ကျနော်ကျောင်းဆရာ (၃)
ဘလော့ဆိုတာ စာပေမြတ်နိုးသူတိုင်း၊ ခံစားချက်ရှိသူတိုင်း ရေးတတ်ကြပါတယ်။ ဒီအတွက်ဘလော့ဆိုတာကြီးကို ဘယ်လိုအကြောင်းကြောင်းမှ ပိုင်းခြားလို့မရပါဘူး။ ကဗျာချစ်တဲ့လူတွေအတွက် ကဗျာကိုရေးတဲ့ ဘလော့တွေရှိတယ်။ ရသတွေ ရေးတဲ့လူတွေရှိမယ်။ ဒါဟာ ကိုယ်ပိုင်ခံစားချက်၊ သေချာအောင်ပိုပြောရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒိလိုလွတ်လပ်ခွင့်တွေကို ကျနော်တို့ လိုက်ပြီး ပိတ်ပင်တားဆီးနေလို့ မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့အလျောက် သူတို့ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ ဖျက်ချင်ဖျက်မယ် ပိတ်ချင်ပိတ်မယ်ပေါ့။ ကျနော်လက်လှမ်းမီသလောက် တွေ့ရတာကတော့ ဘလော့ဂါတွေဆိုတာ ပြည်ပကလူတွေက ပြည်တွင်းကလူတွေထက် ထက်ဝက်မက ပိုများပါတယ်။
အဓိကအကြောင်းကတော့ ပြည်ပရောက်လူတွေက ပြည်တွင်းကလူတွေထက်ပိုပြီး သတင်းလွတ်လပ်ခွင့် ရှိတယ်။ ရေးချင်တာတွေ ပိုရေးလို့ရတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေကတော့ ကိုယ်စီရှိကြတတ်ပါတယ်။ ဒီအတွက် ဘလော့ပေါ်တက်ပြီး ကိုယ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြတတ်ပါတယ်။ ဒီမှာ တခါတလေ သူများတိုင်းပြည်မှာ ကိုယ့်တိုင်းပြည် မကောင်းကြောင်းပြောနေကြရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မခံနိုင်ပါဘူး ဒီတော့ဘလော့ပေါ်တက်ပြီး ပိုစ့်လေးတွေ ရေးကြပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်ရဲ့အသက်လို မြတ်နိုးရတဲ့ ဘလော့လေးတွေကို ဘာလို့များ ရှဲလုပ်သုံးနေကြလဲ မသိပါဘူး.. ကျနော်အမြင်ကတော့ သမီးရည်းစားချစ်သူတိုင်း အပြန်အလှန် နားလည်မူယူပြီး ဘလော့လေးတွေကို တူတူဖန်တီးကြတာ လက်ခံပါတယ်။
ဒါပေမဲ့ Personal သုံး E-mail လိုမျိုးကိုတော့ Sharing လုပ်သုံးတာကတော့ သိပ်သဘောမတွေ့မိပါဘူး။ အထက်မှာ ပြောခဲ့သလို လူတိုင်းမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် ကျနော်မှာလဲ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျနော် သေချာစဉ်းစားကြည့်တော့ ခုလို Personal E-mail ကို share လုပ်သုံးတာတခုတင်မကပါဘူး။ E-mail နဲ့ သက်ဆိုင်တဲ့ အချက်အလက် ဆိုလိုတာက E-mail Password မေ့သွားရင် ပြန်ဖော်လို့ရတဲ့ Security Question တွေကအစ အားလုံးကို အသိပေးကြတာပါ။ ဒါတွေဟာ တကယ်လိုအပ်သလား သေချာမေးကြည့်လိုက်တော့ ကိုယ့်ချစ်သူယုံကြည်အောင်လို့တဲ့ တကယ့်ကို ဟာသတခုပါပဲ.. သူတို့မှာ တခြားအကောင့်မရှိတော့ဘူးလား... ဒါဟာပိုလို့တောင် ဆိုးရွားတဲ့ အခြေအနေတခုကို ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ.. ဥပမာ ကောင်လေးက ကောင်မလေးကိုအကောင့်ပေးပြီး ကောင်မလေးရဲ့ ယုံကြည်မူကို ယူတယ်။ ဒီကောင်လေးက ကောင်မလေးမသိတဲ့ တခြားအခြားအကောင့်တခုနဲ့ တခြားကောင်မလေးတွေရဲ့ ယုံကြည်မူကို ထပ်ယူဦးမှာပါပဲ...
တကယ်တမ်း သမီးရည်စားဖြစ်လာခဲ့ရင်တောင်မှ ဒီလို့ E-mailတွေ ရှဲစရာလိုမယ်မထင်ပါဘူး။ တယောက်နဲ့ တယောက် ယုံကြည်မူလေးတွေထားပြီး ညှိုနှိုင်းနိုင်တာလေးတွေ ညှိုကြည့်ရင်ပိုတောင်မှ သံယောဇဉ်ဖြစ်မယ် အဆင်ပြေနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်သူဘ၀ လမ်းခွဲခဲ့ရင်တောင်မှ နောင်ဖြစ်လာမဲ့ သံသယစိတ်တွေ မလိုလားအပ်တာတွေ ကင်းတာပေါ့။
လူသားတိုင်းသည် နိုင်ငံရေးကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မွေးတဲ့ နေရာ၊မြို့ဒေသ၊တိုင်းပြည်ကိုတော့ အများနဲ့တန်းတူ ဖြစ်စေချင်တဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကို မွေးဖွားလာတဲ့ ကျနော့်မြေကို ကျနော်ချစ်ပါတယ်။ လူတိုင်းဟာ အယူအဆကွဲလွဲချက်တွေနဲ့ ရှင်သန်နေကြတာပါ။ ဒီအယူအဆကွဲလွဲချက်တွေပေါ် မူတည်ပြီး ပြုမူဆက်ဆံပုံတွေ ကွဲလွဲသွားတာပါ။ ဒီတော့ ဘယ်သူကဖြင့်မှန်တယ် မှားတယ်ပြောလို့လဲ ပြီးတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပရောက်လူတွေအဖို့က ပြည်တွင်းကိုပြန်ကြည့်လိုက်ရင် အရာရာခေတ်နောက်ကျနေပြီဆိုတာ ငြင်းလို့မရပါဘူး။ လမ်းခရီး ဆက်သွယ်ရေးက အစပေါ့။ ကိုယ်မျက်ချေးကိုယ် မမြင်ဆိုသလိုပဲ ပြည်တွင်းကလူတွေက ကျနော်တို့လောက် ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းတွေ မကြားရပါဘူး။ကျနော်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ ဒါပေမဲ့ ကျနော့်တိုင်းပြည်ကိုချစ်သည်။ ဒါအမှန်ပေ ဘယ်သူမဆို ဆိုသည်ထက် ကောင်းတာဖြစ်လာမည်ကို ကျနော်လိုလားပါတယ်။ ကျနော်တယောက်ထဲဒီအယူအဆ ရှိမည်ဟု ကျနော်မထင်။ လူဖြစ်လာလျှင် လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ ဒီအတွက်ကျနော်တို့လူသားတိုင်းသည် ဘ၀ကိုကောင်းတထက် ကောင်းအောင် ကြိုးစားကြသည်။
ခုတလော လူစိတ်မရှိတဲ့ လူတချို့ကို ဘလော့တွေပေါ်မှာ တွေ့နေရပြန်တယ်။ ဘယ်လိုပြောရမှန်းမသိအောင် အရှက်တရားကို ကင်းမဲ့လွန်းပါတယ်။ ဒါဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကဆိုတာထက် သူရဲ့ သေးသိမ်တဲ့ အသုံးအနှုံးတွေကိုကြည့်လိုက်ရင် တော်တော်လေးကို ရီစရာကောင်းပါတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောရမယ်ဆိုရင် မိဘတွေမရှိတော့တဲ့ လမ်းဘေးကလူမိုက်တချို့လိုပါပဲ။ အထိန်းအကွပ်က မရှိ၊ ဒီလိုဘလော့တွေပေါ်လိုက်အော်နေရတာကိုးပဲ သူက အရသာခံနေပါတယ်။ ဒီလိုတွေအရေမရ အဖတ်မရ အချိန်ကုန်ခံပြီး လုပ်တော့ ဘယ်လောက်ရသလဲတော့ သေချာမသိပါဘူးး).. သေချာတာကတော့ သူရဲ့အဆင့်အတန်း၊ လူနေမူပတ်ဝန်းကျင်ကို ပြလိုက်တာပါပဲ ကျနော်တို့ဘလော့ဂါအများစုဟာ သာယာပျော်ရွှင်တဲ့ ဘ၀တွေကို ဖြတ်သန်းချင်ကြတာပါ။
ကျနော်တို့ရဲ့ဘလော့လေးတွေကို ကျနော်တို့ရဲ့ ဆွေမျိုးမိသားစုလိုချစ်ကြတာပါ။ ဘလော့ရေးတဲ့လူတိုင်းခံစားတတ်ကြပါတယ်။ ဘယ်သူမှ ဒီဘလော့လေးကို အလကားလုပ်ထားတာမဟုတ်ပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ စာရေးဖို့အတွက် အချိန်ယူရတယ် ဘလော့လေးလှအောင် အိမ်လေးလှအောင် ပြင်ရတယ်။ ဒီလိုပြောပြရတာ ကျနော်တို့ကို အားနေလို့ရေးတယ်ထင်မှာ စိုးလို့ပါ။ ဒီတော့ ကျနော်တို့ဘလော့ဂါတွေအားလုံးက သွေးစည်းလုံးကြပါတယ်။ ညီညွတ်ကြတယ် တဦးကိုတဦး ရိုင်းပင်းကူညီကြတယ် ဒါလေးတွေကို ဘလော့ဂါတွေကြားမှာပဲ တွေ့ရတာပါ။ ဒီအတွက် ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့ဘက်က ပိုတောင် စည်းလုံးနေပါသေးတယ်။
တခါတလေ ကျနော်တို့ရဲ့ စိတ်ကအထက်ကပြောသလို မကျေနပ်တာတွေ၊ ခံစားရတာတွေများရင် ပိုစ့်တခုအနေနဲ့ တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ပိုက်ဆံရှာတဲ့ ဘလော့လေး အနဲငယ်ကလွဲရင် အများစုက၀ါသနာကို အရင်းတည်ပြီး ပညာတွေ ဖြန့်ဖြူးနေကြတာပါ။ ခုတွေ့နေရတာက နိုင်ငံရေးဘလော့တွေတင်မကတော့ဘူး အေးဆေးနေနေကြတဲ့ ဒီဘလော့ဂါတွေရဲ့ဆိုဒ်လေးတွေကို အရှက်တရားမရှိစွာ လိုက်ဖျက်ဆီးနေကြတာပါ။ တော်တော်လေးကို ယုတ်ညံ့ပါတယ်။ ကျနော်တို့ဘလော့ဂါတွေဆိုတာ စာဖတ်သူတွေ သူငယ်ချင်းတွေလာလည်တာတွေကို ကြည့်ပြီး ၀မ်းသာတတ်ကြတာပါ။ ဒီလိုမျိုး သူတပါးနာမည်နဲ့ လိုက်ပြီး အရှက်မရှိ လူမပီသစွာ လုပ်နေတာတွေက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ တကယ်၍ ယောက်ျားလေးလဲ ဖြစ်မယ် သတ္တိလဲရှိခဲ့မယ်ဆိုရင် အပြင်မှာတွေ့ဖို့ သင့်ပါတယ်။ ကျနော်ဖက်ကလဲ ကြိုဆိုပါတယ်။
*** လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။
လေးစားလျက် တောင်ပေါ်သား
17 comments:
မှန်ပါတယ် ထောက်ခံပါတယ် ကိုတောင်ပေါ်သားရေ
June 10, 2009 at 1:50 PMတို့နဲ့ အယူအဆ တွေ တူပါတယ် တောင်ပေါ်ရေ၊ အမ အရေးခံရပြီးပါပီ၊ အသိမြန်တဲ့ အတွက် ၄နာရီ အတွင် အမ ပြန်ဖျက်နိုင်ခဲ့ ပါတယ်၊ ခုဆို အပြင်သွားရင် ထိတ်လန့်နေတယ်၊ ကို မသိခင် နောက်ထပ်များ လာရေးသွားဦးမလားဆိုပြီးတော့ပေါ့၊ ခုစီဘောက်ကို အသစ်ပြန်လုပ်ထားရတာ၊ အဲလိုတွေ ရှိနေတာ စိတ်မကောင်းဘူး
June 10, 2009 at 2:20 PMတကယ်တော်သွားပြီဗျာ.. ရေးနိုင်တယ်.. အခုဆို အဲဒီ လူရမ်းကားတွေကြောင့် အားလုံးစိတ်ဆင်းရဲနေ၇တယ်..
June 10, 2009 at 2:23 PMစကား စကား။....ပြောပါများး
June 10, 2009 at 2:57 PMစကားထဲက ဇာတိပြတယ်တဲ့...
အမိယုတ်တော့ နှုတ်ကြမ်းတယ်
အဖယုတ်တော့ လက်ရမ်းတယ်တဲ့လေးးးး
ဒီလိုစိတ်ထားရှိတဲ့သူတွေက အမိယုတ်အဖယုတ် မျိုးရိုး
မသန့်တဲ့ ဘဝကနေလာတား....
ပြီးတော့ ဘဝမှာဘာတစ်ခု ပိုင်ဆိုင်ဘူးတာမရှိတော့ သူများတွေ တတ်နိုင်လုပ်နိုင်တာကို မနာလိုကြီးတာပေါ့လေ...
သူလုပ်ရပ်က သူ့ပတ်ဝန်းကျင်နဲ့ သူ့စရိုက်ကိုဖော်ပြတာပါ..
ပေါ်ပေါ် ပြောတာတွေမှန်တယ်...
လုံးဝထောက်ခံတယ်...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
တောင်ပေါ်သားကွ :D
June 10, 2009 at 5:19 PMအရှက်မရှိ ဘလော့တကာလိုက်ပြီး ညစ်ပတ်နေသူတွေကို မနာလိုလို့ ပွဲဆူအောင်လုပ်ချင်လို့ လို့မှတ်ပါတယ် ..
ဝါသနာပေါ့နော် ..
ပျော်ရွှင်ပါစေ
း)
ကိုတောင်ပေါ်သားရဲ့ယူဆချက်ကို ထောက်ခံတယ်.
June 10, 2009 at 5:41 PMညီလေး ရေ ဒီနေ့ မှနက်ကကောင်းကောင်း ပြရတာနဲ့ ခုမှရောက်လာတယ်ကွာ။
June 10, 2009 at 9:20 PMဟုတ်တယ်ညီရေ
လောကကြီးမှာ ကိုယ်မလုပ်နိုင်ပဲ
သူများကို နှောက်ယှက်ဖို့ ဝန်မလေးတဲ့
သူတွေပါ။
အမဝါတုန်းကလဲ တစ်ခါတွေ့ဖူးတယ်။
ခုလည်း မကောင်းကင်ပြာ မှာ ကြားရပြန်ပြီ။
အများနဲ့ တစ်ယောက်ပါကွာ သူ ဘယ်လောက်များလုပ်နိုင်မှာလဲ စောင့်ကြည့်ရသေးတာပေါ့။
အလကား ဟာတွေပါကွာ။ ထားလိုက်ပါ။
ကိုရီနို
ထောက်ခံပါတယ်တောင်ပေါ်သားရေ..
June 10, 2009 at 9:48 PMဘာပဲဖြစ်ဖြစ် ဘလောဂါတွေကစည်းလုံးကြတော့တော်
သေးတာပေါ့လေ..
အစ်မကတော့ ကိုယ်နဲ့အဆင့်အတန်း မတူတဲ့သူလို့ သတ်မှတ်ပြီး လျစ်လျူရှူ့ထားလိုက်မိပါတယ်.
ဘလော့ဂါမောင်နှမတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ.
ပေါ်ပေါ်ရေ..
June 11, 2009 at 12:08 AMဟိုနေ့က ဦးရှင်ကြီး ဘလော့မှာ ပေါ်ပေါ် ပြန်ချဲထားတာတွေ့တယ်..
သူတို့အဆင့်အတန်းသူတို့ ဖော်ပြနေတာပါကွာ..
အဖက်လုပ်မနေပါနဲ့..
ခင်မင်စွာဖြင့်
သီဟသစ်
ညီရေ..
June 11, 2009 at 1:39 AMညီရေးထားတာတွေ အားလုံးကို ထောက်ခံပါတယ်.. ပြီးတော့ လေးစားတယ်..။
ဘလော့တွေမှာ လိုက်တိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး
ဦးနော် ဘာမှ မပြောတော့ဘူး..
စိတ်ရင်းအရ တိုက်ခိုက်လာသူကို ပြုံးပြီး ကြည့်နေတတ်လို့ပါ..။
အဲ့ဒါ “အ”လို့ ဆိုတာမျိုးတော့ မဟုတ်ဘူးနော်..။
လူကြီး ဆန်စွာ မျက်စိပိတ် ခွင့်လွတ်လိုက်ခြင်းပါပဲ..။
အားလုံးအတွက် ကျေးဇူးတင်ပါတယ်..
ချစ်ခင်စွာဖြင့်
ကိုရင်နော်
သိပ်မှန်တယ်။ ဒီလိုpasswordမပေးလို့ ပြဿနာရှာခံရတာတွေ ရှိတယ်လို့ ကြားဖူးတယ်။
June 11, 2009 at 2:42 AMနည်းသစ်လားဗျ အဟေဟေဟေ ထူးဆန်းပါပေ့
June 11, 2009 at 6:40 AMဗျာ.. ဟုတ်တော့လဲ ဟုတ်တာပဲဗျ။
ခံစားမှုတွေ အရမ်းတန်ဖိုးရှိပါတယ်။ လူတွေလူတွေ ငတေမာ ပီးရောသမားတွေ ပြောနေ မောတယ် လို့ပြောချင်ပေမယ့်.. ပြောရမယ်.... တောင်ပေါ်သား မှန်တယ်..ဟေ့။
June 11, 2009 at 7:07 AMမှန်သည်...ထောက်ခံသည်.. ;-)
June 11, 2009 at 7:49 AMဆရာပေါ်ရေ ...
June 11, 2009 at 12:00 PMမှန်တာပြော ..ဟုတ်တာလုပ် ။ ပြည်ပ မှာဆို ကြီးပွားမယ် ။
ပြည်တွင်းမှာဆို ဆွဲသွားမယ် ။ အဟိ ဟိ ။
ဖွားကိ တို့  အပြင်မှာ ရှိနေတုံး အော်ကြမယ် ။
စိတ်ထဲရှိတာ မှန်ရာ သန်ရာ အော်ကြမယ် ။
ဘာဖြစ်လဲ နော် ..
ကိုယ့်စိတ်နဲ့ ကိုယ် ထောက်ခံတယ် ...
ဆက်ရေး .. ဆက်ရေး ...အရေးကြီးက သွေးစည်းကြတာ ဒို့  မောင်နှစ်မ တတွေပါ....
right right right ....... bae thu lar sae nay tar lal..... myanmar lo ma ya lo... :(
June 11, 2009 at 1:31 PMpoisioncup
ကိုတောင်ပေါ်သားရေ
June 12, 2009 at 1:15 PMအီးမေးလ်စကားဝှက်တွေ ချစ်သူတွေတစ်ယောက်နဲ့တစ်ယောက်သိနေတာက ယုံကြည်ဖို့တင်မကပါဘူး... အရေးအကြောင်းရှိရင် လှမ်းသုံးလို့ရပါတယ်... ဥပမာ... နေ့အိပ်မက်က ရန်ကုန်မှာ သူက စလုံးမှာဆိုရင် နေ့အိပ်မက် ကွန်မရတုန်း အရေးတကြီးတစ်ခုခု အွန်လိုင်းပေါ်မှာလုပ်ချင်ရင် သူ့ကိုအကူအညီတောင်းလို့ရတာမျိုးပေါ့ နောက်ပြီး ကိုတောင်ပေါ်သားပြောသလို တစ်ယောက်ရဲ့ဟာကိုယူ၊ ပြီးရင် နောက်တစ်ယောက်နဲ့လည်း အဲလိုပဲ ဆိုတာတော့ အပျော်တွဲတဲ့သူတွေအတွက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. လူတိုင်းတော့မဟုတ်ပါဘူး.. နေ့အိပ်မက်တို့နှစ်ယောက် တစ်ယောက်စကားဝှက်တစ်ယောက်သိတာ သုံးနှစ်ရှိပါပြီ.. ဘာပြဿနာမှမဖြစ်ဖူးပါဘူးရှင်....
Post a Comment