Showing posts with label ပေါင်းစည်းခြင်း. Show all posts

သမိုင်း

လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့

ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ

ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…

မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ

တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.

တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..

ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ

အချိန်တွေက တဖြေးဖြေးနဲ့ ကုန်ဆုံးခဲ့ပြန်ပြီ။ မွေးရပ်မြေပေါ် ခြေမချမိတာလဲ နှစ်ပေါင်းကအတော်ကြာခဲ့ပြန်လေပြီ။ ယခုတော့ အရင်မွေးရပ်မြေမှာပျော်ခဲ့ရသလို အကုန်လုံးစိတ်အလွမ်းမပြေနိုင်ပေမဲ့ အတတ်နိုင်ဆုံး စွမ်းဆောင်ပေးခဲ့သည့် တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားတွေ၏ စေတနာ အကျိုးကျေးဇူးကြောင့် ကျနော်တို့အလွမ်းတွေ အနဲနဲ့အများဆိုသလို ပြေပျောက်ခဲ့ရပါတယ်။ တကယ့်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားများခင်ဗျာ... တကယ်တမ်း ဒီနှစ်က အရင်နှစ်တွေကနဲ့မတူ အားလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ကြိုးစားပြီး မရရအောင်လုပ်ပေးခဲ့ရတာကိုလဲ အမြဲသတိတရ ရှိနေမှာပါ။

ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ ဒီနှစ်မှာ အင်တာနက်အခက်အခဲတွေကြားကနေ မရမက ညတိုင်း အပင်ပန်းခံ လုပ်ပေးတဲ့ တောင်ကြီးချယ်ရီမြေမှ ကိုကျော်စွာ၊ နာမည်မသိလိုက်ရတဲ့ ကင်မရာရိုက်ပေးတဲ့ ညီအကိုများ၊ အင်တာနက်လိုင်းစီစဉ်ပေးတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် ရှမ်းပြည်နယ် ကွန်ပြူတာပညာရှင်များအသင်းနှင့် အဖက်ဖက်မှ ကူညီသောလူများအားလုံးကို ကျနော်ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်း ဒီနှစ်လေးဟာ ပျော်စရာတွေ ရခဲ့တယ်ဆိုပေမဲ့ မနှစ်ကအပျော်လောက် ကျနော့်ရင်ထဲကို မပျော်ရွှင်စေခဲ့ပါဘူး။ ဒါဟာဘာလဲဆိုတော့ စီပုံးကလူတချို့ရဲ့ လုပ်ရပ်တွေပါ။ ပွင့်ပွင့်လင်းလင်းပြောကြမယ်ဆို ကိုကျော်စွာက စီပုံးကို မထားချင်ပါဘူး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံမူကြောင့် ကိုကျော်စွာအနေနဲ့ စီပုံးကို မဖြုတ်ပဲ ထားပေးခဲ့ပါတယ်။ ကျေးဇူးထပ်တင်ပါတယ် ကိုကျော်စွာရေ..

မနှစ်က အပျော်တွေဟာ လူတယောက်ခြင်းစီရဲ့ စိတ်ဓါတ်ကိုပြသပေးသလို အမိမြေကိုလွမ်းတဲ့စိတ်လေးတွေကိုလဲ တော်တော်လေး ဖြေသိမ့်မူပေးနိုင်ပါတယ်။ ကျနော်တို့ စီပုံးကို ၀င်လာတာနဲ့ နွေးထွေးတဲ့ ကြိုဆိုမူတွေ၊ ချစ်စရာအခေါ်အဝေါ်လေးတွေနဲ့ တောင်ပေါ်မြေကို တကယ့်အပြင်မှာရောက်သွားသလိုပါပဲ။ တကယ့်ကို အမှတ်တရ ရှိနေမိပါတယ်။ ဒီနှစ်ကတော့ အပေါ်ယံ အလာပ သလာပတွေ ပြောဆိုနေပြီးတော့ တယောက်နဲ့တယောက် သမီးရည်းစားပြောနေသလိုလို၊ မဆိုင်တဲ့အကြောင်းအရာတွေ ဥပမာ ဘောလုံးအသင်းအကြောင်းတွေ ပြောဆိုနေတာတွေ ၀မ်းနည်းဖွယ်တွေ့ရပါတယ်။ တခါတလေမှာ တော်တော်လေး မိုက်ရိုင်းတဲ့ အဆဲအဆိုတွေလဲ ပါလာတတ်ပါတယ်။ စေတနာနဲ့ ထောက်ပြ၊၀င်ပြောပေးတဲ့လူကိုလဲ အမုန်းပွားနေတာတွေ တွေ့ရတော့ အလွန်မှ ၀မ်းနည်းမိပါတယ်။ ဒုတိယနေ့မှာ ၀င်လာပြီး ပေါက်တတ်ကရ ပြောသွားတဲ့လူတွေ ဒီစာလေးကို ဖတ်မိရင်ဖြင့် ကိုယ့်ဟာကို အရှက်တရား ရသွားမယ်လို့ ထင်မြင်မိပါတယ်။

အများသူငါ ပျော်ရွှင်နေကြတဲ့အချိန်မှာ ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရရင် ဘယ်လောက်တောင်မှ ၀မ်းနဲဖို့ကောင်းသလဲဆိုတာ သူတို့တွေ မတွေးမိဘူးလားမသိပါဘူး။ သူတို့ဘယ်ကလာတယ် ဘာတွေလုပ်နေတယ် ဘယ်မှာဘာပညာတွေ သင်နေတယ်ဆို ကျနော်သိပါတယ်။ ဒီလောက် ပညာကောင်းတွေ သင်ကြားနေရပါလျက်နဲ့ ဘာလို့ ဒီလို မကောင်းတဲ့ စိတ်ဓါတ်လေးကို မွေးမြူနေကြလဲ ၊ မပြင်နိုင်ကြလဲ ကျနော်မစဉ်းစားတတ်ပါဘူး။ လူတဦးတယောက်ကြောင့် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုတဲ့ စကားပုံအတိုင်းပဲ အားလုံးကို ထိခိုင်နစ်နာစေပါတယ်။ ဒါဟာလူ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဘာသာတရား စသည့်အချက်တွေနဲ့ မဆိုင်ပါဘူး။ စိတ်ဓါတ်ပါ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ဓါတ်က ရှိသင့်ရှိထိုက်တာထက်ကို အောက်ကျနေတာပါ။

ဒီအတွက် ကျနော်တို့ တောင်ကြီးချယ်ရီမြေမှ စီစဉ်တဲ့

ဒီအတွက် ကျနော်တို့ တောင်ကြီးချယ်ရီမြေမှ စီစဉ်တဲ့ ပွဲလေးကတော့ ပျက်စီးသွားခြင်းမရှိပါဘူး။ တောင်ကြီးချယ်ရီမြေမှ အက်မင်များကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ နောက်နှစ်များမှာလဲ ကျနော်တို့တွေ ကောင်းမွန်တဲ့ ရလာဒ်တွေနဲ့ ပြန်လည် တွေ့ဆုံနိုင်ဦးမယ်လို့ မျှော်လင့်မိပါတယ်။ အမှတ်တရပေါ့ ကဗျာရယ်လဲ မဟုတ်ပါဘူး စပ်မိစပ်ရာ စပ်လိုက်ပါတယ်။ နောင်နှစ်တွေမှာလဲ ချစ်သောမိတ်ဆွေ၊ သူငယ်ချင်း ညီအကိုမောင်နှမများနဲ့ ပျော်ရွှင်စွာ ဒီလို ဆုံချင်ပါသေးတယ်။

မွေးရပ်မြေ...

ဝေးနေပေမဲ့ ထာဝစဉ်သတိရဆဲပါ
မရောက်နိုင်ပေမဲ့ စိတ်ကတော့တမ်းတဆဲပါ
ဘယ်တော့မှမမေ့တဲ့ ငါတို့မွေးရပ်မြေ
ရိုးသားမူတွေ လွမ်းခြုံတဲ့ မောဝ်တို့ရှမ်းမြေ
ပွင့်လင်းမူတွေနဲ့ ဖော်ရွှေတဲ့တို့ဆွေမျိုးတွေ

ချမ်းအေးတဲ့နှင်းထုကို ဖောက်ခွင်းလို့
ရှမ်းစည်ဗုံးမောင်း အတိုင်းသားကြားနေရတယ်
ဒါဟာငါတို့ရိုးရာ ငါတို့ဓလေ့
ဟန်ဆောင်မူကင်းလို့ အမြဲပြုံးရွှင်နေတဲ့
ဧည့်ဝတ်ကျေပွန်တဲ့ တို့တောင်ပေါ်သား/သူတွေ
ထာဝစဉ် မေ့မရပါလေ

သွေးစည်းမူကို ပြသတဲ့ငါတို့ဓလေ့ပွဲ
အများအမြင် ငွေကိုမီးရှို့သတဲ့လား
ငါတို့ဓလေ့ငါတို့မြတ်နိုး ဘယ်သူပြောပြော
ရှေ့သို့ချီတက် ဆက်ကာလှမ်းတက် နှစ်ပေါင်းများခဲ့လေပြီ
ရင်သပ်ရှု့မော ချစ်စရာအရုပ်အလှ
တွဲလောင်းချိတ်လို့ မီးပုံလေးတွေနဲ့ စိန်နားပန်တဲ့လား

ရောင်စဉ်ဖျာကြဲ ကောင်းကင်းထက်မှာ
မီးရှူးမီးပန်း အလင်းရောင်စုံ ဝေဟင်ထက်မှာ ၀ဲကာပျံသန်း
မှင်သက်ငေးမော် ထိုအလှကို လူတိုင်းရင်မှာ စွဲကျန်ရစ်စေ
ပွဲဈေးတလျောက် လူပေါင်းထောင်ချီ ရွှင်မြူးနေခဲ့
မသိပေမဲ့ အပြန်လမ်းဝယ် စကားစမြည် ပြောလို့မိတ်ဖွဲ့
ငါတို့ရင်မှာ ငါတို့ရိုးရာ တန်ဆောင်တိုင်ကား
ဘယ်တော့ခါမှ မပျောက်ပျက်ပါလေ.....

လေးစားလျက် တောင်ပေါ်သား
Read More

အမှတ်တရ တနင်္ဂနွေ

အဖွင့်စကားပြောရရင် ဒီပိုစ့်လေးကို တင်ချင်နေတာ အူကိုယားနေတာပဲ။ တနင်္ဂနွေညကတည်းက ရေးထားတာလေ.. ဘယ်သူကမှ မတင်သေးတော့ ကျနော် အရင်တင်လိုက်ရင် ထောင်းခံရမှာစိုးလို့ ငြိမ်နေတာ။ ခုတော့ ရှေ့ကလူတွေ တင်ထားပြီဆိုတော့ ရဲရဲဝင့်ဝင့် ထုတ်ကြွားရတာပေါ့။ စနေနေ့က ညပိုင်းဘောပွဲကြည့်ကောင်းကောင်းနဲ့ ကြည့်လိုက်တာ တနင်္ဂနွေ မနက်ကြတော့ မထနိုင်ဖြစ်နေတာပါ။ ကျနော်က အိပ်ရင် ဖုန်းကို Vibrating လုပ်ထားတော့ တကွီကွီနဲ့ ဖုန်းက လှုပ်နေတာသိပါတယ်။ ဒါပေမဲ့ မထချင်တာကြောင့် ဒီအတိုင်းငြိမ်နေလိုက်တာ... နေ့လည် ၁၂နာရီကျော်မှ ဖုန်းကို ကြည့်လိုက်တော့ ကိုအဆိပ်ခွက်ပေါ့ ဖုန်းကခေါ်နေတာ အခေါက်ပေါင်း ၁၀ ခေါက်မကဘူး။ မမေတ္တာရောင်ပြန်ကလဲ ပါသေးတယ်။ သူတို့ကို ပြန်ဖုန်းဆက်ကြည့်တော့ ဘယ်သူက အစဖော်တယ်မသိဘူး ရုပ်ရှင်သွားကြည့်မယ်တဲ့.... ဒါနဲ့ ကျနော်ကိစ္စလေးရှိလို့ မလိုက်နိုင်ဘူးလို့ ငြင်းတာတောင် မရလို့ လိုက်ခဲ့ရတာပေါ့ဗျာ... ပြန်စဉ်းစားကြည့်တော့ ဒီနေ့က အမေများနေ့လေ... ဒီတော့ အမေကို အဝေးကနေ မပြုစုနိုင်တော့ ဒီမှာရှိတဲ့ ဘလော့ဂါမမတွေကို အမေသဖွယ် သဘောထားကာ မောင်တောင်ပေါ်လဲ ကဲလိုက်ရပါတယ်ဗျာ...

အမှန်အတိုင်းဝန်ခံပါတယ်။ စင်ကာပူကိုရောက်တဲ့ အချိန်ကစလို့ ဒီတခေါက် ရုပ်ရှင်ကြည့်တာပါဆို အားလုံးစုစုပေါင်း (၁)ခေါက်ပဲ ရှိပါသေးတယ်။ သူငယ်ချင်းအပေါင်းအသင်းက အဲလိုကြိုက်တာ ရုပ်ရှင်ကို.. တကယ်တမ်း ရုပ်ရှင်ကြည့်ရတာ အားမရပါဘူး.. ပုံမှန်ဆို အိမ်မှာပဲ ကျနော်ကြည့်နေကြ Tom365 ကနေ Download လုပ်ပြီး ကြည့်တာကမှ ပိုအဆင်ပြေပါတယ်။ စားချင်တာ ထစား၊ ထရမှာပျင်းရင် အိပ်ရာထဲမှာ လှဲပြီးဖြစ်ဖြစ် ပက်လက်လေးပဲဖြစ်ဖြစ် ကြည့်လို့ရတယ်လေ.... ဒါပေမဲ့ ဒီတနင်္ဂနွေကတော့ ဘလော့ဂါတွေ (ဟီးးးးး ၈ ယောက်ထဲ)က ကိုတောင်ပေါ်ကို မြင်ဖူးချင်လှပါချည်းရဲ့ဆိုတာက တကြောင်း.. တောင်ပေါ်သားကလဲ ဘလော့ဂါတွေကို မရက်စက်ချင်တာကတကြောင်း ဒီလိုနဲက အကြောင်းအကြောင်းတွေနဲ့ စုံမှတ်ဖြစ်ရာ ဖဦးထုပ်များစုဝေးရာ (အဲယောင်လို့ ဘလော့ဂါများ စုဝေးရာ)Orchard ကိုရောက်ခဲ့ပါတယ်။

အစီအစဉ်ကတော့ ကောင်းသလားမမေးနဲ့.. ပထမဆုံး ကျနော့်ကို ချိန်းတာက Aug Mo Kio ပြီးတော့ Orchard ဖြစ်သွားလေရောဗျာ တော်တော်လေး နီးပါတယ် အဟား.. Orchard ရောက်တော့ ရုပ်ရှင်ရုံရှိရာ Somerset ကိုခြေလျှင်လျှောက်ရပါသေးတယ်။ နာရီအကောင်းစားပတ်ပြီး အချိန်မှားနေတဲ့ လူကလဲ ရှိပါသေးတယ် မပြောတော့ဘူး ဘယ်သူဆိုတာ. ဒီလိုနဲ့ ဘလော့ဂါတွေဆိုတဲ့ လူတွေဆုံမိကြတယ်ဆိုပါစို့... ကိုဖိုးဂျယ် ဖုန်းခေါ်တယ်နော့် နောက်မှ မခေါ်ဘူးမပြောနဲ့ ဖုန်းက မကိုင်ဘူးရယ်.... အရေးပေါ်ကိစ္စဖြစ်လာတော့ ကျနော်လဲ အားလုံးကို ဖုန်းမဆက်နိုင်တာ ခွင့်လွှတ်ကြပါဗျို့... ကျနော်တို့တွေ့ခဲ့တဲ့ ဘလော့ဂါတွေကတော့....

၁) ဦးရှင်ကြီး
၂) ကိုReenoemann
၃) ကိုဂျပန်ကောင်လေး
၎) ကိုအဆိပ်ခွက်
၅) မမေတ္တာရောင်ပြန်
၆) မမိုးခါး
၇) မကြယ်ဖြူစင်
၈) တောင်ပေါ်သား

တို့ဖြစ်ပါတယ်။ နောက်ပြီး ကိုဂျပန်ကောင်လေး နဲ့အတူ ဘလော့ဂါစိတ်ပြင်းထန်တဲ့ အကို (၂) ယောက်လဲ ပါပါသေးတယ်။ သူတို့လဲ မကြာခင်အချိန်အတွင်း ဘလော့ကင်းကြပါတော့မယ်ခင်ဗျာ.. အားလုံး ၀ိုင်းပြီး ကြိုဆိုကြတာပေါ့ ဝေးးးးးးးးးးးးး အဲ နောက်ပြီး မကြယ်ဖြူစင် နဲ့အတူ သူရဲ့ ညီမလေးတေ

Read More

အမှတ်တရ တနင်္ဂနွေ

အဖွင့်စကားပြောရရင် ဒီပိုစ့်လေးကို တင်ချင်နေတာ အူကိုယားနေတာပဲ။ တနင်္ဂနွေညကတည်းက ရေးထားတာလေ.. ဘယ်သူကမှ မတင်သေးတော့ ကျနော် အရင်တင်လိုက်ရင် ထောင်းခံရမှာစိုးလို့ ငြိမ်နေတာ။ ခုတော့ ရှေ့ကလူတွေ တင်ထားပြီဆိုတော့ ရဲရဲဝင့်ဝင့် ထုတ်ကြွားရတာပေါ့။ စနေနေ့က ညပိုင်းဘောပွဲကြည့်ကောင်းကောင်းနဲ့ ကြည့်လိုက်တာ တနင်္ဂနွေ မနက်ကြတော့ မထနိုင်ဖြစ်နေတာပါ။ ကျနော်က အိပ်ရင် ဖုန်းကို Vibrating လုပ်ထားတော့ တကွီကွီနဲ့ ဖုန်းက လှုပ်နေတာသိပါတယ်။ ဒါပေမဲ့ မထချင်တာကြောင့် ဒီအတိုင်းငြိမ်နေလိုက်တာ... နေ့လည် ၁၂နာရီကျော်မှ ဖုန်းကို ကြည့်လိုက်တော့ ကိုအဆိပ်ခွက်ပေါ့ ဖုန်းကခေါ်နေတာ အခေါက်ပေါင်း ၁၀ ခေါက်မကဘူး။ မမေတ္တာရောင်ပြန်ကလဲ ပါသေးတယ်။ သူတို့ကို ပြန်ဖုန်းဆက်ကြည့်တော့ ဘယ်သူက အစဖော်တယ်မသိဘူး ရုပ်ရှင်သွားကြည့်မယ်တဲ့.... ဒါနဲ့ ကျနော်ကိစ္စလေးရှိလို့ မလိုက်နိုင်ဘူးလို့ ငြင်းတာတောင် မရလို့ လိုက်ခဲ့ရတာပေါ့ဗျာ... ပြန်စဉ်းစားကြည့်တော့ ဒီနေ့က အမေများနေ့လေ... ဒီတော့ အမေကို အဝေးကနေ မပြုစုနိုင်တော့ ဒီမှာရှိတဲ့ ဘလော့ဂါမမတွေကို အမေသဖွယ် သဘောထားကာ မောင်တောင်ပေါ်လဲ ကဲလိုက်ရပါတယ်ဗျာ...

အမှန်အတိုင်းဝန်ခံပါတယ်။ စင်ကာပူကိုရောက်တဲ့ အချိန်ကစလို့ ဒီတခေါက် ရုပ်ရှင်ကြည့်တာပါဆို အားလုံးစုစုပေါင်း (၁)ခေါက်ပဲ ရှိပါသေးတယ်။ သူငယ်ချင်းအပေါင်းအသင်းက အဲလိုကြိုက်တာ ရုပ်ရှင်ကို.. တကယ်တမ်း ရုပ်ရှင်ကြည့်ရတာ အားမရပါဘူး.. ပုံမှန်ဆို အိမ်မှာပဲ ကျနော်ကြည့်နေကြ Tom365 ကနေ Download လုပ်ပြီး ကြည့်တာကမှ ပိုအဆင်ပြေပါတယ်။ စားချင်တာ ထစား၊ ထရမှာပျင်းရင် အိပ်ရာထဲမှာ လှဲပြီးဖြစ်ဖြစ် ပက်လက်လေးပဲဖြစ်ဖြစ် ကြည့်လို့ရတယ်လေ.... ဒါပေမဲ့ ဒီတနင်္ဂနွေကတော့ ဘလော့ဂါတွေ (ဟီးးးးး ၈ ယောက်ထဲ)က ကိုတောင်ပေါ်ကို မြင်ဖူးချင်လှပါချည်းရဲ့ဆိုတာက တကြောင်း.. တောင်ပေါ်သားကလဲ ဘလော့ဂါတွေကို မရက်စက်ချင်တာကတကြောင်း ဒီလိုနဲက အကြောင်းအကြောင်းတွေနဲ့ စုံမှတ်ဖြစ်ရာ ဖဦးထုပ်များစုဝေးရာ (အဲယောင်လို့ ဘလော့ဂါများ စုဝေးရာ)Orchard ကိုရောက်ခဲ့ပါတယ်။

အစီအစဉ်ကတော့ ကောင်းသလားမမေးနဲ့.. ပထမဆုံး ကျနော့်ကို ချိန်းတာက Aug Mo Kio ပြီးတော့ Orchard ဖြစ်သွားလေရောဗျာ တော်တော်လေး နီးပါတယ် အဟား.. Orchard ရောက်တော့ ရုပ်ရှင်ရုံရှိရာ Somerset ကိုခြေလျှင်လျှောက်ရပါသေးတယ်။ နာရီအကောင်းစားပတ်ပြီး အချိန်မှားနေတဲ့ လူကလဲ ရှိပါသေးတယ် မပြောတော့ဘူး ဘယ်သူဆိုတာ. ဒီလိုနဲ့ ဘလော့ဂါတွေဆိုတဲ့ လူတွေဆုံမိကြတယ်ဆိုပါစို့... ကိုဖိုးဂျယ် ဖုန်းခေါ်တယ်နော့် နောက်မှ မခေါ်ဘူးမပြောနဲ့ ဖုန်းက မကိုင်ဘူးရယ်.... အရေးပေါ်ကိစ္စဖြစ်လာတော့ ကျနော်လဲ အားလုံးကို ဖုန်းမဆက်နိုင်တာ ခွင့်လွှတ်ကြပါဗျို့... ကျနော်တို့တွေ့ခဲ့တဲ့ ဘလော့ဂါတွေကတော့....

၁) ဦးရှင်ကြီး
၂) ကိုReenoemann
၃) ကိုဂျပန်ကောင်လေး
၎) ကိုအဆိပ်ခွက်
၅) မမေတ္တာရောင်ပြန်
၆) မမိုးခါး
၇) မကြယ်ဖြူစင်
၈) တောင်ပေါ်သား

တို့ဖြစ်ပါတယ်။ နောက်ပြီး ကိုဂျပန်ကောင်လေး နဲ့အတူ ဘလော့ဂါစိတ်ပြင်းထန်တဲ့ အကို (၂) ယောက်လဲ ပါပါသေးတယ်။ သူတို့လဲ မကြာခင်အချိန်အတွင်း ဘလော့ကင်းကြပါတော့မယ်ခင်ဗျာ.. အားလုံး ၀ိုင်းပြီး ကြိုဆိုကြတာပေါ့ ဝေးးးးးးးးးးးးး အဲ နောက်ပြီး မကြယ်ဖြူစင် နဲ့အတူ သူရဲ့ ညီမလေးတယောက်ပါလာပါသေးတယ်။ အားလုံးပေါင်းလိုက်ရင်တော့ (၁၁)ယောက် ၁၁မီးငြိမ်းတာပေါ့နော့်။ ကျနော်ထင်ထားတဲ့အတိုင်းပါပဲ ဘလော့ဂါတွေအားလုံး စိတ်ရင်းစေတနာကောင်းကြပါတယ်။ တကယ့်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ကျန်တဲ့ အသိုင်းအ၀ိုင်းတွေမှာ ကျနော်တို့ ဘလော့ဂါတွေလို စိတ်ဓါတ်မျိုး သိပ်မတွေ့ရပါဘူး။ ဒီလိုနဲ့ ကျနော်တို့ Orchard ကနေ Somerset ကိုရထားစီးရပါသေးတယ်။ အကြောင်းက ရုပ်ရှင်ရုံက Orchard နဲ့မနီးဘူး Somerset နဲ့နီးတယ်လို့ပြောပါတယ်။ စီစဉ်တာကောင်းတယ်ပြောပါတယ်။ ပြီးမှ ရုပ်ရှင်ရုံ ရှိရာပေါ့နော့်....
ရုပ်ရှင်ကားနံမယ်က Taken တဲ့၊ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးပါ။ ဖခင်တယောက်ရဲ့ သမီးအပေါ်ထားတဲ့ မေတ္တာကို ဖော်ပြထားတဲ့ အက်ရှင်ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းလေးက ကောင်းပါတယ်။ ဒါပေမဲ့ ဇာတ်ရှိန်ကို အရမ်းကြီးမြင့်ပြီး ဇာတ်သိမ်းသွားတယ်လို့ မြင်မိပါတယ်။ ဇာတ်လမ်းတခုလုံး တဒိုင်းဒိုင်း တဒုန်းဒုန်းနဲ့ ကောင်းနေပါရော... အသဲငယ်တဲ့ဆိုတဲ့ မမိုးခါးတော့ ဘယ်လိုနေတယ်မသိဘူး... မကြယ်ဖြူစင် ကတော့ သေနတ်တခါပစ်ရင် မမေတ္တာရောင်ပြန် ကို တံတောင်နဲ့ တချက်တွတ်တယ်လို့ ပြောပါတယ် (ဟီးးးး ဖွတာ ငါဟဲ့ တောင်ပေါ်သား)....

ရုပ်ရှင်လဲပြီးရော ပြန်ထွက်လာတော့ ကိုဂျပန်ကောင်လေး ပျောက်လို့ လိုက်ရှာရပါသေးတယ်။ တကယ်တော့ အချင်းချင်းနားလည်မူလွှဲနေကြတာ ဟီးးးးး (ရှက်ဖို့ကောင်းပါ့)။ ပြီးတော့ ရုပ်ရှင်ရုံရှေ့မှာ အမှတ်တရ ဒီပုံလေး ရိုက်ဖြစ်ပါတယ်။

ဦးရှင်ကြီး၊ ကိုရီနိုမန်၊ တောင်ပေါ်သား၊ ကြယ်ဖြူစင်၊ မိုးခါး၊ မေတ္တာရောင်ပြန်၊ အဆိပ်ခွက်၊ ဂျပန်ကောင်လေး

၁၁ ယောက်မှာ ရိုက်တာက ၁ယောက်နော်။ ရေမနေနဲ့ (၁၀)ယောက်ပဲ ရှိတယ်။ အချိန်ကို ကြည့်လိုက်တော့ ညနေ ၃း၄၀ ကျော်ပေါ့။ ဒီလိုနဲ့ ကျနော်တို့ စကားလေးအေးဆေး ပြောလို့ရမဲ့ Vivo City ကိုသွားကြပါတယ်။ တကယ်တော့ စကားမပြောကြပါဘူး မိန်းကလေးတွေ သဘာဝ ဓါတ်ပုံရိုက် ပဲများပဲ လုပ်ဖြစ်ကြပါတယ်။

ကျနော်တောင်ပေါ်ပြောတာ လွန်မလွန် အောက်က ပုံတွေတာ ရှုစားသွားကြပေတော့ဗျာ... Vivo City မှာ Snap Shot ပုံလေး ၃ ပုံလောက် ရသေးတယ်ဗျ မတင်ပေးတော့ဘူးနော် လိုချင်ရင် တောင်ပေါ်ကိုဆက်သွယ်ပေါ့... ပဲများ အဲယောင်လို့ ဓါတ်ပုံတွေ ရိုက်ပြီးတော့ အစားကြီးသော မိန်းကလေးများမှာ အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ ပုံပါအတိုင်းစားကြလေသတည်း...........

ဒီထဲမှာ ဆိုက်ပရပ်စ် ကနေ ၀င်ကဲတဲ့ ဘလော့ဂါမင်းသားတယောက် ပါတယ်နော့် ကြည့်ဦးသေချာ.. ဘူတူလဲဟ...

လေးစားလျက် တောင်ပေါ်သား

Read More

သင်္ကြန်အမှတ်တရ

သင်္ကြန်တွေမှာ လူတိုင်းပျော်ရွှင်ချင်ကြမှာပါ။ ဒီလိုမျိုး အပျော်တွေကို ကျနော်တို့လို အဝေးရောက်နေသူတွေကတော့ မပျော်ရွှင်နိုင်ပါဘူး။ ကိုယ့်တိုင်းပြည်မှာလို အစိုးရ ရုံးပိတ်ရက်လဲ မရ။ အလုပ်သွား၊ ကျောင်းသွားနဲ့ ပျော်ရွှင်မူတွေ ကင်းမဲ့နေရတာတွေကို မြင်ရတာ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘလော့ရပ်ဝန်းလေးမှာတော့ သင်္ကြန်ရေပွဲတော်ကို စီပုံးမဏ္ဍပ်တွေမှာ ကဲနေကြတာကိုတွေ့ရတော့ အရင်ကထက် ဒီဘလော့ လောကလေးကို သံယောဇဉ် တွယ်မိပြန်ပါတယ်။ ကျနော်ဘလော့သက်တမ်းမှာ ပထမဆုံး ကြုံတွေ့ရတဲ့ စီပုံးမဏ္ဍလေးပေါ့ဗျာ...ရပ်ကွက်ထဲက သင်္ကြန်မဏ္ဍပ်တွေကတောင် ကျနော်တို့ဘလော့ရပ်ဝန်းရဲ့ စီပုံးမဏ္ဍပ်လေးတွေလောက် မစည်ကားလောက်ဘူးထင်ပါရဲ့.. ဟီးးးးး ကဲ ကျနော်စီပုံးမဏ္ဍပ်လေးကိုလဲ သင်္ကြန်ရေလာပက်တဲ့ ချစ်ညီအကိုမောင်နှမများနဲ့အတူ စည်ကားစွာဖွင့်လိုက်ပါတယ်ဗျာ......... အော် ချစ်စရာ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ပါ့လား... ဆိုင်တာမဆိုင်တာ အပထား ကဲလိုက်ကြဆို့ဗျာ.......

.....ဗွမ်းးးးးးးး..... ဗွမ်းးးးးးးးး....... အား စပ်တယ်ဟ ခွက်စောင်း ခုတ်တယ်ဟ.....
အားးးးးးးးး စပ်တယ်ဗျို့........ ငရုတ်သီးမိသွားတယ်....... ၀ါးးးး ဟားးးးးးး ဟားးးးးးးးးးး.............

16 Apr 09, 13:28

မိုးခါး: စိုပြီလား .. မစိုသေးရင် ထပ်ပြီးလောင်းမယ် .. ၄ရက်စာ BWANNNNNNNNNNNN

16 Apr 09, 13:28

မိုးခါး: လာလော့ရော့ ....... ဗွမ်းးးးးးးးးးး ဗွမ်းးးးးးးးးး ဗွမ်းးးးးးးးးးးး

16 Apr 09, 13:27

မိုးခါး: ဒီမဏ္ဍပ် တယ်လူစီပါလား .. နောက်ဆုံးနေ့မှ ရောက်တယ် .. ဟဲဟဲ

16 Apr 09, 13:12

ဖိုးဂျယ်: နှစ်သစ်မှာျေပ်ာရွှင်ပါစေဗျာ ရေပါ လောင်းသွားတယ် ဗွမ်း ဗွမ်း

16 Apr 09, 13:02

အိုက်ခီလောက်: ရေလာပက်ပြီနော်..... ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးး ဗွမ်းးးးးအတက်နေ့ရောက်ပြီ နောက်

16 Apr 09, 12:09

megumi: မံမီလို အဝတ်ကို ဝတ်ပြီး ရေပက်ခံထွက်ပါတယ်ရှင့်။ :P

16 Apr 09, 11:06 ကလေးလေး: ဦးပေါ်မင်္ဂလာရှိသောနှစ်သစ်မှာ လိုရာဆန္ဒပြည့်ပါစေရှင် 16 Apr 09, 08:41

မသက်ဇင်: သင်္ကြန်ရေလို အေးမြပါစေ မြန်မာပြည်သူများ သာယာဝပြောပါစေ ငြိမ်းချမ်းကြပါစေ ဘဝ နဲ့ ဆန္ဒတထပ်

မသက်ဇင်: သင်္ကြန်ရေလို အေးမြပါစေ မြန်မာပြည်သူများ သာယာဝပြောပါစေ ငြိမ်းချမ်းကြပါစေ ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

16 Apr 09, 05:36

ငပျင်း<3: သကြန်ကတက်သွားပီလားဟ ဒီနေ့ ...

16 Apr 09, 05:35

ငပျင်း<3: ရေလာလောင်းပါတယ်..ရေတခွက်လောက်ပါ တောင်ပေါ်ရေ...ရေမယူလာမိလို့ ပါ...ဘာစဓုဒီသာလုပ်ထားလဲ...ဗိုက်နဲနဲဆာလာပီ

16 Apr 09, 02:38

kaungkinpyar: အတက်နေ့ကို အစောဆုံး ရေလာလောင်းတယ်၊ မီးသတ်ပိုက်နဲ့လဲ ပက်တယ်၊ အိုးမဲလဲ သုတ်တယ်၊ ဗွမ်းးးးးးးဗွမ်းးးးး

16 Apr 09, 02:14

ရဲဝင့်သူ: အန်...အောက်ကအင်္ဂလိပ်လိုရိုက်ထားတဲ့ကျနော့်နာမည်နဲ့ဟာကဘယ်သူပါလိမ့်ဗျာ။ ကျနော်မဟုတ်ဘူးဗျ။

16 Apr 09, 02:14

ရဲဝင့်သူ: “ချင်းမိုင်ဆွန်ခရန်” လာခံစားပါဦးဗျ။

15 Apr 09, 17:56

ye wint thu: Ye' lar lae twa dal naw..... pyaw shun sa yar myanmar nit thit phit par say bya....

15 Apr 09, 15:15

meumi: အိုးမဲတစ်ခြမ်း၊ မြေဖြူတစ်ခြမ်းလာသုတ်တာ။ ဟိ ဟိ၊ ပြေးပြီ။

15 Apr 09, 13:21

မေတ္တာရောင်ပြန်: အိုးမဲပါပြန်သုပ်တယ်....

15 Apr 09, 13:21

မေတ္တာရောင်ပြန်: ဟင်...... သူမျာလည်း သင်္ကြန်အကျနေ့က ကဲထားတာတွေတင်ထားတယ်။

15 Apr 09, 13:19

မေတ္တာရောင်ပြန်: ဘယ်ရမလဲ ပြန်လာပက်တာပေါ့။ ရေလောင်းပြီဝေးးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး ဗွမ်းးးးးး

15 Apr 09, 13:13

ကိုသားငယ်: ရေခဲရေနဲ့ ပက်သွားလို့ ရေပူးပေါင်းနဲ့လာပြန်ထု သွားတယ် ...း )

15 Apr 09, 11:29

မီးလေးဇာ: အိမ်တွင်းပုန်းတဲ့ဘလော့ဂါတွေ အပျိုကြီးလူပျိုကြီး ဖြစ်ပါစေ

15 Apr 09, 11:28

မီးလေးဇာ: ရေလာပတ်တယ် ဝေးနေလို့ ရေဘောလုံးနဲ့ပစ်သွားတယ်

15 Apr 09, 11:16

thondrae.5: စိုပါစေသားကိုယ်စိတ်နစ်ပါးချမ်းမြေ့ပါစေ။။။

15 Apr 09, 11:13

thondrae.5: အလုပ်တွေများနေလားokပါတယ်နော် ပုံးကြီးကြီးနဲ့လောင်းလိုက်တယ် ရွှဲရွှဲ

15 Apr 09, 10:38

megumi: ဘလော့မဏ္ဍပ်မှာ ရေလာပက်ရန် ဖိတ်ခေါ်အပ်ပါသည်။ :P :P

15 Apr 09, 09:17

T War: ရုပ်ဆိုးကြီး .း(

15 Apr 09, 09:17

T War: မနေ့တုန်းက သာကူကျိုသေးတယ်.. ဓါတ်ပုံရိုက်တော့ သာကူစေ့က မပေါ်တာနဲ့ မရောင်းတော့တာ. :P

15 Apr 09, 09:16

T War: ဟောတော့ :D

15 Apr 09, 03:46

ရဲဝင့်သူ: အကျတ်နေ့မို့တခါလာပီးရေလောင်းပြန်ပါတယ်...ဗွမ်း။ “အမှန်အကန်မှားနေတဲ့အမှန်” တဲ့လာခံစားဦးလေ။

15 Apr 09, 03:03

မငုံ: နောက်နေ့ မီးသတ်ပိုက်နဲ့ လာဦးမယ်.ကြို စရံရိုက်သွားတာ

15 Apr 09, 03:03

မငုံ: ဝေးးးးးးးသင်္ကြန်ကျပြီ။။တောင်ပေါ်ကို ရေစည်ထဲနှစ်မယ်။ဟိဟိ.ဒီအတိုင်းဆို သိပ်မစိုမှာ စိုးလို့.

14 Apr 09, 23:54

ကြယ်စင်မင်း: အကျနေ့ရောက်ပြီဟေ့.. ကိုယ်ကတော့ ငြိမ်နေသေးတာ.. ရေလာလောင်းသမျှခံနေရတာ.. အခုတော့ စလောင်းပြီဗျို့..

14 Apr 09, 23:35

kiki: အကျနေ့ အကုန် ရေထပ်လာပက်တာ ..အိမ်မပြန်ခင်..မီးသတ်ပိုက်နဲ့ ပါထိုးတယ်ဟေ့..

14 Apr 09, 19:17

Dream: ခွက်စုတ်လေးနဲ့ ပက်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့... ဟတ်ဟတ်

14 Apr 09, 13:34

megumi: အဲဒါ မီးမီးရေပူဖောင်း။ ဟီး ဟီး။ ဘယ်တုန်းက ယူသွားတာလဲ။ ကလေးမသိခင်။ ဟင့် ဟင့်။

14 Apr 09, 13:32

megumi: အကျနေ့ရောက်ပြီနော်။ ရေလာပက်တာ။ ဟိ ဟိ၊ ရေပူဖောင်းနဲ့။ ပြေးပြီ။

14 Apr 09, 13:22

phyo: အိုးမဲပေလားမပေလား လာချောင်းတွားဒယ်

14 Apr 09, 12:56

ကလေးလေး: ဦးပေါ် ရော့ပိတောက်ပန်း..ပန်လိုက်.. အိုးမဲနဲ ပိတောက်ပန်းပန်ထားတဲ့ဦးပေါ်

14 Apr 09, 11:42

cherry: တောင်ကြီးရေအေးအေးလေးနဲ့လောင်းလိုက်တယ်

14 Apr 09, 11:38

နေးတစ်: ကဲကွာ... နောက်ကနေတိတ်တိတ်လေး ဗွမ်း.........ဗွမ်း........ဗွမ်း........ဗွမ်း

14 Apr 09, 10:31

ဆန်းဝင်း: မင်္ဂလာ နှစ်သစ်ပါ...... ကဲ သာ ကဲ...
14 Apr 09, 09:55
မဗေဒါ: ဖွာလူဒါ လာတိုက်တာ.. ဖြည်းဖြည်းသောက်နော်...
14 Apr 09, 09:18
WWKM: မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ တောင်ပေါ်သားလေးရေ.
14 Apr 09, 00:11
ဝါ၀ါ: ဒေါက်ဒေါက်..အိမ်ရှင် ဘယ်ရောက်နေလဲ ညမှာ ရေလာလောင်းတယ်
13 Apr 09, 16:01
Dream: တီတီဒွင်းက မုန့်လုံးရေပေါ် ပို့ခိုင်းလို့ မက်မက်က လာပို့ပါတယ်... ဟဲဟဲ..

13 Apr 09, 14:31
နေလင်း: ညီလေးတောင်ပေါ်သားရေ.. ဗွမ်း.. ဗွမ်း.. ဗွမ်း... ရေခဲရေ အေးအေးလေးနဲ့ လာလောင်းတာ.. ဟဲဟဲ...
13 Apr 09, 13:00
အိုက်ခီလောက်: ဒီလောက်တောင်ဖြစ်လှတာ ကဲဟာ ကဲဟာ ဗွမ်း.........ဗွမ်း........ဗွမ်း........ဗွမ်း အိုးမဲသုတ် .......အိုး
13 Apr 09, 12:32
kom: နှစ်သစ်မှာ ပျော်ရွင်ပါစေ။
13 Apr 09, 03:50
အိုက်ခီလောက်: တိတ်တိတ်လေး လာပြီးအိုးမဲနဲ့ ရေပါလောင်းသွားတယ် အိပ်နေတုန်းလေ ရေလောင်းသွားတာ အဟိ အေးနေမှာပေါ့ နော်
13 Apr 09, 02:29
ရဲဝင့်သူ: နှစ်သသစ်မင်္ဂလာပါခင်ဗျာ။ ရွင်လန်းချမ်းမြေ့ပါစေ။ “ချစ်ခြင်းမှအပ” ဘာများလဲသိချင်ရင်လာခဲ့ဦးလေ။
13 Apr 09, 00:33
မငုံ: အိုးမဲပါသုတ်ပစ်လိုက်မယ်။။ကဲ လာလေရော့..ဗွမ်း ၀ုန်း..အား သရဲ သရဲ (အိုးမဲသုတ်ထားလို့ တောင်ပေါ်သား လှနေပံ
13 Apr 09, 00:31
မငုံ: အဟွန့် တောင်ပေါ်သား ထွက်ခဲ့စမ်း။ ဘယ်မလဲ.လူကို ခွက်စောင်းခုတ်သွားတယ်။။နင့်ကို ကြွက်စုတ်ဖြစ်အောင်လုပ်မယ
12 Apr 09, 20:26
kaungkinpyar: ဘယ်ရောက်တုန်း အိမ်ရှင်
12 Apr 09, 20:26
kaungkinpyar: သူလုပ်သလို လာပြန်လုပ်တယ်၊ရေခဲရေနဲ့
12 Apr 09, 18:33
kiki: ခွက်စောင်းပြန်လာခုတ်တယ်ဝေ့.ှုဝုန်းး..ရေဗူပေါင်းနဲ့ပါပေါက်လိုက်ပြီ.ကဲ..လွတ်အောင်ရှောင်ပေတော့...တိန်...
12 Apr 09, 18:20
ပုလုကွေး: ရေခဲရေနဲ့လာလောင်းတယ် ဘယ်ရောက်သွားလဲ တောင်ပေါ်သား...အိမ်တွင်းပုန်းနေသလားမသိ
12 Apr 09, 17:43
ကြယ်စင်မင်း: ဟား ဟား ဟား...ပြီးရင် ပီပါထဲ ၁ ရက်လောက်စိမ်ထားလိုက်မယ်.. ဟီးးးး
12 Apr 09, 17:43
ကြယ်စင်မင်း: သူက အိုးမည်းလည်းလာသုတ်တယ်.. ခွက်စောင်းလည်းခုတ်တယ်ပေါ့.. အိုကေ.. ဒီကကောင်က အိုးဖင်နဲ့ လိုက်သုတ်မှာဗျာ
12 Apr 09, 14:46
phyo: ငှာ.. ဗလိုင်းဂျီးပါလား.. ပြန်ပက်တယ်ကွာာ.. ကဲ.. ဘုံးဘုံး ဘွမ်း ..(ရေပုံးပြုတ်ကျသံ)
11 Apr 09, 12:38
ကလေးလေး: ဗွမ်းးးးးးး ဦးပေါ်ရေလာပက်ဒယ် အိုးမဲလဲသုတ် မယ်

လေးစားလျက် တောင်ပေါ်သား
Read More

ဖိတ်ခေါ်ပါတယ် မော(၀်)ရှမ်းမြေ

တောင်တန်းတွေ ၀န်းရံလို့
ရင်ထဲမှာ တကယ်မမေ့တာကြောင့်
အဝေးရောက် သားသမီးများမှာ မွေးရပ်မြေလေး သတိရစေဖို့
ရည်မှန်းကာ စုစည်းလို့ ဖွဲ့တည်ခဲ့ပေါ့ မော(၀်)ရှမ်းမြေ
အရပ်တပါး သူတပါးတိုင်းပြည် အဆင့်မသင့်လို့
ခွဲခွာခဲ့ပေမဲ့ ဒီရှမ်းမြေ အငွေ့အသက်တွေက
ဒီရင်မှာ ထာဝစဉ်မမေ့တယ်

တောင်ပေါ်ရိုးရာ မီးပုံပျံနဲ့
အင်းလေးဖောင်တော် ပင်းတယတို့
မွေတော်ကက္ကူ ပုထိုးစေတီ နာမည်ကျော်ကြား ပအိုဝ့်မီးရှူး
စည်ကားလှတယ် မြို့လုံးကျွတ် ဘုံကထိန်နဲ့
လေနုလေအေး အမြဲတိုက်လို့
ရှမ်းစကားသံ ခပ်ဝဲ၀ဲရယ် ဒီရင်မှာထာဝစဉ် စွဲငြိတယ်လေ

ပျော်ရွှင်ဖွယ်အငွေ့အသက်တွေနဲ့
မော(၀်)တို့ဌာနေ ဒီရှမ်းမြေမှာရောက်လာသူအပေါင်း
စိတ်ကြည်နူးစေဖို့သာယာဖွယ် ရနံ့သစ်တွေနဲ့
အစုံကွယ်ဖျော်ဖြေကြမယ်
အစွမ်းကုန်တာ ကြိုးစားကြပေလို့ စတည်ခဲ့ပေါ့ မော(၀်)ရှမ်းမြေ

ကျနော်တို့ ရှမ်းပြည်နယ်တောင်ပိုင်းအတွက် အဝေးရောက် ညီအကို မောင်နှမများက စုစည်းပြီး မော(၀်)ရှမ်းမြေ ဆိုတဲ့ ဆိုဒ်လေး တခုကို စိတ်တူကိုယ်တူ ဖန်တီးခဲ့ကြပါတယ်။ ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာ ကျနော်တို့ ညီအကို မောင်နှမများရဲ့ အမိမြေကို ချစ်တဲ့စိတ်၊ လွမ်းတဲ့စိတ်လေးတွေကို တွေ့ကြရမှာပါ။ လူလောကကြီးမှာ တခါတလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားပုံအတိုင်း အဝေးရောက်နေကြပေမဲ့ ကိုယ့်မွေးဖွား ကြီးပြင်းခဲ့တဲ့ နေရာလေးကိုတော့ ဘယ်လိုမှ မေ့မရခဲ့ပါဘူး။ ဒီအတွက် အားလုံးရဲ့ နှလုံးသားဆီက ထွက်ကျလာတဲ့ ခံစားချက်လေးတွေကို ဒီ မော(၀်)ရှမ်းမြေ ဆိုဒ်လေးမှာတွေ့ကြရမှာပါ။ ကျနော်တို့ မိတ်ဆွေများအားလုံးလဲ အလည်လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အမှတ်တရ

ဘလော့ပေါ်က ညီအကိုမောင်နှမတွေနဲ့ အမှတ်တရပေါ့ဗျာ

လွတ်လပ်ရေးနေ့

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့သည် ကျွန်တော်တို့ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ မြန်မာပြည်သူ ပြည်သားတွေ အတွက်လည်း နေထူးနေ့မြတ် တစ်ရက်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့လက်အောက်မှ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရယူခဲ့သော ကျွန်တော်တို့ နိုင်ငံသည် ဇန်န၀ါရီလ၄ရက်၂၀၀၉တွင် (၆၁)နှစ်မြောက် ဖြစ်သည်။

ဒီလို လွတ်လပ်ရေးနေ့ဆို ပြည်သူလူထုတွေ အရမ်းပျော်ရွှင်စရာ အတိနဲ့ ပြီးခဲ့သည်။ မှတ်မိသေးတယ် ဟို ကျနော်ငယ်စဉ်တုန်းကဆို ဒီလို လွတ်လပ်ရေးနေ့မှာဆို ကစားစရာ၊ ပျော်ရွှင်စရာတွေ အပြည့်နဲ့။ အခုတော့လည်း ဘယ်ဆီရောက်နေလဲတောင် မမြင်ရတော့တဲ့ ဒီအဖြစ်အပျက်တွေ ဒီနေ့ခေတ်ကလေးတွေကို ပြောပြရရင်ဖြင့် ပုံပြင်တခုလို မျက်လုံးလေး အ၀ိုင်းသားနဲ့ ငေးပြီး ပုံပြောပြတယ် ထင်ပြီး ကြည့်နေမဲ့ဖြစ်ခြင်း။

ကျနော်တို့ နယ်မှာဆို လွတ်လပ်ရေးနေ့ မတိုင်ခင်၂ ရက်လောက်အလိုကတည်းက ဒီလွတ်လပ်ရေးနေ့အတွက် ပြင်ဆင်နေကြပြီလေ။ လမ်းတွေကို ပိတ် အပြေးပြိုင်ပွဲတွေအတွက် ထုံးစည်းတွေတားတဲ့ တူကတား၊ ချော်တိုင်တက်ပွဲအတွက် ၀ါးလုံးထဲကို ဆီထည့်ပြီး ထောင်တဲ့သူကထောင်၊ ဘောလုံးပွဲ အတွက် ဂိုးတွေ လုပ်တဲ့လူက လုပ်နဲ့ အားလုံးက ပျော်ရွှင်ဖွယ် လူမျိုးဘာသာမရွေး ပါဝင်ဆင်နွှဲနေကြတာလေ။ လွတ်လပ်ရေးနေ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အလံတွေကို အိမ်တိုင်နီးပါးမှာ ထောင်ခဲ့ကြတယ်။

လွတ်လပ်ရေးနေ့နံနက် စောစောမှာ အိပ်ရာထလိုက်တာနဲ့ ဆူညံ့ပြီး အားပေးနေတဲ့ အသံတွေကို ကြားရပါတယ်။ မိသားစုဝင်တွေရဲ့ အားပေးမူကို ခံယူပြီး ပြိုင်ပွဲဝင်နေတဲ့ ကလေးငယ်တွေ၊ အားလူးကောက်နေတဲ့ ကလေးငယ်တွေ စသည်ဖြင့် ပျော်ရွှင်ဖွယ်အတိပါ။ အခုတော့ သူတပါးတိုင်းပြည်မှာ ဒီလိုနေ့တွေကို မဆင်နွှဲရပါဘူး။ ကိုယ်တိုင်းပြည်မှာကော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်တွေ လုပ်နေသေးရဲ့လား ဆိုတာကိုလည်း ……. ဒါပေမဲ့ မြန်မာပြည်သူပြည်သားတိုင်းရဲ့ ရင်ထဲမှာ ရှိနေတာကတော့ တောင့်တနေကြသေးတာကတော့ ပျော်ရွှင်မူ အတိပြီးတဲ့ လွတ်လပ်ရေးပါ……. သြော်

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....လွတ်လပ်ရေး.....

လွတ်လပ်ရေး.....

ဘလော့စ်ဒေး အမှတ်တရ လိုဂို

စင်ကာပူဘလော့စ်ကာဒေး အထိမ်းအမှတ် အမှတ်တရလေး (Logo)လေးပေါ့ဗျာ...

Photobucket

ဘလော့စ်ဒေး အမှတ်တရ စင်ကာပူ

၀၆၊၀၈၊၂၀၀၈ (စနေနေ့)

ဒီနေ့ စင်ကာပူရဲ့ဘလော့စ်ကာတွေ တွေ့ဆုံဖြစ်ကြပါတယ်… အချိန်လေးကတော့ ၄း၃၀ ပေါ့ဗျာ.. ကျနော်ကတော့ နဲနဲ လေးနောက်ကမှ ရောက်သွားဖြစ်ပါတယ်.. နေရာလေးကတော့ Pasir Ris Park လေးမှာပေါ့.. Pasir Ris MRT ကနေ ကားနံပါတ် (၄၀၃)ထပ်စီးရပါသေးတယ်..

Photobucket

ကျနော်တို့ ယောက်ျ်ားလေးတွေ အရင်ဆုံး ထွက်လာတာပေါ့.. ရယ်ရွှင်စရာတစ်ခုကတော့ ကျနော်တို့ စုံမှတ်လေး နဲ့ ကျနော်တို့ ဆင်းလိုက်တဲ့ ကားမှတ်တိုင်နဲ့က အရှေ့နဲ့ အနောက်လို လွဲနေတယ်ဗျ.. အားလုံးပဲ မလျှော့တော့ ဇွဲနဲ့ ကျနော်တို့ရဲ့ စုံမှတ်လေးကို လျှောက်လှမ်း (လမ်းလျှောက်) ကြရတာပေါ့.. ဒါလည်း ကောင်းပါတယ်.. ဗိုက်ပိုဆာတော့ BBQ တွေအများကြီး စားရတာပေါ့… ဟုတ်ဘူးလား..
Photobucket

ပျော်ရွှင်စရာပွဲလေးတစ်ခုပါပဲ.. ကျနော်လို Blogger ပေါက်စလေးတစ်ယောက်အတွက် အတွေ့အကြုံအများကြီးရခဲ့ပါတယ်.. ဘယ်လိုမှ မထင်မှတ်ခဲ့တဲ့ အခွင့်အရေးလေး တစ်ခုပေါ့ဗျာ.. ကျနော် လေးစားအားကျတဲ့ ဘလော့စ်ညီအစ်ကို၊ မောင်နှမတွေနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံဖြစ်ကြပါတယ်.. ပထမဆုံး မမီ(မယ်လိုဒီမောင်) က ပွဲကျင်းပရခြင်းရည်ရွယ်ကို အကျဉ်းချုံး ပြောကြားပါတယ်. ပြီးတော့ ကျနော့်တို့ ရဲ့ ဘလော့စ်ကာ အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုနေဘုန်းလတ်အတွက် စက္ကန့် ၃၀ လောက် ငြိမ်ပြီးဆုတောင်းပေးကြပါတယ်.. နောက်ပြီး ကျနော်တို့ ညီအစ်ကို မောင်နှမတွေ တစ်ယောက်တလှည့် မိတ်ဆက်ကြပါတယ်.. တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်တွေလဲကြပါတယ်..အားလုံးမိတ်ဆက်ပြီးတဲ့ နောက်မှာ ကျနော်တို့ မှာထားတဲ့ BBQ တွေကို ပျော်ပျော်ရွှင်ရွှင် စားသုံးကြပါတယ်..

Photobucket

Photobucket

Photobucket

အဲဒါပြီးတော့ ကိုဇင်ကိုလတ် ဦးဆောင်တဲ့ Game Program တွေကို ပျော်ရွှင်စွာ ဆော့ကစားကြပါတယ်… ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကစားပွဲလေးကို ဖျက်စီးသွားတာကတော့ အချိန်မဟုတ် ရွှာလာတဲ့ မိုးပါပဲ. မိုးကလည်း သဲလိုက်တာမှ လွန်ပါရောဗျာ.. ဒါကြောင့် ကျနော်တို့ မိုးလွတ်ရာ တဲလေးထဲကို ပြေးလွှားကြရပြန်ပါတယ်.. ကိုဇင်ကိုလတ်နဲ့ မဗေဒါရဲ့ ကောင်းမူကြောင့် ကျနော်တို့ ရွှံဗွက်ထဲမှာလည်း ကျနော်တို့ အပျော်မပျက် ဆော့ကစားကြပါတယ်…. ညပိုင်း ၁၀း၃၀ နာရီလောက်ကြတော့ ကျနော်တို့ အားလုံးပြန်ခဲ့ကြပါတယ်.. အားလုံးရဲ့ မျက်နာလေးတွေမှာတော့ နှစ်လိုဖွယ်ပီတိလေးတွေနဲ့ပေါ့ဗျာ..

Photobucket

Photobucket

ဒီပွဲလေးကို ဖြစ်မြောက်အောင် စရိတ်စခ တစ်ဝက်ကျခံပေးတဲ့ MrDBA နဲ့ ကိုယ်ရောစိတ်ရော ထက်သန်စွာ ဆောင်ရွှက်ပေးတဲ့ မမီ(မယ်လိုဒီမောင်) ကို ကျေးဇူးတင်ပါတယ်… နောက်ပြီး ဒီပွဲလေးမှာ တွေ့ဆုံခဲ့ရတဲ့ ဘလော့စ်ကာ အကိုမောင်နှမများကိုလည်း ကျေးဇူးတင်ပါတယ်.. နောက်ပြီး လာချင်ပေမဲ့ အကြောင်းကြောင်း ကြောင့်မလာရောက်နိုင်တဲ့ ဘလော့စ်ကာညီအစ်ကိုမောင်နှမ များကိုလည်း ကျေးဇူးတင်ပါတယ်… စင်ကာပူ ဘလော့စ်ဒေး အထိမ်းအမှတ်ပွဲလေးမှာ တွေ့ဆုံဖြစ်ခဲ့တဲ့ ဘလော့စ် ညီအစ်ကိုမောင်နှမများကတော့……

Photobucket

၁) MrDBA

၂) မယ်လိုဒီမောင်

၃) မြတ်မင်းဟန်

၎) အိုအေစစ် မောင်ပွတ်

၅) ဇင်ကိုလတ်

၆) ကိုဇေယျာ

၇) မစ်သွန်းသွန်း

၈) သန့်ဇင်ဦး(မောင်သန့်ဇင်)

၉) Emotion of Mind

၁၀) ToMMyGiRL

၁၁) မဗေဒါ

၁၂) ကျော်ဇေယျ

၁၃) ၁၄) ကိုနေ + ၁

၁၅) မိုးကြယ်

၁၆) ဝေယံလင်း

၁၇) ရဲနိုင်စိုး

၁၈) StevenWang

၁၉) အိဝေဖြိုး

၂၀) ၂၁) ညီညီ (သံလွင်)+
စကားပန်း

၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)

၂၃) စက်တင်ဘာဒရင်းမ်

၂၄) ပုလုကွေး

၂၅) happy cloud

၂၆) ကိုငယ်(မန္တလေး)

ဒီနေ့ ပွဲလေးက အပြန်ကျနော်ရင်ထဲမှာ အတိုင်းမသိ ၀မ်းသာပီတိတွေဖြစ်ရပါတယ်ဗျာ… နောက်အခါများမှာလည်း ဒီလိုနေ့လေးမျိုးထပ်လုပ်နိုင်အောင် ကျနော်တို့အားလုံး ကြိုးစားသွားကြပါမယ်.. ဟဲဟဲ အပြန် MRT ပေါ်မှာတော့ ကိုယ်တော်ရွှေမိုး ကောင်းမူကြောင့် ကျနော်အပါအ၀င် လူအားလုံးနီးပါး ရွှံတွေနဲ့ ပေနေတာပဲဗျာ.. :)