ထားခဲ့ဖူးသော ရည်းစားများ
ထားခဲ့ဖူးသော ရည်းစားများတဲ့။ ဒီ Tag ပိုစ့်ကို ရေးခိုင်းတာကတော့ ဂျပန်ကောင်လေး ဖြစ်ပါတယ်။ ခုတလော Tag ပိုစ့်တွေက အရမ်းများနေပါတယ်။ ဘာဖြစ်နေကြသလဲတော့ ကျနော်လဲ မပြောတတ်ပါဘူး။ အစတုန်းက ဒီTag ကို မရေးဘူးလို့ ဆုံးဖြတ်ထားတာ ဒါပေမဲ့ Tag ဆိုတော့လဲ ရေးရတာပေါ့။ အားလုံးကတော့ စိတ်ဝင်စားနေတယ်လေ.. တောင်ပေါ်သား ဘယ်အချိန်ကတည်းက ချစ်သူရှိသလဲဆိုတာပေါ့.... ကဲ အမှန်အတိုင်း ၀န်ခံရရင်တော့ ကျနော်ခုချိန်မှာ လူပျိုကြီး ဖြစ်နေဆဲပါပဲဗျာ. အဟား ဟား... အောက်တွင် ရှုစားလေသော်......
ကျနော်ငယ်စဉ်က အချစ်အကြောင်းတော့ သေချာမသိခဲ့ပါဘူး။ ငယ်စဉ်ဆိုတာက သူများတွေလို့ သူငယ်တန်းကတည်းကတော့ ချစ်သူမရှိခဲ့ဘူးလို့ ဆိုလိုတာပါ။ ဒါပေမဲ့ သူများတွေလို့ ရင်ခုန်မူတွေ စခဲ့တာကတော့ (၆)တန်းလောက်က စဖြစ်ခဲ့တာပါ။ ကျနော်ရဲ့ အချစ်စတည်မူပေါ့။ ဒါပေမဲ့ ဒါက ဘယ်လိုခေါ်မလဲ ကျနော်ဖက်က အဖတ်သတ်အချစ်တခုပါ။ ကျနော်ကို သူမ ပြန်မချစ်ခဲ့ပါဘူး ကျနော်က ချစ်မိတယ်ဆို ကျနော် ရင်ထဲမှာ စွဲမြဲစွာ ချစ်တတ်ပါတယ်။ ဒါပေမဲ့ ကျနော် အချစ်တွေကို ထုတ်မပြတတ်တာ ကျနော်ရဲ့ အားနည်းမူလို့ ထင်ပါတယ်။ ကောင်မလေးတော်တော်များများက ချစ်သူရဲ့ အယုအယ စကားလုံးတွေကို လိုချင်တတ်တယ်လိုက ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ကျနော် အဲလို မပြောတတ်လို့ ဒုက္ခ ရောက်ခဲ့တာလဲ မနဲပါဘူး.... ခု သူမကို ကျနော် ၈ တန်းလောက်ထိကို ရူးရူးမူးမူး ချစ်ခဲ့ဖူးပါတယ်။
ဒုတိယတယောက်ကတော့ ကျနော် (၉)တန်းကျောင်းသင်တန်းနှစ် ပိတ်ခါနီးမှ စတွေ့ခဲ့ပါတယ်။ သူကတော့ အမှန်ပြောရရင် ကျနော် ဘ၀အတွက်ထားပြီး ချစ်ခဲ့ဖူးတဲ့ သူတယောက်ပါ။ ကျနော်ရဲ့ အချစ်ဦးဆုံး ဆိုသူပါပဲ။ သူမကိုလဲ အရင်လိုပါပဲ ကျနော် အသဲအသန်လိုက်ရပါတယ်။ ကျနော်ထင်တယ် ကျနော်တို့က သူငယ်ချင်းသံယောဇဉ်တော့ ရှိပါတယ်။ ဒါပေမဲ့ သူမဆီက အဖြေကို ကျနော် တိတိကျကျမရခဲ့ပါဘူး။ဒါပေမဲ့ ကျနော် ရန်ကုန်ကိုလာခါနီးမှာတော့ သူမဆီက အဖြေကိုရခဲ့ပါတယ်။ အချစ်တခုကို ရဖူးတဲ့ ကလေးတယောက်လိုပါပဲ။ ပျော်ရွှင်မူတွေနဲ့ ပြည့်စုံနေတာ ပြန်မြင်ယောင်နေမိပါသေးတယ်။ ရန်ကုန်ရောက်တဲ့ အချိန်ထိ ကျနော်သူ့တယောက်ကိုပဲ ရူးမိုက်ခုန်မင်စွာ ချစ်နေခဲ့တာပါ။ ဒါပေမဲ့ သူမနဲ့လဲ အကြောင်းကြောင်းကြောင့် ပျက်သွားပြန်ပါတယ်။ ဘယ်သူ့အမှားလဲဆိုတာ ပြောရတော့ ခက်ပါတယ်။
ရန်ကုန်ရောက်တော့ အမတယောက်နဲ့ ထပ်တွေ့ဖြစ်ပါသေးတယ်။ သူမဟာ ကျနော်ကို မောင်လေးတယောက်လို ဂရုစိုက်သလို ချစ်သူတယောက်လို ကြင်နာမူတွေပေးတတ်ပါတယ်။ အားကိုးတတ်ပါတယ်။ ကျနော်အပေါ် အရမ်းချစ်တဲ့ လူတယောက်ပါပဲ။ သူမကို ကျနော်တကယ်တမ်း ချစ်မိတယ်လို့ ထင်လိုက်တဲ့ အချိန်ကကျနော် အပေါ်က ကောင်မလေးနဲ့ စိတ်အခန့်မသင့်ဖြစ်သွားတဲ့ အချိန်လေးမှာပါ။ ဒီအတွက် ကျနော် အချစ်ကိုသေချာမစဉ်းစားပဲ ဦးနှောက်ကို အလွယ်လိုက်မိလိုက်လို့ ကျနော်တို့ ချစ်သူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျနော် ဒီအမကို သံယောဇဉ် ရှိပါတယ်။ ကျနော့် သူမနဲ့ ချစ်မိပြီကတည်းက အပေါ်က ချစ်သူကိုတော့ အဆက်အသွယ် မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ သူမနဲ့လဲ ကျနော်အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ ဒီတခါ ကျနော် အမှားပါ။ ကျနော်ဖက်ကစပြီး လမ်းခွဲဖို့စခဲ့တာပါ။ ဒါပေမဲ့ ခုချိန်ထိ ကျနော်တို့ မောင်နှမလို စကားတွေပြော၊ တွေ့ဖြစ်နေပါသေးတယ်။
နောက်ဆုံး ချစ်သူအဖြစ် ထားခဲ့ဖူးပါသေးတယ်။ သူမကတော့ စင်ကာပူမှာ ထားဖြစ်ခဲ့တာပါ။ အမှတ်မထင် စုံတွေ့ဖြစ်ခဲ့တာကနေ ချစ်သူအဖြစ် ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူမနဲ့လဲ အကြောင်းကြောင်းကြောင့် လမ်းခွဲခဲ့ပါတယ်။ ကျနော်ဖက်ကပဲ စပြီးလမ်းခွဲခဲ့ရတာပါ။ ကျနော်သူမကို ချစ်ပါတယ်။ ဒါပေမဲ့ လောကမှာ အချစ်ထက် ဦးစားပေးရမဲ့ အရာတွေ အများ
17 comments:
နံပတ်မှာ ၁
May 17, 2009 at 8:24 PMအဲဒီ ကိုဖိုးစိန်ကတော့လေ.. သူချည်းပဲ ထိပ်ဆုံးက.. ကိုတောင်ပေါ် ပိုင်တယ်ဗျာ.. သူချည်းပဲ ခွဲမယ်ဆိုတာ ချည်းပဲ.. နောင် မိတ်ဆွေထဲက ကောင်မလေးတွေကို ကြိုပြောထားဦးမှ.. ဟီးဟီး
May 17, 2009 at 8:46 PMလူပျိုကြီးဖြစ်နေပါသည် ဒါပဲ အက်ကြောင်းထပ်နေတာ
May 17, 2009 at 9:39 PMရေးလိုက်တိုင်း လူပျိုကြီး ဖြစ်နေပါသည်က များနေတယ်
ကြေငြာ ထားတာလူသိပါတယ်
အဆိပ်ခွက်ပြောသလို တောင်ပေါ်အချစ်လာတော့မယ်
ရှောင်ကျ ရှားကျလော အသက်က ကြီးလာတော့
အရင်လို မဟုတ်တော့ လုပ်ထားပေတော့
လူပျိုကြီးအချစ်တွေလာဖတ်တရ်
May 17, 2009 at 11:22 PMကိုတောင်ပေါ်သားရေ
ခင်မင်လျက်
ဝသန်မိုး
လူပျိုကြီးလား ၊ လူပြိုကြီးလားဗျ ဟဲဟဲ အချင်းချင်းတွေနော် သားသိတယ်
May 17, 2009 at 11:36 PMဟွန်း ပြောတော့ ချစ်ချစ်မရှိဘူး ဘာညာနဲ့ ပြောနေပီး တော့ အခုတော့ ပေါ်ပီ။ တီဝါကို သွားပြောမယ်။ အင်း ဘာပဲဖြစ်ဖြစ် သူချစ် ကိုယ်ချစ် ပီး အစအစ အရာရာ အဆင်ပြေမဲ့ ချစ်သူ အသစ်ကလေး အမြန်ဆုံးရပါစေဗျာ...
May 17, 2009 at 11:47 PMဒီလိုပြောလို့ ယုံမယ်များထင်နေလား h`h` ;P
May 18, 2009 at 3:02 AMနှလုံးသားတစုံကို ဖုံးကွယ်ထားတဲ့ မောင်လေးရေ မိသားစု အရေးတွေပီးရင် ဘ၀ခရီးလမ်း အတူလျှောက်ဖို့ လက်တွဲဖော်လေးနဲ့ အမြန်ဆုံး ဆုံတွေ့နိုင်ပါစေနော်
May 18, 2009 at 4:06 AMတောင်ပေါ်သားရေ အချစ်ဆိုသည်မှာ ???????
May 18, 2009 at 5:10 AMသြော်သြော် ရှပ်ပြာစိန်တဲ့ .. နောက်ကနေ နာမည်အသစ် ထပ်ပေးလိုက်ဦးမယ် .. ပွားစိန် .. ဖောစိန် .. :P
May 18, 2009 at 8:54 PMကိုရီနိုက နံပါတ်၁ ချိတ်သွားပုံရတယ် .. စဉ်းစားပေးလိုက်နော် .. အဟဲ
နောက်တာ
ဒီနှစ် ဒီကာလကစပြီးတော့ စုတ်ကော လာဘ်ကော တရစပ် တရဟော ၀င်ပါစေတော် .. :P
အယ်..... ရည်းစားတွေ များကြီးထားဖူးတယ်ကေား)
May 18, 2009 at 8:55 PMဆြာကြီးပေါ့ လက်ရှိကော ဘူနဲ့လဲ ???
ဪ .. ဝတ္ထုတွေ ဓါတ်ရှင်တွေ ထဲ က အတိုင်းပါဘဲလားနော် ။ ဘယ်ထဲက ကုးချလိုက်တာလဲ ။
May 19, 2009 at 12:51 AMသူကချည်းဘဲ ဦးအောင်ဖြတ်ရတယ် ရှိသေး
ဟွန်းး မုန်းဇာဂျီးးး
ခင်တောင်မခင်ရဲပါ
အထင်လွဲ ခံရမှာ စိုး၍ ။။
အမ ကိကီ။
အားပါးပါး
May 20, 2009 at 11:16 PMလျှို့ဝှက်ချက်တွေ... လျှို့ဝှက်ချက်တွေ။
ပေါ်လာကုန်ပြီ ဆရာပေါ်တို့ကတော့။
အဟိ။
အပါးပါး သူကချည်းဖြတ်နေတယ်ပါလား ကြိုတင်ပြောထားရတော့မယ် သူမလေးကို ဟတ်ဟတ် တိတ်တိတ်လေးကြိတ်ပိုးနေတဲ့သူတွေကရော ရှောင်ကြပါ့မလား ပေါ်ပေါ်ကဒီလောက်ချောတာ (ဖမ်းလို့တောင်မမိဘူး) ခွိခွိ
May 21, 2009 at 2:11 AMကြော်ငြာနေတာလားဗျ အဟိ
May 23, 2009 at 8:29 AMခုမှပဲဖတ်ဖြစ်တယ်... ပထမဆုံး အချစ်ဆုံး...သူ့ ကိုငါ ချစ်လို့ မဆုံးပေါ့နော်...
June 11, 2009 at 3:54 PMနောက်တခေါက် လာဖတ်ပြီး ကြိုက်သွားတဲ့ စာသားကတော့ အောက်ဆုံးက တောင်းပန်ခြင်း ဆိုတာပါပဲကွယ်....အဟေးဟေးးး
March 25, 2010 at 6:01 AMPost a Comment