Monday, April 27, 2009

သို့ အမေ



အမေ......

အချိန်တွေ ကုန်လွန်တာမြန်နေပေမဲ့ အမေ့သား ခုချိန်ထိအမေ့နဲ့ ဝေးနေတဲ့တနေရာမှာ တယောက်ထဲ ခိုလှုံဆဲပါ။ ဒါပေမဲ့ အချိန်နဲ့ အမျှ အမေ့ကိုသတိရနေဆဲပါ။ ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ သားဆိုးတယောက်အတွက် အမေရဲ့မေတ္တာလေးတွေကိုခုချိန်မှာ အဝေးတနေရာကနေ တောင့်တနေဆဲပါ။ ခုချိန်ဆို အမေလဲ အမကြီးရဲ့ မျိုးဆက်မြေးလေးတွေနဲ့ တနေကုန် အလုပ်ရှုပ်နေမယ်ထင်ပါရဲ့။ ကလေးတွေနဲ့ နေရတာ အလုပ်လုပ်ရတာထက် ပိုပင်ပန်းတယ်လို့ အမေပြောနေပေမဲ့ အမေ ပျော်နေရှာတယ်ဆိုတာ အဝေးရောက် သားကျနော်သိနေပါတယ်။

အမေ......

အလွန်တရာမှ ရှုပ်ထွေးပွေလီတဲ့ ဒီလူလောကထဲမှာ ကျနော် ကိုယ့်ဘ၀ကိုယ် ရုန်းကန်ရတာဆိုလို့ နှစ်အနဲငယ်တာ ရှိပါသေးတယ်။ ဒီနှစ်အနဲငယ်အတွင်းမှာ ကျနော် အလဲလဲ အကွဲကွဲ ရှုံးနိမ့်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ထိုက်သင့်သလောက် အောင်မြင်မူတွေလဲ ရခဲ့ပါတယ်။ ထိုက်သင့်တဲ့ ဝေဖန်တုန့်ပြန် ပြောဆိုမူတွေလဲ ရခဲ့ပါတယ်။ ကျနော်ရဲ့ စိတ်ဓါတ်တွေလဲ အကြိမ်ကြိမ် အလဲလဲ အထိုးခံခဲ့ရဖူးပြီအမေ။ ခုဆို ကျနော်စိတ်ဓါတ်တွေလဲ အရင်ကနဲ မတူပြောင်းလဲခဲ့ပါပြီအမေ။ ဒီလိုအချိန်မျိုးမှာ အမေရဲ့သား အမေ့ကို အရမ်းဂုဏ်ယူနေမိပါတယ်။ အမေတယောက်ထဲ ရုန်းကန်လှုပ်ရှား ကျွေးမွေးခဲ့တဲ့ နှစ်ပေါင်းကမနဲတော့ပါဘူး။ ဒါပေမဲ့ အမေ့ဆီက စိတ်ပျက်သံလေးတခွန်းတောင် သားမကြားခဲ့ရဖူးပါဘူး အမေ့ဆီက အမြဲတမ်း ပျော်ရွှင်ကြည်နူးနေတဲ့ အသံလေးကိုပဲ သားလွမ်းနေမိတယ်လေ။


အမေ......

မနက်ခင်း အိပ်ရာထ အလုပ်သွား၊ အလုပ်ပြန် ဒီလို လည်ပတ်ခဲ့တာ ဘာလိုလိုနဲ့ တနှစ်ကျော်သွားခဲ့ပြီအမေ။ ဒါပေမဲ့ အမေ့သား ကျနော် အမေ့ကိုဘယ်အရာမှ ပြည့်စုံအောင် ထားနိုင်ခြင်းမရှိသေးပါဘူး။ အမေ့ဆီက အားပေးစကားတွေ ပြန်ကြားရတိုင်း ကျနော် ကိုယ့်ဟာကို ရှက်နေမိတယ်အမေ... ဒီလိုနေရာမှာ ကျနော်ကတော့ စည်းစိမ်တွေ ယစ်မူးပြီး နေရတယ်၊သာယာနေတယ်ဆိုတဲ့ ပတ်ဝန်းကျင်က စကားလုံးအမျိုးမျိုး ပြောဆိုနေကြတာတွေကို ကျနော်ဘေးက မားမားမတ်မတ်ရပ်တည်ပေးတဲ့ အမေရှိနေသေးတရွှေ့ ကျနော် မတုန်လှုပ်ပါဘူး။ ကျနော် မကြောက်ရွှံ့ပါဘူးအမေ...

အမေ......

ခုဆို ကျနော် အရင်လိုမျိုး မဟုတ်တော့ဘူး။ ကျနော်ရဲ့ ဆံပင်တွေလဲ အရှည်ကြီး မဟုတ်တော့သလို အမေကြိုက်တတ်တဲ့ ဆံပင်တိုတိုနဲ့ လူငယ်တယောက် ဖြစ်နေပြီလေ။ တချို့တွေက ကျနော်ကို အတ္တကြီးတဲ့ တကိုယ်ကောင်း ဆန်တယ်တဲ့ အမေ…. ကျနော်ဘာမှ ပြန်မရှင်းပြချင်ပါဘူး ကျနော်ရင်ထဲမှာ ကျနော်မိသားစုပဲ ရှိတယ်ဆိုတာ အမေသိရင် ကျနော် ကျေနပ်ပါတယ်။ လူ့လောကမှာ လုပ်သင့်လုပ်ထိုက်တာ မှန်သမျှတော့ ကျနော်လုပ်သွားချင်ပါတယ်။ တိုင်းပြည်အတွက်ပဲ ဖြစ်ဖြစ် မိသားစုအတွက်ပဲ ဖြစ်ဖြစ်ပေါ့။ ကျနော် လူများတွေ ပြောစကားတွေကို ဂရုမစိုက်တတ်တော့တာ ကြာခဲ့ပြီ ထင်တယ်အမေ.. ဒါပေမဲ့ အမေ့သားကျနော် လူအသိုင်းအ၀န်းအပြင်တော့ မရောက်သေးပါဘူး။

အမေ......

ခုဆို စီးပွါးရေး အခြေအနေတွေက အကောင်းကြီးမဟုတ်တော့ ကျနော်သူငယ်ချင်းတွေကို စိတ်ပူမိတယ်။ အမေလဲ ကျနော်အတွက် စိတ်ပူပြီး ဆုတောင်းပေးနေမှာ ကျနော်သိပါတယ်။ ကျနော်သူငယ်ချင်းတွေအတွက်ပါ ပိုဆုတောင်းပေးပါနော်။ ဟိုနေ့က Movies လေးတခု ကြည့်လိုက်ရတယ်။ ကလေးငယ်လေးတွေ သူများစားပြီးသား အရိုးအရင့်တွေကို စားနေရတယ်အမေ….ဒီနေ့ဆို သတင်းတခု ဖတ်လိုက်ရတာ ရင်ထဲကကို စိတ်မကောင်းဘူးအမေ... မြန်မာပြည်မှာ ထမင်းရည် ရောင်းနေကြတယ်တဲ့ တလုံးကို ကျပ်၂၀၀၊ ၂၅၀ တဲ့အမေ…. ဒီလိုမျိုး ထမင်းရည်သောက်နေရတဲ့ လူတွေ ကမ္ဘာပေါ်မှာ ဘယ်လောက်တောင် ရှိနေမတုန်း၊ ထမင်းငတ်နေတဲ့ လူတွေကော ဘယ်လောက်တောင် ရှိနေမတုန်း စီးပွားရေးပျက်ကပ်မူကြီးက လူတန်း

5 comments:

အိုက်ခီလောက် said...

အင်း အမေ ဆိုလို့  ပြေးလာတာ
လွမ်းတယ် အတူတူပဲ
ပြန်ရောက်ရင် အမေ နားကမခွာဘူး
ချီးထူတော့လစ်တော့ အဟိ

April 28, 2009 at 9:35 AM
ဇော် said...

သြော်အမေ အမေ။ မီးဖိုချောင်ဝင်တိုင်း သတိရတယ်။ ဟင်းမချက်တတ်လို့။ ဟင့်။

April 28, 2009 at 3:35 PM
flowerpoem said...

ကိုတောင်ပေါ်သား ရေးတာကို ဖတ်ပြီး မရှိတော့တဲ့ အမေကို ပိုသတိရတယ် ဟင့်..

April 28, 2009 at 11:19 PM
kiki said...

အဝေးရောက်ရင် အမေတွေကိုလွမ်းနေတတ်ကြတာ ။ ဘဝတူ အဖြစ်ချင်းဆင်နေကြတဲ့ အဝေးရောက် သားသမီးတွေရဲ့ ခံစားချက်လေးတွေပေါ့ ၊။ ချစ်သော အမေရဲ့ ရင်ခွင်ထဲ ပြန်မှေးစက် ချွဲ နွဲ့ ရမဲ့ အချိန်လေးတွေ အမြန်ဆုံး ရောက်ရပါစေသား ။ အဲဒီအချိန်ကျ အပြောနဲ့ အလုပ်ညီပါစေ နော့။။

ခင်မင်တဲ့ အမ ကိကီ

April 29, 2009 at 2:24 AM
ကဗျာဦး said...

အမေလာဖတ်ပြီး ငိုမိတယ်

April 29, 2009 at 7:48 PM