ချစ်သူသို့ ၃

ရှိနေခဲ့တဲ့
သံယောဇဉ်ကြိုးလေး တကြိုးကနေပြီး
ခိုင်မာတဲ့ တူနှစ်ကိုယ်ဘဝ
မတည်ဆောက်နိုင်ဘူးလား ချစ်သူ....
မင်းကိုချစ်နေမိတာ ငါ့အတွက်
ရေးစရာ ကုန်းကြမ်းတွေတဲ့လား
မင်းအမြင်လေးတွေ ပြောင်းလာမလားလို့
ငါမျှော်လင့်နေသေးတယ် ချစ်သူ....
လူတိုင်းမှာတော့ ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာကိုသိနေရဲ့နဲ့
ခံစားချက်ကိုယ်စီ ကိုင်စွဲလို့လျှောက်လှမ်းနေကြတာပဲ
ချစ်နေမိတဲ့ ငါ့အဖြစ်ကိုကော မင်းရီနေမှာလား
မင်းပျော်နေမလား ချစ်သူ.....
အချစ်ကို အမှောင်ချလို့
ကိုယ့်ဟာကို နှလုံးသားမရှိတဲ့ ကြေးသွန်းရုပ်တခုလို
မင်းတကယ် ဟန်ဆောင်နေနိုင်ခဲ့ပါတယ်
သံယောဇဉ်ကို ဖုံးကွယ်ပြီးမင်းရက်စက်ခဲ့ပြတယ် ချစ်သူ.....
ဒါပေမဲ့ပေါ့
မင်းရဲ့ရက်စက် တုန့်ပြန်မူလေးတွေဟာ
ငါ့အချစ်စစ်ကို စိုးစေ့မျှမှ အရာမထင်ခဲ့ပါဘူး
ငါမှာအချစ်တွေ ပိုလို့တိုးလာတာပဲရှိမယ်
မင်းရဲ့ အမှောင်ဖုံးခံထားရတဲ့ နှလုံးသားလေးထဲမှာ
ဖြူစင်တဲ့ နှလုံးသားလေးတစုံ အိပ်စက်နေတယ်ဆိုတာငါသိနေတယ် ချစ်သူ......
လေးစားလျက် တောင်ပေါ်သား
7 comments:
စိုးမင်းထိုက် ကြေးသွန်းရုပ်ပဲလား....?
July 1, 2009 at 12:54 AMရွှေစင်သွန်းရုပ်သာ လုပ်လိုက်ပါတော့...။
ဘယ်ချစ်သူကိုများ ရည်ညွှန်းပါလိမ့်နော်.....
ha ha haaa :D
July 1, 2009 at 12:56 AMမလှောင်ရက်ပါဘူး တောင်ပေါ်သားလေးရာ...
ဒါအချစ်လားကွယ်....
ရင်မှာဖန်ဆင်းတယ်...
သူမသိဘူးလား....
အချစ်ဆုံးသတိရနေ....
နေ့စဉ်တိုင်းလေ....မေ့မရတဲ့စိတ်တွေ..... အဟတ်ဟတ်
ချောစုခင်သီချင်းဆိုသွားတာနော်.း)
သတင်းထူးတွေ ၊ သတင်းထူးတွေ..း)
မရှိသေးတဲ့ ချစ်သူလေးသာ သိရင် သိပ်ခံစားရမှာပဲ...
July 1, 2009 at 1:12 AMခံစားတတ်လိုက်တာ..။ ချစ်သူသို့... 1၊ 2၊ 3၊ က တစ်ယောက်ထဲကို ရည်ရွယ်တာ လား ..တစ်ယောက်အတွက်က 1၊ နောက်ထပ်တစ်ယောက် အတွက် က 2၊ ဒါမျိုး လားဟင်...။ နောက်တာနော်..။
July 1, 2009 at 2:34 AMညီရေ..
July 1, 2009 at 4:58 PMမမဝါဝါက သတင်းထူးတွေ သတင်းထူးတွေ တဲ့ ဘာတွေ သတင်းထူးတွေလဲကွ၊ ညီလေးတို့ကို အဆင်ပြေစေချင်ပါတယ်။ သံယောဇဉ် အရိပ်အယောင်လေးတွေကို တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းမှာ ဟိုနေ့က တွေ့လိုက်ရတယ်။ သူမရဲ့ နှလုံးသားဟာ ကြေးသွန်းရုပ်တစ်ခု မဟုတ်လောက်ပါဘူးကွာ။ ဒါပေမဲ့ မိန်းကလေးတွေရဲ့ အချစ်ဟာနားလည်ရခတ်သကွ။
ညီလေး အဆင်ပြေပါစေ
ခင်တဲ့
ပုလုကွေး
ကြိုးစားထား ကတောင် ကောင်းကင်တမွတ် ဘာကိုဆွတ်ဆိုလား၊ နောက်ပြီး ယောကျာင်္းတို့ ဇွဲ သေခါမှလျော့တဲ့၊ မဟာဇနက္ကထုံး နှလုံးမူပြီးသာ အချစ်ပင်လယ်ထဲ ဇွဲမလျော့တမ်း ကူးဗျာ ခြေသလုံး ကြွက်တက်ပြီး ဂိမ်သွားရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့ဗျာ...။ အဟီးဟီးဟီး....။
July 2, 2009 at 9:57 AMအမှောင်ဖုံးခံထားရတဲ့ မင်းရဲ့နှလုံးသား ဆိုတော့ ကျနော့်အထင် သူနေတာ မြန်မာပြည်မှာပဲနေမှာ
ဘာကြောင့်လဲ ဆိုတော့ မီးအမြဲမလာတော့ အမှောင်ဖုံးနေတာ နေမှာဗျ ။
အိပ်စက်နေပါပြီဆိုမှ အတင်းလှုပ်နိုးရမှာပေါ့ ကိုမွတ်ဆိတ်ရ
July 2, 2009 at 12:13 PMနိုးမရရင်လည်းနပန်းကျင်းပြီးနိုးဗျာ
စကားမစပ် ဘယ်တစ်ယောက်ကို ရည်ရွယ်ပြီးရေးတာလည်းရှင်းပြစေချင်ပါတယ် :D
Post a Comment