တနှစ်ပြည့်ကို ပြန်စမ်းစစ်ခြင်း
အချိန်တွေကို ပြန်တွေးကြည့်တော့ အချိန်တွေအကုန်မြန်နေသလို ခံစားမိသည်။ ဘာလိုလိုနဲ့ ဒီစင်ကာပူကို ရောက်တာ တနှစ်ကျော်သွားခဲ့ပါပြီ။ ဒီတနှစ်ကျော်ဆိုတော့ ကျနော် အလုပ်လုပ်ခဲ့သည်မှာလဲ တနှစ်ကျော်နေပါပြီ။ ဒါပေမဲ့ ဦးနှောက်ကို အတွေးနယ်ချဲ့ခိုင်းလိုက်တော့ ဒီတနှစ်အတွင်း ဘာဆိုဘာမှ မရခဲ့ပါပေ။ လူသားတယောက်ဖြစ်သည်အလျှောက် မှန်ရာတွေကို လုပ်ခဲ့သည်။ တချို့တွေသည်လဲ မှားခဲ့သည်။ တချို့တွေကို အမှားကို အမှန်ထင်၍ လုပ်ခဲ့တွေသည်လဲ ရှိခဲ့ပေသည်။ အရာအားလုံးသည် မှန်သည်ကြီး မဟုတ်ခဲ့သလို အရာအားလုံးကိုလဲ ကိုယ်ဖြစ်ချင်တလို ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ သေချာစဉ်းစားကြည့်တော့ ကောင်းကျိုးဆိုးကျိုးတွေ များစွာကို တွေ့လာရသည်။
ကောင်းကျိုးများ
၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။
၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။
၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။
၎) လူအချင်းချင်း ပေါင်းသင်းဆက်ဆံမူ (လူအရိပ်အကဲ ခတ်တတ်မူ)အနဲငယ် တိုးတက်လာသည်။
၁) လူနေမူအဆင့်အတန်း အတော်အတင့်တော့ မြင့်လာသည်။
တကယ်၍ ကျနော်တို့မြို့လေးမှာ နေရင် ဒီအခြေအနေဖြစ်လာဖို့ဆိုသည်မှာ အိပ်မက်ပမာ မက်ယူစရာပင်ဖြစ်ပေလိမ့်မည်။ ကိုယ့်မြို့လေးမှာ နေရသမျှ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ရောင်တောင်တောင် ဘ၀ကို ကုန်ဆုံးဖြစ်မည်မှာ သေချာပေမည်။ ဒီလိုပဲ ကိုယ်မြို့လေးက အဆင့်အတန်းမြင့်မားသည်ဟု ခေါ်ဆိုသော ရန်ကုန်မြို့သို့ရောက်သော လူနေမူက အစ ကွာခြားလာခဲ့သည်။ ပညာကို ဦးစားပေးသော အသိုင်းအ၀န်းထဲတွင် မရုန်းမကန်လို့ မရတော့။ ဒီလိုနဲ့ ဘ၀ကို ဖြတ်သန်းခဲ့သည်။ ရန်ကုန်သည် ကျနော့်မြို့လေးနဲ့ တော်တော်ကို ကွာခြားလေပေသည်။ ဒီလိုပဲ စင်ကာပူကို ရောက်တော့ ရန်ကုန်သည် စင်ကာပူနှင့် အတော်ကို ကွာခြားသွားခဲ့လေပြီ။ ဒီလိုပဲ ပေါင်းသင်းဆက်ဆံရတဲ့ အသိုင်းအ၀ိုင်းသည်လဲ ကွာခြားခဲ့လေသည်။ ဒီစင်ကာပူတွင် ရေမလာသည်ဟု၍ မကြုံဖူးသလို မီးပျက်သည်လဲ တခါမှ မရင်ဆိုင်ခဲ့ဘူးပေ။ အရာအားလုံး ပိုက်ဆံရှိသည်ဆိုလျှင် လုပ်ချင်တာ လုပ်လို့ရပါသည်။ တီဗွီ၊ အင်တာနက် အားလုံးနှင့် ပြည့်စုံနေပေသည်။
၂) ပိုက်ဆံပိုရသည်။ (မြန်မာပြည်နဲ့နှိုင်းယှဉ်လျှင်) အိမ်ကို အနဲငယ် ထောက်ပံ့နိုင်ခဲ့သည်။
ကိုယ့်တိုင်းပြည်မှာ လုပ်လျှင် တလလုပ်စာသည် မိသားစုမပြောနဲ့ ကိုယ့်သုံးသည့် အသုံးစရိတ်တောင် မကာမိချင်ပေ။ ဒီစင်ကာပူမှာတော့ဖြင့် ရသည့်လစာသည် ကိုယ်အသုံးစရိတ်သာမက မိသားစုကိုတော့ အနဲအကျဉ်းထောက်ပံ့နိုင်ပေသည်။ ဒါပေမဲ့ သူများလက်အောက်တွင် လုပ်နေသရွှေ့တော့ လူချမ်းသာတယောက် ဖြစ်နိုင်မည်မဟုတ်ကြောင်းကို အလုပ်လုပ်ရင်းနဲ့ တဖြေးဖြေးသိလာရပါသည်။
၃) ကိုယ့်တိုင်းပြည်မှာ ဘာဖြစ်နေသည်ကို ပြည်တွင်းကလူများထက် ပိုသိလာသည်။
မှန်သည်၊ မှားသည်ထက် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ဒီစင်ကာပူရောက်မှ ပိုသိလာပါသည်။ ကိုယ့်မြို့လေးမှာ နေစဉ် ဒါတွေကို နားမလည်ခဲ့ အချိန်တန်လျှင် မိဘကျွေးသော ထမင်းကိုအေးဆေး စားယုံပင်။ ရန်ကုန်ရောက်တော့ အနည်းငယ် လူရည်လည်လာပါသည်။ လူပေါင်းစုံ စာရိတ္တမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံခဲ့ရပါသည်။ ဒါပေမဲ့ ဦးနှောက်အသိမျက်စိကတော့ အပွင့်ကြီး မဟုတ်သေးပေ။ ဒီစင်ကာပူကိုရောက်မှ ကိုယ့်တိုင်းပြည်နဲ့ ဒီတိုင်းပြည်ကြီး ဘယ်လောက် ကွာဟနေလဲ သိခဲ့ရတယ်။ အာရှအတွင်းတည်ရှိနေသော ဒီနှစ်နိုင်ငံတောင် ဒီလောက် ကွာခြားနေခြင်းကို အံ့သြော်မူမဟုတ
5 comments:
ထပ်တူမျှတူ ပါဘဲဗျ... ကိုတောင်ပေါ်သား... အမေ့ကို တမ်းတသတိရတာတော့ အမှန် ပေါ့ဗျာ.. သူငယ်ချင်းတွေကိုလည်း အသေ လွမ်းတယ်... ဒါပေမယ့် ဒို့ မြို့ လေးမှာ နေ နေရင်လည်း ဒီလိုအသိလေးတွေ အတွေးလေးတွေ တော့ ဘယ်ရမလဲနော်... ထပ်တူမျှတူ ခံစားသွားတယ်ဗျာ...
March 1, 2009 at 3:50 AMကိုတောင်ပေါ်သားပြောတာတွေ အကုန်မှန်ပါတယ်..။ အပြည့်အ၀ထောက်ခံတယ်..။
March 1, 2009 at 5:13 AMတစ်နေ့ကျရင် ပြန်ရမှာပေါ့ ညီလေးရယ်၊ ကြိုးစားကြ
March 1, 2009 at 9:16 AMတာပေါ့။
ကိုကျားကြီးရေ ခုလိုပါးရည်နပ်ရည် ရှိလာတာ
March 1, 2009 at 9:17 AMအတော်တိုးတက်လာပြီပေါ့ဗျာ။ ရွာမှာနဲ့အခြေအနေ အများကြီး တိုးတက်လာပြီဆိုတော့ ကောင်းတာပေါ့ အိမ်လဲ ထောက်ပံ့နှိုင်တယ် ဆိုတာကတော့ အကောင်းဆုံးပေါ့။ နောင်လာမဲ့နှစ်တွေမှာလဲ
ဒီထက်မက တိုးတက်ပါစေဗျား။
ကိုတောင်ပေါ်သား စိတ်မညစ်ပါနဲ့ အကောင်းနဲ့ အဆိုးနဲ့ကဒွန်တွဲနေတာ နေရာတိုင်းမှာပါ ပျော်ရွင်ပါစေ.
March 1, 2009 at 10:54 AMPost a Comment