Thursday, April 24, 2008

ကျွန်တော်မြင်မိသော လူသားတို့ သဘာဝ

ဒီကမ္ဘာလောကကြီးမှာ လူသားတွေလောက် လိုအင်တောင့်တ သ၀န်တိုမှု များတဲ့ သတ္တ္လ၀ါ မရှိဘူးလို့ ကျွန်တော်ထင်တယ်ဗျာ.. ဘာကြောင့်ဒီလို ပြောရလဲဆိုတော့ ကျွန်တော်တွေ့ဖူး ကြုံဖူးတဲ့ လူတော်တော်များများဟာ မနာလို သ၀န်တိုမူနေနဲ့ သူတို့ရဲ့စိတ်ထဲမှာ ပြည့်နေတာကို ကျွန်တော်မြင်ရလို့ပါ.. ဆင်းရဲတဲ့သူက ချမ်းသာတဲ့သူကို မနာလို၊ လူတယောက် အဆင်ပြေနေရင် ကျန်တဲ့လူတွေက မနာလိုနဲ့ စုံလို့ပါပဲဗျာ..ကျွန်တော်လည်း လူသားတွေထဲက လူသားတယောက်ဖြစ်နေတော့ ဒီသ၀န်တိုမှု ၊ မနာလိုမှု တွေ ရှိပါတယ်….
Photobucket
တခါတလေကတော့လည်း တကိုယ်ကောင်းဆန်လိုက်တာ တပါးသူဘယ်လောက် ဒုက္ခရောက် သွားမလဲ ဘာဖြစ်သွားမလဲ မကြည့်ဘူး..တယောက်ကောင်းစားဖို့ပဲ ကြည့်နေကြတယ်ဗျာ… ဒါကြောင့် ကျွန်တော်တို့ မြန်မာလူကြီးတွေက ဆိုရိုးစကားတွေ လက်ဆင့်ကမ်းခဲ့ ကြတာနဲ့တူတယ်.. စိန်ခဲ။ရွှေခဲထက်ကို ခွဲရတာ လွယ်ချင်လွယ်မယ်… လူရဲ့စိတ်ကတော့ အကဲခတ်ရတော့ တော်တော်ခက်တယ်တဲ့လေ.. အဲဒီလိုလူစားမျိုးကို ကျွန်တော်ရဲ့ ဘ၀တစ်ဆစ်ချိုးမှာ တွေ့ခဲ့ရပါတယ်…ပြောလိုက်ရင် လေကမိုးလောက်ကြီးပြီး တကယ်လုပ် ရင်တော့တခြားစီပါပဲ.. အဲဒီလိုလူမျိုးနဲ့ တွေ့ခဲ့ရသလိုပဲ ဆရာကောင်းတွေ၊ သူငယ်ချင်းကောင်း တွေနဲ့လည်း တွေ့ခဲ့ရပါတယ်.. ကျွန်တော်ဆယ်တန်းအောင်လို့ ရန်ကုန်ကိုရောက်လာတော့ ဘာလုပ်လို့ လုပ်ရမလဲ မသိဖြစ်နေတာပေါ့.. ဆယ်တ်န်းအောင်ပြီးတဲ့ လူတိုင်းရဲ့ရင်ထဲမှာ အနဲ၊အများဆိုသလို ကိုယ်စီရည်မှန်းချက်လေးတွေ ရှိကြပါတယ်.. အဲဒီအချိန်ကတော့ ဆရာဖေမြင့်တို့လို တက်ကျမ်းရေးတဲ့ဆရာ့ စာအုပ်လေးတွေ ကကိုယ်အတွက်ရေးပေး လိုက်သလိုပါပဲ.. ငါဒီလိုကြိုးစားရင် ဒီလိုဖြစ်မယ်ပေါ့.. စိတ်ကူးလေးတွေကိုယ်စီနဲ့ပေါ့ဗျာ… တစ်ကယ်လည်းပျော်ရွှင်စရာ အတိနဲ့ပါပဲ.. အဲစကားတွေလမ်းလွဲ ကုန်ပါပြီဗျာ.. ကျွန်တော် ပြောချင်တဲ့ ဘက်ကို ပြန်လှည့်လိုက်ဦးမယ်နော်…အဲဒီလို တက်ကျမ်းတွေနဲ့ နပန်းလုံးနေတဲ့ အချိန်မှာ ကျွန်တော်ဘ၀ကို အလှည့်အပြောင်း ဖြစ်စေမဲ့ ပညာရပ်တခုကို ကျွန်တော့်ရဲ့ ဦးလေးက တက်ခိုင်းပါတယ်.. အဲဒါကတော့ Computer ဆိုတဲ့ ပညာရပ်ပါပဲ.. တကယ်တမ်း Computer ဆိုတာ ဆယ်တန်းအောင်တဲ့ အချိန်မှာ ဘာဆိုဘာမှ မသိသေးတဲ့ အချိန်ပေါ့.. အားလုံးသိတဲအတိုင်း ကျွန်တော်တို့ ကျောင်းတွေမှာ သင်ပေးတဲ့ Computer ဆိုတာကလဲ စာတော်တဲ့သူတွေသာ အသုံးပြုရတာ များတာလေး.. ကျွန်တော်က စာမတော်တော့ မထိတွေ့ရပါဘူးဗျာ….ဒီလိုနဲ့ ကျွန်တော်လည်း Computer ဆိုတဲ့အရာကြီးကို စပြီးထိတွေ့ပြီး ရူးတော့တာပေါ့ဗျာ... တကယ်တော့ Computer Field ဆိုတာက လိုက်လို့မကုန်တဲ့ ပညာရပ်တစ်ခုပါဗျာ..ဘာနဲ့တူသလဲဆိုတော့ မဆုံးနိုင်တဲ့ လမ်းတခုကို ခရီးသွားနေတာနဲ့ တူတယ်ဗျ.. ကိုယ်က မောလို့ခဏနားလိုက်တာနဲ့ ကိုယ်ကို့ ကျော်တက်သွားမဲ့ သူကအများကြီးလေ.. အဲဒီ Computer သင်တန်းမှာ ကျွန်တော် လေးစားရတဲ့ ကျွန်တော်ရဲ့ ဆရာနဲ့ စပြီးတွေ့ပါတယ်.. ကျွန်တော့် ဆရာက ကျနော့်ကို တော်တော်လေး ခင်ပါတယ်. ဒီလိုနဲ့ ဆရာ၊ဆရာမတွေ သင်ပေးတဲ့ Computer ဆိုတဲ့ ပညာကို ကျွန်တော်စိတ်ဝင်တစားနဲ့ သင်ဖြစ်ပါတော့တယ်.. ဆရာ၊ဆရာမတွေရဲ့ ပံ့ပိုးမူတွေက တဆင့် ကျွန်တော် အစမ်းခန့် ဆရာတယောက်အဖြစ်နဲ့ အလုပ်စ လုပ်ရပါတယ်.အဲဒီအလုပ်က အရရမ်းပျော်စရာကောင်းပါတယ်.. အားလုံးက ကျွန်တော်ကို ညီအစ်ကိုတစ်ယောက်လို မသိတာတွေရှိရင် သင်ကြားပြသပေးပါတယ်.. ကျွန်တော်ရဲ့ ကျေးဇူးရှင် ဆရာတွေ ကတော့ ဆရာ မြတ်မင်းဦး နဲ့ ကိုတင်ဦး ဖြစ်ပါတယ်.. တခြားဆရာတွေလည်း အများကြီးရှိပါသေးတယ်. ကိုလင်းထွန်းအောင်၊ ကိုဇာနည်၊ ကိုနိုင်လင်း၊ ကိုတင်ကို စတဲ့ လူတွေပေါ့ဗျာ. ကျွန်တော်လည်း နာမည်တွေ မသိတော့တာတွေလည်း ရှိပါတယ်.. ဒီထဲမှာ မပါတဲ့ ဆရာတွေ၊ဆရာမတွေ အများကြီးပါ.. ထည့်မရေးတော့တာကို တော့ ခွင့်လွတ်စေချင်ပါတယ်..တကယ်တမ်း သူတို့နဲ့ အလုပ်လုပ်ရတာဟာ အလုပ်မှာ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ စိတ်ကတော့အမြဲ ပျော်ရွှင်နေတတ်ပါတယ်. ၁ဦးနဲ့ (၁) ဦး ညီအစ်ကိုတွေလိုပါပဲ.. တစ်ယောက်ကမသိတဲ့ ကိစ္စဆို ကျန်တဲ့လူတွေက အမြဲကူညီတတ်ပါတယ်. သူတို့မှာ ပညာကို သိရင်သိတယ်..မသိရင်မသိဘူး လျှို့ဝှက်ထားသာတွေ မရှိဘူးဗျ.. ကျွန်တော်ကလည်း ပျော်ပျော်နေတတ်တဲ့ လူဆိုတော့ အိုကေ တာပေါ့ဗျာ.. အစိုးရ ရုံးပိတ်ရက်လေးများမရှိနဲ့ ရှိတာနဲ့ ကျွန်တော်တို့ လူငယ်တွေ ဦးဆောင်ပြီး ဘောလုံးသွားကန်ကြတာ.. ကျွန်တော်တို့ အသင်းဆို အမြဲရှုံးနေကြပေါ့.. ဒီလိုနဲ့ ကျွန်တော်လည်း ကုမ္မဏီရဲ့ တရားဝင် (Permanent) အလုပ်သမား ဖြစ်လာပါတယ်. တကယ်ဆို ကျွန်တော်အဲဒီ အလုပ်ကနေရလိုက်တာ ပညာတခုတည်းမဟုတ်ဘူးဗျ.. အခြား လူမူရေးနဲ့ ဆိုင်တဲ့ပညာရပ်တွေကိုပါ ရလိုက်တဲ့အတွက် တော်တော်ကိုကျေးဇူးတင်နေမိတယ်. ဥပမာ လူတွေနဲ့ ဘယ်လိုပေါင်းသင်းရမလဲ၊ ဘယ်လိုလူကို ဘယ်လိုပြောရင် အဲဒီလူ စိတ်ကျေနပ်သွားမလဲ စသည်ဖြင့်ပေါ့ဗျာ.. အားလုံးကိုရလိုက်ပါတယ်. အဲဒီမှာ လုပ်သက်တွေ ကြာလာတော့လည်း လူဆိုတဲ့အမျိုးက သိတဲ့အတိုင်းပေါ့ ကြာလာတော့ စပရင်ညောင်းလာ တယ်ဆိုပါတော့ဗျာ.. ပြီးတော့ ကျွန်တော့်ရဲ့ ဆရာကော..ကျွန်တော်နဲ့ ညီအစ်ကိုလိုနေတဲ့ လူတွေပါ တယောက်ပြီး တယောက် အလုပ်ကနေ ထွက်သွားကြတော့ ကျွန်တော်လည်း မလုပ်ချင်တော့ တာနဲ့ အလုပ်ထွက်စာတင်လိုက်ပါတော့တယ်.. စိတ်ကူးကတော့ အလုပ်ထွက် ပြီးရင် နိုင်ငံရပ်ခြား တခုခုမှာ သွားပြီး အလုပ် လုပ်မယ်ဆိုပြီးတော့ပေါ့.. ဒါပေမဲ့ ဒီလိုမလုပ်ဖြစ် ခဲ့ပါဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်အလုပ်ထွက်တာနဲ့ ကျွန်တော့်ဆရာ ကသူလုပ်နေတဲ့ အလုပ်အသစ်မှာ လူလိုလို့ ကူညီပါဆိုတာနဲ့ ကျွန်တော်လည်း ကူညီမယ်ဆိုပြီး အလုပ်သစ်ကို ရောက်သွားပြန်ပါတယ်.. အဲဒီမှာလည်း ကျွန်တော်အပေါ် အရမ်းကောင်းတဲ့ ကိုမင်းမင်း ဆိုတဲ့ အစ်ကိုနဲ့ သိကျွမ်းရပြန်ပါတယ်. သူ ကတော့ အရမ်းရိုးပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူတစ်ယောက်ပါပဲ..ကျွန်တော်ကိုလည်း သူရဲ့ ညီတစ်ယောက်လိုချစ်ပါတယ်.. ကျွန်တော်လဲ အဲဒီမှာ စလုပ်တုန်းကတော့ အရမ်းပျော်သလို ခံစားရပါတယ်. ချုပ်ချယ်မူကင်းတယ်လေ.. ကျွန်တော်က အဲဒီချုပ်ချယ်တာတွေကို မုန်းတယ်ကောင်ဗျ.. ကျွန်တော်ကို ချော့ခိုင်းရင် ကျွန်တော်ဆိုတဲ့ ကောင်က ဘာမှ မရရင်တောင် အိတ်စိုက်ပြီးလုပ်ပေးတတ်တဲ့ ကောင်မျိုးလေ.. အဲဒီတော့ အစပိုင်းကတော့ အားလုံးကို အိုကေတယ်ဆိုပါတော့ဗျာ.. အဲဒီမှာလည်း အားလပ်ရက်ရရင် သူငယ်ချင်းတွေ၊ တပည့်တွေနဲ့ ဘောလုံးသွားကန်ဖြစ်ပါ သေးတယ်. တကယ်တော့ ဆရာလုပ်ရတာ ရှေးဆရာကြီးတွေ ပြောသလိုပါပဲ.. ပီတိကိုစားပြီး အားရှိရတဲ့ လူစားမျိုးပါ.. ရတဲ့လစာ က တပဲခြောက်ပြား ဒါပေမဲ့ တပည့်တွေနဲ့ စာသင်ရတာကို တော့ တော်တော်ကိုပျော်ပါတယ်.. အဲ မပျော်တာကတော့ ကျွန်တော်ဆရာ အဲဒီအလုပ်ကနေ ထွက်သွားတဲ့ အချိန်ကစတာပါပဲ..ဆရာအလုပ်ကထွက်ပြီး သိပ်မကြာပါဘူး ထုတ်လိုက်တဲ့ စည်းကမ်းတွေက လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေတောင်မရှိတော့ ပါတဲ့အတိုင်းပါပဲ.. ဒီလို စည်းကမ်းမျိုးတွေနဲ့ ကျွန်တော်လို လွတ်လွတ်လပ်လပ်နေတတ်တဲ့ လူတစ်ယောက်ကဘယ်လို နေနိုင်မလဲဗျာ.. ဒါတဲ့ ပိုပြောရရင် လူတစ်ယောက်ရဲ့ ပညာရပ်ကို အသုံးပြုပြီးရင် အဲဒီပညာ အတွက်ထိုက်တန်တဲ့ တန်ဖိုးကို ပြန်ပေးဆပ်ရတယ်တဲ့.. ကျွန်တော်ဆိုလိုတာ ငွေကို မဟုတ်ဘူးနော်.. အရာအားလုံးကိုပြောချင်တာပါ…ဒီထက်ပိုတော့ မရေးတော့ပါဘူးနော်.. တော်ကြာ သူတစ်ပါးကို ထဲ့ထိုးပြောတယ် ဖြစ်နေမှာဆိုလို့ပါ.. ဒီလိုနဲ့ပဲ ကျွန်တော်အလုပ်က ထွက်လိုက်တယ်ဆိုပါတော့ဗျာ.. ကျွန်တော်ခင်တဲ့ ကိုမင်းမင်းနဲ့ ကျွန်တော် ချစ်ရတဲ့ ကျွန်တော်ရဲ့ တပည့်တွေကို ကျောခိုင်းပြီးတော့ပေါ့..ကျွန်တော်ဘ၀မှာ အထိနာဆုံးက လူတစ်ယောက်ရဲ့ ပညာကိုလိုတဲ့ အခါယူတုန်းပြီး မလိုအပ်တော့ဘူး လို့ယူဆတဲ့အချိန်မှာ ပက်ပက်စပ်စပ် ကန်ထုတ်တတ်တဲ့ လူစားမျိုးကို ကျွန်တော် တော်တော်ကို နာကျည်းပါတယ်.. ဥပမာ ကျွန်တော်က ခင်ဗျားကို ခိုင်တဲ့အလုပ်ရှင်ဆိုပါစို့ဗျာ.. ဒါဆိုရင် ခင်ဗျားကို ကျွန်တော်က ထိုက်သင့်တဲ့ တန်ဖိုး၊အရာ ကိုပြန်ပေးရပါမယ်ဆိုတာ လူတိုင်းနားလည်ပါတယ်... ဒီလိုမှမဟုတ်ပဲ ကျွန်တော်က ခင်ဗျားကို ထိုက်သင့်တဲ့ တန်ဖိုး၊ အရာ ကို မပေးခဲ့ဘူးဆိုရင် ခံရတဲ့သူဘက်က စဉ်းစားကြည့်ပေါ့ဗျာ.ပေးဆပ်ခဲ့ရတဲ့ လူရဲ့ရင်ထဲမှာ ဘယ်လိုခံစားရလဲဆိုတာ ကိုယ်ချင်းစာတရား.. လူမူရေးနာလည်တဲ့ လူတိုင်းခံစားတတ်ပါတယ်.. ပုဂ္ဂိုလ်ရေးအရ ခင်တာတခုနဲ့ လူကိုလူချင်းတန်းတူ မထားတဲ့လူစားမျိုးကို ကျွန်တော် အမုန်းဆုံးပါပဲ.. ကိုယ်နဲ့ ခင်တဲ့လူကို အခွင့်အရေးတမျိုး ၊ အခြားလူကိုတော့တမျိုးလုပ်တာဟာ လူအခွင့်အရေးကို ချိုးဖျက်တာနဲ့ အတူတူပါပဲ..တဖက်သားကို နစ်နာအောင်မလုပ်သင့်ပါဘူး။ အဲဒီလိုကိုယ်အကျိုး စီးပွားကိုသာ ကြည့်ပြီးသူတပါးအရေးကို ဂရုမစိုက်တတ်တဲ့လူကို့ တစ်ကိုယ်ကောင်းသမား အတ္တသမား လို့ကျွန်တော်ခေါ်ချင်ပါတယ်.. အဲဒီလိုလူမျိုးနဲ့ ကျွန်တော်ဘ၀မှာ တကယ်ကို တွေခဲ့ရပါတယ်…..

မှတ်ချက်.. ဒီဘလော့စ်လေးကို ကျွန်တော် စတင် တည်ဆောက်ကတည်းက ကျွန်တော့်ရဲ့ ရင်ထဲမှာ ပြောချင်တာတွေကို လွတ်လွတ်လပ်လပ် ပြောပြချင်လို့ပါ.. တကယ်လို့ ကျွန်တော့် တင်ပြ ရေးပြခဲ့တဲ့ အထဲမှာ တစုံတယောက်များနစ်နာ သွားခဲ့ရင် ကျွန်တော်ဒီဘလောစ့်လေး ကနေတောင်းပန်ပါတယ်.. တစ်ကယ်ရွှေ့ မကျေနပ်ရင် .. ပြောစရာရှိရင် ပြောလို့ရအောင် ကျွန်တော် Comment Box လေးထား ထားပါတယ်. စိတ်ကြိုက်တာပြောသွားပါ..

1 comments:

myo said...

Everything is changes.
Everything can't stable.
If you want something, you will give something.

April 27, 2008 at 8:53 PM