ညမီးကျီး အပိုင်း (၁)
ဘာလိုလိုနဲ့ ကျနော်မြို့လေးရဲ့ အမှတ်အသားလေးဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်တောင် ရောက်တော့မယ်ဗျာ.. ဒီတစ်နှစ်လည်း မပြန်ဖြစ်တော့ဘူးနဲ့တူပါတယ်.. အလုပ်တွေကများ၊ စိတ်တွေကရှုပ်နဲ့ အားလပ်ချိန်လေးရတော့လည်း မြန်မာပြည်ကိုလွမ်းတဲ့ စိတ်လေးကြောင့် မြန်မာ Site၊ Blog တွေ လည်နဲ့ အချိန်ကုန်သွားပါတယ်.. ဒီနေ့ ကျနော် မြန်မာ e-book ကိုသွားမွှေလိုက်တာ ကျနော်ရဲ့ မြို့လေးအကြောင်းပါတယ် စာရေးဆရာမ ဂျူးရဲ့ "ညမီးကျီး" ဆိုတဲ့ စာအုပ်လေးကို တွေ့လိုက်တော့ အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ်..ညမီးကျီး
အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့်အော်၍ သတိပေးကြော်ငြာလိုက်၏။
“အခုတစ်ခါယှဉ်ပြိုင်ဖို့အလှည့် ကျတာကတော့ ရွှေအင်သားအဖွဲ့ရဲ့
ညမီးကျီးဖြစ်ပါတယ်” ။
လက်ခုပ်သံများ လက်ခေါက်မှတ်သံများကိုကြားလိုက်ရသည်။(ရွှေအင်းသား}အဖွဲ့ကို အားပေးသူများလည်းပါမည်။
ညမီးကျီးဟူသောအမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်းပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုးစည်ကားကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်းစူးရှသိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင်ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စော ကမှတ်ချက်ချမိသည်။ စောအနီးမှာရပ်နေသော စောယောင်္ကျားသည်
မီးပုံးပျံများစောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံမရ။၁၅မီနစ်တခါလောက် လက်ပတ်နာရီကို ကြည့်နေ၏။
"အမြင့်ပေ၆၀၊ထိပ်ဝအကျယ်၂၅ပေရှိပါတယ်၊ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန် ကတော့ ပိသာ၄၀တိတိဖြစ်ပါတယ်” ။
ပရိသတ်က ဝေါခနဲအာမေဍိတ်သံပြုလိုက်ကြသည်။ယမ်းပိသာချိန်များသည့်အခါ ထိုမီးပုံးပျံကြီးကောင်းကင်မရောက်မီပေါက်ကွဲခဲ့သော် ရရှိလာမည့်အန္တရာယ်သည်တော်တော်ကြီးမားမည်ဖြစ်သည်။
”ကုန်ကျစရိတ် စုစုပေါင်းကျပ် နှစ်သိန်းတိတိဖြစ်ပါတယ်ခင်ဗျား”
အဲဒီကုန်ကျစရိတ်ကျပ်နှစ်သိန်းရှိပြီးယမ်းပိသာချိန်၄၀ရှိသောမီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။
မီးပုံးပျံကြီးကိုမှိုင်းဝအောင်မီးရှို့မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖျော်ဖြေရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည်ဗုံမောင်းများတီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။ စောသည် ပျော်ရွှင်စွာတီးမှုတ်နေသူများ၊မှိုင်းတိုက်နေသူများ၊အလုပ်ရှုပ်စွာတ က်ကြွနေကြသူများကိုခြေဖျားထောက်ကာ လူအုပ်နောက်မှကြည့်ရင်း အံ့သြနေသည်။
သြော် . . . ငွေနှစ်သိန်းကို လှလှပပမီးရှို့ပြဖို့ လူအင်အားတွေ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ။ သူတို့ဘာအတွက်လုပ်နေကြတာလဲ။ အနုပည်အတွက်သက်သက်ပဲလား။ သူတို့အတ္တ…၊ သူတို့ဂုဏ်သိက္ခာအတွက်လည်းပါမှာပေါ့လေ။
“စော ပြန်ကြဖို့ကောင်းပြီးထင်တယ်၊နှစ်နာရီထိုးနေပြီ”
“ ခဏလေး၊ဒီတစ်လုံးကြည့်ပြီးရင် ပြန်မယ်”
သူ့ကို"မောင်”ဟူသော အသုံးအနှုန်းဖြင့်ဆက်ဆံလို့မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်းမမှိတ်မိတော့ချေ။ သူ့အတွက် စော သည် လူသားတစ်ယောက်မဟုတ်တော့ဘဲ
ဇနီးအဖြစ်တီထွင်ခံထားရသည့် စက်ရုပ်တစ်ခုသာဖြစ်တော့သည်။ တစ်ခါတုန်းက အဲသည့်စက်ရုပ်သည် ချစ်မြတ်နိုးတက် ကြင်နာတက်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။ ညသန်းခေါင်ကျော်ကာလ၊အမှောင်ထု သိပ်သည်းနေဆဲအချိန်မှာ စောသည် သူမယောင်္ကျားအား စေ့စေ့စပ်စပ် မော့်ကြည့်လိုက်မိသည်။ စော သူ့ကိုဘာတွေချစ်မိခဲ့တာလဲ။ သူမျက်နှာမှာ၊သူ့ဟန်အမူအရာမှာ စောချစ်ချင်စရာ ဘာမှကိုရှာမတွေ့ချေ။ စောကိုယ့်ကိုယ်ကို သဘောကျစွာ
အသံထွက် ရယ်လိုက်မ
0 comments:
Post a Comment