Monday, January 5, 2009

လွတ်လပ်ရေးနေ့





၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ မြန်မာပြည်သူ ပြည်သားတွေ အတွက်လည်း နေထူးနေ့မြတ် တစ်ရက်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရယူခဲ့သော ကျွန်တော်တို့ နိုင်ငံသည် ဇန်န၀ါရီလ၄ရက်၂၀၀၉တွင် (၆၁)နှစ်မြောက် ဖြစ်သည်။

ဒီလို လွတ်လပ်ရေးနေ့ဆို ပြည်သူလူထုတွေ အရမ်းပျော်ရွှင်စရာ အတိနဲ့ ပြီးခဲ့သည်။ မှတ်မိသေးတယ် ဟို ကျနော်ငယ်စဉ်တုန်းကဆို ဒီလို လွတ်လပ်ရေးနေ့မှာဆို ကစားစရာ၊ ပျော်ရွှင်စရာတွေ အပြည့်နဲ့။ အခုတော့လည်း ဘယ်ဆီရောက်နေလဲတောင် မမြင်ရတော့တဲ့ ဒီအဖြစ်အပျက်တွေ ဒီနေ့ခေတ်ကလေးတွေကို ပြောပြရရင်ဖြင့် ပုံပြင်တခုလို မျက်လုံးလေး အ၀ိုင်းသားနဲ့ ငေးပြီး ပုံပြောပြတယ် ထင်ပြီး ကြည့်နေမဲ့ဖြစ်ခြင်း။

ကျနော်တို့ နယ်မှာဆို လွတ်လပ်ရေးနေ့ မတိုင်ခင်၂ ရက်လောက်အလိုကတည်းက ဒီလွတ်လပ်ရေးနေ့အတွက် ပြင်ဆင်နေကြပြီလေ။ လမ်းတွေကို ပိတ် အပြေးပြိုင်ပွဲတွေအတွက် ထုံးစည်းတွေတားတဲ့ တူကတား၊ ချော်တိုင်တက်ပွဲအတွက် ၀ါးလုံးထဲကို ဆီထည့်ပြီး ထောင်တဲ့သူကထောင်၊ ဘောလုံးပွဲ အတွက် ဂိုးတွေ လုပ်တဲ့လူက လုပ်နဲ့ အားလုံးက ပျော်ရွှင်ဖွယ် လူမျိုးဘာသာမရွေး ပါဝင်ဆင်နွှဲနေကြတာလေ။ လွတ်လပ်ရေးနေ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံတွေကို အိမ်တိုင်နီးပါးမှာ ထောင်ခဲ့ကြတယ်။

လွတ်လပ်ရေးနေ့နံနက် စောစောမှာ အိပ်ရာထလိုက်တာနဲ့ ဆူညံ့ပြီး အားပေးနေတဲ့ အသံတွေကို ကြားရပါတယ်။ မိသားစုဝင်တွေရဲ့ အားပေးမူကို ခံယူပြီး ပြိုင်ပွဲဝင်နေတဲ့ ကလေးငယ်တွေ၊ အားလူးကောက်နေတဲ့ ကလေးငယ်တွေ စသည်ဖြင့် ပျော်ရွှင်ဖွယ်အတိပါ။ အခုတော့ သူတပါးတိုင်းပြည်မှာ ဒီလိုနေ့တွေကို မဆင်နွှဲရပါဘူး။ ကိုယ်တိုင်းပြည်မှာကော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွေ လုပ်နေသေးရဲ့လား ဆိုတာကိုလည်း ……. ဒါပေမဲ့ မြန်မာပြည်သူပြည်သားတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာကတော့ တောင့်တနေကြသေးတာကတော့ ပျော်ရွှင်မူ အတိပြီးတဲ့ လွတ်လပ်ရေးပါ……. သြော်

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....





လေးစားလျက် တောင်ပေါ်သား

4 comments:

Anonymous said...

လွတ်လပ်ရေးနေမှာ တကယ်လွတ်လပ်တယ်လို့ မခံစားရတာ ဘာကြောင့်ပါလိမ့်ဗျာ ။

January 5, 2009 at 11:44 AM
သံလွင် HeRo said...

လွတ်လပ်ရေးနေ့ဆိုလို့ကြွားရအုံးမယ်ဗျာ...
ကျနော်ငယ်ငယ်က လွတ်လပ်ရေးနေ့စာစီစာကုံးနဲ့
ကဗျာပြိုင်ပွဲဝင်တာ ဆုရတယ်ဗျာ...အဲဒီလောက်အဖား
တော်တာ...ဟားဟား
မနက်ဖက်ဆုတတ်ယူပြီး ညဘက်ကျနော်တို့ထားဝယ်
မှာ လွတ်လပ်ရေးနေ့အထိမ်းမှတ်အိုင်စီရှိုးလာတော့
ရှိုးပွဲမှာကဲတာ...အသံတောင်ဝင်သွားတယ်

January 5, 2009 at 6:20 PM
Anonymous said...

ယနေ့ခေတ်မှာ မြန်မာပြည်အတွက် ဗိုလ်ချုပ်လို
လူစားအများကြီးလိုအပ်နေပြီ။

January 5, 2009 at 8:58 PM
Welcome said...

လွတ်လပ်ရေးနေ့ထက် သံချောင်းခေါက်နေတဲ့ အစာအိမ်ရဲ့ တောင်းတမှုကို ဖြည့်ဆည်းဖို့က ပိုအရေးပါနေသလိုခံစားရပါတယ်။ လူတိုင်း လူတိုင်း အခြေခံလိုအပ်ချက်တွေ ပြည့်စုံနေမယ် ဆိုရင်တော့ လွတ်လပ်ခြင်း ဆိုတဲ့ အနှစ်အရသာ ကို ပြည့်ပြည့်၀၀ ခံစားမိကြမှာပါ။

http://winzaw-mdy.blogspot.com

January 6, 2009 at 7:33 PM