Showing posts with label ၀တ္တုတိုများ. Show all posts

သက်တန့်

ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။

ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရ

Read More

သက်တန့်

ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။

ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရဲ့ ရိုက်ချက်များကို ခံထားရသော ပိန်းလှီနေသော မျက်နှာလေးအသွင်သို့ ကူးပြောင်းနေပေသည်။ သူသည် စကားလဲများစွာ မပြောနိုင်၊ မောပန်းနွမ်းလျနေပေသည်။ ဒါပေမဲ့ သူဘာကိုဆိုလိုချင်သည်ကို ကျနော်သဘောပေါက်ပါသည်။ ကျနော်ကိုသားငယ်ကို ကြည့်ပြီး ပြတင်းပေါက်ပိတ်ပေးရမလားဟု ကျနော် မေးလိုက်မိသည်... တိုးလျသော အသံဖြင့်ကိုသားငယ် ကျနော်ကို ပြန်ပြောသံကို ကျနော်ကြားလိုက်ရသည်.. မပိတ်ပါနဲ့ဗျာ... ကျနော်ဒီသက်တန့်လေး ပျောက်ကွယ်သွားတဲ့အထိ ကျနော်ကြည့်နေချင်လို့ပါဗျာ.....

ကျနော်တို့ ဆယ်တန်းအောင်မြင်တော့ ကိုသားငယ်သည် သူ၏မိဘများသဘောဆန္ဒအရ မြို့ပြတို့ပြောင်းကာ ကျောင်းတက်ခဲ့သည်။ ဒီတွင်ကျနော်နှင့် ကိုသားငယ် တွေ့ဆုံမူတို့သည် တဖြည်းဖြည်းနှင့် အလှမ်းဝေးလာခဲ့သည်။ ဒါပေမဲ့ သူ၏သတင်းများကိုကား ကျနော်အစဉ်ကြားနေဆဲဖြစ်သည်။ သူသည် တက္ကသိုလ်ကျောင်းသားဘ၀တွင် သူထက်အသက်အရွယ်ကြီးသော မြို့သူတယောက်နှင့် ခိုးရာလိုက်ပြေးလေသည်။ သူ၏မိဘများသည်လဲ သူ့ကို အမွေပြတ် စွန့်လွတ်လိုက်ကြပေသည်။ သူ၏ မျှော်လင့်ချက်ဖြစ်သော ၀န်ထမ်းကောင်းတယောက် ဖြစ်ရမည်ဟူသော မျှော်လင့်ချက်တို့သည်လဲ သက်တန့်ရောင်စဉ်လေးတခုလို ကွယ်ပျောက်သွားခဲ့ပေသည်။ ထိုအတူ သူမျှော်လင့်သော စီးပွါးရေးလုပ်ငန်းရှင်တယောက်လဲ ဖြစ်မလာနိုင်ခဲ့ပေ။ သူ၏ဇနီး၊ ယောက္ခမတို့က အရာရာကို ထိန်းချုပ်ထားကာ သူသည်လဲ ယောက္ခမနောက်လိုက်တယောက်အဖြစ်သာ အချိန်တွေ ကုန်လွန်ခဲ့ပေသည်။

နှစ်လတွေ ကြာလာသည်နှင့်အမျှ ကိုသားငယ်၏ သတင်းသည်ကား ဆိုးသထက်ဆိုးရွားလာသည်။ သူသည် အရက်ကို အလွန်အကျွန်သောက်သုံးတတ်လာသည်။ အမျိုးသမီးများနှင့် ပျော်ပါးမူများရှိလာခဲ့သည်။ ထိုအတောအတွင်း သူတို့အိမ်ထောင်ရေးတွင် အဖုအထစ်များ လဲရှိလာခဲ့သည်။ သားသမီးများကလဲ သူ့ကို အလေးမထားတော့ပေ။ သူ၏ ဇနီးသည်လဲ လူကြီးရောဂါဖြင့်ကွယ်လွန်ခဲ့ပေသည်.. ဒါပေမဲ့ သူကားမူ ထိုအချိန်ထိ ယောက္ခမ၏ နောက်လိုက်တယောက်အဖြစ်မှ မရုန်းထွက်နိုင်ခဲ့ပေ... သူတွင်လဲ ရောဂါမျိုးစုံ ၀င်ရောက်လာခဲ့ပေသည်။ ငယ်စဉ်က ဆိုးမိုက်ခဲ့သော ၊ပေတေခဲ့သောအရာတို့သည် ယခုအချိန်တွင်မူ လူတယောက်ဖြစ်သည်ဟု နာမည်ခေါ်တွင်ရုံတခုမှ လွဲ၍ ဘယ်အရာမှ လူနှင့်တူသည်ဟူ၍ မရှိတော့လောက်အောင် ပျက်ဆီးနေပေသည်....

တဖြည်းဖြည်းနှင့် အလင်းရောင်တို့သည် ပျောက်ကွယ်၍ ည၏အသွင်အပြင်ကို ကူးပြောင်းလာနေသည်။ အပြင်မှာ လေနုအေးအေးများက ပြတင်းတံခါးဆီမှ ကျနော်ကိုယ်ကို လာတိုက်ခတ်လေသည် အေးမြသော အထိအတွေ့ကြောင့် ကျနော်အတွေးတွေကို ရပ်ပြီး ပြတင်းတံခါးပေါက်ကို ပိတ်ရန်ထသွားလိုက်သည်။ ပြတင်းတံခါးအပြင်ဘက်တွင်လဲ ကျနော်တို့ ငေးကြည့်နေသော သက်တန့်လေးသည်လဲ ကွယ်ပျောက်လုလု ဖြစ်နေပေသည်။ ကျနော် ပြတင်းတံခါးကို ပိတ်ပြီး ကိုသားငယ်ဆီကို လှမ်းလျှောက်၍ စကားပြောရန် ပြင်လိုက်သော်ခဏတာလေးဝယ် ကိုသားငယ်၏ အသက်ဝိညဉ်သည် မရှိတော့ရှာပေ... သူသည် သူချစ်သော သက်တန့်လေးတခုလို အရောင်မျိုးစုံနှင့် တောက်ပခဲ့ပြီး အချိန်တန်တော့ သက်တန့်တခုလို ပျောက်ကွယ်သွားခဲ့လေပြီ။ ကျနော်တို့လူသားများသည်လဲ တနေ့နေ့တချိန်ချိန်တွင် သက်တန့်တခုလို တောက်ပပြီး ပျောက်ကွယ်သွားကြရဦးမည်သာ ဖြစ်ပေသည်.....

မှတ်ချက်။ ။ ပုံကို Google ကနေယူထားပါသည်။ ကျနော်ဖတ်မိသော စာလေးများကို ပြန်လည် စိတ်ကူးသီကုံးထားခြင်းသာဖြစ်ပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

ပျော်စံရာ ညအမှောင်

ညသည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာပါသည်။ ညဉ့်နက်လေ ဒီလိုပွဲမျိုးက လူစည်လေ ဖြစ်ပေသည်။ ဒီလို နေရာမျိုးကို လူကုံထံ အသိုင်းအ၀ိုင်း အများစုသာ တက်ရောက် တတ်ကြသည်။ လူများစွာတို့၏ မျက်လုံးများကို ဂရုမစိုက်ပဲ ဒီလိုပွဲမျိုးကို ကျင်းပကြခြင်းသည် လိုအင်ဆန္ဒများစွာ ပါဝင်နေပေသည်။ တချို့က လူကုံထံ အသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းလို၍ ဖြစ်ပေမည်။ တချို့က သူငယ်ချင်းသစ်များ ရချင်၍ ဖြစ်ပေမည်။ တချို့ကတော့… တချို့ကတော့…. ဆန္ဒမျိုးစုံ ရမ္မက်မျိုးစုံဖြင့် သည်နေရာတွင် လူပေါင်းစုံ တက်ရောက်နေကြသည်ကို တွေ့နေရသည်။ပါတီပွဲ ကျင်းပနေသော တိုက်တာကြီးထဲသို့ ၀င်ရောက်ရန် တခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတလုံး ရှိနေပေသည်။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်များစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်

ကျေးဇူးပြု၍…. သင့်မျက်နှာကို မျက်နှာဖုံးတခု တပ်ဆင်ပြီးမှသာ ခန်းမဆောင်အတွင်းသို့ ၀င်ရောက်ပါ

ဟူသော စာတန်းတခုကိုလဲ ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံး တခုကိုယူကာ မျက်နာတွင် ကျနော်တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျနော်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျနော်မျက်နာပေါ်တွင် ကျနော်မျက်နာ မဟုတ်သော မျက်နာအတု တခုဖြစ်ပေါ်လာခဲ့၏၊ ခန်းမဆောင်ထဲသို့ ကျနော် တလှမ်းချင်း လှမ်းလျှောက်ဝင်လိုက်သည်။

ခန်းမဆောင်ထဲတွင် အလင်းရောင် မှိန်ဖျော့ဖျော့အခန်းငယ်များစွာကိုလဲ တွေ့ရပေသည်။ လူတချို့ ၀င်လိုက် ထွက်လိုက် လှုပ်ရှားသွားလာနေသည်ကို တွေ့ရပေသည်။ လူတွေ တဦးနှင့် တစ်ဦး အလုအယက် စကားပြောနေကြသံ၊ ဖန်ခွက်များ နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ဂြိုလ်တုစလောင်းမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း ခက်ရင်းများနှင့် ပန်းကန်သံများက ထိတွေ့သံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ ရယ်မောသံ အော်ဟစ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရော အနှောနှောဖြစ်ကာ တိုက်ခန်းအတွင်း ဆူညံနေပေသည်။

တိုက်ခန်းအလယ်တွင် ထွန်းညှိထားသော မီးလုံး၊ ဖန်ချောင်းများ၏ အလင်းရောင်မှာ မျက်စိ ကျိန်းလောက်အောင်ပင် စူးရဲ ၀င်းထိန်နေပေသည်။ ဒီတိုက်ခန်းအလယ်တွင် အဆိုတော်များ DJ ဟုခေါ်သော အတီးအမှုတ်များကို ကြားနေ မြင်နေရသည်။ ရုတ်တရက်ဝင်ရောက်လာသော သူ့အဖို့ ဒီအလင်းရောင်များနှင့် ဘယ်လိုမှ အဆင်မပြေပေ။ မျက်စိများ ကျိန်းနေပေသည်။ အချိန်အတော်ကြာမှ ဒီအလင်းရောင်များ ဆူညံသံ အော်ဟစ်နေသံများနှင့် ကျနော် အသားကျသွားပါတယ်။ တိုက်ခန်းအတွင်း ကျနော်ကို ကြိုဆိုမဲ့ လူတယောက်တလေကိုမျှ ကျနော် မတွေ့ရပါ။ အားလုံး ပျော်ပါးနေပေသည်။ ကျနော်ကိုဒီပွဲ တက်ရောက်ရန် ဖိတ်ကြားသောခဲ့သောသူကို ကျနော် မျက်လုံးဖြင့် အနှံရှာဖွေနေမိသည်။ တခဏတွင်းပင် ကျနော် ရှာဖွေခြင်းမှာ ရူးသွပ်မူသာ ဖြစ်ကြောင်းကျနော် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသောလူပေါင်းတို့၏ မျက်နှာတွင် သူတို့၏ပင်ကိုရုပ်သည် ကွယ်ပျောက်၍ နဂိုမျက်နှာနှင် မဆိုင်သောမျက်နှာဖုံးတခုခုကို တပ်ဆင်ထားသူများ ချည်းသာဖြစ်ပေ၏

ကျနော်ကို ဖိတ်စာပေးခဲ့သူ တနည်းအားဖြင့် ဒီပါတီဆိုသည်ကို ဦးဆောင် ဆောင်ရွက်သူသည်လဲ ပင်ကိုမျက်နှာနှင့် မဟုတ်ပဲ အတုတပ်ဆင်ထားသော မျက်နှာဖုံးနှင့်ပင် ဖြစ်ပေလိမ့်မည်။ သူမျက်နာရှေ့တွင် မည်သည့်မျက်နှာဖုံးကို တပ်ဆင်ထားလေသနည်း။ မျောက်တကောင်ရဲ့ မျက်နှာဖုံးလား၊ ၀က်ဝံတကောင်ရဲ
့ မျက်နှာဖုံးလား၊ ဒေါင်းတကောင်၏ မျက်နှာဖုံးလား၊ သိုးတကောင်၏ မျက်နှာဖုံးလား ကျနော် မသိနိုင်ပေ မဝေခွဲနိုင်ပေ။ ထိုသူသည် အခန်းထောင့်တွင် ငြိမ်ပြီးစလောင်းကြည့်နေသော နွားတကောင်လား၊ ဒါမှမဟုတ် ၀ိုက်အရက်ဆိုတာကို သောက်နေသော မျက်လုံးနီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းဘေးမှ မတ်တပ်ရပ်နေသော ဘဲတကောင်ဟာ သူဖြစ်လေမလား ကျနော်မသိပေ။

ဒီအခန်းအပြင်မှာတော့ ညသည်မှောင်မှဲလျက်ရှိပေသည်။ ဒီအခန်းထဲမှာတော့ ညဆိုတာမရှိ၊ ညကို မေ့လျော့ထားသူတွေသာ ရှိပေသည်။ ပိတ်ထားသော ပြတင်းတံခါးများကြောင့်လဲ သူတို့ ညဆိုတာကို မသိဖြစ်နိုင်ပေသည်လား။ သတိမမူမိလေသည်လား။ ဒါမှမဟုတ် သူတို့သည် ညကို ပျော်နေကြသော လူသားတွေလား။ သူတို့၏ မျက်နှာကို မတွေ့ရပေမဲ့လဲ သူတို့၏ ရုပ်သွင်ပြင်ကို ကြည့်ရုံနှင့် သူတို့ ပျော်ရွှင်နေကြောင်း သိသာပေသည်။ သူတို့တွင် စိတ်ညစ်ခြင်းဟူသော အသိတရားကို မေ့နေကြပုံရသည်။ မေ့နေသည်လား မေ့ချင်ယောင် ဆောင်နေသည်လားတော့ ကျနော် မသိပေ။ ဟိုတနေရာတွင် ၀ံပုလွေတကောင်နှင့် ကျားသစ်တကောင်သည် တယောက်မျက်နှာ တယောက် ကြည့်ကာ ရယ်မော နေကြသည်။ မြွေတကောင်နှင့် တကောင်မှာ တယောက်ခါးကို တယောက်ဖက်ကာ တွန့်လိမ်ကွေးကောက်နေကြသည်။ သမင်တကောင်နှင့် သစ်ကုလားအုတ် တကောင်သည် ထိုင်၍ သောက်စားမူးယစ်နေပြန်သည်။

မြေခွေးတအုပ်စုသည် စင်အလယ်တွင်ကနေသော ကချေသည်များရှိရာဆီသို့ တက်လှမ်းရန် ကြိုးစားနေသည်ကိုလဲ တွေ့ရပြန်သည်။ ၀က်တကောင်ရဲ့ မျက်နှာဖုံးဝတ်ထားသော စားပွဲထိုး၏ လင်ပန်းထဲမှာ ဖန်ခွက်တခွက်ကို ကျနော် လှမ်းယူကာ ရွှေရောင် အရည်များကို မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှာ ရွှေရောင်အရည်များသည် မီးတောင်မှ ထွက်သော ချော်ရည်များကဲ့သို့ လည်ချောင်းတခုလုံးထဲသို့ ပူလောင်စွာ စီးဆင်းသွားလေသည်။ အနံ့အရသာဆိုးရွားသော ဒီအရည်တွေသည် ဘာကြောင့် ရွှေရောင် တောက်ပနေသလဲ။ လူတွေသည် ဒီရွှေရောင် အရည်တွေကို သောက်သုံးပြီး အလယ်တွင် ရှိသော ကစင်နေရာတွင် လက်များမြှောက်ပြီး အော်ဟစ်ကနေကြပေသည်။ လူသားတိုင်းသည် ဒီအချိန်တွင် ဒီရွှေရောင် အရည်များကို နှစ်သက်နေကြပေသည်။

ဘယ်နာရီ ရှိပြီလဲ အနီးမှ ဇီးကွက်တကောင်ကို ကျနော် လှမ်းမေးမိသည်။ ဒီအခန်းထဲမှာ နာရီမရှိဘူး အချိန်မလိုဘူး ဟုခပ်တိုးတိုးလေး ပြန်ဖြေသည်။ ဟုတ်မည် သတိထားကြည့်လိုက်တော့ အခန်းထဲတွင် နာရီ မရှိပေ။ ခင်ဗျားက ဘာလို့ အချိန်မေးရတာလဲ ဘေးမှ မြေခွေးတကောင်က မူးနေသော အသံဖြင့်လှမ်းမေးသည်။ ဒီပါတီပွဲကြီး ဘယ်အချိန်ပြီး မှာလဲ သိချင်လို့ ဟု ကျနော်လဲ ဘုဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်သည်။ မိုးလင်းရင်ပြီးမှာပေါ့ ဟု လင်းယုန်တကောင်က ဘေးမှနေ၍ ညည်းညူသံဖြင့် ပြောလေသည်။ ခဏအကြာတွင် ထိုမြေခွေးနှင့် လင်းယုန်တို့ တယောက်လက်ကို တယောက်ကိုင်ကာ ကနေကြသော လူအုပ်စု ရှိရာသို့ ထွက်သွားလေသည်။

ကျနော် စိတ်အနဲငယ် ညစ်လာသည်။ မြင်မြင်သမျှ လူများသည် တိရစ္ဆာန် များ ဖြစ်နေပေသည်။ မှန်သည်
တိရစ္ဆာန် ထိုစကားလုံးများက ကျနော်ကို အပြင်းအထန် တုန်လှုပ်စေသည်။ အခန်းထဲက လူတွေအားလုံး တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားကြပေသည်။ ကျနော်လဲ တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားမိ၏။ ကျနော်သည် တိရစ္ဆာန် တွေ၏ မျက်နှာဖုံးအားလုံးကို မြင်နေရသည်။ ဒါပေမဲ့ ကျနော့် မျက်နှာဖုံး ကို ကျနော် မမြင်ရပေ။ မျက်နှာဖုံးကို တပ်ဆင်က အမူမဲ့ အမှတ်မဲ့ စွပ်ခဲ့မိသည်။ ကျနော် ဘာမျက်နှာဖုံးကို တပ်ဆင်ခဲ့မိမှန်း သတိမထားခဲ့မိပေ။ ကျနော့်မျက်နာကို လက်ဖြင့် စမ်းသပ်ကြည့်နေမိသည်။ ပို၍ တုပ်လှုပ်ချောက်ချားသွားသည်။ ထို မျက်နှာဖုံးသည် ကျနော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍
နေပေသည်။ မျက်နှာတွင် အဖုအထစ်များစွာဖြင့် ပြည့်နှက်ပေသည်။

ရင်ထဲတွင် ပြင်းပြသော ခံစားချက်များ ဖြစ်နေသည်။ ကျနော့်ကို ကျနော် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေမိသည်။ ကျနော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံး ရှိနေသလဲ။ သိချင်လှပေသည်။ ကျေးဇူးပြု၍ စာဖတ်နေသူများ သိလျှင်ပြောပေးစေချင်သည် ကျနော်မျက်နှာတွင် ဘယ်လို မျက်နှာဖုံးများ ဖြစ်နေမည်နည်း။

ဝန်ခံချက်။ ။ အခုတလော စိတ်က ဘာဖြစ်သည်မသိ။ ဖတ်ထားမိသော စာတွေကို ပြန်ရေးချင်စိတ်ပေါက်နေပါသည်။ ဒါပေမဲ့ အားလုံး အမှတ်တရ တော့ မရှိပေ။ ဒါကြောင့် စိတ်ထဲ ရှိတာတွေ ပြန်တွေးပြီး ရေးချထားပါသည်။ ပုံကိုတော့ Google က ကူးယူဖော်ပြထားပါသည်။ ကျနော် ရောက်ရှိပြီး ရိုက်ကူးထားခြင်းမဟုတ်ရပါကြောင်း ၁၀၀ % အာမခံပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

ပျော်စံရာ ညအမှောင်

ညသည် တဖြည်းဖြည်းနှင့် မှောင်မိုက်လာပါသည်။ ညဉ့်နက်လေ ဒီလိုပွဲမျိုးက လူစည်လေ ဖြစ်ပေသည်။ ဒီလို နေရာမျိုးကို လူကုံထံ အသိုင်းအ၀ိုင်း အများစုသာ တက်ရောက် တတ်ကြသည်။ လူများစွာတို့၏ မျက်လုံးများကို ဂရုမစိုက်ပဲ ဒီလိုပွဲမျိုးကို ကျင်းပကြခြင်းသည် လိုအင်ဆန္ဒများစွာ ပါဝင်နေပေသည်။ တချို့က လူကုံထံ အသိုင်းအ၀ိုင်းနှင့် ပေါင်းသင်းလို၍ ဖြစ်ပေမည်။ တချို့က သူငယ်ချင်းသစ်များ ရချင်၍ ဖြစ်ပေမည်။ တချို့ကတော့… တချို့ကတော့…. ဆန္ဒမျိုးစုံ ရမ္မက်မျိုးစုံဖြင့် သည်နေရာတွင် လူပေါင်းစုံ တက်ရောက်နေကြသည်ကို တွေ့နေရသည်။ပါတီပွဲ ကျင်းပနေသော တိုက်တာကြီးထဲသို့ ၀င်ရောက်ရန် တခုတည်းသော အပေါက်ဖြစ်သည့် တံခါးမကြီးအနီးတွင် စားပွဲတလုံး ရှိနေပေသည်။ ထိုစားပွဲပေါ်တွင် မျက်နှာဖုံး မြောက်များစွာကို တင်ထားလေသည်။ ထိုစားပွဲပေါ်တွင်ပင်

ကျေးဇူးပြု၍…. သင့်မျက်နှာကို မျက်နှာဖုံးတခု တပ်ဆင်ပြီးမှသာ ခန်းမဆောင်အတွင်းသို့ ၀င်ရောက်ပါ

ဟူသော စာတန်းတခုကိုလဲ ထောင်ကာ တင်ထား၏။ စားပွဲပေါ်မှ လက်သင့်ရာ မျက်နှာဖုံး တခုကိုယူကာ မျက်နာတွင် ကျနော်တပ်ဆင်လိုက်ပါသည်။ ချက်ချင်းပင် ကျနော်မျက်နှာအစစ်သည် ပျောက်ကွယ်သွားကာ ကျနော်မျက်နာပေါ်တွင် ကျနော်မျက်နာ မဟုတ်သော မျက်နာအတု တခုဖြစ်ပေါ်လာခဲ့၏၊ ခန်းမဆောင်ထဲသို့ ကျနော် တလှမ်းချင်း လှမ်းလျှောက်ဝင်လိုက်သည်။

ခန်းမဆောင်ထဲတွင် အလင်းရောင် မှိန်ဖျော့ဖျော့အခန်းငယ်များစွာကိုလဲ တွေ့ရပေသည်။ လူတချို့ ၀င်လိုက် ထွက်လိုက် လှုပ်ရှားသွားလာနေသည်ကို တွေ့ရပေသည်။ လူတွေ တဦးနှင့် တစ်ဦး အလုအယက် စကားပြောနေကြသံ၊ ဖန်ခွက်များ နှုတ်ခမ်းချင်း ထိသံ၊ ဖွင့်ထားသော ဂြိုလ်တုစလောင်းမှ အသံ၊ ကြမ်းပြင်နှင့် ဖိနပ်များ ရှပ်တိုက်သံ၊ ဇွန်း ခက်ရင်းများနှင့် ပန်းကန်သံများက ထိတွေ့သံ၊ တီးဝိုင်းမှ တီးမှုတ်သံ၊ ချောင်းဟန့်သံ ရယ်မောသံ အော်ဟစ်သံ စသည့် အသံပေါင်းစုံတို့သည် အမျိုးအမည် မကွဲပြားတော့ဘဲ အရောရော အနှောနှောဖြစ်ကာ တိုက်ခန်းအတွင်း ဆူညံနေပေသည်။

တိုက်ခန်းအလယ်တွင် ထွန်းညှိထားသော မီးလုံး၊ ဖန်ချောင်းများ၏ အလင်းရောင်မှာ မျက်စိ ကျိန်းလောက်အောင်ပင် စူးရဲ ၀င်းထိန်နေပေသည်။ ဒီတိုက်ခန်းအလယ်တွင် အဆိုတော်များ DJ ဟုခေါ်သော အတီးအမှုတ်များကို ကြားနေ မြင်နေရသည်။ ရုတ်တရက်ဝင်ရောက်လာသော သူ့အဖို့ ဒီအလင်းရောင်များနှင့် ဘယ်လိုမှ အဆင်မပြေပေ။ မျက်စိများ ကျိန်းနေပေသည်။ အချိန်အတော်ကြာမှ ဒီအလင်းရောင်များ ဆူညံသံ အော်ဟစ်နေသံများနှင့် ကျနော် အသားကျသွားပါတယ်။ တိုက်ခန်းအတွင်း ကျနော်ကို ကြိုဆိုမဲ့ လူတယောက်တလေကိုမျှ ကျနော် မတွေ့ရပါ။ အားလုံး ပျော်ပါးနေပေသည်။ ကျနော်ကိုဒီပွဲ တက်ရောက်ရန် ဖိတ်ကြားသောခဲ့သောသူကို ကျနော် မျက်လုံးဖြင့် အနှံရှာဖွေနေမိသည်။ တခဏတွင်းပင် ကျနော် ရှာဖွေခြင်းမှာ ရူးသွပ်မူသာ ဖြစ်ကြောင်းကျနော် သိလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အားလုံးသောလူပေါင်းတို့၏ မျက်နှာတွင် သူတို့၏ပင်ကိုရုပ်သည် ကွယ်ပျောက်၍ နဂိုမျက်နှာနှင် မဆိုင်သောမျက်နှာဖုံးတခုခုကို တပ်ဆင်ထားသူများ ချည်းသာဖြစ်ပေ၏

ကျနော်ကို ဖိတ်စာပေးခဲ့သူ တနည်းအားဖြင့် ဒီပါတီဆိုသည်ကို ဦးဆောင် ဆောင်ရွက်သူသည်လဲ ပင်ကိုမျက်နှာနှင့် မဟုတ်ပဲ အတုတပ်ဆင်ထားသော မျက်နှာဖုံးနှင့်ပင် ဖြစ်ပေလိမ့်မည်။ သူမျက်နာရှေ့တွင် မည်သည့်မျက်နှာဖုံးကို တပ်ဆင်ထားလေသနည်း။ မျောက်တကောင်ရဲ့ မျက်နှာဖုံးလား၊ ၀က်ဝံတကောင်ရဲ့ မျက်နှာဖုံးလား၊ ဒေါင်းတကောင်၏ မျက်နှာဖုံးလား၊ သိုးတကောင်၏ မျက်နှာဖုံးလား ကျနော် မသိနိုင်ပေ မဝေခွဲနိုင်ပေ။ ထိုသူသည် အခန်းထောင့်တွင် ငြိမ်ပြီးစလောင်းကြည့်နေသော နွားတကောင်လား၊ ဒါမှမဟုတ် ၀ိုက်အရက်ဆိုတာကို သောက်နေသော မျက်လုံးနီနီနှင့် ခြင်္သေ့လား၊ သံစုံတီးဝိုင်းဘေးမှ မတ်တပ်ရပ်နေသော ဘဲတကောင်ဟာ သူဖြစ်လေမလား ကျနော်မသိပေ။

ဒီအခန်းအပြင်မှာတော့ ညသည်မှောင်မှဲလျက်ရှိပေသည်။ ဒီအခန်းထဲမှာတော့ ညဆိုတာမရှိ၊ ညကို မေ့လျော့ထားသူတွေသာ ရှိပေသည်။ ပိတ်ထားသော ပြတင်းတံခါးများကြောင့်လဲ သူတို့ ညဆိုတာကို မသိဖြစ်နိုင်ပေသည်လား။ သတိမမူမိလေသည်လား။ ဒါမှမဟုတ် သူတို့သည် ညကို ပျော်နေကြသော လူသားတွေလား။ သူတို့၏ မျက်နှာကို မတွေ့ရပေမဲ့လဲ သူတို့၏ ရုပ်သွင်ပြင်ကို ကြည့်ရုံနှင့် သူတို့ ပျော်ရွှင်နေကြောင်း သိသာပေသည်။ သူတို့တွင် စိတ်ညစ်ခြင်းဟူသော အသိတရားကို မေ့နေကြပုံရသည်။ မေ့နေသည်လား မေ့ချင်ယောင် ဆောင်နေသည်လားတော့ ကျနော် မသိပေ။ ဟိုတနေရာတွင် ၀ံပုလွေတကောင်နှင့် ကျားသစ်တကောင်သည် တယောက်မျက်နှာ တယောက် ကြည့်ကာ ရယ်မော နေကြသည်။ မြွေတကောင်နှင့် တကောင်မှာ တယောက်ခါးကို တယောက်ဖက်ကာ တွန့်လိမ်ကွေးကောက်နေကြသည်။ သမင်တကောင်နှင့် သစ်ကုလားအုတ် တကောင်သည် ထိုင်၍ သောက်စားမူးယစ်နေပြန်သည်။

မြေခွေးတအုပ်စုသည် စင်အလယ်တွင်ကနေသော ကချေသည်များရှိရာဆီသို့ တက်လှမ်းရန် ကြိုးစားနေသည်ကိုလဲ တွေ့ရပြန်သည်။ ၀က်တကောင်ရဲ့ မျက်နှာဖုံးဝတ်ထားသော စားပွဲထိုး၏ လင်ပန်းထဲမှာ ဖန်ခွက်တခွက်ကို ကျနော် လှမ်းယူကာ ရွှေရောင် အရည်များကို မော့သောက်လိုက်သည်။ ဖန်ခွက်ထဲမှာ ရွှေရောင်အရည်များသည် မီးတောင်မှ ထွက်သော ချော်ရည်များကဲ့သို့ လည်ချောင်းတခုလုံးထဲသို့ ပူလောင်စွာ စီးဆင်းသွားလေသည်။ အနံ့အရသာဆိုးရွားသော ဒီအရည်တွေသည် ဘာကြောင့် ရွှေရောင် တောက်ပနေသလဲ။ လူတွေသည် ဒီရွှေရောင် အရည်တွေကို သောက်သုံးပြီး အလယ်တွင် ရှိသော ကစင်နေရာတွင် လက်များမြှောက်ပြီး အော်ဟစ်ကနေကြပေသည်။ လူသားတိုင်းသည် ဒီအချိန်တွင် ဒီရွှေရောင် အရည်များကို နှစ်သက်နေကြပေသည်။

ဘယ်နာရီ ရှိပြီလဲ အနီးမှ ဇီးကွက်တကောင်ကို ကျနော် လှမ်းမေးမိသည်။ ဒီအခန်းထဲမှာ နာရီမရှိဘူး အချိန်မလိုဘူး ဟုခပ်တိုးတိုးလေး ပြန်ဖြေသည်။ ဟုတ်မည် သတိထားကြည့်လိုက်တော့ အခန်းထဲတွင် နာရီ မရှိပေ။ ခင်ဗျားက ဘာလို့ အချိန်မေးရတာလဲ ဘေးမှ မြေခွေးတကောင်က မူးနေသော အသံဖြင့်လှမ်းမေးသည်။ ဒီပါတီပွဲကြီး ဘယ်အချိန်ပြီး မှာလဲ သိချင်လို့ ဟု ကျနော်လဲ ဘုဆတ်ဆတ်ဖြင့် ပြန်ပြောလိုက်သည်။ မိုးလင်းရင်ပြီးမှာပေါ့ ဟု လင်းယုန်တကောင်က ဘေးမှနေ၍ ညည်းညူသံဖြင့် ပြောလေသည်။ ခဏအကြာတွင် ထိုမြေခွေးနှင့် လင်းယုန်တို့ တယောက်လက်ကို တယောက်ကိုင်ကာ ကနေကြသော လူအုပ်စု ရှိရာသို့ ထွက်သွားလေသည်။

ကျနော် စိတ်အနဲငယ် ညစ်လာသည်။ မြင်မြင်သမျှ လူများသည် တိရစ္ဆာန် များ ဖြစ်နေပေသည်။ မှန်သည်
တိရစ္ဆာန် ထိုစကားလုံးများက ကျနော်ကို အပြင်းအထန် တုန်လှုပ်စေသည်။ အခန်းထဲက လူတွေအားလုံး တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားကြပေသည်။ ကျနော်လဲ တိရစ္ဆာန် တကောင်၏ မျက်နှာဖုံးကို တပ်ထားမိ၏။ ကျနော်သည် တိရစ္ဆာန် တွေ၏ မျက်နှာဖုံးအားလုံးကို မြင်နေရသည်။ ဒါပေမဲ့ ကျနော့် မျက်နှာဖုံး ကို ကျနော် မမြင်ရပေ။ မျက်နှာဖုံးကို တပ်ဆင်က အမူမဲ့ အမှတ်မဲ့ စွပ်ခဲ့မိသည်။ ကျနော် ဘာမျက်နှာဖုံးကို တပ်ဆင်ခဲ့မိမှန်း သတိမထားခဲ့မိပေ။ ကျနော့်မျက်နာကို လက်ဖြင့် စမ်းသပ်ကြည့်နေမိသည်။ ပို၍ တုပ်လှုပ်ချောက်ချားသွားသည်။ ထို မျက်နှာဖုံးသည် ကျနော့်မျက်နှာမှ ခွာမရအောင် တင်းတင်းကျပ်ကျပ် ကပ်၍ နေပေသည်။ မျက်နှာတွင် အဖုအထစ်များစွာဖြင့် ပြည့်နှက်ပေသည်။

ရင်ထဲတွင် ပြင်းပြသော ခံစားချက်များ ဖြစ်နေသည်။ ကျနော့်ကို ကျနော် စူးစမ်းချင်စိတ်များ ဖြစ်ပေါ်နေမိသည်။ ကျနော့် မျက်နှာတွင် မည်သို့သော မျက်နှာဖုံး ရှိနေသလဲ။ သိချင်လှပေသည်။ ကျေးဇူးပြု၍ စာဖတ်နေသူများ သိလျှင်ပြောပေးစေချင်သည် ကျနော်မျက်နှာတွင် ဘယ်လို မျက်နှာဖုံးများ ဖြစ်နေမည်နည်း။

ဝန်ခံချက်။ ။ အခုတလော စိတ်က ဘာဖြစ်သည်မသိ။ ဖတ်ထားမိသော စာတွေကို ပြန်ရေးချင်စိတ်ပေါက်နေပါသည်။ ဒါပေမဲ့ အားလုံး အမှတ်တရ တော့ မရှိပေ။ ဒါကြောင့် စိတ်ထဲ ရှိတာတွေ ပြန်တွေးပြီး ရေးချထားပါသည်။ ပုံကိုတော့ Google က ကူးယူဖော်ပြထားပါသည်။ ကျနော် ရောက်ရှိပြီး ရိုက်ကူးထားခြင်းမဟုတ်ရပါကြောင်း ၁၀၀ % အာမခံပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

အိမ်ပြန်ချိန်

ညအမှောင်က တယောက်ထဲသူ့အဖို့ ခြောက်ချားဖွယ်ရာ ဖြစ်နေသည်။ ကျနော် အိမ်ပြန်ချင်သည်။ ဟုတ်သည် ဒါကြောင့် ကျနော် အိမ်လေးရှိရာကို ပြန်လာနေခြင်းဖြစ်သည်။ ကျနော် အိမ်လေးကို မပြန်တာ နှစ်ပေါင်း အတော်ကို ကြာနေပြီလေ။ လမ်းဘေးတချက်ကို ငေးမော်ကြည့်လိုက်တော့ အရောင်ဖြူဖြူ အုတ်ဂူများက အစီအရီ။ ကဗျာဆရာတယောက်အတွက်တော့ ဒီလို ညမျိုးမှာ စွဲမက်ဖွယ် ကဗျာတပုဒ်ကို ခံစား သီကုံးနိုင်ပေမဲ့ ကျနော်အဖို့မှာတော့ ဒီသင်္ချိုင်း နားက ဖြတ်လျှောက်ရသည်ကိုက ကြောက်စရာတခုဖြစ်နေသည်။ ရင်ထဲတွင် အမျိုးအမည် မဖော်ပြနိုင်သော ခံစားမူများကိုလဲ ခံစားနေရသည်။ ဟုတ်မည် ဒီသုဿာန်ထဲတွင် ကျနော်၏ ဆွေမျိုးများလဲ ခိုအောင်းနေပေမည်။ လှဲလှောင်း အိပ်စက်နေပေမည်။ ထိုအတူ ကျနော် ချစ်သော မိတ်ဆွေများလဲ ရှိနိုင်ပေသလို ကျနော်ကို ရွံရှာမုန်းတီးနေသော ကျနော်၏ ရန်သူများလဲ ရှိနိုင်ပေမည်။ မှန်သည် ထို့ကြောင့် ကျနော် ကြောက်လန့်နေခြင်းပင် ဖြစ်ပေမည်။ ဒီနေရာလေးကို နောက်ပြန်မကြည့်ပဲ အမြန်လျှောက်လာမိသည်။

တဖြေးဖြေးနဲ့ မြို့ပြရဲ့ အရိပ်အရောင်လေးတွေ တွေ့နေရသည်။ ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်နေတာကြာခဲ့ပြီ။ နေ့စဉ်လိုလိုပင် ဒီလမ်းလေးပေါ်မှာ ကျနော် လျှောက်ပြီး ကျနော် အိမ်လေးကို ပြန်နေကြ။ ဒါပေမဲ့ ခုထက်ထိ ကျနော် လမ်းလေးပေါ်တွင် လူတယောက်မှ မမြင်ဖူးသေးပေ။ ဟိုအရင် အချိန်က ဒီနေရာလေးမှာ ဈေးဆိုင်တွေ၊ ကာရာအိုကေ ခန်းမတွေနဲ့ မီးရောင်စုံတွေကြားက လူတွေ စည်ကားလို့ပေါ့။ မျက်နှာမှာ အရောင်မျိုးစုံ ကာလာမျိုးစုံတွေ လိမ်းခြယ်ပြီး ညရဲ့ အလှအပနဲ့ အပြိုင် ယစ်မူးနေကြတဲ့နေရာလေးပေါ့ အခုတော့လဲ ဒီနေရာလေးဟာ မြင်ရသူအဖို့ လွမ်းဆွတ်စရာလေးတွေ အတိနဲ့ ဖုံးလွမ်းနေတာပဲ မြင်နေရပါတော့တယ်။ ဒီကမ္ဘာပေါ်မှာ လူဆိုသည်ကော ရှိသေးကြသလားမသိ။

ဒီလမ်းလေးပေါ်မှာ သမာအာဇီဝနဲ့ လုပ်ကိုင်စားသောက်နေတဲ့ လူတွေလဲ ဖြတ်ဖူးကြပါတယ်။ ဒီလိုပဲ လုယက် ခိုးသွမ်း နေကြတဲ့ လူရမ်းကားတွေလဲ ဖြတ်လျှောက်ခဲ့ဖူးပါတယ်။ ကျနော်လဲ အတိတ်ကအတွေးလေးတွေ နယ်ချဲ့ပြီး လမ်းလျှောက်လာလိုက်တာ လမ်းစုံလေးကို ရောက်လာပါပြီ။ ဒီလမ်းစုံလေးကို ကျော်ပြီး ကုန်းကျော်လေးကို ဖြတ်လိုက်ရင် ကျနော် နေတဲ့ အိမ်နားကိုရောက်ပြီးပေါ့။ ကျနော် ခပ်သုတ်သုတ်လျှောက်ရင် ကုန်းကျော်လေးကို ဖြတ်ဖို့ လုပ်နေတုန်းမှာပင် ကျနော် အနောက်မှ အသံတခုကို ကြားလိုက်မိသည်။

ဟေ့ကောင် ရပ်လိုက်စမ်း မလှုပ်နဲ့ ငြိမ်ငြိမ်နေ…

ကျနော်နောက်ကို လှည့်ကြည့်မိလိုက်သည်။ ဒီမြို့လေးရဲ့ တခုတည်းသော ပတ္တာရောင်ကားတစီးပါ။ ၂၀၅၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ မြို့လေးမှာလူသူမရှိတော့၍ ပတ္တာရောင်ကားတွေ အများကြီးမလိုအပ်ဟု စီမံချက်ဖြင့် တစီးတည်း ထားထားသော ကင်းလှည့်ကားလေးဖြစ်ပါသည်။

မင်းဘာလုပ်နေတာလဲ

ကျနော် အိမ်ပြန်မလို့ လမ်းလျှောက်နေတာပါ

မင်းလမ်းလျှောက်တာကော သေချာလားကွ၊ မင်းနာမည် ဘယ်လိုခေါ်လဲ၊ ဘယ်မှာနေလဲ

ဟုတ်ကဲ့ ကျနော် အိမ်ကို ပြန်မလို့ သေချာပါတယ်ခင်ဗျာ… ကျနော်နာမည် -- ပါ --- မှာနေပါတယ်။

မင်းမှာ မိသားစု၊ ဇနီးရှိလားကွ

ကျနော် ရီချင်ချင် ဖြစ်မိသည်။ ကျနော်က လူပျိုပါ ဟု ပြန်ပြောလိုက်မိသည်။

ဟေ့ကောင် မင်းကို မေးတာပဲဖြေ အပိုမပြောနဲ့ ဟူသော စကားသံ ခပ်ပြတ်ပြတ်နှင့် အသံကို ကြားလိုက်ရသည်။
ဟုတ်ကဲ့ ကျနော် တကောင်ကြွက်ပါ အခုထိ ကျနော် လူဆိုတာကို မမြင်ဖူးသေးပေ။

ကြာတယ် ကားပေါ်တက်ကွာ ဟူသော အသံကို ကြားရပြန်သည်။ ကျနော် ကြောက်လန့်သွားလေသည်။ ဒီအတိုင်းဆို ဒုက္ခ။ ဟေ့ကောင် ကား
ပေါ်တက်လို့ ပြောနေတယ်
ဟု အော်ဟစ်သံကို ကြားရလေသည်။ ကျနော်လဲ ကြောက်လန့်လန့်နှင့် ကားပေါ်တက်လိုက်မိသည်။ ကားသည် အရှိန်ထိုး မောင်းသွားလေသည်။

ကျနော်ကို ဘယ်ခေါ်သွားမလို့လဲခင်ဗျာ ကားပေါ်တွင် ကျနော်မေးမိသည်။ ကားထဲမှ အဖြေသံကိုက မကြားရချေ။ ကျနော် နောက်တခါ ထပ်မေးသည် ပြန်ပြောသံလဲ မကြားရချေ။ ကျနော်အပေါက်သေးသေးလေးမှ နေ၍ ကားခေါင်းခန်းကို ချောင်းကြည့်လိုက်မိသည်။ သေပြီဆရာ ကားခေါင်းခန်းတွင် ကားမောင်းမဲ့သူ တဦးတယောက်မှ မပါပေ။ ကျနော် ထိတ်လန့်နေစဉ် အချိန်အတွင်းမှာပင် ရောက်ပြီ ဆင်းဆိုတဲ့ စကားတခု ကြားလိုက်ရသည်။ ကျနော် ကြောက်ကြောက်လန့်လန့်နှင့် ကားအောက်ကို ဆင်းလိုက်သည်။ ကျနော့်ရှေ့တွင် မီးရောင်စုံ ထိန်လင်းနေသော အိမ်ကြီးတခုကို တွေ့ရသည်။ ဒါ ကျနော်အိမ်ပဲ ဟုတ်သည် ဒါကျနော်အိမ် ဒါဆို သူတို့သည် ကျနော်ကို လိုက်ပို့ပေးသည်ပေါ့။ ကျေးဇူးတင်ရအောင် နောက်လှည့်ကြည့်လိုက်တုန်းခဏ ပတ္တာရောင် ကားလေးသည် လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားလေသတည်း။။။။။။။။။။။။

ဝန်ခံချက်။ ။ ခေတ်မီတိုးတက်နေသော ခေတ်ကြီးတွင် လူဘ၀တွင် စက်ရုပ်များသည်ပင် တထောင့်တနေရာမှ ပါဝင်လာကြပါသည်။ ခေတ်လွန်ဇာတ်ညွန်းလေးတခုကို ခံစားရေးဖွဲ့ကြည့်မိပါသည်။

စာကြွင်း ။ ။ ကျနော်မှားယွင်းမူကြောင့် စာရေးဆရာနာမည် မတင်လိုက်မိတာပါ။ ထောက်ပြပေးသော ကိုရှမ်းလေးကို အထူးကျေးဇူးတင်ပါတယ်။

ကြာတယ် ကားပေါ်တက်ကွာ ဟူသော အသံကို ကြားရပြန်သည်။ ကျနော် ကြောက်လန့်သွားလေသည်။ ဒီအတိုင်းဆို ဒုက္ခ။ ဟေ့ကောင် ကားပေါ်တက်လို့ ပြောနေတယ် ဟု အော်ဟစ်သံကို ကြားရလေသည်။ ကျနော်လဲ ကြောက်လန့်လန့်နှင့် ကားပေါ်တက်လိုက်မိသည်။ ကားသည် အရှိန်ထိုး မောင်းသွားလေသည်။

ကျနော်ကို ဘယ်ခေါ်သွားမလို့လဲခင်ဗျာ ကားပေါ်တွင် ကျနော်မေးမိသည်။ ကားထဲမှ အဖြေသံကိုက မကြားရချေ။ ကျနော် နောက်တခါ ထပ်မေးသည် ပြန်ပြောသံလဲ မကြားရချေ။ ကျနော်အပေါက်သေးသေးလေးမှ နေ၍ ကားခေါင်းခန်းကို ချောင်းကြည့်လိုက်မိသည်။ သေပြီဆရာ ကားခေါင်းခန်းတွင် ကားမောင်းမဲ့သူ တဦးတယောက်မှ မပါပေ။ ကျနော် ထိတ်လန့်နေစဉ် အချိန်အတွင်းမှာပင် ရောက်ပြီ ဆင်းဆိုတဲ့ စကားတခု ကြားလိုက်ရသည်။ ကျနော် ကြောက်ကြောက်လန့်လန့်နှင့် ကားအောက်ကို ဆင်းလိုက်သည်။ ကျနော့်ရှေ့တွင် မီးရောင်စုံ ထိန်လင်းနေသော အိမ်ကြီးတခုကို တွေ့ရသည်။ ဒါ ကျနော်အိမ်ပဲ ဟုတ်သည် ဒါကျနော်အိမ် ဒါဆို သူတို့သည် ကျနော်ကို လိုက်ပို့ပေးသည်ပေါ့။ ကျေးဇူးတင်ရအောင် နောက်လှည့်ကြည့်လိုက်တုန်းခဏ ပတ္တာရောင် ကားလေးသည် လေကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် မောင်းထွက်သွားလေသတည်း။။။။။။။။။။။။

ဝန်ခံချက်။ ။ ခေတ်မီတိုးတက်နေသော ခေတ်ကြီးတွင် လူဘ၀တွင် စက်ရုပ်များသည်ပင် တထောင့်တနေရာမှ ပါဝင်လာကြပါသည်။ ခေတ်လွန်ဇာတ်ညွန်းလေးတခုကို ခံစားရေးဖွဲ့ကြည့်မိပါသည်။

စာကြွင်း ။ ။ ကျနော်မှားယွင်းမူကြောင့် စာရေးဆရာနာမည် မတင်လိုက်မိတာပါ။ ထောက်ပြပေးသော ကိုရှမ်းလေးကို အထူးကျေးဇူးတင်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

Read More

နေကာမျက်မှန်တလက်

မျက်လုံးများသည် အသဲနှလုံး၏ ပြတင်းပေါက်များဟုဆိုလျှင် နေကာမျက်မှန်များသည် ထိုပြတင်းပေါက်များကိုပိတ်ထားသည် အတားအဆီး ပြတင်းတံခါးများနှင့်တူပေမည်။ လူသတ္တ၀ါများသည် တဦးနှင်တဦး မျက်လုံးချင်းက တူညီကြပေမည်မဟုတ်ပေ။ မျက်လုံးများသည် အတွင်းစိတ်အာရုံကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်ဟု ကြားဖူးပေသည်။ ဒါဆို မျက်လုံးများကို နေကာမျက်မှန် မည်းမည်းနှင့် ဖုံးကွယ်ထားလျှင် မိမိ၏စိတ်အာရုံခံစားမူကို တဖက်လူ မရိပ်မစားမိအောင် အတော်အသင့် သိုဝှက်ထားနိုင်ပေလိမ့်မည်။ ဒါဆို ကျနော်လဲ နေကာမျက်မှန် တခုတော့ လိုအပ်နေပြီ

နေကာမျက်မှန်ကို ဘယ်နေရာတွေမှာ အတွေ့များရသလဲ ပြန်သုံးသပ်ကြည့်တော့ ရုံးခန်း၊ စားသောက်ဆိုင်၊ ပင်လယ်ကမ်းစပ်တွေမှာ အတွေ့များပေသည်။ နေကာမျက်မှန်တလက် အတွက်သုံးစွဲရသည့် ဈေးနှုန်းက သူတို့ အတွက် တန်ဖိုးမနည်းလှသော်လည်း အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမည်။ ပင်လယ်ကမ်းခြေမှာ ဇနီးဖြစ်သူကို ဘေးမှာထား၍ နေပူစာ လှုံနေသော တခြားမိန်းကလေးများစွာကို ဇနီးမသိအောင် နေကာမျက်မှန်အောက်မှ ကြည့်လို့ ရပေသည်။ ရုံးခန်းများတွင် အဆင်မပြေသည့်အခါများတွင် သင့်ဒေါသများကို နေကာမျက်မှန်အောက်မှာ သိုဝှက်ထားနိုင်ပေသည်။ စိတ်လှုပ်ရှားမူကို မပေါ်လွင်စေချင်သော ကြေးစားလူသတ်သမားများကလဲ နေကာ မျက်မှန်ကို အသုံးပြုလေ့ ရှိပေသည်။

တကယ်တမ်း နေကာမျက်မှန်တလက် အသုံးဝင်ပုံကို ကန့်သတ်ပြောဆိုရန် အလွန်ပင် ခက်ခဲလှပေသည်။ သရုပ်ဆောင် မကျွမ်းကျင်သော လူတယောက်အဖို့ အမူအရာ မလုပ်တတ်သော သူ့မျက်လုံးကို ပိတ်ကားပေါ်တွင် နေကာမျက်မှန်တလက်နှင့် ဖုံးကွယ်ထားနိုင်ပါသည်။ အသုဘအခမ်းအနားများမှာတော့ မျက်ရည်ဝဲနေသော မျက်လုံးတွေကို အကောင်းစားနေကာမျက်မှန်တလက်နှင့် ဖုံကွယ်ထားနိုင်ပေသည်။ ထိုကြောင့် ပုထုဇဉ်တို့၏ ချို့ယွင်းချက်တော်တော်များများကို ဖုံးကွယ်ဟန်ဆောင်ရန် ကြိုးစားရာတွင် နေကာမျက်မှန်တလက်သည်လည်း အသုံးဝင်သော ပစ္စည်းတလက် ဖြစ်ပေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မရိုးမသားလုပ်ချင်သော အချိန်များတွင်လဲ ကျနော်တွင် နေကာမျက်မှန်တလက် ရှိပေသည်။

ထိုနေကာမျက်မှန်ကို ကျနော်မျက်လုံးတွင် တပ်ဆင်လိုက်သည်နဲ့ ကျနော်၏ရုပ်သွင်သည် အသင့်အတင့် ပြောင်းလဲသွားသလို ခံစားရပါသည်။ မြင်နေကျလောကကြီးသည် ခါတိုင်းနှင်မတူပဲ ပြောင်လဲ စိမ်းစိုနေပါသည်။ ကျတော့်ခေါင်းပေါ်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် အစိမ်းရောင် သမ်းနေသော တိမ်စိုင်တခုကို တွေ့ရပါသည်။ လယ်ကွင်းပြင်များမှာလည်း တကယ်ခြောက်သွေ့နေသောလဲ အမြင်မှာ အစိမ်းရောင်ဖက်တို့ ကူးပြောင်းကာ စိမ်းစိုနေပေသည်။ထိုအတူ ကျနော်၏အမူအကျင့်များကိုလဲ နေကာမျက်မှန်က ကောင်းစွာ ဖုံးဖိထားပေးပါတယ်။ လောကတွင် လူတွေ၏ အကုသိုလ်တော်တော်များများကို နေကာမျက်မှန်မျက်မှန်တလက်အောက်တွင် အတော်အသင့် ဖုံးဖိထားနိုင်ပေသည်။

တနေ့ ကားများရှုပ်နေသော လမ်းမကြီးးပေါ်တွင်နေကာမျက်မှန်ကို မျက်နာတွင် တပ်လျက် ကျနော်တယောက်ထဲ လမ်းလျှောက်နေခဲ့ပါတယ်။ မီးပွိုင့်တခုအရောက်ကျနော် လမ်းဖြတ်ကူးရန်နေမိသည်။ ကျနော်ရှေ့တွင် မျက်နာခြင်းဆိုင်တွင် လူတယောက် လမ်းဖြတ်ကူးရန် စောင့်နေပါတယ်။ သူကို ကျနော် သတိထားမိခြင်းမှာ သူလဲ နေကာမျက်မှန် တပ်ထားလျက်ပါ။ မီးပွိုင့်တွင် မီးစိမ်းသောအခါ ကျနော် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ လမ်းကို ဖြတ်ကူးလိုက်ချိန်
တွင် တဖက်က နေကာမျက်မှန်နဲ့ လူကလဲ လမ်းကို ဖြတ်ကူးလာနေပါတယ်။ ထိုအခိုက်မှာပင် လမ်းအချိုးတကွေ့တနေရာမှ ကားငယ်တစီးသည် ရုတ်တရက် အရှိန်ဖြင့် ထွက်လာကာ သူ့ကို ၀င်တိုက်မိလေသည်။ ထိုသူ လွင့်စဉ်သွား၏ လူတွေ ၀ိုင်းအုံလာပါတယ်။ သူနှင့်နေကာမျက်မှန် သည်လဲ တကွဲတခြားဖြစ်သွားပါတယ်။ သူခုနက တပ်ဆင်ထားသော နေကာမျက်မှန်မှာ ကားဘီးများအောက်တွင် ကြေမွ ကွဲကြေနေပါတယ်။ သူကတော့ လမ်းမပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေပေသည်။ ထိုသူအနားကို ကျနော်တိုးကပ်သွားမိသည်။

"နေကာမျက်မှန်ကြီးတပ်ပြီး ဟန်လုပ်တာကိုးဗျ၊ ကားတစီးလုံးတောင် မမြင်ဘူး"ဘေးမှ ၀ိုင်းကြည့်နေသူတဦး၏ အပြစ်တင်သံတချို့ကို ကျနော် ကြားလိုက်မိသည်။ ထိုအတောအတွင်း တယောက်သောသူ၏ အော်ပြောလိုက်သောအသံကြောင့် အပြစ်တင်နေသူတာမက ကျနော့်ကိုပါ ဆွံအတွေဝေသွားစေပါတယ်။ သေသေချာချာလဲ ကြည့်ပါဦးဗျာ ဒီလူ့မျက်လုံးနှစ်လုံးဟာ မြင်ရတာမဟုတ်ဘူး၊ အစားထိုးထည့်ထားတဲ့ ကျောက်မျက်လုံးတွေဗျ တဲ့

ဝန်ခံချက်။ ။ ကျနော် ဖတ်ဖူးခဲ့သော ၀တ္တူတိုလေး တပုဒ်ပါ။ မှတ်မိသလောက် ပြန်ရေးထားပေးတာပါ။ ပုံကိုတော့ Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

Read More

နေကာမျက်မှန်တလက်

မျက်လုံးများသည် အသဲနှလုံး၏ ပြတင်းပေါက်များဟုဆိုလျှင် နေကာမျက်မှန်များသည် ထိုပြတင်းပေါက်များကိုပိတ်ထားသည် အတားအဆီး ပြတင်းတံခါးများနှင့်တူပေမည်။ လူသတ္တ၀ါများသည် တဦးနှင်တဦး မျက်လုံးချင်းက တူညီကြပေမည်မဟုတ်ပေ။ မျက်လုံးများသည် အတွင်းစိတ်အာရုံကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်ဟု ကြားဖူးပေသည်။ ဒါဆို မျက်လုံးများကို နေကာမျက်မှန် မည်းမည်းနှင့် ဖုံးကွယ်ထားလျှင် မိမိ၏စိတ်အာရုံခံစားမူကို တဖက်လူ မရိပ်မစားမိအောင် အတော်အသင့် သိုဝှက်ထားနိုင်ပေလိမ့်မည်။ ဒါဆို ကျနော်လဲ နေကာမျက်မှန် တခုတော့ လိုအပ်နေပြီ

နေကာမျက်မှန်ကို ဘယ်နေရာတွေမှာ အတွေ့များရသလဲ ပြန်သုံးသပ်ကြည့်တော့ ရုံးခန်း၊ စားသောက်ဆိုင်၊ ပင်လယ်ကမ်းစပ်တွေမှာ အတွေ့များပေသည်။ နေကာမျက်မှန်တလက် အတွက်သုံးစွဲရသည့် ဈေးနှုန်းက သူတို့ အတွက် တန်ဖိုးမနည်းလှသော်လည်း အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမည်။ ပင်လယ်ကမ်းခြေမှာ ဇနီးဖြစ်သူကို ဘေးမှာထား၍ နေပူစာ လှုံနေသော တခြားမိန်းကလေးများစွာကို ဇနီးမသိအောင် နေကာမျက်မှန်အောက်မှ ကြည့်လို့ ရပေသည်။ ရုံးခန်းများတွင် အဆင်မပြေသည့်အခါများတွင် သင့်ဒေါသများကို နေကာမျက်မှန်အောက်မှာ သိုဝှက်ထားနိုင်ပေသည်။ စိတ်လှုပ်ရှားမူကို မပေါ်လွင်စေချင်သော ကြေးစားလူသတ်သမားများကလဲ နေကာ မျက်မှန်ကို အသုံးပြုလေ့ ရှိပေသည်။

တကယ်တမ်း နေကာမျက်မှန်တလက် အသုံးဝင်ပုံကို ကန့်သတ်ပြောဆိုရန် အလွန်ပင် ခက်ခဲလှပေသည်။ သရုပ်ဆောင် မကျွမ်းကျင်သော လူတယောက်အဖို့ အမူအရာ မလုပ်တတ်သော သူ့မျက်လုံးကို ပိတ်ကားပေါ်တွင် နေကာမျက်မှန်တလက်နှင့် ဖုံးကွယ်ထားနိုင်ပါသည်။ အသုဘအခမ်းအနားများမှာတော့ မျက်ရည်ဝဲနေသော မျက်လုံးတွေကို အကောင်းစားနေကာမျက်မှန်တလက်နှင့် ဖုံကွယ်ထားနိုင်ပေသည်။ ထိုကြောင့် ပုထုဇဉ်တို့၏ ချို့ယွင်းချက်တော်တော်များများကို ဖုံးကွယ်ဟန်ဆောင်ရန် ကြိုးစားရာတွင် နေကာမျက်မှန်တလက်သည်လည်း အသုံးဝင်သော ပစ္စည်းတလက် ဖြစ်ပေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မရိုးမသားလုပ်ချင်သော အချိန်များတွင်လဲ ကျနော်တွင် နေကာမျက်မှန်တလက် ရှိပေသည်။

ထိုနေကာမျက်မှန်ကို ကျနော်မျက်လုံးတွင် တပ်ဆင်လိုက်သည်နဲ့ ကျနော်၏ရုပ်သွင်သည် အသင့်အတင့် ပြောင်းလဲသွားသလို ခံစားရပါသည်။ မြင်နေကျလောကကြီးသည် ခါတိုင်းနှင်မတူပဲ ပြောင်လဲ စိမ်းစိုနေပါသည်။ ကျတော့်ခေါင်းပေါ်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် အစိမ်းရောင် သမ်းနေသော တိမ်စိုင်တခုကို တွေ့ရပါသည်။ လယ်ကွင်းပြင်များမှာလည်း တကယ်ခြောက်သွေ့နေသောလဲ အမြင်မှာ အစိမ်းရောင်ဖက်တို့ ကူးပြောင်းကာ စိမ်းစိုနေပေသည်။ထိုအတူ ကျနော်၏အမူအကျင့်များကိုလဲ နေကာမျက်မှန်က ကောင်းစွာ ဖုံးဖိထားပေးပါတယ်။ လောကတွင် လူတွေ၏ အကုသိုလ်တော်တော်များများကို နေကာမျက်မှန်မျက်မှန်တလက်အောက်တွင် အတော်အသင့် ဖုံးဖိထားနိုင်ပေသည်။

တနေ့ ကားများရှုပ်နေသော လမ်းမကြီးးပေါ်တွင်နေကာမျက်မှန်ကို မျက်နာတွင် တပ်လျက် ကျနော်တယောက်ထဲ လမ်းလျှောက်နေခဲ့ပါတယ်။ မီးပွိုင့်တခုအရောက်ကျနော် လမ်းဖြတ်ကူးရန်နေမိသည်။ ကျနော်ရှေ့တွင် မျက်နာခြင်းဆိုင်တွင် လူတယောက် လမ်းဖြတ်ကူးရန် စောင့်နေပါတယ်။ သူကို ကျနော် သတိထားမိခြင်းမှာ သူလဲ နေကာမျက်မှန် တပ်ထားလျက်ပါ။ မီးပွိုင့်တွင် မီးစိမ်းသောအခါ ကျနော် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ လမ်းကို ဖြတ်ကူးလိုက်ချိန်တွင် တဖက်က နေကာမျက်မှန်နဲ့ လူကလဲ လမ်းကို ဖြတ်ကူးလာနေပါတယ်။ ထိုအခိုက်မှာပင် လမ်းအချိုးတကွေ့တနေရာမှ ကားငယ်တစီးသည် ရုတ်တရက် အရှိန်ဖြင့် ထွက်လာကာ သူ့ကို ၀င်တိုက်မိလေသည်။ ထိုသူ လွင့်စဉ်သွား၏ လူတွေ ၀ိုင်းအုံလာပါတယ်။ သူနှင့်နေကာမျက်မှန် သည်လဲ တကွဲတခြားဖြစ်သွားပါတယ်။ သူခုနက တပ်ဆင်ထားသော နေကာမျက်မှန်မှာ ကားဘီးများအောက်တွင် ကြေမွ ကွဲကြေနေပါတယ်။ သူကတော့ လမ်းမပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေပေသည်။ ထိုသူအနားကို ကျနော်တိုးကပ်သွားမိသည်။

"နေကာမျက်မှန်ကြီးတပ်ပြီး ဟန်လုပ်တာကိုးဗျ၊ ကားတစီးလုံးတောင် မမြင်ဘူး"ဘေးမှ ၀ိုင်းကြည့်နေသူတဦး၏ အပြစ်တင်သံတချို့ကို ကျနော် ကြားလိုက်မိသည်။ ထိုအတောအတွင်း တယောက်သောသူ၏ အော်ပြောလိုက်သောအသံကြောင့် အပြစ်တင်နေသူတာမက ကျနော့်ကိုပါ ဆွံအတွေဝေသွားစေပါတယ်။ သေသေချာချာလဲ ကြည့်ပါဦးဗျာ ဒီလူ့မျက်လုံးနှစ်လုံးဟာ မြင်ရတာမဟုတ်ဘူး၊ အစားထိုးထည့်ထားတဲ့ ကျောက်မျက်လုံးတွေဗျ တဲ့

ဝန်ခံချက်။ ။ ကျနော် ဖတ်ဖူးခဲ့သော ၀တ္တူတိုလေး တပုဒ်ပါ။ မှတ်မိသလောက် ပြန်ရေးထားပေးတာပါ။ ပုံကိုတော့ Google က ယူထားပါတယ်။

လေးစားလျက် တောင်ပေါ်သား

Read More

ခေါင်းမရှိတဲ့ ကျနော်

မနက်ခင်း အိပ်ရာထတော့ အလန့်တကြား ကိုယ့်ခေါင်းကို ပြန်စမ်းမိသည်။ အဲသွားပြီ ငါ့ခေါင်းဘယ်ရောက်နေပါလိမ့်… မနေ့ညကတော့ ငါ့ခေါင်းရှိပါသေးတယ်။ မှန်ရှေ့သွားရပ်ကြည့်တော့လဲ သေချာပြီ ငါ့ ဦးခေါင်းပျောက်နေပြီ ဘယ်နားရောက်နေပါလိမ့်… ခေါင်းမရှိတဲ့ ကိုယ်။ ပုံမှန်အတိုင်း ခေါင်းပါနေတုန်းကတော့ အမူမဲ့အမှတ်မဲ့ သတိမထားမိခဲ့ မျက်နှာရဲ့ ကောင်းကျိုးတွေကို။ ခု ခေါင်းမရှိတော့မှ သတိထားမိသည်။ ဘယ်မှာလဲ ငါ့ မျက်လုံး၊ စက္ခုမျက်လုံး မရှိပဲနဲ့တော့ အရာအားလုံးကို မြင်နိုင်မယ်မထင်။ ခေါင်းမရှိတဲ့ကောင်ဟာ တိရစ္ဆာန်နဲ့တူတယ်တဲ့ လူများတွေ ပြောနေကြတယ်။ ငါတော့ ကိုယ့်ဟာကိုယ် တိရစ္ဆာန် အဖြစ်မခံနိုင် ဦးခေါင်းရှာပုံတော် ဖွင့်ရပေဦးမည်။ အ၀တ်အစားလဲပြီး အိမ်ပြင်ထွက်ဖို့ ပြင်သည်။ မနက်စာလုပ်နေသော အမေ့၏ အသံကိုကြားမိသည်။ ဟဲ့သား မနက်စောစော ဘယ်သွားမလို့တုန်းအမေ့ကိုမကြည့်ပဲ ကျနော့်ခေါင်းပျောက်နေလို့ ခေါင်းသွားရှာဦးမယ် အမေ ဟု အော်ကာ ထွက်လာမိသည်။

သောက်နေကျ လမ်းဘေး လက်ဖက်ရည်ဆိုင်လေးကို ရောက်တော့ ဆိုင်ရှင်ကို လှမ်းမေးလိုက်တယ်။ ကျနော့် ဦးခေါင်းပျောက်နေလို့ဗျာ တွေ့မိသေးသလား.. ဆိုင်ရှင်က ကျနော့်ကို ပြောသည်။ မင်းရူးများနေသလား မင်းခေါင်းက မင်းနားမှာ ရှိတယ်လေတဲ့ ကျနော်မယုံပါ ကျနော် အသိမှာ ကျနော့်ခေါင်းတခုလုံး ပျောက်နေတယ်လို့ထင်နေမိသည်။ ဆိုက်ကားဆရာ တယောက် ဖြတ်လာတော့ မေးမိပြန်သည်။ ကျနော် ဦးခေါင်းပျောက်နေလို့ တွေ့မိလားဗျာ….. နင်းနေသော ခြေနင်းကို ခဏရပ်ပြီး ဆိုက်ကားဆရာ ကျနော်ကို သနားစဖွယ် အကြည့်နဲ့ ပြန်ပြောသည်။ မင်းခေါင်းက မင်းကိုယ်ပေါ်မှာလေး ညီရ တဲ့ ဒါလဲ ကျနော်မယုံချင် ကျနော်သိနေတယ် ကျနော်ခေါင်းမရှိဘူး…. ဒါကို ကျနော်ပဲ သိတယ် ဘာလို့သူတို့ မမြင်ရတာလဲ…….

စိတ်ညစ်ညစ်နဲ့ လမ်းဘေးကွမ်းယာဆိုင်နားမှာ ထိုင်နေသော ကျနော် သူငယ်ချင်းတဖွဲ့ကို တွေ့ပြန်သည်။ မေးကြည့်ဦးမှ မင်းတို့ငါ့ခေါင်းကို တွေ့မိသလားကွာ… သူငယ်ချင်းတွေ အားလုံး ကျနော်ကို ၀ိုင်းကြည့်ပြီး ဟားတိုက်ရယ်မောနေတယ်။ တယောက်က လှမ်းပြောသည် မင်းခေါင်းက လမ်းလျှောက်ပြီး ထွက်သွားနေမှာပေါ့တဲ့ ဟုတ်မလားလို့ ကျနော်စဉ်းစားမိပြန်သည်။ မဖြစ်နိုင် ကျနော့်ခေါင်းက လမ်းလျှောက်ထွက်ရအောင် ခြေထောက် လက်တွေက မရှိတာသေချာသည်။ ခုကြည့် ကျနော်မှာ ခြေထောက်လက်တွေ ရှိနေသေးတာပဲ။ ဒါတော့ မဖြစ်နိုင်။

နောက်တယောက်က ပြောပြန်သည်။ မင်းခေါင်းလို ၀ိုင်းဝိုင်းတခုကို ခုနက ဖရဲသီးတွေရောင်းတဲ့ တွန်းလှည်းပေါ်မှာတွေ့လိုက်တယ်တဲ့ အင်း စဉ်းစားမိပြန်သည် ဒီတခါ ဖြစ်နိုင်သည်။ ဖရဲသီးသည်နောက် ပြေးလိုက်သွားမိပြန်သည်။ ကျနော်ခေါင်းကို ဖရဲသီးတွေကြားလိုက်ရှာမိသည်။ မတွေ့ ကျနော့်ခေါင်းက ဖရဲသီးများဖြစ်သွားပါလား.. ဒါဆို သွားပြီး ဖရဲသီးကို ခေါင်းလုပ်ရင် ဘယ်ဟာက မျက်စိ ဘယ်ဟာက နှာခေါင်း၊ ပါးစပ် လုပ်ရမလဲ တခုလုံးက မျက်နှာပြင်က အတူတူ သေချာတယ် ဒါဆို ဖရဲသီးများသည် ကျနော် ခေါင်းမဟုတ်ပြန်ပေ………..

ဒါဆို ဒါဆို သေချာစဉ်းစားသည်။ ဟုတ်ပြီ မြို့ထဲက တနေရာမှာများ ပြုတ်ကျန်ခဲ့သလား.. မြို့ထဲသွားဖို့ လိုင်းကားတိုးစီးဖို့ စောင့်နေတုန်း စပါယ်ရာ တယောက်ရဲ့ အော်သံ ကြားရသည်။ “လာထား လာထား ချောင်တယ် ခေါင်းတလုံး ကိုယ်တခုမှ ၅၀ ကျပ်“တဲ့ အင်း စပါယ

ဒါဆို ဒါဆို သေချာစဉ်းစားသည်။ ဟုတ်ပြီ မြို့ထဲက တနေရာမှာများ ပြုတ်ကျန်ခဲ့သလား.. မြို့ထဲသွားဖို့ လိုင်းကားတိုးစီးဖို့ စောင့်နေတုန်း စပါယ်ရာ တယောက်ရဲ့ အော်သံ ကြားရသည်။ “လာထား လာထား ချောင်တယ် ခေါင်းတလုံး ကိုယ်တခုမှ ၅၀ ကျပ်“တဲ့ အင်း စပါယ်ရာကို လှမ်းပြောမိသည်။ ကျနော်မှာ ခေါင်းမပါဘူး ၂၅ ကျပ်ရမလားလို့ စပါယ်ရာက ပေါတောတော လူတယောက်လို့ ကျနော်ကိုပြန်ကြည့်ပြီး ဟေ့လူ ခင်ဗျားလူလည်လုပ်မနေနဲ့ ပိုက်ဆံ ၅၀ မပါရင် အလကားတောင်းစီးသွား ရူးပေါပေါနဲ့တဲ့ အမှန်တကယ် ကျနော်က ခေါင်းမရှိလို့ ၂၅ ကျပ်ပြောတာကို သူက တမျိုးထင်နေသည်။ ဒီလိုနဲ့ ကျနော် မြို့ထဲ ရောက်လာခဲ့သည်။ သွားဖူးသောနေရာတွေ သွားနေကြနေရာတွေ ဆိုင်တွေ လိုက်ရှာသည် မတွေ့ ကျနော်ခေါင်းကို လုံးဝ မတွေ့ ကျနော် ပြန်စဉ်းစားသည် ကျနော်မှာ ခေါင်းမရှိတာလား ပျောက်နေတာလား စဉ်းစားလို့လဲမရပေ………….

စိတ်ညစ်ညစ်နဲ့ ခေါင်းရှာပုံတော် ဖွင့်တာ နေ့လည်တောင် ရောက်နေပြီ။ ဗိုက်ကလဲ တကွီကွီနဲ့ မြည်နေသည်။ လာရာလှမ်းအတိုင်း ပြန်လာခဲ့တယ်။ အိမ်အပြန် လမ်းတလျှောက်လုံး ကျနော်စဉ်းစားသည်။ ငါ့မှာ ခေါင်းမပါတာလား မရှိတာလား စဉ်းစားလို့အဖြေမရခဲ့ပေ…. ဒီလိုနဲ့ အိမ်ရှေ့ရောက် တံခါးဖွင့်ဝင်တော့ အိမ်နောက်ဖေး မီးဖိုချောင်မှ အမေ့အသံကိုကြားလိုက်ရသည်။ ကျနော်ဘာမှ စဉ်းစားမနေတော့ အလွန်ပျော်သွားပြီး ထခုန်မိသည်။ အမေ့အော်သံက “ဟဲ့သား မင်းအပြင်သွားတာ ဦးထုပ်လဲ မယူသွားဘူး နေက အရမ်းပူနေတာတဲ့ မင်းမေ့သွားတာလားတဲ့“ သေချာပြီ ကျနော်မှာ ဦးခေါင်းရှိသေးတယ် ဦးထုပ်သည် ဦးခေါင်းပေါ်မှာ ဆောင်းရမှန်းကျနော်သိတယ်။ ကျနော် ဘာမှ မစဉ်းစားတော့ပဲ အမေချက်သည့ ငါးဟင်းနဲ့ ထမင်းကို မြိန်ရေယှက်ရေ စားနေမိတော့သည်။ နောက်တခါ ကျနော့်မှာ ဦးခေါင်းမရှိဘူးဟု ကျနော်ဘယ်တော့မှ မစဉ်းစားတော့ပါ။ ကျနော်မှာ ခေါင်းရှိကြောင်းကျနော်သိသွားပြီ။ တိတ်တိတ်လေး ဦးနှောက်ကတွေးမိသည် အားလုံးလဲ ကျနော်လို ခေါင်းမရှိတဲ့လူ မဖြစ်ပါစေနဲ့လို့ ဆုတောင်းမိရင်း……………… လူကြီးများပြောတာကို ကျနော်ပြန်ကြားယောင်နေသည် ခေါင်းမရှိသူသည် အဟိတ်တိရစ္ဆာန်တဲ့............

ဝန်ခံချက်။ ။ကျနော်ဖတ်ဖူးသော စာအုပ်တအုပ်ထဲမှာ ကျောရိုးကို မှီငြမ်းပါကြောင်း……… စာရေးဆရာ၊ခေါင်းစဉ်နာမည် မမှတ်မိသောကြောင့် မဖော်ပြလိုက်နိုင်ပါ။ အဆင်ပြေရင်တော့ ပြန်လည် ရှာဖွေပြီး ဖော်ပြပေးပါ့မယ်။

လေးစားလျက် တောင်ပေါ်သား

Read More

ညမီးကျီး အပိုင်း (၂)

ပို၍အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။ အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစား နှစ်ခုကွဲပြား၏။ တစ်ခုက “စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက်မီးပုံးပျံအမျိုးအစား။ နောက်တစ်ခုက “ညမီးကျီး”ဟုခေါ်သော မီးရှုးမီးပန်းဖောက်သည့် အမျိုးအစား။ စော၏ ယခုနှစ်ညသုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရပြောလျှင်
“ညမီးကျီး”မီးပုံးပျံက ပို၍စိတ်လှုပ်ရှားစရာကောင်းသည်။ သူကကောင်းကင်အမြင့်သို့ရောက်သောအခါ တစ်ဆင့်ပြီးတစ်ဆင့် အမျိုးအစားကွဲပြားစွာ လှပစွာပေါက်ကွဲပြလေသည်။ ဘေးပတ်ဝန်းကျင်လေထုထဲ အမှောင်ထုထဲသို့ တည့်တည့် ထိုးဖောက်ဖြာထွက်သော မီးရှူးမီးပန်းများကတစ်ဆင့် ထို့နောက်ငါးကလေးတွေ ရေမှာကူးလွန့်ကူခတ်သလို လှစ်ခနဲလှစ်ခနဲဖြာထွက်သော မီးရှူးများကဆင့်၊ထို့နောက် ခိုကလေးများ ပျံသန်းသွားသလို မီးရှူးမီးပန်းကလေးများ လေမှာဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော ပေါက်ကွဲမှု အမျိုးအစားကလေးများက
တစ်ဆင့်၊ ကောင်းကင်သို့ တောက်ပသောမီးပုံးပျံကြီးတက်နေသည့်အချိန်အတွင်း နောက်ထပ်ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သောမီးရှူးမီးပန်းလှလှများ၏ ပုံစံအမျိုးအမျိုး၊ လှပဆန်းကြယ်မှုအမျိုးမျိုးကို စုစည်းရောနှောကာ
မြင်ရကြည့်ရသည်မို့ ပြည့်စုံစွာ စိတ်လှုပ်ရှားစေတတ်သည်။အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျလှပစွာ ပေါက်ကွဲအောင်တွက်ချက်ပြီး တပ်ဆင်ရသည့်အတက်ပညာကလည်းတော်တော်ချီးကျူးဖို့ကောင်းပါသည်။

Photobucket

“လေကြောင်းပြောင်းသွားပါတယ်ခင်ဗျား၊ ပရိသတ်များ သတိထားကြပါ၊ မီးပုံးပျံရဲ့အောက် တည့်တည့်မှာမနေကြပါနဲ့ခင်ဗျား”
မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့်စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွင်လေသည်။

“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ခင်ဗျား၊လွတ်ရာသို့ ရွှေ့ပေးကြပါခင်ဗျား”

မီးပုံးပျံကြီးဆီသို့ အုန်းခနဲ ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ဝေါခနဲအောင်ဟစ်သံများ ကြားရသည်။ စော၏ဘေးနားကလူတွေအထိတ်တလန့်ပြေးရာ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီးရွေ့သွားသည်။

“စော . . .”

သူ့အသံသည် အထိတ်တလန့် အော်ဟစ်သော လူအုပ်အသံနှင့် ရောထွေးသွား၏။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညာသောမြေပြင်မဟုတ်။ အနည်းငယ်စောင်းနိမ့်သွားသော ဆင်ခြေလျှောမြေပြင်ဖြစ်သည်။ ထို့ကြောင့်ပြေးလွှားရင်းမှ အရှိန်အထိန်းနိုင်ဘဲ စောတစ်ချက်ခြေခေါက်ကာလဲကျသွားသည်။ လူတွေသည် စော၏ခြေတွေ လက်တွေကို
အမှုမဲ့အမှတ်မဲ့ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှုပေါင်းစပ်ကာလဲရာမှ ဇွတ်ထထိုင်ဖို့ကြိုးစားဆဲ လက်တစ်ဖက်က စော၏ပခုံးမှ ဆွဲညှစ်ကာထူမပေးလိုက်သည်။

“ကျေးဇူး”

ကျေးဇူးတင်စကားဆိုဖို့ အာရုံသိစိတ်ဖြင့် စကားစလိုက်ပေမယ့် ထိုသူက စောကိုလက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီးအကာအကွယ်ပေးလိုက်သဖြင့် စကားစပြတ်သွားသည်။ ရုပ်ရုပ်သဲသဲလူအုပ်ကို
ရှောင်ရင်း၊ မတ်တတ်ရပ်အတွန်းခံရင်း အမှောင်တစ်ဝက် အလင်းတစ်ဝက်အောက်မှာ မြင်လိုက်ရသော မျက်နှာကတော့ မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏မျက်နှာပဲ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ်းလား။ တောင်ပေါ်တိုင်းရင်းသားလူမျိုးမှန်းတော့ သိသည်။

“ကျေးဇူးတင်ပါတယ်”

ထိုစကားကို သူကြားပုံမရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်းဆွဲဆုပ်ထားမိ
Read More

ညမီးကျီး အပိုင်း (၁)

ဘာလိုလိုနဲ့ ကျနော်မြို့လေးရဲ့ အမှတ်အသားလေးဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်တောင် ရောက်တော့မယ်ဗျာ.. ဒီတစ်နှစ်လည်း မပြန်ဖြစ်တော့ဘူးနဲ့တူပါတယ်.. အလုပ်တွေကများ၊ စိတ်တွေကရှုပ်နဲ့ အားလပ်ချိန်လေးရတော့လည်း မြန်မာပြည်ကိုလွမ်းတဲ့ စိတ်လေးကြောင့် မြန်မာ Site၊ Blog တွေ လည်နဲ့ အချိန်ကုန်သွားပါတယ်.. ဒီနေ့ ကျနော် မြန်မာ e-book ကိုသွားမွှေလိုက်တာ ကျနော်ရဲ့ မြို့လေးအကြောင်းပါတယ် စာရေးဆရာမ ဂျူးရဲ့ "ညမီးကျီး" ဆိုတဲ့ စာအုပ်လေးကို တွေ့လိုက်တော့ အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ်..

ညမီးကျီး

Photobucket

အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့်အော်၍ သတိပေးကြော်ငြာလိုက်၏။

“အခုတစ်ခါယှဉ်ပြိုင်ဖို့အလှည့် ကျတာကတော့ ရွှေအင်သားအဖွဲ့ရဲ့
ညမီးကျီးဖြစ်ပါတယ်” ။
လက်ခုပ်သံများ လက်ခေါက်မှတ်သံများကိုကြားလိုက်ရသည်။(ရွှေအင်းသား}အဖွဲ့ကို အားပေးသူများလည်းပါမည်။
ညမီးကျီးဟူသောအမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်းပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုးစည်ကားကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်းစူးရှသိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင်ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စော ကမှတ်ချက်ချမိသည်။ စောအနီးမှာရပ်နေသော စောယောင်္ကျားသည်
မီးပုံးပျံများစောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံမရ။၁၅မီနစ်တခါလောက် လက်ပတ်နာရီကို ကြည့်နေ၏။

"အမြင့်ပေ၆၀၊ထိပ်ဝအကျယ်၂၅ပေရှိပါတယ်၊ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန် ကတော့ ပိသာ၄၀တိတိဖြစ်ပါတယ်” ။

ပရိသတ်က ဝေါခနဲအာမေဍိတ်သံပြုလိုက်ကြသည်။ယမ်းပိသာချိန်များသည့်အခါ ထိုမီးပုံးပျံကြီးကောင်းကင်မရောက်မီပေါက်ကွဲခဲ့သော် ရရှိလာမည့်အန္တရာယ်သည်တော်တော်ကြီးမားမည်ဖြစ်သည်။

”ကုန်ကျစရိတ် စုစုပေါင်းကျပ် နှစ်သိန်းတိတိဖြစ်ပါတယ်ခင်ဗျား”

အဲဒီကုန်ကျစရိတ်ကျပ်နှစ်သိန်းရှိပြီးယမ်းပိသာချိန်၄၀ရှိသောမီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။

မီးပုံးပျံကြီးကိုမှိုင်းဝအောင်မီးရှို့မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖျော်ဖြေရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည်ဗုံမောင်းများတီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။ စောသည် ပျော်ရွှင်စွာတီးမှုတ်နေသူများ၊မှိုင်းတိုက်နေသူများ၊အလုပ်ရှုပ်စွာတ က်ကြွနေကြသူများကိုခြေဖျားထောက်ကာ လူအုပ်နောက်မှကြည့်ရင်း အံ့သြနေသည်။
သြော် . . . ငွေနှစ်သိန်းကို လှလှပပမီးရှို့ပြဖို့ လူအင်အားတွေ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ။ သူတို့ဘာအတွက်လုပ်နေကြတာလဲ။ အနုပည်အတွက်သက်သက်ပဲလား။ သူတို့အတ္တ…၊ သူတို့ဂုဏ်သိက္ခာအတွက်လည်းပါမှာပေါ့လေ။

“စော ပြန်ကြဖို့ကောင်းပြီးထင်တယ်၊နှစ်နာရီထိုးနေပြီ”
“ ခဏလေး၊ဒီတစ်လုံးကြည့်ပြီးရင် ပြန်မယ်”
သူ့ကို"မောင်”ဟူသော အသုံးအနှုန်းဖြင့်ဆက်ဆံလို့မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်းမမှိတ်မိတော့ချေ။ သူ့အတွက် စော သည် လူသားတစ်ယောက်မဟုတ်တော့ဘဲ
ဇနီးအဖြစ်တီထွင်ခံထားရသည့် စက်ရုပ်တစ်ခုသာဖြစ်တော့သည်။ တစ်ခါတုန်းက အဲသည့်စက်ရုပ်သည် ချစ်မြတ်နိုးတက် ကြင်နာတက်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။ ညသန်းခေါင်ကျော်ကာလ၊အမှောင်ထု သိပ်သည်းနေဆဲအချိန်မှာ စောသည် သူမယောင်္ကျားအား စေ့စေ့စပ်စပ် မော့်ကြည့်လိုက်မိသည်။ စော သူ့ကိုဘာတွေချစ်မိခဲ့တာလဲ။ သူမျက်နှာမှာ၊သူ့ဟန်အမူအရာမှာ စောချစ်ချင်စရာ ဘာမှကိုရှာမတွေ့ချေ။ စောကိုယ့်ကိုယ်ကို သဘောကျစွာ
အသံထွက် ရယ်လိုက်မ

ထိုစကားကို သူကြားပုံမရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်းဆွဲဆုပ်ထားမိနေသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ သူ့အာရုံသည် တစ်ဖက်မှာ ပေါက်ကွဲပျက်စီးကာ မီးလောင်နေပြီဖြစ်သော မီးပုံပျံကြီးထံ ရောက်နေသည်။ မြေပြင်အထက် ပေ၁၀၀၊၂၀၀မှာပေါက်ကွဲပျက်စီးခြင်းဖြစ် မီးတောက်မီးလျှံများ နေရာအနှံမှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာမရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်နေကြပြီ။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံများ မွှန်ထူနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့်မှောင်နေ၏။ နောက်ထပ် ကြီးမားသောပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီလွင့်စဉ်လာနိုင်ဖွယ်မရှိသော မီးစ၊ယမ်းစများကိုကာကွယ်ဟန်ဖြင့် လက်များကို မျက်နှာရှေ့ အမှတ်တမဲ့ ကာလိုက်လေသည်။ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။

“သွားပြီကွာ”

လူငယ်သည် ရွှေအင်းသားအဖွဲ့ထဲမှ ဟုတ်ဟန်မတူပါ။ သို့သော် မီးပုံးပျံကြီးပေါက်ကွဲပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ဖြစ်သည်။

“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင်တက်သွားလို့ကတော့ ကြည့်လို့ကောင်းလိုက်မယ့်မြင်ကွင်း”

စော၏အနီးမှ အားရပါးရ ညည်းညူလိုက်သံတစ်ခုကိုလည်းကြားလိုက်ရသည်။ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ လွတ်ကင်းခဲ့ပြီ။စိတ်ဆင်းရဲမှု၊ နှမြောတသမှု၊အားမလို အားမရဖြစ်မှုတို့နှင့်မီးပုံးပျံကြီးအား တဖွဖွ တသနေကြသည်။ ကံအားလျော်စွာ ပေါက်ကွဲမှုသည်ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့် ပရိသတ်ထဲမှအသေအပျောက်လုံးဝမရှိခဲ့ဘဲ မီးဟတ်သူ၊ဒဏ်ရာရသူ အနည်းငယ်မျှသာ ရှိခဲ့သည်။

“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှတက်နိုင်မှာပေါ့၊ အောင်မြင်မှုဆိုတာ ဒီလိုပါဘဲ၊မျှော်လင့်တိုင်းမရကြပါဘူး”

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို အားပေးနေသံကြားရသည်။သို့သော် ပွဲကြည့်စင်အခြေမှာတော့ အသံထွက် ငိုကြွေးနေသူတစ်ယောက်ရှိသည်။

“ဆယ့်ငါးရက်လုံးလုံးပါပဲ၊ ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”

ငိုကြွေးနေသည့် လူငယ်လေးဘေးမှာ ခြေပစ်လက်ပစ်ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။

“တခါတလေ ဒီလိုပါပဲ ငါ့ညီရာ၊စိတ်ကိုဖြေပါ”

ယောင်္ကျားခပ်လတ်လတ်တစ်ယောက်က ငိုနေသောလူငယ်၏ ပခုံးကို ပုတ်သည်။

“တခါတလေ . . . ဟုတ်လား၊တနှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ
ဘယ်နေရာမှ မပါခဲ့ဘူး”

“တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”

မကျေမနပ်ရေရွတ်သံကို ကြားရသည်။စော သူ့ကို သွားဖျောင်းဖျချင်စိတ် ပေါ်နေ၏။ချာတိတ်ရယ်၊ တစ်နှစ်မှာ တစ်ခါသာဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါဆိုတဲ့ မျှော်လင့်မှုအောက်မှာဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်၊ နောက်နှစ်ဆိုတာရှိပါသေးတယ်၊အေးလေ . . . နောက်နှစ်အထိ အခြေအနေ ပေးလားခဲ့သေးရင်ပေါ့။ စော သူ့ကို ငေးစိုက်ကြည့်နေမိသည်။မျှောင်လင့်ချက်တွေ ပြိုကွဲပျက်စီးသွားသူတစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေ အပြည့်ပါ၏

“စော”

သူမယောင်္ကျား၏အသံ။ သူမလှည့်ကြည့်လိုက်သောအခါ လူတွေကြားမှာ တိုးဝှေ့လာနေသောသူမယောင်္ကျားကို တွေ့လိုက်ရသည်။

“ရှာလိုက်ရတာ စောရယ်” သူအနီးရောက်လာပြီး စော၏လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့ချင်းကွဲသွားရင် ဘယ့်နှယ့်လုပ်မလဲ၊မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”
“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”
“မင်းကို ပြောလိုက်ရင် အဲဒီအတိုင်းချည်းပဲ၊ လာ ပြန်ကြစို့၊ အေးလဲအေးလှပြီ၊ ခုဟာက ကံကောင်းလို့မသေတာ”
ထို့နောက် သူသည် အငိုတိတ်စပြုနေပြီဖြစ်သော၊ အံတင်းတင်းကြိတ်ထားသော
ရွှေအင်းသားလူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောင်္ကျားတစ်ယောက်၏အငိုမျက်နှာကို သူ မကြည့်ချင် မမြင်ချင်သလိုပင် မျက်နှာလွှဲလိုက်သည်။
“သနားပါတယ်နော်”
စော သူနှင့်အတူလိုက်လာရင်း ရေရွှတ်မိတော့ သူက စောအား လိုက်လျောဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်သည်။
“အေးလေ . . . နှစ်သိန်းကြီးများတောင်”
စော သူ့ကို ဖျတ်ခနဲ မော့ကြည့်မိ၏။ ဒီဆုံးရှုံးမှုမှာ ငွေနှစ်သိန်းဟာ အဓိကမကျဘူး။ သို့သော် ခံစားချက်ကို သူ နားလည်မည့်ပုံမပေ ဖြင့် စော တိတ်တိတ်ပဲ နေလိုက်သည်။
“မအေးဘူးလား စော”
“အင်း . . . အခုမှ အေးမှန်းသိတော့တယ်”
“ကိုယ့်တော့ ခိုက်ခိုက်တုန်နေပြီ”
မနက်ဖြန် စောတို့ပြန်ကြတော့မည်။ ငါးရက်ကြာ ခွဲခွာထားခဲ့ရသောသမီးလေးဆီပြန်ကြတော့မည်။ သမီးလေအတွက် တိုင်းရင်းသားဝတ်စုံလေးတစ်ခုလက်ဆောင်ပါလာသည်။ သူမစိတ်မှတ်မထင် ပြုံးမိသွား၏။
“အခုဆက်လက်ပြိုင်ပွဲဝင်မယ့်အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ဖြစ်ပါတယ်၊ ဖိုးသာထူးအဖွဲ့ကလွှတ်တင်မယ့် မီးပုံးပျံအမျိုးအစားဟာလဲ ညမီးကျီး ပဲဖြစ်ပါတယ်”
သြော် . . . အခုဟာ ရိုးရိုးမီးပုံပျံလွှတ်နေတာမဟုတ်။ပြိုင်ပွဲလုပ်နေတာပါလားဟု
သတိရသွား၏။ ရွှေအင်းသားအဖွဲ့၏ ဆုံးရှုံးမှုများမှာ ထင်တာထက် ပိုကြီးမားပါလိမ့်မည်။အချိန်ကာလ၊ငွေကြေး၊ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်ခံရမှုနာမည်၊စိုက်ထုတ်လိုက်ရသည့် ခွန်အား၊အားလုံးထက် ပို၍ဆုံးရှုံးလိုက်ရသောအရာမှာ မျှော်လင့်ချက်ဖြစ်ပါလိမ့်မည်။
“ကိုယ်နားမလည်တာက ဒီငွေတွေကို မီးပုံးပျံလုပ်ပြီးမီးရှို့ပွဲကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာရှိသေးလဲ၊ ကောင်းကင်အမြင့်ကျမှပဲ ပေါက်ကွဲကွဲ၊ မြေပြင်နီးနီးပဲ ပေါက်ကွဲကွဲ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ၊ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အသက်အန္တရာယ်မရှိရင်
ပြီးတာပဲမဟုတ်လား”
“ထူးခြားတာပေါ့”
“ဘာထူးခြားတာလဲ”
ဘုရားစောင်းတန်းရှိရာသို့လျှောက်လာရင်း စောသည် မီးပုံးပျံကွင်းပြင်ဆီသို့ တစ်ချက်ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက်ပို၍ ရှင်းပြပေးနိုင်ကောင်းပေးနိုင်လိမ့်မည်။
“မီးပုံးပျံလွှတ်တယ်ဆိုကတည်းက တစ်ချန်မှာတော့ ဆုံးရှုံးပျက်စီးမှာဆိုတာမှန်ပါရဲ့။ အခုလိုညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှုပိုတယ်၊ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့ တစ်ခုပဲ၊ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလိုလှလှပပတစ်မျိုးပြီးတစ်မျိုးပေါက်ကွဲဖို့က နောက်တစ်ဆင့်၊ အခုလို ဘာမှမရလိုက်ဘဲ အလဲလဲအကွဲကွဲ ပျက်စီးဆုံးရှုံးသွားရတာက ရင်နာစရာကြီးပါ၊ ဘယ်သူမဆိုလေ ဂုဏ်သိက္ခာရှိရှိ လှလှပပလေး ပေါက်ကွဲအဆုံးသတ်သွားချင်တာချည်းပါပဲ”
စော၏ စကားကို သူသိပ်နားလည်ပုံမပေါ်ပါ။ စော ညံ့တာပဲဖြစ်ပါလိမ့်မည်။
“ကျွန်မလဲ ဘ၀နဲ့ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်တလန့် အလဲလဲအကွဲကွဲတော့ အဆုံးမသတ်သင့်ဘူး၊လှလှပပ သိက္ခာရှိရှိလေး”သူ ရယ်မောသည်။
“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“သမီးလေး မြန်မြန်ကြီးပြင်းစေချင်လှပြီ”
သူမ ညည်းညည်းကလေးပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။
လောကတစ်ခုလုံးမှာ သူမဂရုစိုက်ဆုံးအရာမှာ သမီးလေး၏ စိတ်ခံစားမှုပဲ ဖြစ်သည်။ ။

Read More

ညမီးကျီး အပိုင်း (၁)

ဘာလိုလိုနဲ့ ကျနော်မြို့လေးရဲ့ အမှတ်အသားလေးဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်တောင် ရောက်တော့မယ်ဗျာ.. ဒီတစ်နှစ်လည်း မပြန်ဖြစ်တော့ဘူးနဲ့တူပါတယ်.. အလုပ်တွေကများ၊ စိတ်တွေကရှုပ်နဲ့ အားလပ်ချိန်လေးရတော့လည်း မြန်မာပြည်ကိုလွမ်းတဲ့ စိတ်လေးကြောင့် မြန်မာ Site၊ Blog တွေ လည်နဲ့ အချိန်ကုန်သွားပါတယ်.. ဒီနေ့ ကျနော် မြန်မာ e-book ကိုသွားမွှေလိုက်တာ ကျနော်ရဲ့ မြို့လေးအကြောင်းပါတယ် စာရေးဆရာမ ဂျူးရဲ့ "ညမီးကျီး" ဆိုတဲ့ စာအုပ်လေးကို တွေ့လိုက်တော့ အမှတ်တရ အနေနဲ့ တင်ပေးလိုက်ပါတယ်..

ညမီးကျီး

Photobucket

အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့်အော်၍ သတိပေးကြော်ငြာလိုက်၏။

“အခုတစ်ခါယှဉ်ပြိုင်ဖို့အလှည့် ကျတာကတော့ ရွှေအင်သားအဖွဲ့ရဲ့
ညမီးကျီးဖြစ်ပါတယ်” ။
လက်ခုပ်သံများ လက်ခေါက်မှတ်သံများကိုကြားလိုက်ရသည်။(ရွှေအင်းသား}အဖွဲ့ကို အားပေးသူများလည်းပါမည်။
ညမီးကျီးဟူသောအမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်းပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုးစည်ကားကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်းစူးရှသိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင်ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စော ကမှတ်ချက်ချမိသည်။ စောအနီးမှာရပ်နေသော စောယောင်္ကျားသည်
မီးပုံးပျံများစောင့်ကြည့်ခြင်းကို သိပ်စိတ်ဝင်စားပုံမရ။၁၅မီနစ်တခါလောက် လက်ပတ်နာရီကို ကြည့်နေ၏။

"အမြင့်ပေ၆၀၊ထိပ်ဝအကျယ်၂၅ပေရှိပါတယ်၊ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန် ကတော့ ပိသာ၄၀တိတိဖြစ်ပါတယ်” ။

ပရိသတ်က ဝေါခနဲအာမေဍိတ်သံပြုလိုက်ကြသည်။ယမ်းပိသာချိန်များသည့်အခါ ထိုမီးပုံးပျံကြီးကောင်းကင်မရောက်မီပေါက်ကွဲခဲ့သော် ရရှိလာမည့်အန္တရာယ်သည်တော်တော်ကြီးမားမည်ဖြစ်သည်။

”ကုန်ကျစရိတ် စုစုပေါင်းကျပ် နှစ်သိန်းတိတိဖြစ်ပါတယ်ခင်ဗျား”

အဲဒီကုန်ကျစရိတ်ကျပ်နှစ်သိန်းရှိပြီးယမ်းပိသာချိန်၄၀ရှိသောမီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။

မီးပုံးပျံကြီးကိုမှိုင်းဝအောင်မီးရှို့မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖျော်ဖြေရေး တာဝန်ခံအဖွဲ့ငယ်က အိုးစည်ဗုံမောင်းများတီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။ စောသည် ပျော်ရွှင်စွာတီးမှုတ်နေသူများ၊မှိုင်းတိုက်နေသူများ၊အလုပ်ရှုပ်စွာတ က်ကြွနေကြသူများကိုခြေဖျားထောက်ကာ လူအုပ်နောက်မှကြည့်ရင်း အံ့သြနေသည်။
သြော် . . . ငွေနှစ်သိန်းကို လှလှပပမီးရှို့ပြဖို့ လူအင်အားတွေ အချိန်တွေ ဘယ်လောက်စတေးခဲ့ရပါသလဲ။ သူတို့ဘာအတွက်လုပ်နေကြတာလဲ။ အနုပည်အတွက်သက်သက်ပဲလား။ သူတို့အတ္တ…၊ သူတို့ဂုဏ်သိက္ခာအတွက်လည်းပါမှာပေါ့လေ။

“စော ပြန်ကြဖို့ကောင်းပြီးထင်တယ်၊နှစ်နာရီထိုးနေပြီ”
“ ခဏလေး၊ဒီတစ်လုံးကြည့်ပြီးရင် ပြန်မယ်”
သူ့ကို"မောင်”ဟူသော အသုံးအနှုန်းဖြင့်ဆက်ဆံလို့မရခဲ့သည်မှာ နှစ်နှစ်ကြာခဲ့တာလား၊သုံးနှစ်ကြာခဲ့တာလား စောကောင်းကောင်းမမှိတ်မိတော့ချေ။ သူ့အတွက် စော သည် လူသားတစ်ယောက်မဟုတ်တော့ဘဲ
ဇနီးအဖြစ်တီထွင်ခံထားရသည့် စက်ရုပ်တစ်ခုသာဖြစ်တော့သည်။ တစ်ခါတုန်းက အဲသည့်စက်ရုပ်သည် ချစ်မြတ်နိုးတက် ကြင်နာတက်သော ဇနီးဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။ ညသန်းခေါင်ကျော်ကာလ၊အမှောင်ထု သိပ်သည်းနေဆဲအချိန်မှာ စောသည် သူမယောင်္ကျားအား စေ့စေ့စပ်စပ် မော့်ကြည့်လိုက်မိသည်။ စော သူ့ကိုဘာတွေချစ်မိခဲ့တာလဲ။ သူမျက်နှာမှာ၊သူ့ဟန်အမူအရာမှာ စောချစ်ချင်စရာ ဘာမှကိုရှာမတွေ့ချေ။ စောကိုယ့်ကိုယ်ကို သဘောကျစွာ
အသံထွက် ရယ်လိုက်မိ၏။ ဟုတ်ပြီ။ သူ့အမူအကျင့်ကရော။ ဇနီးအပေါ်ထားသည့်စိတ်သဘောထားကရော။ဘယ်စကားလုံးက ပိုယဉ်ကျေးပါလိမ့်။
“ဘာရယ်တာလဲ စော”
သူမပို၍သာရယ်မိပြီး မီးပုံးပျံဆီကို အကြည့်ပြန်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်းပီပြင်လာပြီ။ တဖြည်းဖြည်းဖောင်၍ဖောင်း၍လာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတဆင့်
လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်မပန်းနိုင် က ဆဲ။ တီးသူတို့ကလည်း တီးဆဲ။ အိုးစည်သံနှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့်စိုးမိုးထားသည်။စော သည်ကိုရောက်ခါစက အင်းသားနှင့် ပအိုဝ်းကို မခွဲခြားတက်ပေ။ အ၀တ်အစားအရသော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရသော်လည်းကောင်း၊ ကဟန်အရသော်လည်းကောင်း အနည်းငယ်ကွဲပြားကြောင်း လေးငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စော အတွက် စိတ်ဝင်စားစရာချည်း ဖြစ်နေ၏။

“ပအိုဝ်းလေးတွေ လက်ချိုးတာက ဟော့ဒီလို ဟောဒီလို၊သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့်ပွဲကိုရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ ကကြည့်တော့ သူမယောင်္ကျားက သူ့ကို ပြုံးမဲ့မဲ့ဖြင့် ရိသေး၏။
“စော. . . မင်းကိုယ့်ကိုမယူဘဲ ပအိုဝ်းတစ်ယောက်ကို ယူခဲ့ဖို့ ကောင်းတယ်လို့ တွေးနေပြီမဟုတ်လား”
တွေ့လား။ စော သူ့ကို မနှစ်မြို့ရခြင်းအကြောင်း အကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့် အကြောင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အမယ် သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမယ့် သူ့ကို ရိသလိုလိုပြောလျှင် မချိအောင် နာကာဒေါပွတတ်သေး၏။

“ပအိုဝ်းတစ်ယောက်ကို ယူတာ၊မယူတာ အသာထားလိုက်ပါလေ၊ ရှင့်ကိုတော့ ကျွန်မ ယူကို ယူခဲ့ဖို့မကောင်းတာအမှန်ပဲ”
ထိုစကားကို မျက်နှာထားတည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာ မည်းခနဲ မှောင်သွားတာ အကြာကြီး။ သူ့စိတ်ကို သူထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက်မှ မပြုံးချင်ပြုံးချင်
“အခုတော့ မင်းနောက်ကျသွားပြီ” ဟုအထက်စီးလေသံဖြင့် ပြောလေသည်။
စောလေ သူ့ကို မုန်းလိုက်တာ။ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။
“ထင်သလား၊နောက်မကျသေးပါဘူး”
ဟုတ်ပါသည်။ အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့၊ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု နှစ်နှစ် သုံးနှစ်အတွင်း သူမအချိန်ယူစဉ်းစား ပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့်၊ မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက်အနာတရကြီးကြီးကျယ်ကျယ် မဖြစ်ဘဲ လှပစွာ သိမ်မွေ့စွာ ဘယ်လိုအဆုံးသတ်ပစ်ရမလဲ ဟူသည့်အကြောင်းပင် ဖြစ်သည်။

“လေက အရှေ့တောင်အရပ်ကနေ အနောက်မြောက်အရပ်ကိုတိုက်ခတ်နေတာဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်များ ခင်းဗျား . . .အနောက်မြောက်အရပ်မှာ မနေကြပါနဲ့ခင်ဗျား၊ မီးပုံးပျံမှိုင်းဝနေပါပြီခင်ဗျား”

စောတို့ရပ်နေသည့်နေရာမှာ တောင်အရပ်တည့်တည့်ဖြစ်သည်။အန္တရာယ်ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက်အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ သည်လိုတော့လည်း တွက်လို့မရနိုင်ပါ။အခုမှ မီးပုံးပျံက မှိုင်းဝကာ ရုပ်လုံးပီပြင်စွာ တက်ဖို့အရှိတ်ယူနေဆဲဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် ရပ်မျက်နှာပြောင်းကာ တိုက်ချင်တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ စောတို့ရပ်နေရာနေရာသည် အန္တရာယ်ဇုန် ဖြစ်ချင်ဖြစ်သွားနိုင်သေးသည်။
“ရွှေအင်းသား မှိုင်းဝနေပါပြီခင်ဗျား၊ တက်လာပါတော့မယ်ခင်ဗျား၊ ယမ်းပိသာချိန် လေးဆယ်တိတိဖြစ်ပါတယ်ခင်ဗျား၊ မီးပုံးပျံလမ်းကြောင်းမှာမနေကြပါနဲ့ခင်ဗျား” ယမ်းပိသာချိန်၄၀သာ ပေါက်ကွဲလိုက်လို့ကတော့ . . .။ စော ပခုံးလေးသာ ကျုံ့မိ၏။ ဈေးဆိုင်တန်းများဆီမှ အသားကင်ရနံသည် ကွင်းပြင်ဆီကို လွင့်လာပြန်သည်။ ဆိုင်တန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေနည်းနည်းကျဲသွားပြီ။ ဒါပေမယ့် နံနက်နှစ်နာရီထိအောင် စားသောက်သူများရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျားများပြားလှသောဈေးတန်းကြီးကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုဈေးတန်းကို ထောင့်ဖြတ် ဖြတ်ယူနေရသည့်အချိန်တုန်းက စော၏ခြေထောက်တို့သည် မြေနှင့်ထိတစ်ချက် မထိတစ်ချက်ဖြစ်နေခဲ့၏။ ဆိုင်တန်းမျက်နှာစာတွေကိုကြည့်ပေမယ့် မမြင်ရ။ ဘေးမှာ၊ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲဈေးတန်းလျှောက်ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်းလူချောင်သည့်ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။ အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံစောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ လေ့ထုံးစံပဲနှင့် တူသည်။ စော အနေဖြင့် ချမ်းစိမ့်တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့်
ကော်ဖီခါးခါးမွှေးမွှေးလေး တစ်ခွက်တော့ သောက်ချင်သား။

သို့သော် ဆိုင်တန်းဆီသွားနေတုန်းသည်မီးပုံးပျံကောင်းကင်ထက်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်းစိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွက်ကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီ၏ အပူကို တစ်ကိုယ်လုံး စိမ့်ဝင် နွေးထွေးသွားအောင် ခံစားရင်း၊လမ်းလျှောက်ရင်း သို့မဟုတ်မတ်တတ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။ သူမ၏အတွေးကို မဟုတ်သေးဘူးဟုသိ၏။ တောင်ကြီးလိုသန့်ရှင်းသပ်ရပ်သည့်မြို့မှာတောိ့စ္စမရှိပါ။တခြားသာမန်မြို့ကြီးတွေမှာတော့ ပြန်ဆေးယူရသည့်ကြွေခွက်၊ဖန်ခွက်တွေနှင့် ကော်ဖီလက်ဖက်ရည် ရောင်းချလျက်သားနှင့်အမှိုက်တွေ၊ဘူးခွံတွေနှင့် ညစ်ပတ်ရှုတ်ပွနေခဲ့ပြီးပါပြီ။သူမဆန္ဒရှိသလို ကော်ဖီကို တစ်ခါသုံးစက္ကူခွက်ဖြင့်ဟိုဟိုသည်သည်လမ်းလျှောက်ရင်း အလုပ်လုပ်ရင်း သောက်နိုင်ဖို့စက္ကူခွက်ယဉ်ကျေးမှုတစ်ခု ခေတ်စားအသုံးများလာခဲ့လျှင် အပုံလိုက်အပုံ လိုက်ဖြစ်လာမည့် တစ်ခါသုံးစက္ကူခွက် တွေကို မြင်ယောင်ကြည့်မိသည်။ မနည်းမနော ရှိမှာပဲ။အိုးစည်ဗုံမောင်းသံက ပိုပိုကျယ်လောင် မြိုင်ဆိုင်လာသည်။လူတွေပို၍ပို၍ပင် တိုးဝှေ့လာကြသည်။ မီးပုံးပျံစတင်တက်နေပြီ။အားပါးတရအော်ဟစ်သံများဖြင့် တစ်ခဏဆူညံသွား၏။

“တို့အင်းဆားကွ”

အင်းသားဟု အသံမထွက်ဘဲ အင်းဆားဟု ခပ်ဝဲ၀ဲအသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏အောက်မှာ စနစ်တကျချတ်ဆွဲထားသော ယမ်းခွက်အမျိုးအမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော
သစ်လုံးကြီးများအား မီးစွဲလောင်လျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေရွစိရွစိဖြစ်နေကြသည်။ မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ်တက်သွားဖို့ သူတို့အားလုံး
တတ်စွမ်းသမျှကြိုးစားခဲ့ကြပြီးပြီ။ ကျန်သည့်အပိုင်းကတော့ ကံကြမ္မာ၏ အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ တစ်လက်မချင်း တစ်လက်မချင်း သယ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
လေ၏အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သားအားလုံးကတော့ မီးပုံးပျံလွှတ်တင်ခြင်း အတက်ပညာအရ တည့်တည့်မှန်မှန်တက်အောင် ထိန်းချုပ်လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတရာ ချွတ်ချော်ပြီး ကောင်းကင်သို့မတက်ဘဲ မီးလောင်ပျက်စီးသွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်းအတူတူဆိုလျှင် “ညမီးကျီး” အမျိုးအစားမီးပုံးပျံက မီးလောင်လျှင် ယမ်းပိသာချိန်များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။

Read More