Wednesday, April 23, 2008

အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ


သူငယ်ချင်း


ကျွန်တော်ဘ၀မှာ အခင်မင်ရဆုံးသူငယ်ချင်း (၄)ယောက်ရှိပါတယ်။ သူတို့ကကျွန်တော်ငယ်စဉ် ကျောင်းတက်တုန်းက ခင်မင်လာတဲ့ကျွန်တော်ရဲ့အခင်မင်ဆုံး၊ ကျွန်တော်အပေါ်အကောင်းဆုံး သူငယ်ချင်းတွေပါပဲဗျာ။ ငယ်စဉ်ကတည်းကခင်တဲ့ ငယ်သူငယ်ချင်းမဟုတ်ပေမဲ့ သူတို့နဲ့ခင်မင်ခဲ့တဲ့ နေ့ရက်တွေကစလို့ ကျွန်တော်ရဲ့ဘ၀မှာ မေ့မရတဲ့၊အမှတ်တရ အဖြစ်အပျက်တွေအများကြီးဖြစ်စေခဲ့ပါတယ်။ သူတို့ထဲကတစ်ယောက်ကတော့ ကျွန်တော်(၆)တန်းလောက်မှာ စခင်မင်ခဲ့ပါတယ်။ အဲကျန်တဲ့သူငယ်ချင်းတွေကတော့ (၈)တန်းလောက်မှစခင်လာတာပါ။ သူတို့လေးတွေနဲ့ မိတ်ဆက်ပေးပါရစေနော်…ပထမဆုံးသူနာမည်ကတော့


ပူတူး

သူရဲ့နာမည်လေးနဲ့လိုက်အောင်ကို အရမ်းခင်မင်စရာကောင်းပါတယ်။ သူဟာသူငယ်ချင်းတွေအပေါ်
အရမ်းအနွံနာခံတတ်တဲ့ ကျွန်တော်ရဲ့အခင်မင်ရဆုံး သူငယ်ချင်းတွေထဲကတစ်ယောက်ပေါ့။ သူနဲ့က(၆)တန်းလောက်မှာ စပြီးခင်မင်ကြတာပါ။ ကျောင်းခန်းထဲမှာလည်းအတူတူ.. သွားလည်းအတူတူပေါ့ဗျာ..သူကကျွန်တော်တို့သူငယ်ချင်းတွေ ရန်ဖြစ်ရင်လည်းရှေ့ဆုံးကပါတယ် .. သူငယ်ချင်းတွေဘာဖြစ်ဖြစ်ရှေ့ကနေပြီးတော့ ကာကွယ်ပေးတဲ့လူတစ်ယောက်ပေါ့.. ဒီတော့သူတစ်ပါးအမြင်မှာ ဆိုးမဲ့ပုံပေါက်ပေမဲ့တကယ်တမ်းပေါင်းကြည့်တော့စိတ်သဘောထားအရမ်းကောင်းတယ်ဆိုတာ ပေါင်းတဲ့သူတိုင်းသိလိုက်ရပါတယ်။ သူကငယ်စဉ်ကတည်းက
Electronic ပစ္စည်း တွေကို အရမ်းစိတ်ဝင်းစားပါတယ်။ ကျွန်တော်တို့ကျောင်းသွား၊ကျောင်းပြန်တလျှောက်မှာ တွေ့သမျှသံတိုသံစတွေ၊ Electronic ပစ္စည်းတွေကိုကောက်ပြီးရင် တစ်ခုမဟုတ်တစ်ခုလျှောက် ထွင်နေတော့တာပါပဲ။ စာကိုတော့ စိတ်သိပ်မ၀င်းစားပေမဲ့ Electronic ပညာကိုတော်တော်စိတ်ဝင်းစားပါတယ်။ အခုတော့လည်း Electronic Technician ၁ယောက်ဖြစ်နေပါပြီ။ သူအလုပ်မှာ သူမရှိရင်အလုပ်မဖြစ်တော့တဲ့ အနေအထားကို တောင်ရောက်နေပြီ..ကျွန်တော်တို့နှစ်ယောက် စခင်တုန်းကဆို ကျွန်တော့်အမေကသူကို သိပ်သဘောမကျဘူးဗျ..သူကသူ့မိသားစုမှာ အငယ်ဆုံးဆိုတော့နဲနဲ တော့ဆိုးတာပေါ့… သူအမေကလည်းသူဘာလိုသလဲလိုတာကိုမရ ရအောင်ကို လုပ်ပေးတတ်တယ်။ သူကလည်းသူအမေကိုအရမ်းချစ်တဲ့သားလိမ္မာလေးတစ်ယောက်ပါ.. ကျွန်တော်အမေကအစက သူကိုအရမ်းဆိုးမယ်လို့ထင်နေတာ...နောက်မှ ကျွန်တော်အမေနဲ့ပါခင်ပြီး ကျွန်တော့် အမေလည်းသားသားနဲ့ပါးစပ်ကနေမချတော့ပါဘူး.. သူကလည်းကျွန်တော့်အမေကို သူအမေတစ်ယောက်လိုပဲအရမ်းခင်တွယ်တာပါ…. သူကကျွန်တော်အပေါ် အရမ်းအနစ်နာခံတဲ့သူတစ်ယောက်ပေါ့။ ဘယ်လောက်ထိအနစ်နာခံသလဲဆိုရင် သူကျွန်တော်ကြောင့်ဆယ်တန်းမှာ စာကောင်းကောင်းမကျက်ရပဲ ဖြေရလို့စာမေးပွဲ ကျတဲ့အထိပါပဲဗျာ…ကျွန်တော်ကလည်းတော်တော်ကိုဆိုးခဲ့တာကိုး……ကဲပူးတူးရေ မင်းကိုငါဒီ Blog လေးကနေ တောင်းပန်တယ်နော်…………..


အဲ နောက်တစ်ယောက်ကတော့ ဘိုလင်းတဲ့

သူကတော့ ကျွန်တော့ သူငယ်ချင်းတွေထဲမှာ အသက်အငယ်ဆုံး သူငယ်ချင်းတစ်ယောက်ပေါ့ သူကတော့ ခရစ်ယာန်လူမျိုးပါ ပအိုဝ့်လည်းစပ်ပါသေးတယ်။ သူကကျွန်တော့်သူငယ်ချင်းဆို တာထက် ကျွန်တော့်ရဲ့ ညီတစ်ယောက်လို့ပြောရင် ပိုပြီးမှန်မယ်ထင်ပါတယ်။ ဘာလို့ ဒီလို ပြောသလဲဆိုရင် သူရော၊ကျွန်တော်ရောထားတဲ့ သံယောဇဉ်ဟာသူငယ်ချင်းဆိုတဲ့ သံယောဇဉ် ထက်အများကြီးပို

0 comments: