမျိုးအချင်းချင်း နားလည်မူလွဲပါဦးမယ်… လုပ်ပေးပြန်ရင်လဲ အရာမရောက် အဖတ်မတင် ဖြစ်နေပြန်ပါတယ်။
စင်ကာပူလို တိုင်းပြည်မှာ စားသောက်စရိတ်နဲ့ နေထိုင်စရိတ်က အရမ်း ဈေးကြီးတယ်လို့ မြင်မိပါတယ်။ အနဲဆုံး ကိုယ့်လစာရဲ့ တ၀က်လောက်က စားသောက်စရိတ်၊ နေထိုင်စရိတ်၊ အသွားအလာခတွေ၊ ဖုန်းခတွေနဲ့ ကုန်တတ်ကြပါတယ်။ တချို့က ဒါကိုနားမလည်ပေးကြပြန်ပါဘူး သူတို့ထင်ရာ ဇွတ်ပြောတော့တာပါပဲ။ မင်းကတော့ အဲ့မှာနေတာ ၁ နှစ်ကျော်နေပြီး ငွေတွေ စုမိနေပြီပေါ့ ။ သိန်းပဲ ရာကျော်နေတဲ့ပုံစံ။ တကယ်တမ်း ကျနော်တို့ ဘ၀က ဘာဆို ဘာမှ မထူးခြားနားပါဘူး။ ၀မ်းနဲမိပါတယ်။
ကျနော်တို့ကို ပိုက်ဆံတွေ အများကြီး စုဆောင်းမိတယ်လို့ သူတို့အတွေးတွေ ၀င်နေကြပါတယ်။ ဒီတော့ ဘယ်လို လုပ်သင့်သလဲ …….
မှတ်ချက်။ ။ ပုံကို Google က ရှာယူထားပါတယ်.....
လေးစားလျက် တောင်ပေါ်သား
12 comments:
တကယ်ငတ်တာပါ ပြောရင် မယုံဘုးရယ်း)
April 19, 2009 at 11:48 AMကျနော်ဆို သိပ်ကြိုက်တဲ့ မာမားပြူတ်တောင် ငတ်တာ ကြာပေါ့ ။ နိုင်ငံဂျားဆိုတာကြီးကလည်း ခေါ်လို့သာကောင်းတာပါ မြို့မှာ ဆိုက္ကားပြန်နင်းရင်တောင် ညနေပိုင်း ဘီအီးတစ်ပိုင်းလောက်နဲ့ အကြော်လေးမြည်းလို့ရနိုင်အုံးမယ် ခုတော့ မွန်းကြပ်ခြင်းတွေနဲ့ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အားတင်းထား ပြီးတော့ ရွှေက သူငယ်ချင်းတွေကိုလည်း နားလည်ပေးလိုက်ပါး)
ကိုယ်ချင်းစာပါတယ်။
April 19, 2009 at 12:48 PMပြည်ပရောက်နေတဲ့လူတစ်ချို့က ကိုယ့်အခြေအနေကို ဖုံးကွယ်ပြီး လျှောက်ကြွားတတ်ကြတယ်လေ။ ဒီတော့ ပြည်တွင်းကလူတွေက အထင်ကြီးပြီပေါ့။ ပြည်တွင်းကလူတွေကို မှန်မှန်ကန်ကန်ပြောပြတတ်တဲ့ ကိုတောင်ပေါ်သားလို လူမျိုးတွေကျ ဒီလိုအဖြစ်မျိုးတွေကြုံရတာပေါ့နော်။ ဒီလိုပါပဲ။
ကိုယ့်စေတနာ ကိုယ်အကျိုးပေးပါလိမ့်မယ်။ စိတ်ထဲမထားပါနဲ့။
(စကားမစပ်၊ ဂျပန်မှာ ပိုဆိုးပါတယ်။ )
လေးဖြူ ..ရင်ဘတ်ကြီးနဲ့ သီချင်းဆိုတာကို အားကျပီး.. ရင်ဘတ်ကြီးနဲ့ ဘလော့ပါတယ်ခင်ဗျာ.....
April 19, 2009 at 12:58 PMဟုတ်တယ်ကွနော်.....
April 19, 2009 at 3:28 PMနင်အားငယ်ရင် အဆင်မပြေရင်ပြော ငါရှိသမျှ အားပေးမယ်
ကူညီမယ်...... ငါစိတ်ညစ်လည်းကူနော်... အားပေးနော်..
စိတ်မလေပါနဲ့ ညီလေးရာ......
အရာရာဟာ ဒီလိုပါပဲကွာ......
ဘာမှ လုပ်မရဘူး မောင်လေးရေ၊ အမ ကတော့ နောက်ဆုံး ပြောမရ ရင် လာကြည့်လိုက်လို့ဘဲ ပြောလိုက်ပါတယ်၊ ကိုယ်တွေ ခံစားနေရတာ ဒီမှာနေတဲ့ သူတွေဘဲ သိတယ်ကွာ
April 19, 2009 at 6:52 PMဟုတ်ပါတယ် နာမည်ကြီး မေတ္တာငတ်နေပါတယ်...
April 19, 2009 at 9:50 PMအယ် ဟုတ်လိုက်လေ တောင်ပေါ်ရယ် သူ့ တို့ က ကိုယ်အလုပ်လုပ်နေတာကိုမြင်ဘူးရယ်
April 19, 2009 at 11:15 PMသူ့ တို့ မြင်တာက ဘောင်းဘီကြွကြွလေးဝတ်ပြီး နေတာကိုပဲ မြင်တာကိုးနော့
ဘယ်လောက် အသကုန်ဖြဲရလည်းဆိုတာ မသိကျဘူး
မသထာရေစာ စားနေ၇သလိုပဲ ပြောလိုက်ရရင်ကောင်းတော့ဘူးရယ့်
ငွေတွင်းပေါ်မှာတက်ထိုင်နေတယ်အောက်မေ့ရတယ်
နာမည်ကြီးထမင်းငတ် ဆိုသလိုပဲ ဟုတ်ပါ့
နင်ပြောမှ စိတ်ထဲမကြေတာရေးလိုက်အုန်းမယ်
သိပ်မှန်ပါတယ်။ အလုပ်သဘောဝသာ တူမယ် လုပ်ရတဲ့ အလုပ်ပုံစံနဲ့ ခံစားရတဲ့ ဖိစီးမှု့ လုံးဝမတူဘူး။ဒါကို.ပြည်တွင်းက သူငယ်ချင်းတွေ နားမလည်ကြဘူး။ နောက်ဆုံးတော့ ပြောလိုက်ပါတယ်။ ကိုယ့်အကြောင်းသာ ကိုယ်အသိဆုံးပါပဲ။ လာချင်ရင် လာ။ ကိုယ်တွေ့မှယုံတယ်ဆိုရင်လို့ပဲပြောလိုက်တယ်။
April 20, 2009 at 1:26 AMကတောင်ရေ... မှန်တယ်ဗျာ ရွာကလူတွေ သိတာက နိုင်ငံခြားရောက်တာနဲ့ အပင်ကနေပြီး
April 20, 2009 at 2:11 AMဒေါ်လာသီး၊ ဒေါ်လာရွက်တွေခူးယူပြီး အခန့်သား နေ နေကြတာလို့ ထင်ကြတာဗျ။
ကိုယ်တွေ ဘယ်လောက် ဆင်းရဲဒုက္ခခံရတယ်
ကိုယ်တွေပဲ သိတယ် ပြောပြပြန်ရင်လဲ ဒီလောက်တော့ လုပ်ရမှာပေါ့ ဆိုတဲ့ ပေါ့ပျက်ပျက်စကားနဲ့ ပြန်ချေပတတ်ကြတယ်ဗျ။
ခက်တယ်ဗျ ဘယ်လိုမှ နားမလည်ကြဘူး။အထူးသဖြင့် ကိုယ်တွေရွာပြန်
ရင် ကတောင်တို့တော့ မသိဘူး ကျနော်တို့ သင်္ဘောသီးတွေကတော့ ရုံးတွေ ဘာတွေသွားပြီး ပေးလိုက်ရတဲ့ ပိုက်ဆံ စာကလေး အမြီးနှုတ်ခေါင်းနှုတ်နဲ့ ဘာမှကိုမကျန်သလောက်ဖြစ်ရော။အံမယ်
ဒါတောင် ကိုယ်တွေရဲ့ စာအုပ်ကိုကြည့်ပြီး မင်း
နိုင်ငံခြားမှာ ဘယ်လောက်ကြာခဲ့တာပဲ ဒီတော့ ဘယ်လောက်ပေးဆိုတာက ပါသေး သဗျ မသိရင် သူတို့ပေးဖို့ ကိုယ်တွေ သွားရှာ
နေတယ်များ ထင်နေလားတော့ မသိဘူးဗျာ ပြောပြန်ရင်လဲ ကိုယ်ပဲခံရမှာလေ ဒီတော့ မချိသွားဖြဲလေးလုပ်ပြီး ပေးရတာပါပဲဗျာ။
သူငယ်ချင်းအပေါင်းအသင်းတွေကလဲ ကိုယ်ပြန်ရောက်တာနဲ့ လာထား၊ ကျွေးထား၊
ဘယ်သွားမယ်၊ ဘာစားမယ်နဲ့ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်နေတော့ ပြောရလဲ အခက်၊
ပြောရင်လဲ ဘ၀မေ့တယ်ဆိုပြီး ပြောခံရဦးမယ်ဗျ။ ဒီတော့ ခက်ဘူးလားဗျာ..။
ဒီထက်ဆိုးတာက နိုင်ငံပြင်ပမှာ ရွှေအချင်းချင်းမို့ ညီအကိုသားချင်းလို သဘောထား ဆက်ဆံပြန်တော့လဲ ကိုယ့်ကိုထည့်သွား၊ ကျော်သွားတဲ့၊ ရိုက်စား
လုပ်သွားနဲ့ ခုနောက်ပိုင်း ဘယ်လောက်ထိ
ဆိုးသွားလဲ ဆိုတော့ ရွှေ ရွှေချင်းတွေ့ရင်တောင် တယောက်နဲ့တယောက် ကြည့်ကြတဲ့ မျက်လုံး
တွေက တကယ်ကို စိတ်မကောင်းစရာပါဗျာ။
တယောက်နဲ့တယောက် ကူညီဖို့ဆိုတာဝေးရော....။ အကုန်တော့ မဟုတ်ဘူးပေါ့ဗျာ များသောအားဖြင့်ကိုပြောပြ
တာပါ။ ကျနော်တို့ ဘ၀တွေကိုက ဆိုးနေတာလို့ပဲ မြန်မာလူမျိုး
ပီပီ ကံကိုပဲ ပုံချရမလားမသိတော့ဘူးဗျာ။
တကယ်ခံစားမိလို့ ရေးလိုက်တာပါ။ လူတိုင်း
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်
ခင်ဗျား....။
ကိုတောင်ပေါ်သားရေးထားတာမှန်ပါတယ် လူတိုင်းဟာ အထူးသဖြင့် မြန်မာပြည်ကလူတွေက အပြောနဲ့မယုံကြပါဘူး ကိုယ်တိုင်မှယုံကြတာပါ. အထင်ကြီးတာပေါ့လေ..
April 20, 2009 at 1:49 PMအိမ်ပြန်ချင်တယ်ဗျိုးးးးးးးးးးးးးး
April 21, 2009 at 4:16 PMဒါပေမယ့် အမေက ပြန်မလာနဲ့တဲ့။ အိ။
ဒီမှာ ဘယ်လောက်အထီးကျန်လဲဆိုတာ တူတို့က တိကြတာဟုတ်ဖူး။ တူများကို ၀ိုင်းနွှာမယ် ဆိုတာချည်းပဲ။ ဟင့် ။
ပို့စ်လေးရေးထားတာကောင်းတယ် တောင်ပေါ်သားရေ.
April 25, 2009 at 9:54 PMဟုတ်တယ်နော့ မြန်မာပြည်က လူတွေကနိုင်ငံခြား
ရောက်ရင်ပဲ သူဌေးဖြစ်သွားပြီလို့ ထင်ကြတာလေ..
ဂျပန်လာရတယ်ဆိုရင် ပိုဆိုးသေးပေါ့...
ရောက်တာနဲ့ပဲ သူဌေးဖြစ်တော့ မလိုလို...
ဝင်ငွေနဲ့ ထွက်ငွေလောက်က အတူတူလောက်ဖြစ်နေ
တာ... ဒီကြားထဲ နိုင်ငံခြားရောက်တုန်းလေး စုဦးမှဆို
ပြီး သုံးသင့်တာသုံး ၊ ချွေတာသင့်တာချွေတာပြီး စုနိုင်
မှ တစ်လ တစ်လ နည်းနည်းပဲ စုနိုင်တာ..
တစ်လတစ်လေဆို ခရီးထွက်တာ များသွားရင် ၀င်ငွေ
နဲ့တောင် မလောက်ပြန်လေဘူး။။ စိတ်ပြေလက်ပျောက်
ခရီးလေးထွက်ပေးနိုင်မှလည်း stress လေးပြေတော့
သွားမိပြန်ရော.. သွားတော့ငွေကုန်ပြန်လေရော...
ပိုက်ဆံကစုချင် ငွေကမစုမိနဲ့ stress ပိုရလေရဲ့...
ဟတ်ဟတ်... နိုင်ငံခြားရောက်တိုင်းသူဌေးမဟုတ်ပါလို့
အစ်မလည်း ပို့စ်လေးတစ်ခုရေးခဲ့ဘူးပါသေးတယ်...
နိုင်ငံခြားရောက်ဖူးတဲ့သူတွေမှ ကိုယ်ချင်းစာသိနိုင်ကြတာပါ..
အဆင်ပြေပါစေ.
မကြီးဝါ
Post a Comment