Thursday, April 30, 2009

အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်


Tag ပိုစ့်တွေထဲမှာ ဒီပိုစ့်လေးက အခက်ခဲဆုံးပါပဲ။ နာမည်က အတွေ့ချင်ဆုံး ဘလော့ဂါ (၁၀)ယောက်တဲ့။ ကျနော်က အားလုံးကိုတွေ့ချင်နေတော့ ခက်သား။ ကျနော် အတွေ့ချင်ဆုံး (၁၀) ရောက်တဲ့။ ဒါပေမဲ့ တကယ်တမ်း ကျနော်အပြင်မှာ မြင်ချင်တဲ့ လူတွေက ၁၀ ယောက်မက ရှိနေပါတယ်။ ဒီတော့ (၁၀) ယောက်ထက် ပိုပြီး ဖြစ်သလို ပြောသွားမယ်ဗျာ... အပြင်မှာ ကျနော်တွေ့ဖူးတဲ့ လူတွေလဲ ရှိပါတယ်။ ဘလော့တိုင်းပြည်ထဲကလူတွေဆိုရင်တော့ ဦးဒီဘီဦးရှင်ကြီး မောင်စနေကိုနေးတစ် ပြီးတော့ ယိမ်းနွဲ့ပါးက ညီအကိုတွေ မဗေဒါ စသည်ဖြင့် စင်ကာပူရောက် ဘလော့ဂါတချို့ကို တွေ့ဖူးပါတယ်။

၁)ဦးနော်၊ တီငယ် ၊ကလေးလေး

ဒီမိသားစုလေးရဲ့ အိမ်ကို သွားလိုက်တာနဲ့ ပျော်ရွှင်စရာ ကောင်းလှပါတယ်။ အရမ်းကို ခင်မင်ဖို့ကောင်းတဲ့ မိသားစုဝင်တွေပါ။ သူတို့အိမ်လေးကို ၀င်လိုက်တာနဲ့ ပျော်ရွှင်စရာလေးတွေ ရမြဲဖြစ်ပါတယ်။ ဦးနော်ရဲ့ အတည်ပေါက် ရေးချက်တွေကို တီငယ်က နောက်လိုက်၊ တီငယ်ရေးတဲ့ပိုစ့်လေးတွေကို ဦးနော်က ဟာသလေးတွေနဲ့ အသက်သွင်းလိုက်နဲ့ပေါ့။ တခါတလေ စကားမပီတဲ့ သမီးငယ်လေး တယောက်ကလဲ ထထ အော်တတ်ပြန်ပါတယ်။ တကယ့်ကို အပြင်မှာ တွေ့ချင်ပါတယ်။ သူတို့ကတော့ မသိဘူးရယ် ကျနော်ကတော့ ဘလော့ဂါလောကမှာ သူတို့ရဲ့ မိသားစုအဖြစ် ကိုယ့်ဟာကိုယ် သတ်မှတ်ပြီးနေနေတာပဲ။ တွေ့တိုင်း စနေ နောက်နေတာပေါ့။

၂) ဦးဥာဏ်၊ တီဝါ၊ သမီးငယ်

ဒါလဲ မိသားစုဝင်တွေပါပဲ။ သူတို့မိသားစုလေးကတော့ အတော်ကို နွေးထွေးပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိသားစုလေးပါ။ ပိုပြီး ခင်တွယ်သွားတာက အကိုရဲ့ စိတ်ဓါတ်ကို လေးစားလို့ပါ။ တောင်ကြီးသားချင်း ဂုဏ်ယူတာတော့မဟုတ်ရပါဘူး။ ပွင့်လင်းရိုးသားတဲ့ မိသားစုလေးပါ။ အပြင်မှာတော့ မတွေ့ဖူးသေးပါဘူး။ သူတို့မှာလဲ ချစ်စရာကောင်းတဲ့ သမီးလေး တယောက်ရှိပါတယ်။ အဟဲ တီဝါပိုစ့်လေးတွေမှာ မြင်တွေ့ရပါတယ်။ အမြဲတမ်း လက်ကလေးထောင်ပြီး ပဲပေးနေတဲ့ ကျနော့်ရဲ့ ညီမလေးတယောက်ပေါ့။ အစားအသောက်ကလဲ အလွန်ကိုစားတတ်ပါတယ်။ ရှမ်းပြည်ကိုလွမ်းနေရင် တီဝါဘလော့ကိုသွားဖို့ တိုက်တွန်းပါတယ်။ သူက တမောင်၊ မောင်နဲ့ မောင်အတွက် ရှမ်းအစားအစာတွေ လုပ်ကျွေးတတ်ပါတယ်။ ဦးဥာဏ်ကတော့ ဆေးပညာလောက ကပါ။ အခုတော့ သူရဲ့ ပိုစ့်လေးတွေ ရပ်ထားတာကို အသက်ပြန်သွင်းမဲ့အချိန်ကို မျှော်လင့်တကြီး စောင့်စားနေရတုန်းပါ။ (အလုပ်များနေလို့ မရေးတာပါ)

၃) အကိုဈာန်

သူကိုလဲ တွေ့ချင်ပါတယ်။ အကြောင်းကတော့ ကျနော်ဘလော့စရေးဖြစ်တာ အကိုဈာန်ကြောင့်ပါ။ ရိုးသားပွင့်လင်းပြီး တိုင်းပြည်ကို ချစ်တဲ့ အကိုကို လေးစားပါတယ်။ ဘယ်အရာမဆို မလုပ်ရင် မဖြစ်နိုင်ပါဘူး။ စိတ်ဓါတ်ကို အရင်းပြုပြီး ဆင်းရဲပင်ပန်းမူဒဏ်တွေကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ဖြတ်ကျော်နေတဲ့ အကိုဈာန်နဲ့သူငယ်ချင်းအားလုံးကို ကျနော်အရမ်းတွေ့ချင်ပါတယ်။

၎) ကိုကလိုစေးထူး

စာအရေးအသားအရမ်းကောင်းမွန်ပြီး ကျနော် အကြိုက်ဆုံးဘလော့ဂါ တယောက်ပါ။ သူဘလော့လေးကို မလည်ရမနေနိုင်အောင် အရေးအသား သိမ့်မွေ့ပြေပြစ်လှပါတယ်။ မာန်မာန မရှိ ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တဲ့ အကိုကိုလဲ တွေ့ချင်ပါတယ်။ နှံကျယ်ကောင်လေးရဲ့ အသက်ကို သွင်းပြီးဖန်တီးထားတဲ့ အရေးအသား ဘ၀အတွေ့အကြုံတွေကို အားကျမိပါတယ်။

၅) မောဝ်မှ ညီအကို မောင်နှမများ

ကိုကြယ်စင်အိုက်ခီလောက်မောင်ရဲ မကီကီမငုံငပျင်း၊ ဒါကတော့ ကျနော်တို့ ဖန်တီးထားတဲ့ မောဝ်ရှမ်းမြေဆိုဒ်ရဲ့ အဖွဲ့ဝင်လေးတွေပေါ့။ သူတို့ကိုလဲ တွေ့ချင်ပါတယ်... တယောက်ချင်းကိုတွေ့ချင်တယ်ဆို (၁၀)ယောက်ကျော်သွားမှာမလို့ အားလုံး ရေးလိုက်တာပါ။

နည်းပညာတွေကို ဖြန့်ဝေပေးနေတဲ့ အကိုကြယ်စင် (လူပျိုကြီး မဟုတ်တဟုတ်အချိန်)ပါ။ သူကတော့ အရှက်အကြောက်ကြီးပါတယ်။ တောင်ပေါ်သားတွေနဲ့ နဲနဲလေးတော့ ဆန့်ကျင်ပါတယ်။

အချိန်ပြည့် အရက်ကို ရေလိုသောက်မယ်ဆိုတဲ့ အိုက်ခီလောက် စီပုံးလေးမှာ အမြဲလာအားပေးနေတဲ့ အကိုတယောက်ပါ။ သူလဲ ပျော်ပျော်နေတတ်ပါတယ်။

ကျောင်းစာတွေနဲ့ နပမ်းလုံးနေတာတောင် မရမက လိုက်ကူညီလုပ်နေတဲ့ မောင်ရဲ၊စိတ်ရင်းသဘောထား ပြည့်ဝတဲ့ လူငယ်တယောက်ပါ။ တိုင်းပြည်အတွက် အလွန်ကို တန်းဖိုးရှိမဲ့ လူတော်တယောက်ပေါ့။

ဆေးပညာတွေကို ဝေမျှနေတဲ့ အမကီကီ သူကတော့ တခါတလေ ပေါက်ကွဲထွက်နေတဲ့ ရင်ဘတ်ထဲက စာတွေကိုလဲ တွေ့ရတတ်ပါတယ်။။

အချစ်အကြောင်းတွေ အတော်ကိုရေးတဲ့ မငုံ (တကယ်တော့ အချစ်ကို မတွေ့ဖူးသေးတဲ့ အပျိုကြီးပါ ဟီးးးး)၊

အားနေရင် ပျင်းနေတတ်တဲ့ ငပျင်း (ပျင်းရမှာတောင် ပျင်းတယ်တဲ့) ဒါပေမဲ့ ပျင်းတာပျင်းတာ ပိုစ့်လေးတွေတော့ အမြဲထွက်နေပါတယ်။

၆) ကိုမိုးမောင်၊ ကိုဖိုးမောင်၊ မအိနြေ္ဒ

ဝတ္တူတိုတွေ၊ ရသတွေ အရေးအသားကောင်းမွန်တဲ့ ဘလော့ဂါအိမ်လေးပါ။ ညီအကိုနှစ်ယောက် ဆောက်ထားတဲ့ အိမ်လေးမှာ အမတယောက်ရောက်လာတော့ အရာရာဟာ ပြည့်စုံသွားပါတယ်။ (ညီအကိုနှစ်ယောက် ပျင်းရင်မရေးကြဘူးလေ ဒီတော့ အမကပဲ ၀င်ရေးရတယ် ဟီးး) ကဗျာတွေစပ်တာလဲ အရမ်းကောင်းပါတယ်။ ဘ၀ရဲ့လောကဒဏ်ကို ရင်ဖွင့်ပြတတ်တဲ့ အကိုအမတို့ကိုလဲ မြင်ဖူးချင်ပါတယ်။ တယောက်သော အကိုကိုတော့ အပြင်မှာ မြင်ဖူး စကားပြောဖူးပါတယ်။ နာမည် မပြောတော့ဘူး ဟဲဟဲဟဲ (တော်ကြာ လူပျိုကြီး ငါ့အကို ကို ဘလော့မမတွေ လာမေးနေကြလို့ တောင်ပေါ်သား လက်မလည်အောင် ရှင်းပြနေရမယ်)

၇)မမီး

အမြဲတမ်း ပျော်နေတတ်တဲ့ အမတယောက်ပါ။ အရွယ်တူပေမဲ့ ကိုယ်တိုင်က နုနေတော့ သူ့ကို အမခေါ်ရတာ အဆင်ပြေလို့ (ဟဲဟဲ ကျနော်ကို ဖဲ့ထားတာ ပြန်ဖဲ့မှ) အမလို့ပဲ ခေါ်ဖြစ်ပါတယ်။ အမြဲတမ်း ပျော်အောင်နေတတ်သလို စိတ်ညစ်စရာ ရှိရင်လဲ အစားစား၊ အိပ်ပြီး စိတ်ဖြေဖျောက်တတ်တဲ့ အမတယောက်ပါ။ (စတာ တကယ်) ကျနော်ကိုဆိုလဲ မောင်ငယ်တယောက်လို ခင်ပါတယ်။ ကျနော်မှာ သူ့ကြောင့် အိပ်ရေးပျက်ပေါင်းလဲ များပါတယ်။ တမျိုးမထင်ပါနဲ့၊ သူအစလုပ်လို့ အွန်လိုင်းဘိလိယက်ဂိမ်းလေး စွဲသွားတာပါ။ ည ညဆို မအိပ်ရဘူး ဂိမ်းဆော့နေတာပါ။ ကဗျာတွေရေးတတ်ပါတယ်။ အားလုံးနီးပါးကတော့ အလွမ်းတွေပါပဲ ဟီးးးး (အလွန်ကို လွမ်းတတ်ပါတယ်။ သူလဲ အပျိုကြီးပါ ကြော်ငြာဝင်ပေးတာ) စိတ်ဝင်စားသူများ တောင်ပေါ်သားကို ဆက်သွယ်ပါ။ အခမဲ့ အောင်သွယ်လိုက်ပါတယ်။ ဟီးးးး (ဒါလဲ ပြန်ဖဲ့တာမှတ် ကျနော်ကို အောင်သွယ်ပေးမယ်လို့ ပြောတာလေ)

၈) ကိုအိမ်

အမြဲတမ်း ကျနော်ကိုအားပေးနေတဲ့ အကိုပါ။ ကျနော်စိတ်ညစ်ရင် အားပေးတတ်ပါတယ်။ ကတောင် ကတောင် (ကျနော်နာမည်ကိုခေါ်တာဖြစ်ပါတယ်) နာမည်တမျိုးကို အစဖော်သူပါ။ သူလဲ အမြဲပျော်ရွှင်နေတတ်သလို အပြင်ရောက် မြန်မာတွေအကြောင်း ဘ၀အကြောင်းတွေ ကျနော်ကို ပြောပြ လမ်းညွှန်အကူအညီပေးတတ်သူပါ။ သူကတော့ တရားဝင်ကို လူပျိုကြီးဖြစ်ကြောင်း ကြော်ငြာထားပါတယ်။ ဒါပေမဲ့ တပတ်ရစ် လူပျိုကြီးပါ။ သိပ်မယုံရပါဘူး ကျနော်အာမခံပါဘူး ......

၉) အကိုတော်မောင်မျိုး

သူ့ကို အကိုလို ခေါ်ရင် လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ ကျနော်က နှုတ်ကျိုးနေလို့ တွေ့တိုင်း အကိုလို့ပဲ ခေါ်ဖြစ်ပါတယ်။ သူရဲ့ စိတ်ဓါတ်ကလဲ ရိုးသားပြီး ဟန်ဆောင်မူကင်းတာမို့ သဘောကျ နှစ်သက်မိပါတယ်။ ဘလော့လောကမှာ ကြောင်မျိုး အဲ မှားလို့ တွေ့ပုချိ ဘလော့ဂါ မောင်မျိုးဆို မသိသူ မရှိလောက်အောင်ကို ဖြစ်ပါတယ်။ အဟီး မြှောက်ထားတာ။ အရေးအသားကောင်းမွန်ပြီး သူရဲ့ ဘ၀ကို ဖော်ပြပေးတဲ့ စာလေးတွေက ထပ်တူခံစားရပါတယ်။

၁၀) ကိုညီလင်းဆက်

မြန်မာဘလော့ဂါလောကရဲ့ ဘိုးအေတွေထဲက တယောက်ပါ။ သူဆီကို အမြဲတမ်းရောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ကော်မန့်တော့ သိပ်မပေးတတ်ပါဘူး။ သူရဲ့အရေးအသားတွေ စာပေကိုချစ်မြတ်နိုးမူတွေကို အရမ်းအားကျမိပါတယ်။ မြန်မာပြည်အတွက် တတ်စွမ်းသလောက် ရသလောက် လုပ်ပေးနေတာကို တွေ့ရတော့ ဂုဏ်ယူမိပါတယ်။ သူကိုတော့ တပြင်မှာမတွေ့ဖြစ်ဖြစ်အောင်ကို ကြိုးစားပါဦးမယ်။ ရုပ်တာမမြင်ဘူးတာ အမှန်အတိုင်းပြောရရင် ဟိုတလောက သူကို အိပ်မက်မက်ပါတယ်။ သမိုင်းစာအုပ်တွေ အကြောင်း ကျနော်ကိုပြောပြနေတာပါ။ အဲလောက်ကို ခင်မင်နေမိတဲ့ အကိုတယောက်ပါ။ မြင်တာတွေကို ရဲရဲဝင့်ဝင့်ထုတ်ပြရဲတာကိုလဲ လေးစားပါတယ်။

၁၁) ကိုပေါ

ဒါကတော့ ဒီမိုကရေစီကို မြတ်နိုးတဲ့ အကိုတယောက်ပါ။ သူ့ကိုလဲ တွေ့ချင်ပါတယ်။ အကြောင်းကတော့ သူလဲပဲ စာအတော်ဖတ်ပြီး သမိုင်းကျေတဲ့ လူတယောက်လို့ ကျနော်ယူဆပါတယ်။ အရေးအသားတွေကတော့ အလွန်ကို ကောင်းမွန်ပါတယ်။ သူ့ကိုတခု ချီးကျူးမိတာက လူတိုင်းမလုပ်နိုင်တဲ့ အရာတခုကို သူလုပ်နိုင်ပါတယ်။ သူဆီကို ကောမန့်ပေးတာတွေကို အတတ်နိုင်ဆုံး ပြန်ဖြေပေးတာပါ။ သူ့ကို ဆဲသွားတာပဲ ဖြစ်ဖြစ် မကောင်းပြောတာပဲ ဖြစ်ဖြစ် သူဆီက ဟာသနှောတဲ့ အဖြေလေးတွေကို ဖတ်ရတော့ စာဖတ်သူတယောက်အနေနဲ့ သူ့ရေးတဲ့ စာကို မကြိုက်တောင်မှ အတိုင်းအတာတခုထိ ကျေနပ်မူကို ပေးပါတယ်။ ကျနော်ကတော့ တခါမှ ကော်မန့်မပေးဖူးပါ။ စာကတော့ နေ့တိုင်းသွားချောင်းနေကြပါ။ (စာကလေးမဟုတ်ပါ)


၁၂) We She Me

မိသားစုအကြောင်းလေးတွေ၊ လက်ရှိရောက်နေတဲ့ တိုင်းတပါးက အဖြစ်အပျက်လေးတွေကို ရေးသားနေတဲ့ ဘလော့ဖြစ်ပါတယ်။ အရေးအသားလဲ ကောင်းမွန်ပါတယ်။ အကောင်းဆုံးကတော့ သားသမီးတွေကို ဘယ်လို ဂရုစိုက်သင့်တယ် ကလေးတွေရဲ့ နောင်ရေးကို ဘယ်လို အလေးပေးသင့်သလဲ စသည်ဖြင့် ရေးသားထားပါတယ်။ သူတို့ကိုလဲ ကျနော်အရမ်းတွေ့ချင်ပါတယ်။

ကိုဖြိုးအကိုဝင်းဇော် ကိုလဲ တွေ့ချင်သေးတယ်။ သူက လူတိုင်း တွေ့ချင်နေတော့ ကျနော်တကူးတက မရေးတော့ပါဘူး ဟဲဟဲ

တကယ်တမ်း အဆင်ပြေမယ်ဆို ကျနော်တို့ တိုင်းပြည်ကြီးမှာ ဘလော့ဂါတွေ စုစည်းပြီး တွေ့ဆုံပွဲကြီးတပွဲ လုပ်နိုင်ရင်တော်တော်တော့ ပျော်စရာကောင်းမှာပေါ့ တယောက်နဲ့တယောက် မထင်တာတွေ ဖြစ်လို့ဖြစ်၊ ပျော်ရွှင်စရာ ရီမောစရာတွေနဲ့ အပြည့်ပြီးတဲ့ ပွဲလေးဖြစ်လာမယ်လို့ ကျနော်ကတော့ ယုံကြည်နေပါတယ်။ တနေ့နေ့ပေါ့ဗျာ.... မကြာမီလာမီ မျှော်



လေးစားလျက် တောင်ပေါ်သား


15 comments:

flowerworld said...

အံမယ်အံမယ် ကျုပ်ထက်နုလို့ပေါ့လေ ဟွန်းးးးးး
သတိထားမကြာခင် နှစ်ချောင်းငင်(နူ)တော့မှာ မှတ်ထား ဟွန်းးးးးးးးးး လို့ခဏခဏလုပ်ပြီး မျက်စောင်းပဲ ထိုးတော့မယ် ဟွန်းးးးးးး

April 30, 2009 at 12:46 PM
အိုက်ခီလောက် said...

အယ် ဒူလည်းနာ့ကိုရေလိုတောက်ဒယ်ဆိုတာ
ဟွန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သိမယ် ပြောလိုက်ရ အဟိ
ဆုံချင်တဲ့လူတွေနဲ့ ဆုံပါစေဗျာ
ဆုတောင်းပေးပါတယ် အပြင်မှာဆုံမှာပါ
ဆုံမှဘုရားဖြူကပါမိုးနဲ ကို လိုက်ပို့ ခိုင်းမယ် အဟိ
အဲ့နေ့ ကျရင်တာ ရှင်းဖို့ ပြင်ထားနော်
ကျန်တဲ့လူတွေနဲ့ လည်းအမြန်ဆုံးဆုံတွေ့ ပါစေဗျာ

April 30, 2009 at 1:00 PM
Sein Lyan Tun said...

ဟုတ်ပါ့..ညီလေးယောက်ဖအိုင်ခီကိုပြောရက်လိုက်တာ
သူကရေလိုမသောက်ပါဘူး
ကြွက်တွင်းဆိုတော့ အဟီးးး
ကျနော်တို့တတွေ တနေ့ဆုံကြမှာပါ
နော့်
အမြန်ဆုံးဆုံတွေကြမယ်ဗျာ

April 30, 2009 at 1:38 PM
စိုင်းစိုင်းလားရှိုး said...

ဆုံချင်သူတွေ အမြန်ဆုံး ဆုံနိုင်တွေ့နိုင်ကြပါစေဗျာ။

April 30, 2009 at 1:53 PM
Welcome said...

ဆန္ဒတွေ ကိုယ်စီ ပြည့်စေဖို့ မျှော်လင့်ပါတယ်။
အကုန်တွေ့မယ်ဆိုပြီး ကျုံးသွင်းလိုက်ရင် ဒုတ်ခ ..
CCTV တွေ များမှများ ..

ဆင်ဆင်ပြေ ပျော်ရွှင်စေဖို့ တောင်းဆုချွေတယ်

April 30, 2009 at 1:54 PM
WWKM said...

ဝေးးးး
တောင်ပေါ်သားက တီတီဝါတို့မိသားစုကိုတွေ့ချင်တယ်
ဆိုလို့ အလွန်ပဲ ၀မ်းသာဂုဏ်ယူမိပါကြောင်း ဦးစွာပထမ
ပြောကြားလိုပါတယ်ရှင်... အဟတ်.

တီဝါ တစ်မောင်ထဲမောင်နေတာ အမြင်ကတ်နေတာဖြစ်
မယ်... ထည့်ရေးတယ်တော့..... ထည့်ရေးစရာလား..
ဒါလူကြီးတွေ ကိစ္စလေ...း)

ကြိုးစားထားတောင်ပေါ်သားရေ....
တော်ကြာ ပုလုကွေးက စွန်ပြီး ကိုယ်မစွန်ဖြစ်နေဦးမယ်.
( မျက်စိ) :D

တီဝါ မှတ်ထားတယ်နော်.. တီဝါတို့ မိသားစုကို တောင်
ပေါ်သားက ဥထမင်းချက်ကျွေးဦးမှာ ဆိုတာလေ.. မမေ့
ဘူး.. ဟဟားးးး

ပျော်ရွှင်ပါစေ..

April 30, 2009 at 2:43 PM
ကိုရဲ said...

ကျောင်းသွားခါနီးရောက် မန့် ပြန်

(ကိုရဲ)

April 30, 2009 at 2:52 PM
မိုးခါး said...

မမ၀ါ ပြောသွားတာ ရီရတယ် .. အစွံထုတ်ပေတော့ တောင်ပေါ်သားရေ .. :D

April 30, 2009 at 3:48 PM
မငုံ said...

တောင်ပေါ်..နင်နော်နင်..အချစ်အကြောင်းတွေ ဟုတ်ပါဘူး။ သံဃောဇဉ်ရှိတာလေးကို ပြောပြတာပါ။ ငါ့ကိုများ အပျိုကြီးတဲ့။ တွေ့မယ်။။နင့်နဲ့ တွေ့ရင် အရင်ဆုံး နှိပ်စက်မယ်။
:)) တွေ့ချင်တယ်လား.၂၀၁၀ဧပြီပြန်လာခဲ့လေ.။

April 30, 2009 at 9:50 PM
ကြယ်စင်မင်း said...

ဘာတဲ့.. ကျွန်တော့်ကိုများ (လူပျိုကြီး မဟုတ်တဟုတ်အချိန်) ဆိုပါလား.. ကိုတောင်ပေါ်.. ကိုတောင်ပေါ်.. ဒင်းနော်.. ဘယ်ကလာ.. ကျွန်တော်က လူပျိုပါဗျာ.. အရှက်အကြောက်ကြီးတယ်ဆိုတာကိုပါ ထည့်ရေးသေးတယ်နော်.. ဘားမှတောင်ပေါ်သားတွေနဲ့ မဆန့်ကျင်ပါဘူးဗျာ.. သူ့ကို မပို့ပေးတာနဲ့ပဲ .. မရရတဲ့နည်းနဲ့ နပ်ထည့်လိုက်တာပေါ့.. :D

ဟုတ်ပါပြီဗျာ.. တွေ့ချင်ရင် စင်ကာပူလာမယ်.. တီဝါတို့နဲ့ ကျွန်တော့်ကို တွေ့ချင်ရင် ဒီကိုလာခဲ့ပေါ့.. ဟုတ်တယ်ဟုတ် တီတီဝါ.. :)

အားလုံး တစ်ရက်တွေ့ကြမယ်ဆိုရင်.... အဲ့ဒီနေ့ဟာ အထူးခြားဆုံးနေ့ဖြစ်လိမ့်မယ်နော်..

ကျေးဇူးတင်ပါတယ်
ကြယ်စင်မင်း

April 30, 2009 at 10:38 PM
kaungkinpyar said...

တွေ့ချင်သူတွေ အကုန်တွေ့နိုင်ပါစေ တောင်ပေါ်သားရေ။

April 30, 2009 at 10:49 PM
Anonymous said...

ကိုယ့်ဆ၇ာ လုပ်ချလိုက်ပြီ.. မြှောက်သလိုလိုနဲ့
ရိုက်ချတာ... အင်းလေ.. ဒါမှလဲ ရိုက်ချက်အားကောင်းပြီင်္း အထိနာမှာဆိုတော့
ရပါတယ်... အလှည့်ကျရင်တော့ မနွဲ့ကြ စမတမ်းတော့ဗျာ... ဟိဟိ ကြိမ်းတယ်တော့
မထင်နဲ့ ဟိဟိ....
ကျနော် လူပျိုတပါတ်ရစ်မဟုတ်ဘူး စက္ကန်းဟန်းပါဗျ ဟိဟိ အသက်က ၃၀ဆိုတော့
ပျိုရာကနေ ပြိုလာလို့ပါနော်.. ဟဲဟဲဟဲ

May 1, 2009 at 2:49 AM
စနေသား said...

ဘယ်မှာလဲ..... နာ့ကို ဘယ်မှာ တွေ့ ဖူးလို့ လဲ......
ကိုးရီးယားကားထဲမှာလား....
အင် ဖြစ်ရင် ဖြစ်နိုင်တယ်.....
အ ဟဲ

May 1, 2009 at 10:22 AM
မောင်မျိုး said...

ကျနော်လည်းတွေ့ချင်ပါတယ် ဘကြီးးးးးတောင်...........................ပေါ်သား မင့်နာမည်ခေါ်ရတာ နာမ်စီးတယ်း)

May 5, 2009 at 10:18 AM
ကိုရင်နော်ခင်လေးငယ် said...

တောင်ပေါ်သားရေ..
ဦးနော်တို့ ကလည်း တောင်တောင့်ကို အရမ်းတွေ့ချင်ပါတယ်.. ဓါတ်ပုံထဲမှာတော့ မြင်ဘူးတယ်.. နောက်တော့ ဆုံကြမယ်နော်..

ဟို တစ်လောက ဦးနော်တို့ ဘလော့ လေး ရပ်သွားတုန်းက စိတ်မကောင်းဖြစ်ပေးတာ ကျေးဇူးပါနော်.. အိမ်တွေလည်း မလည် ဖြစ်ဘူး.. အခုတော့ အချိန်ပေးပြီး လိုက် ပတ်လိုက်ဦးမယ်..

ခင်မင်စွာဖြင့်..

May 14, 2009 at 2:33 PM