Wednesday, April 8, 2009

သက်တန့်


ပြတင်းပေါက်မှတဆင့် ဟိုအဝေးတနေရာသို့ ကိုသားငယ် စိုက်ကြည့်နေသည်။ ဟိုအဝေးတနေရာဆီမှာ ထွက်ပေါ်နေတဲ့ သက်တန့်လေးကို မျက်တောင်မခတ် စိုက်ကြည့်နေသော ကိုသားငယ်ကို ကျနော်ငေးကြည့်နေမိသည်။ ထို့နောက် ကိုသားငယ်နှင့်အတူ ကျနော်၏ မျက်လုံးအစုံပါ အရောင်မျိုးစုံနှင့် တောက်ပနေသော သက်တန့်လေးဆီ ကိုငေးကြည့်နေမိသည်။ ကျနော်တို့အကြည့်တွေကို သေးမြောင်သော ပြတင်းပေါက်လေးကတဆင့် ကျယ်ဝန်းပြီး လှပသော သက်တန့်လေးကို ငေးနေမိသည်။ ထိုအတူ ကျနော်၏ အမြင်အာရုံမှာ အတိတ်ဆီသို့ နာရီလက်တံအလား တရွှေ့ရွှေ့ နောက်ပြန်သွားနေမိတော့သည်။

ကျနော်နဲ့ ကိုသားငယ်သည် ငယ်စဉ်ကတည်းက ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများဖြစ်သည်။ ဒါပေမဲ့ ဘ၀ပေးအခြေအနေကြောင့် ကျနော်တို့ရပ်တည်ခဲ့ရသည့် ဘ၀က မတူညီခဲ့ပေ။ ကိုသားငယ်သည် ကျနော်နှင့်နှိုင်းယှဉ်လျှင် အဖက်ဖက်အရာရာက သာလွန်ပေသည်။ ပြောရမည်ဆိုလျှင် ပိုက်ဆံအလွန်ချမ်းသာသော မိသားစုမှ ပေါက်ဖွားလာသော သူတယောက်မဟုတ်ခဲ့ပေမဲ့ အတော်အသင့် ချမ်းသာသော မိသားစုမှ ဆင်းသက်လာခဲ့သူ ဖြစ်ပေသည်။ တကယ်တော့ ကိုသားငယ်သည် ကျနော်တို့ မြို့ဇာတိဖွားမဟုတ်ပေ။ မှတ်မှတ်ရရ ကျနော် ၃ တန်းလောက်အရွယ်မှ သူတို့မိသားစု ကျနော်တို့ မြို့လေးကို ပြောင်းလာခဲ့ခြင်းဖြစ်ပေသည်။ ကျနော်နှင့် ကိုသားငယ်သည် ၃ တန်းမှ စ၍ အထက်တန်းပြီးဆုံးသည့် အထိ အတူတူစား အတူတူနေခဲ့ကြသည့် သူငယ်ချင်းများဖြစ်ခဲ့ကြပါသည်။



ကျနော်နှင့်ကိုသားငယ် ငယ်စဉ်က ဒီလို သက်တန့်လေးတွေကို မြင်တိုင်း တူညီသော ခံစားချက်တခုရှိပါသည်။ ထိုအရာမှာ ဒီသက်တန့်ကြီးဘာကြောင့် ပေါ်လာရပါသလဲဆိုတာကို ပြိုင်တူစဉ်းစား ငြင်းခုန်ကြခြင်းပင်ဖြစ်ပေသည်။ ရေခိုးရေငွေ့တွေ အပူအအေးကြောင့် ပြောင်းလဲပြီး သက်တန့်ဖြစ်ပေါ်လာသည်ကို ကျနော်တို့ မသိခဲ့ချေ။ ရပ်ကွက်ထဲက လူကြီးများက အရူးဟု သတ်မှတ်ထားသော ကိုဖိုးဝ ကြီးပြောပြသည်ကတော့ ဒီသက်တန့်ရဲ့ အစွန်းနှစ်ဖက်မှာ တန်ဖိုးကြီးမားတဲ့ ရွှေ၊ငွေ၊ ကျောက်သံပတ္တားမြားတွေ ရှိသည်ဟု ဆို၏။ မင်းတို့ ဒီသက်တန့်ရဲ့ အရောင်တွေ မပျောက်ခင် အစွန်းတဖက်ကို အရောက်သွားနိုင်လျှင် မင်းတို့လိုချင်တဲ့ ရွှေ၊ငွေတွေ ရလိမ့်မည်ဟု ပြောပြဖူးသည်။ထိုကြောင့် ကျနော်တို့ နှစ်ယောက် သက်တန့်ရောင်မြင်တိုင်း သက်တန့်၏ အစွန်းတဖက်နောက်သို့ ပြေးလိုက်ခဲ့ကြသည်မှာလဲ အကြိမ်ကြိမ် အခါခါ…. မိုးချုပ်ညအမှောင်ရောက်တော့ သဘာဝအရ သက်တန့်ရဲ့ အလင်းတွေပျောက်သွားတော့ ကျနော်တို့ ငိုကြွေးခဲ့သည်မှာလဲ မရေမတွက်နိုင်ခဲ့ပေ.. သက်တန့်နောက် လိုက်ရင်း လမ်းပျောက်ခဲ့သည်မှာလဲ အကြိမ်ကြိမ် အခါခါ…………….

ကျနော်တို့ အလယ်တန်းကျောင်းသားဘ၀ကို ကျော်လွန်လာတော့ လူသားသဘာဝ အရာရာ ပြောင်းလဲခဲ့ပြန်သည်။ ကျနော်တို့ အရင်လို သက်တန့်ရောင်စဉ်ရဲ့ တဖက်စွန်းမှာ ရွှေ၊ငွေတွေ မရှိမှန်းလဲ သိလာခဲ့ရသည်။ ဒါပေမဲ့ ကျနော်တို့ အတွေးတွေကတော့ သက်တန့်ရောင်စဉ်တခုလို အရောင်မျိုးစုံနဲ့ တောက်ပဆဲ၊ လှပဆဲ ဖြစ်ပေသည်။ ကိုသားငယ် ပြောဖူးသည်တခုကို ကျနော် သတိရမိသည်။ သူအထက်တန်းအောင်လျှင် ပညာတတ် ၀န်ထမ်းကောင်းတယောက် လုပ်မည်တဲ့။ ဒါကလဲ သက်တန့်တခုလို သူရဲ့ မျှော်မှန်းချက်တခုပင်.... ဒါပေမဲ့ သူရဲ့ မျှော်လင့်ချက်တွေသည်လဲ သက်တန့်တခုလို အချိန်တန်တော့ အရောင်တွေ မျောလွှင့် ကွယ်ပျောက်ခဲ့ရမှန်း သူသိခဲ့ရပေမည်။ ကျနော်တွေးနေရင်း ကိုသားငယ်ကို ငေးကြည့်နေမိသည်။ သူ၏ မျက်နှာသည် အရင်လို ပြည့်ပြည့်ဖြိုးဖြိုးမရှိသော ဘ၀ရ

5 comments:

အိုက်ခီလောက် said...

အင်း ကောင်းကောင်းဖတ်သွားပါတယ် သက်တံလေးကို
လူဘဝ က အရောင်မျိုးစုံ ပြောင်းလည်းတတ်တာကိုး
အင်းဖတ်မိပြီးတစ်ခုခုတော့ ဖြစ်သွားတယ်

April 8, 2009 at 9:49 PM
kiki said...

အဲ့ ကိုသားငယ်လေးက ဘာရောဂါကြောင့် ဒီငယ်ငယ်ရွယ်ရွယ်မှာ ဒီလောကကြီးမှ ထွက်ခွာသွားရတာလဲဟင်။ သူဆုံးခါနီးမှာ သူ့ ရဲ့ဇနီးမယားက အနီးအနားမှာ ရှိမနေပေးဘူးလား ။
လောကကြီးမှာ ဘယ်အရာမှ အမြဲမရှိနေနိုင်ပေဘူး နော့။ သံဝေဂလေးတွေပေါ့။

April 8, 2009 at 11:22 PM
ဖိုးစိန် said...

သူလဲသက်တန့်ကြီးခြေရင်းအောက်သွားပြီး
တစ်ခုခုရှာနေမလားမသိဘူးနော်
စာဖတ်တော့ဝမ်းနည်းသလိုခံစားရတယ်
စာရေးကောင်းတယ်
ခံစားချက်တွေထိတယ်
ခင်တဲ့
ဖိုးစိန်

April 9, 2009 at 11:45 AM
မသက်ဇင် said...

တောင်ပေါ်သားလေးဆီမရောက်တာကြာလှပေါ့
သတိတရလာလည်ပါတယ်--
လာဖတ်ပါတယ်--
ပျော်ရွှင်အဆင်ပြေပါစေ--

April 9, 2009 at 4:28 PM
အိမ် said...

စိတ်ကူးနဲ့အရေးတွေကောင်းတယ်ဗျာ။

April 10, 2009 at 3:26 AM