Friday, June 11, 2010


လူ့စိတ်


ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်


တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွှဲမှားယူဆ ပြင်ရန်ခက်သည်


တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘဝ အမြန်ရောက်သည်


အရှက်မရှိ အကုန်ဖော်ထုတ်
-ွားဇာတ်ခင်းတော့ လူကြည့်များသည်


နှုတ်လျှာကြမ်းတမ်း အပြောမောက်မာ
မိဘဂုဏ်ကို ဖော်ထုတ်ပြသည်


ဟိုအရင် Blogspot မှာတုန်းက တင်ထားဖူးတဲ့ ကဗျာလေး တခုပါပဲ။ တချို့တွေလဲ ဖတ်ပြီးသား ဖြစ်နေပြီးလောက်ပါပြီ။ ခု ထပ်ထည့်ချင်တာလေး ရှိလာလို့ ထပ်ဖြည့်ကြည့်ပါတယ်။း)

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။

လေးစားလျက်


တောင်ပေါ်သား

4 comments:

မောင်မျိုး said...

အင်းအင်း ဟုတ်ပါတယ် ဟုတ်ပါတယ်း)
ဒီကောင်လေး ခုတော့ တော်တော်ကိုကြမ်းနေပါလားကွဲ့ ရို့ ။

June 12, 2010 at 2:31 AM
မိုးခါး said...

သူကလည်း ဖုန်မတက်အောင်ပေါ့လေ .. ဟုတ်စ :D

June 12, 2010 at 10:15 AM
ညီညီဖြိုးမော် said...

ပြင်ရန် လို့ခေါင်းစဉ်တပ်ပြီး မှတ်စုမှာ ချရေးဦးမှ။

June 15, 2010 at 6:58 AM
flowerpoem said...

အားရပါးရ ပျင်းပါကိုတောင်ပေါ်သား :P

July 13, 2010 at 6:46 PM