ဖယောင်းတိုင်.....

အမှောင်ကိုခွင်း အလင်းရဖို့ ငါစတေးခံခဲ့တယ်
ဒါပေမဲ့ ငါတယောက်ထဲတော့
မတောက်ပနိုင်ခဲ့ပါ
ငါရဲ့ဘေးမှာ ငါ့ရဲ့ ရဲဖော်ရဲဖက်
သေဖော်သေဖက်တွေနဲ့ပေါ့
တချိန်ချိန်မှာ ငါတို့တွေ ပျောက်ဆုံးကုန်ကြမှာလဲ
ငါတို့တွေ သိတယ် ဒါပေမဲ့ ငါတို့အားလုံးအတွက်
အလင်းရောင်တွေ ပေးဝံ့တယ်။
အဖြူ၊ အ၀ါ၊ အနီ ကာလာစုံလို့ နေရာတကာ သုံးနေကြတယ်
တချို့က ဆီးမီးပူဇော်ကြတယ်
ငါ့ကို အသုံးပြုပြီး ကုသိုလ်ယူကြတယ် ပညာတတ်ဖြစ်အောင် လုပ်ကြတယ်
လူတချို့ကတော့ ငါတို့ကို ထိတ်လန့်နေတတ်ကြတယ်
ငါဟာ လောင်တာ လောင်မြိုက်နေမယ်
ဒါပေမဲ့ ဒုက္ခ မပေးတတ်တဲ့
အမှောင်ကို ခွင်းမဲ့ အလင်းသေးသေးလေးတွေပါ
တခြား နေအလင်းရောင်လို
တိုးတက်နေတဲ့ တိုင်းပြည်တွေက လျှပ်စစ်မီးတွေလို
ငါဘ၀မှာ အဲလောက် မတောက်ပနိုင်ပေမဲ့
ဆင်းရဲတဲ့ တိုင်းပြည်တွေအတွက်
ဘုရားတရား ကိုင်းရှိုင်းတဲ့ လူတွေအတွက်
ငါအလင်းရောင်ဟာ လိုအပ်နေဆဲပါ
ငါသူတို့ကို အလင်းပေးနိုင်တဲ့အတွက်
ငါပျော်တယ် ဂုဏ်ယူနေတယ်
လေးစားလျက် တောင်ပေါ်သား
8 comments:
လင်းသာလင်းတယ်
January 6, 2009 at 7:06 PMမလောင်ဘူးဆိုတဲ့
အလင်းတိုင်သက်သက်ကလေးတွေ အကြောင်းပေါ့နော်
ကဗျာလေးကောင်းလိုက်တာ
ဖယောင်းတိုင် လေးကို လာရောက်ခံစားသွားပါတယ်။ အလင်းရောင်ရဖို့ အတွက် အပူခံ ကာ အရည်ပျော်ရတဲ့ ဖယောင်းတိုင်လေး ကို ခံစား သွားပါတယ်
January 6, 2009 at 7:12 PM:D ကဗျာအစပ်ကောင်းတယ် မျက်စိ စစ်သင့်တယ် .... လွဲပြန်ပြီ ... :D
January 6, 2009 at 7:21 PMကဗျာကကောင်းလိုက်တာနော်
January 6, 2009 at 11:43 PMလေးလေးနက်နက်ရှိတယ်
သဘာဝလဲဆန်တယ်
ဖယောင်းတိုင်ကို ကဗျာဖွဲ့တဲ့ ကိုတောင်ပေါ်သားကိုလည်း လေးစားပါတယ်
အားလဲပေးပါတယ် :)
ဖယောင်းတိုင်ငယ်ကို မှောင်စဉ်မှာ ယူလာပေးသူ ရောင်စုံညအလင်းတွေထက် ပိုတန်ဖိုးထားပါတယ်
January 6, 2009 at 11:47 PMကဗျာလေးကို ခံစားပြီး ကောမန့်ပေးသွားတဲ့ ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်
January 6, 2009 at 11:54 PMကဗျာလေးကိုလာခံစားပေးသွားတယ်အကို
January 7, 2009 at 1:31 AMငယ်ငယ်တုန်းကသင်ခဲ့တာမေ့နေပြီ
ခုပြန်ဖတ်ကြည့်တော့ပိုမှတ်မိသွားပြီ
ကျေးဇူး
ရှယ်ကဗျာပဲဗျို့ ကောင်း၏
January 8, 2009 at 3:01 PMPost a Comment