Wednesday, April 23, 2008

အခင်မင်ဆုံး ကျွန်တော့်သူငယ်ချင်းများ


သူငယ်ချင်း


ကျွန်တော်ဘ၀မှာ အခင်မင်ရဆုံးသူငယ်ချင်း (၄)ယောက်ရှိပါတယ်။ သူတို့ကကျွန်တော်ငယ်စဉ် ကျောင်းတက်တုန်းက ခင်မင်လာတဲ့ကျွန်တော်ရဲ့အခင်မင်ဆုံး၊ ကျွန်တော်အပေါ်အကောင်းဆုံး သူငယ်ချင်းတွေပါပဲဗျာ။ ငယ်စဉ်ကတည်းကခင်တဲ့ ငယ်သူငယ်ချင်းမဟုတ်ပေမဲ့ သူတို့နဲ့ခင်မင်ခဲ့တဲ့ နေ့ရက်တွေကစလို့ ကျွန်တော်ရဲ့ဘ၀မှာ မေ့မရတဲ့၊အမှတ်တရ အဖြစ်အပျက်တွေအများကြီးဖြစ်စေခဲ့ပါတယ်။ သူတို့ထဲကတစ်ယောက်ကတော့ ကျွန်တော်(၆)တန်းလောက်မှာ စခင်မင်ခဲ့ပါတယ်။ အဲကျန်တဲ့သူငယ်ချင်းတွေကတော့ (၈)တန်းလောက်မှစခင်လာတာပါ။ သူတို့လေးတွေနဲ့ မိတ်ဆက်ပေးပါရစေနော်…ပထမဆုံးသူနာမည်ကတော့


ပူတူး

သူရဲ့နာမည်လေးနဲ့လိုက်အောင်ကို အရမ်းခင်မင်စရာကောင်းပါတယ်။ သူဟာသူငယ်ချင်းတွေအပေါ်
အရမ်းအနွံနာခံတတ်တဲ့ ကျွန်တော်ရဲ့အခင်မင်ရဆုံး သူငယ်ချင်းတွေထဲကတစ်ယောက်ပေါ့။ သူနဲ့က(၆)တန်းလောက်မှာ စပြီးခင်မင်ကြတာပါ။ ကျောင်းခန်းထဲမှာလည်းအတူတူ.. သွားလည်းအတူတူပေါ့ဗျာ..သူကကျွန်တော်တို့သူငယ်ချင်းတွေ ရန်ဖြစ်ရင်လည်းရှေ့ဆုံးကပါတယ် .. သူငယ်ချင်းတွေဘာဖြစ်ဖြစ်ရှေ့ကနေပြီးတော့ ကာကွယ်ပေးတဲ့လူတစ်ယောက်ပေါ့.. ဒီတော့သူတစ်ပါးအမြင်မှာ ဆိုးမဲ့ပုံပေါက်ပေမဲ့တကယ်တမ်းပေါင်းကြည့်တော့စိတ်သဘောထားအရမ်းကောင်းတယ်ဆိုတာ ပေါင်းတဲ့သူတိုင်းသိလိုက်ရပါတယ်။ သူကငယ်စဉ်ကတည်းက
Electronic ပစ္စည်း တွေကို အရမ်းစိတ်ဝင်းစားပါတယ်။ ကျွန်တော်တို့ကျောင်းသွား၊ကျောင်းပြန်တလျှောက်မှာ တွေ့သမျှသံတိုသံစတွေ၊ Electronic ပစ္စည်းတွေကိုကောက်ပြီးရင် တစ်ခုမဟုတ်တစ်ခုလျှောက် ထွင်နေတော့တာပါပဲ။ စာကိုတော့ စိတ်သိပ်မ၀င်းစားပေမဲ့ Electronic ပညာကိုတော်တော်စိတ်ဝင်းစားပါတယ်။ အခုတော့လည်း Electronic Technician ၁ယောက်ဖြစ်နေပါပြီ။ သူအလုပ်မှာ သူမရှိရင်အလုပ်မဖြစ်တော့တဲ့ အနေအထားကို တောင်ရောက်နေပြီ..ကျွန်တော်တို့နှစ်ယောက် စခင်တုန်းကဆို ကျွန်တော့်အမေကသူကို သိပ်သဘောမကျဘူးဗျ..သူကသူ့မိသားစုမှာ အငယ်ဆုံးဆိုတော့နဲနဲ တော့ဆိုးတာပေါ့… သူအမေကလည်းသူဘာလိုသလဲလိုတာကိုမရ ရအောင်ကို လုပ်ပေးတတ်တယ်။ သူကလည်းသူအမေကိုအရမ်းချစ်တဲ့သားလိမ္မာလေးတစ်ယောက်ပါ.. ကျွန်တော်အမေကအစက သူကိုအရမ်းဆိုးမယ်လို့ထင်နေတာ...နောက်မှ ကျွန်တော်အမေနဲ့ပါခင်ပြီး ကျွန်တော့် အမေလည်းသားသားနဲ့ပါးစပ်ကနေမချတော့ပါဘူး.. သူကလည်းကျွန်တော့်အမေကို သူအမေတစ်ယောက်လိုပဲအရမ်းခင်တွယ်တာပါ…. သူကကျွန်တော်အပေါ် အရမ်းအနစ်နာခံတဲ့သူတစ်ယောက်ပေါ့။ ဘယ်လောက်ထိအနစ်နာခံသလဲဆိုရင် သူကျွန်တော်ကြောင့်ဆယ်တန်းမှာ စာကောင်းကောင်းမကျက်ရပဲ ဖြေရလို့စာမေးပွဲ ကျတဲ့အထိပါပဲဗျာ…ကျွန်တော်ကလည်းတော်တော်ကိုဆိုးခဲ့တာကိုး……ကဲပူးတူးရေ မင်းကိုငါဒီ Blog လေးကနေ တောင်းပန်တယ်နော်…………..


အဲ နောက်တစ်ယောက်ကတော့ ဘိုလင်းတဲ့

သူကတော့ ကျွန်တော့ သူငယ်ချင်းတွေထဲမှာ အသက်အငယ်ဆုံး သူငယ်ချင်းတစ်ယောက်ပေါ့ သူကတော့ ခရစ်ယာန်လူမျိုးပါ ပအိုဝ့်လည်းစပ်ပါသေးတယ်။ သူကကျွန်တော့်သူငယ်ချင်းဆို တာထက် ကျွန်တော့်ရဲ့ ညီတစ်ယောက်လို့ပြောရင် ပိုပြီးမှန်မယ်ထင်ပါတယ်။ ဘာလို့ ဒီလို ပြောသလဲဆိုရင် သူရော၊ကျွန်တော်ရောထားတဲ့ သံယောဇဉ်ဟာသူငယ်ချင်းဆိုတဲ့ သံယောဇဉ် ထက်အများကြီးပိုပါတယ်.. တစ်ကယ်ကို ညီအစ်ကိုလိုနေကြတာ.. ကျွန်တော်တို့က (၈)တန်း လောက်မှခင်ကြတာပါ။ သူကငယ်ပေမဲ့ နဲနဲတော့ဆိုးတဲ့ဗျ၊ သူလည်းမိသားစုထဲမှာ အငယ်ဆုံး ပါပဲ..ဒီတော့ သူမိသားစုကလည်း သူကို အရမ်းချစ်ပြီး အလိုလိုက်တယ်လေ.. ပြီးတော့ ယောက်ျားလေးက သူတစ်ယောက်ထဲပါတာဆိုတော့ သူအစ်မတွေက အရမ်းချစ်ကြတယ်.. အဲဒီတော့ အရမ်းအလိုလိုက်တာပေါ့.. သူကိုတော့ ကျွန်တော်က ယောက်ဖလို့ခေါ်တယ်ဗျ..

တစ်မျိုးမထင်နဲ့အုံးနော် ကျွန်တော်တို့နယ်မှာက တယောက်နဲ့တယောက် အရမ်းခင်ရင် ယောက်ဖလို့ခေါ်တယ်လေ..ဒါကြောင့်ပါ..ဒီတော့သူကိုလည်း ယောက်ဖလို့ပဲ ခေါ်တာပါ.. ပြီးတော့ကျွန်တော်က နာစရာမရှိဘူးလေ.. ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့တဦးတည်းသော အစ်မကလည်း အိမ်ထောင်ကျသွားပြီးလေ…ဟား…ဟား….. သူက ကျွန်တော်ကို ဘယ်လောက်ခင်သလဲဆိုရင် ကျွန်တော်အတွက်ဆို ဘာမဆိုလုပ်ပေးတဲ့ကောင်ဗျ.. ကျွန်တော် ဆယ်တန်းအောင်လို့ ရန်ကုန်လာရတော့မယ်ဆို ကျွန်တော်ကောင်မလေးက မျက်ရည်မကျဘူး သူကအရင် မျက်ရည်ကျတတ်တဲ့ လူမျိုးလေဗျာ.. ကျွန်တော်အားလပ်ရက် များရလို့ ကျွန်တော်မြို့လေးကို ပြန်ရောက်ရင် သူလည်းသူအိမ်ကိုမပြန်တော့ဘူးလေ..

အိပ်လည်းကျွန်တော်နဲ့ စားလည်းကျွန်တော်နဲ့ အချိန်တိုင်းကျွန်တော်နားမှာ နေတဲ့ကောင်ဗျ.. ကျွန်တော်အနားမှာ နေပြီး ကျွန်တော်လုပ်ချင်တာ မှန်သမျှလိုက်လုပ်ပေးတတ်တဲ့ အချစ်ဆုံး သူငယ်ချင်း (ညီလေးတစ်ယောက်ပေါ့ဗျာ..) သူကကွမ်းလည်းစားတယ်.. ဆေးလိပ်လည်း သောက်တယ်.. ဒါပေမဲ့ကျွန်တော်ပြောရင်တော့ ဘာမှမလုပ်ပဲနေတဲ့ ကျွန်တော်ရဲ့ ညီလေးပေါ့..

အခုတော့လည်း သူက ထောက်လှမ်းရေး သတင်းတပ်ဖွဲ့ထဲဝင်းပြီး အမှုထမ်းလို့ မိသားစုကို ရှာကျွေးနေပြီးပေါ့ဗျာ.. ဟေ့ကောင်ဘိုလင်း ငါမင်းကြောင်းတွေအကုန် ရေးလို့စိတ်မဆိုးနဲ့နော်..

ကဲ နောက်တစ်ယောက်ရဲ့ နာမည်ကတော့ ထွန်းဦးတဲ့..

သူကတော့ လူတမျိုးဗျာ.. စိတ်ထဲထင်ရင် ထင်သလိုကောင်းသလောက် စိတ်မထင်ရင်တော့ ဘုစပ်စပ်နဲ့ နေတတ်တဲ့သူပါ..သူကတော့ ကျွန်တော်တို့ကတော့ တရုတ်လို့ခေါ်ကြတယ်. သူငယ်ချင်းတွေထဲမှာ အတော်ဆုံးလို့ ပြောရမယ်နဲ့တူတယ်ဗျ..သူမှာက သူရဲ့ ကိုယ်ပိုင်စီးပွားရေးနဲ့ အားလုံးအဆင်ပြေပါတယ်.. သူလဲ ကျွန်တော်နဲ့ ၈တန်းအောင်ပြီး ၉တန်းလောက်ရောက်မှ စပြီးခင်ကြတာပါ.. သူက သဘောကောင်းတယ်. ဒါပေမဲ့ စိတ်ကြီးတတ်တဲ့ လူစားမျိုးဗျ.. ကျွန်တော်နဲ့ကတော့ ငယ်သူငယ်ချင်းတွေ အလားပဲ သွားလဲအတူ.. စားလည်းအတူတူပဲပေါ့ဗျာ.. သူတို့တွေအားလုံး ကျွန်တော့် အိမ်နဲ့ အရမ်းခင်ကြတယ်ဗျ… တရုတ်ကတော့ ကျွန်တော်နဲ့ မတွေ့ဖြစ်သာ တော်တော်ကြာနေပြီးဗျ.. သူကလည်းသူစီးပွားရေးနဲ့ အလုပ်ရှုပ်နေတာလေ.. ကျွန်တော်ကလည်း ကျွန်တော်အလုပ်နဲ့ ကျွန်တော်ဆိုတော့ မတွေ့ဖြစ်ကြပါဘူး ကျွန်တော် အချိန်လေးရလို့ နယ်ပြန်ရင်လည်း သူနဲ့ကို မတွေ့ရဘူး ကျန်တဲ့သူငယ်ချင်းတွေနဲ့တော့ တွေ့ဖြစ်ပါတယ်.. ဒါကြောင့် ကျွန်တော့်ရဲ့ ဒီ့ ဘလော့စ်လေးမှာ သူအကြောင်းသိပ်မရေးဖြစ်ပါဘူး.. ကျွန်တော်ဘ၀မှာ သူနဲ့ပတ်သက်လို့ အမြဲသတိရစရာလေးတခုကတော့ ကျွန်တော်တို့ ဆယ်တန်းတုန်းက သူငယ်ချင်းတွေ ကျောင်းလစ်ပြီး ဗွီဒီယိုရုံးသွားပြီး ဗွီဒီယိုသွားကြည့်တဲ့ အချိန်လေးပေါ့ဗျာ… တရုတ်ဆိုတဲ့ကောင်ကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ တော်လည်းတော် လိမ္မာလည်း အလိမ္မာဆုံးပါပဲ.. သူက ဆေးလိပ်မသောက်.. ကွမ်းမစားနဲ့ ဘာဆိုဘာမှ မလုပ်တဲ့ကောင်ပါ.. ကျွန်တော်တောင် တခါတလေ ပျင်းရင် ကွမ်းစားသေးတယ်..သူကတော့ ဘယ်အချိန်ကျွေးကျွေး မစားပါဘူး.. အခုတော့လည်း သူလည်း သူချစ်သူနဲ့ အိမ်ထောင်ပြု တော့မယ်လို့ ကျွန်တော်ကြားနေတယ်..ဘယ်တော့လဲဆိုတာတော့ မသိသေးဘူးပေါ့ဗျာ.. ဖြစ်နိုင်ရင်တော့ သူရဲ့မင်္ဂလာပွဲလေးကို တက်ချင်တာဗျ… ကျွန်တော်တို့ ကျောင်းလစ်ပြီး သွားခဲ့တဲ့ ဗွီဒီယိုရုံ လေးကိုတော့ သူမင်္ဂလာဆောင်ရင် သတိရနေမှာ အသေအချာပါပဲဗျာ… ဒါကိုတော့ကျွန်တော် မရေးတော့ဘူးနော်.. ကျွန်တော်နဲ့ ကျွန်တော့်တို့ သူငယ်ချင်းတွေပဲ သိတဲ့အကြောင်းအရာလေးပေါ့ဗျာ………..ဟား…ဟား….ဟား………

ကဲ နောက်ဆုံးတယောက်ကတော့ ဖိုးခွါးတဲ့

သူကတော့ အင်းသားမျိုးစပ်တယ်ဗျ… သူလည်းပဲ ကျွန်တော်နဲ့ (၉)တန်းလောက်မှ စခင်ကြတဲ့ သူငယ်ချင်းတစ်ယောက်ပါ.. သူမှာ ကောင်တဲ့စိတ်လေးတစ်ခု ရှိတယ်ဗျ. အဲဒါကဘာလဲ ဆိုတော့ သူဘယ်လောက်ပဲ စိတ်ဆင်းရဲစရာ ရှိရှိ သူ့ သူငယ်ချင်းတွေအတွက်ဆို အမြဲ ပြုံးနေတတ်တဲ့ သူငယ်ချင်းကောင်းတယောက်ပါ.. သူကိုကြည့်လိုက်ရင် အမြဲပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်ပါ.. သူကတော့ သူရဲ့ မိသားစုမှာ အငယ်ဆုံး မဟုတ်ပါဘူး။ သူ့ရဲ့အောက်မှာ ညီငယ်လေးရှိပါသေးတယ်.. ယောက်ျားလေးထဲမှာတော့ သူကအကြီးဆုံးဆိုတော့ သားကြီးတော့ အဖအရာဆိုသလို သူကအိမ်ရဲ့ ကိစ္စမှန်သမျှ သူပဲတာဝန်ယူရတာ များတယ်ဗျ.. သူကတော့ နဲနဲပေါကြောင်ကြောင်ပုံဆန်နဲ့ဗျ.. စိတ်သဘောထားကတော့ သူများနဲ့မတူအောင်ကို ကောင်းပါတယ်.. သူလည်း ကျွန်တော် အပေါ်တော်တော်ကို အနစ်နာခံတဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ…သူက အခု ကျောင်းပြီးလို့ ရွှေပန်းထိမ် လုပ်နေတယ်လေ.. ပန်းထိမ်မတတ်ခင် ရွှေခိုးဆိုသလို ခိုးမခိုးတော့ မသိဘူး ကျွန်တော် ပြန်သွားတုန်းကတော့ ဟိုအရင်ကအတိုင်းပါပဲ.. ဘာမှကို မပြောင်းလဲသေးဘူး.. ကျွန်တော်တို့ တောင်ပေါ်သားတွေက တော်တော်များများ ရိုးသားကြပါတယ်.. ဒီလိုပြောလို့ တောင်ပေါ်သားမဟုတ်တဲ့ စာဖတ်သူတွေဒီစာကို ဖတ်နေရင်တော်တော် တော့ စိတ်ဆိုးနေမယ်နဲ့ တူတယ်.. စိတ်ဆိုးသွားရင်လဲ တောင်းပန်ပါတယ်နော့… မကျေနဲရင်းလည်း ကြိုက်သလိုသာ CBox ထဲမှာဝင်ဆဲသွားပါဗျာ… တကယ်ကို ကျွန်တော်တို့ တောင်ပေါ်သားတော်တော် များများက ပွင့်လင်းကြပါတယ်.. ပြောစရာရှိရင် ဘာကိုမှ မငဲ့ပဲ တည့်တိုးကို ပြောတော့တာပါပဲ.. အဲ ပြောပြီးသွားရင်လည်း ဘာကိုမှ စိတ်ထဲမှာ မထားတော့ပါဘူး… တကယ်တမ်း အသက်တွေကြီးလာရင် ပြန်မရနိုင်တဲ့ ငယ်ဘ၀ကို လူတိုင်း သတိရမိမယ်လို့ ကျွန်တော်ထင်တယ်… ကျွန်တော်ဘ၀မှာ အလိုချင်ဆုံး ငယ်စဉ်ကလေး ဘ၀မှာ လွတ်လွတ်လပ်လပ် လေတံခွန် (သို့) စွန် လွတ်ရတာပါပဲ.. တခါတလေ မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ကြတယ်.. စွန်လွတ်ရတာကတော့ ၀ါသနာ အပါဆုံးပါပဲ.. စိတ်ကောလူပါ စွန်လေးအတိုင်း လေထဲမှာ ၀ဲနေရသလိုပါပဲ..လူဆိုတာကတော့ လောကကြီးမှာ နေ နေသရွှေ့ ပူပင်စရာတွေ အများကြီးနဲ့ အမြဲမလွတ်လပ်နိုင်ကြပါဘူး.. ဒါပေမဲ့ ဒါကြီးကို စိတ်ထဲထားပြီး နေရင်လည်း ပိုဆိုးဖို့သာရှိပါတယ်.. ဒါကြောင့်လည်း ကျွန်တော့်ရဲ့ ဘ၀မှာ သတိရစရာတွေကို ဒီဘလော့စ်လေးကနေ တင်ပြရတာပါ.. အခုတော့လဲ ကျွန်တော့်တို့ သူငယ်ချင်းတွေ အတူတူပြန်ဆုံဖို့ ဆိုတာလွယ်တဲ့ အရာမဟုတ် ပါဘူး.. ဒါပေမဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေ ဒီစာလေးကိုဖတ်နေရင်း ကျွန်တော်တို့ အရင်တုန်းက ပျော်ရွှင်စရာ အဖြစ်အပျက်လေးတွေကို ပြန်တွေးရင် လောကရဲ့ အပူအပင် တွေကို ခဏပဲ ဖြစ်ဖြစ် မေ့ထားနိုင်မယ်လို့ ကျွန်တော်ယုံကြည်မိလို့ ဒီစာလေးကို ရေးလိုက်ရတာပါ.. စာဖတ်သူ ပရိသတ်အပေါင်းလည်း လက်ရှိကြုံနေတဲ့ စိတ်ဒုက္ခတွေ ဆီကနေ ခဏတော့ ပြေးထွက်နိုင်မယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်………….

1 comments:

မိုးခါး said...

သူငယ်ချင်းတွေအကြောင်း လာစပ်စုသွားပါတယ် :D
သူငယ်ချင်းတွေနဲ့ ငယ်ငယ်တုန်းက ပျော်ပျော်နေဖူးတာတွေကတော့ ပြန်စဉ်းစားတိုင်း ပြန်ပျော်နေရမှာပဲထင်တယ်း)

August 3, 2009 at 1:51 PM