အဆင်ပြေရင်တော့ ဖြေသွားစေချင်တယ်
မြန်မာတွေ အနှိမ်ခံရပါသလား ဒီမေးခွန်းလေးကို ကျနော် ကိုညီလင်းဆက်ဘလော့ကပိုစ့်လေး တခုရဲ့ comment လေးမှာ တွေ့လိုက်ရပါတယ်။ တချို့ကတော့ ပြောကြပါတယ် မြန်မာတွေ အနှိမ်မခံရပါဘူးတဲ့ တချို့ကတော့ ပြောပြန်တယ် မြန်မာတွေ အနှိမ်ခံကြရပါတယ်တဲ့။ ကဲ ကျနော် ဘလော့ချစ်ညီအကို၊ ချစ်ညီအမတွေကော ဘယ်လို ထင်သလဲ ဖြေသွားကြပါဦး …. ကျနော် အမြင်ကတော့………….ဒါဟာ ကြုံတွေ့ရတဲ့ ကိုယ်ရဲ့ ဘ၀အခြေအနေပေါ်မှာ မူတည်နေပါလိမ့်မယ်။ တကယ်ရ်ျများ ကျနော်တို့ဟာ ပညာရပ်တခုကို ကျွမ်းကျင်သလောက် မကျွမ်းကျင်ပဲ သူတပါးတိုင်းပြည်မှာ အလုပ်လာလုပ်ခဲ့ ရင် အနဲ နဲ့ အများတော့ အနှိမ်ခံရမယ်လို့ ကျနော် မြင်မိပါတယ်။ ဒါပေမဲ့ တခါတလေ ကိုယ်က ပညာရပ်တခုကို ကျွမ်းကျင်ပါရက်နဲ့ ဘာသာစကား အခက်အခဲကြောင့်လဲ အနှိမ်ခံရပါတယ်။ ဒါတွေဟာ ဘယ်သူမပြု မိမိမူ ဆိုသလို ကိုယ်ရဲ့ အားလျှော့မူကြောင့် ဖြစ်တာပါ။ ဘယ်သူကိုမှ အပြစ်တင်လို့ မရပါဘူး။
အဲကိုယ်က ပညာရပ်လဲ ကျွမ်းကျင်တယ်။ ဘာသာစကား အခက်အခဲလဲ မရှိပါပဲ မြန်မာဆိုတဲ့ အချက်တချက်ထဲကို ကြည့်ပြီး နှိမ်တာကျတော့ ဘယ်လိုပြောမလဲ။ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတာ အဲဒီအချက်က အဓိကကျပါတယ်။ မြန်မာလို့ ပြောလိုက်ရင် Interview မရတာတဲ့ လူနဲ့၊ အမျိုးကို စုံနေတာပါပဲ။ ဒါဘယ်သူကို အပြစ်ပြောမလဲ ကျနော်တို့ မြန်မာတွေဟာ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် မြန်မာလို့ ပြောလိုက်ရင် အကြင်နာ တရားရှိတတ်ကြပါတယ်။ သူတပါးကို အမြဲတမ်းမဟုတ်တောင် ကူညီသင့်ရင် ကူညီဖို့အဆင်သင့်ရှိတတ်ကြပါတယ်။ ဒါဆို သူများတိုင်းပြည်က လူတွေက ဒီလိုမဟုတ်ဘူးလားဆိုတော့ အများစုကတော့ သဘောကောင်းကြပါတယ်။
ကျနော်မြင်ရသလောက် ဥရောပကလူတွေအများစုက အရမ်းသဘောကောင်းကြတာပါပဲ။ သူတို့က လူအဆင့်အတန်းခွဲခြားတာတွေ မတွေ့ရပါဘူး။ လူ လူချင်း တန်ဖိုးထား တတ်ကြပါတယ်။ကျနော်တို့ မြန်မာတချို့သာ လူ လူချင်းတန်ဖိုးမထားကြပဲနဲ့ ခေါင်းရ ခေါင်းစား အမြီးရ အမြီးစားလုပ်နေကြတာပါ။ အခုလက်ရှိကျနော်မြင်ရသလောက် ကျနော့်တို့ အဝေးရောက်မြန်မာတွေရဲ့ စိတ်ထဲမှာ အားလုံးလိုလိုက သိမ်ငယ်စိတ်လေးတွေ ၀င်နေကြပါတယ်။ ငါမြန်မာပြည်ကလို့ ဘယ်သူမှ မပြောဝံ့တဲ့ အနေအထားတွေတောင် တွေ့နေရတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ကျနော်တို့ ဒီသိမ်ငယ်စိတ်တွေ ၀င်နေရင် ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ ကျနော်တို့ ဒီထက်ပိုကြိုးစားဖို့လိုနေပါတယ်။
ကျနော်လက်တွေ့ ရင်ဆိုင်ရတဲ့ အဖြစ်မှန်လေး ပြောပြပါ့မယ်။ စင်ကာပူ နဲ့ မြန်မာ ဘောလုံးပွဲမကန်ခင်ရက်ပိုင်းက အလုပ်က စင်ကာပူအမတယောက်က ပြောပါတယ် နင်ဘယ်ဘက်ကို အားပေးမှာလဲတဲ့ ကျနော်ကပြောလိုက်ပါတယ် ငါက မြန်မာပြည်ကလာတာလို့ ငါမြန်မာဘက်မှာပဲ အားပေးမှာပေါ့လို့ ပြောတော့ သူကတော့ ရယ်နေလေရဲ့ ။ ပွဲပြီးလို့ သူတို့ စင်ကာပူလဲ နိုင်ရော ကျနော်ကို မသိသလိုနဲ့ ဘယ်သူနိုင်လဲ လာမေးတယ်ဗျာ.. ကျနော်ကတော့ ရှင်းရှင်းပါပဲ စလုံး နိုင်တယ်လို့ကို မပြောဘူး ဟီးးးးးးး ငါတို့ မြန်မာ ရှုံးသွားတယ်လို့ ဒီမှာ ကျနော်မန်နေဂျာရဲ့ စကားလေးကို တော်တော်သဘောကျပါတယ်။ သူကဘာပြောလဲဆိုတော့ မြန်မာတွေ ရှုံးမှာပေါ့တဲ့ ငါတို့ စလုံးအသင်းက နိုင်ငံပေါင်းစုံက လူတွေ ပေါင်းထားတော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲတဲ့။ သူပြောစေချင်တာကတော့ ကျနော်တို့ မြန်မာညံ့လို့ ရှုံးတာမဟုတ်ဘူး သူတို့ စလုံးကလူတွေက ပေါင်းစုံဆိုတော့ သန်မာတဲ့ လူကများများလေ ဒါကြောင့်နိုင်တာတဲ့ ကျနော်လဲ ပြန်ပြောတာပေါ့ နင်တို့က Fair Play နားမလည်ဘူး ဒိုင်ကလဲ ဘက်လိုက်တယ်ပေါ့။
ဒါပေမဲ့ ညရောက်တော့ ကျနော်အသေအချာပြန်စဉ်းစားမိတယ်ဗျ အခုသူတို့ဟာသူတို့ လူမျိုးဘယ်လောက်စုံစုံပေါင်းထား အခုသူတို့နိုင်တာနာမည်ထွက်လာတာက စင်ကာပူနိုင်တယ်ဆိုတဲ့ စကားပဲလေ။တကယ်ရ်ျများ ကျနော်တို့ နိုင်ငံကြီး ဒီစလုံးလို တိုးတက်နေရင် နိုင်ငံပေါင်းစုံက လူတွေလဲ မြန်မာနိုင်ငံသားအဖြစ် ၀င်လာကြမှာပဲပေါ့။ အဓိကကျတာက တိုင်းပြည်ပေါ့။ နောက်ပြီးအလုပ်က စင်ကာပူအမပြောလိုက်တာ တခုကတော့ ကျနော်ရင်ထဲကို ထိသွားတယ် ဘာတဲ့ မြန်မာက ရှုံးရင် အရမ်းဆိုးတယ်တဲ့။ လူချတယ်တဲ့ ကဲ ဘာပြောရမှာလဲ။။။။။။။။။။။ ကျနော်တို့ကစားသမားတွေ ညံ့တာလား စိတ်ဓါတ်တွေ ဆိုးနေတာလား “တကယ်တော့ ကျနော်တို့ မြန်မာတွေ ဘယ်အရာမှ မညံ့ပါဘူးဆိုတဲ့ စကားလေးပဲ“ ကိုင်ထားချင်ပါတယ်ဗျာ………….. အခုထိတော့ ကျနော်လဲ ညံ့တုန်း ဖျင်းတုန်းပဲဗျာ.
တောင်ပေါ်သား
14 comments:
အနှိမ်ခံရတယ်၊ အနှိမ်မခံရဘူးဆိုတာ
December 17, 2008 at 10:08 AMအခြေအနေ နဲ့ အချိန်အခါ
တစ်ခုခု အပေါ်မှာ မှီတည်နေပါတယ်။
ပညာတတ်တာတွေ မတတ်တာတွေ
ချမ်းသာတာတွေ ဆင်းရဲတာတွေ
လူများစုမို့လို့ လူနည်းစုမို့လို့
ဆိုတာတွေထက်
အဓိကကျတာကတော့
အချင်းချင်းစည်းလုံးခြင်းရှိရမယ်
အချင်းချင်းကူညီရိုင်းပင်းခြင်းရှိရမယ်
အချင်းချင်းညီညီညွတ်ညွတ်ရှိကြမယ်ဆိုရင်
အနှိမ်ခံရဖို့ မရှိပါဘူး။ နွားကွဲရင် ကျားဆွဲမယ် ဆိုတဲ့ စကားပုံလိုမျိုးပေါ့ဗျာ။ နောက် တောင်ကြီးမှာ (၂လပိုင်း၈၈) ၀န်းကျင်က မြို့မပလီတစ်ခုမှာ ဘုန်းကြီးနဲ့ မွတ်ဆလင် အဓိကရုဏ်းဖြစ်တယ်။ လူချင်းယှဉ်လိုက်ရင် ဗမာကများတယ် ကုလားကနည်းတယ်
ဒါပေမယ့် ဗမာက မစည်းရုံးတော့ လူနည်းစု ကုလားကို မနိုင်ခဲ့ပါဘူ။ မျက်မြင်ပါ။ (လွဲမှားတာရှိရင် နားလည်နိုင်ပါစေ)
မြန်မာတွေ မညံ့ပါဘူး အနှိမ်ခံရတာတော့ အနည်းငယ်ရှိတယ် ဒီမှာကတော့ လားးး အင်းး ပြောရရင်လည်း မောင်မင်း လွန်ရာကျမယ် နှိမ်ပါတယ်ခင်ဗျား( ကိုယ်က ပညာလေးနည်းနည်းတက်ထားတော့ 30 % လောက်ဆိုရင် ဘာမှမတက်ကြတဲ့ သွေးချင်းတွေဆိုရင်တော့ 80% လောက်ပေါ့ ဘိုးတော်ကြီးတွေရဲ့ ကျေးဇူးတော်ကြောင့် အနှိမ်ခံရပါတယ်ဆိုတာ ၀င်ပွားသွားတယ် ။
December 17, 2008 at 11:24 AMကိုစိုးမင်းထိုက်ရေ
December 17, 2008 at 11:46 AMရေခြားမြေခြားမှာတော့ ကျွန်တော်မရောက်ဖူးလို့
မသိပါဘူးဗျာ။ ကျွန်တော်ကတော့ ဘောလုံးပွဲတွေ
ကိုကြည့်ပြီး ပြောရရင်တော့ အတော်လေး မျက်နှာ
ငယ်ရပါတယ်။ နှိမ်တာ မနှိမ်တာတော့ ကျွန်တော်
မသိပါဘူး။ ဘောလုံးအသင်းကတော့ အမြဲတမ်း
မျက်နှာငယ်ရပါတယ်။ ( စင်ကာပူ ၃ - ၁ မြန်မာ )
ဆူဇူးကီးကပ်မှာ အဲဒီအဖြစ်ကိုတွေ့ခဲ့ရပါတယ်။
အဲဒီလိုမျက်နှာငယ်ရတာ ဘာကြောင့်လဲဆိုတာကတော့
ကျွန်တော်မပြောချင်တော့ပါဘူး။ မိဘတွေက ပတ်ဝန်းကျင်မှာ လူမှုရေး အဆင်မပြေဖြစ်တယ်ဆိုရင်
သား သမီးကတော့ ကျောင်းမှာ မျက်နှာငယ်ရစမြဲပါ
ကိုစိုးမင်းထိုက် သာယာပျော်ရွှင်ပါစေ
ခက်တယ်ဗျာ... ဒီအကြောင်း ပြောရင်တနွယ်
December 17, 2008 at 7:06 PMငင်တစဉ်ပါဆိုသလိုပဲ ပြောရရင်တော့ အကုန်သိမ်းကျုံးပြောမှ ပြည့်စုံမှာဗျ။
ဥပမာပေါ့ဗျာ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီး
မကောင်းတော့ ဘာဖြစ်တတ်ပါသလဲ.........
ဒါပါပဲ ထပ်ပြီးတော့ မပြောတော့ဘူးဗျာ နားလည်
လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သိရက်နဲ့ မေးမနေပါနဲ့တော့လေ... ကြုံဖူးသူတိုင်း သိကြတယ်း)။ လုပ်ငန်းမှာ တိုင်းတပါးသားထက်လဲ ပိုကျွမ်းကျင်တယ်... လူမှုဆက်ဆံရေးလဲ အဆင်ပြေတယ်.. ဒါပေမယ့်... မြန်မာဖြစ်နေလို့ မျက်နှာသာ မပေးတဲ့ သူဠေးတွေထုနဲ့ဒေး..
December 17, 2008 at 7:24 PMနှိပ်ခံရတာကတော့.. ကိုယ်ဘက်ကညံ့တာရယ်..ပြီးတော့ ဘာသာစကားမကျွမ်းကျင်တာရယ်.. ပြီးတော့ အလုပ်မကျွမ်းကျင်တာရယ်..လူများမလုပ်ချင်တဲ့အလုပ်ကို
December 17, 2008 at 10:46 PMလုပ်နေရတရယ်.. သြော်... ပြောရရင် မကုန်နိုင်ဘူး..။ ဒါကလည်း ချခဲ့တဲ့မျိုးစေ့မကောင်းမူ့တွေကြောင့်.. ကျွန်တော်တို့အားလုံးကို ဒီလို မြင်ကြတာပေါ့လို့.. တော်ပြီ တော်ပြီမပြောချင်တော့ဘူး.. ရင်နာတယ်.. နှိမ်ခံရတယ်လို့ကြားရင်.. :(
ညီလည်းမညံ့ပါဘူးကွာ...
December 18, 2008 at 12:29 AMဖိုးမောင်
မောင်လေး တောင်ပေါ်သား ရေ နှိမ်တယ်ထင် ရင် ကြိုးစားကြတာပေါ့ အမ ကတော့ စနစ်ဆိုးကြောင့် လူမျိုးချင်း တိုင်းရင်းသားချင်း အနိုင်ကျင့်နေမှုကြောင့် သူများနိုင်ငံသားတွေ ကကိုယ့်ကို အထင်သေးချင် နှိမ်ချချင်တာ မှန်ပေမဲ့ အင်္ဂလိပ်တွေ ဘယ်မှာ မြန်မာစကားပြောနိုင်လဲ အမတို့ တတွေ အင်္ဂလိပ်အမေရိကန် နဲ့ တထပ် တည်းပြောနိုင် သူတွေပုံလို့  ဒီအခါ သူတို့ နှိမ် လို့ ရမလား စနစ် ဆိုးအောက် က အဖိနှိပ်ခံတွေ မို့ အထင်သေး တာ သက်သက် အနှိမ်မခံရအောင် ကိုယ်ရည်ကိုယ်သွေး ရှိဖို့ ကြိုးစားကြရမှာ က သက်သက် ပဲ အဲဒီအခါ ဒို့ ခေတ်ရောက် မှာပေါ့ ဟုတ်တယ်မဟုတ်လား
December 18, 2008 at 11:06 AMအနှိမ်ခံရခြင်း မခံရခြင်းဆိုတာက ကျနော့်အမြင်ကတော့ အခြေအနေနဲ့ အချိန်အခါရယ်၊ လက်ရှိ တိုင်းပြည်ရဲ့ အနေအထားရယ်၊ နောက်ဆုံးတခုက မိမိရဲ့ပင်ကိုယ် အရည်အသွေးရယ်ပေါ်မှာ မူတည်မယ်ထင်တယ်။
December 18, 2008 at 12:31 PMဥပမာ...၊ ထိုင်းလို နိုင်ငံမျိုးမှာကတော့ မြန်မာဆိုတာနဲ့တင်ကို ၈၀% လောက် ထိုင်းတွေက ကြည့်တဲ့အကြည့်ထဲမှာ နှိမ်နှိမ်ချိုးချိုး သဘောပါနေပြီ။ ကျနော် အခုရောက်နေတဲ့ နိုင်ငံကျတော့ မြန်မာမကလို့ အီသီယိုးပီးယားပဲ ဖြစ်ဖြစ်၊ ဆိုမာလီပဲဖြစ်ဖြစ် တကယ်တော်ရင်၊ တတ်ရင် ထိုက်သင့်တဲ့ နေရာရတာပဲ။
ကိုတောင်ပေါ်သားရေ့။ ကျနော့ အစ်မတစ်ယောက်နဲ့ ဆွေးနွေးထားတာလေးကိုပဲ ချပြလိုက်တော့မယ်ဗျာ။
December 18, 2008 at 3:56 PMကျနော်တို့ အဘိုး၊ အဘွားခေတ်က တရုတ်ပြည်ကနေ မော်စီတုံကြောင့် ထွက်ပြေးလာကြတဲ့ တရုတ်တွေဟာ အခုဆို အိမ်တပြောင် တိုက်တဆောင်မက နေနိုင်ကြပါတယ်။ နယ်မြို့တွေမှာဆိုရင် မြို့မျက်နှာဖုံး သူဌေးစာရင်းဝင်တွေ ဖြစ်နေကြပါတယ်။ ဒီလိုလူတွေ အများကြီးပါ။ မြို့နေလူဦးရေနဲ့ အချိုးချကြည့်ရင် သူတို့ကများနေပါတယ်။ သူတို့လာခဲ့တုန်းက ပညာလည်း လောက်လောက်လားလား မတတ်ကြတဲ့ အပြင် ပိုင်ဆိုင်မှုဆိုလို့ အဝတ်တစ်ထုတ်ပဲပါကြတာပါ။ သူများနိုင်ငံမှာနေပြီး ကြုံရာကျပန်းအလုပ်တွေနဲ့ လုပ်ခဲ့ကြတာပါ။ ဒီမြေ၊ ဒီရေမှာ ရှာဖွေတာချင်းအတူတူ ဘာကွာသလဲ။ စဉ်းစားစရာပါ။ မြန်မာတွေ တော်ပါတယ်။ တော်သလောက် မကြိုးစားကြတာပါ။ အဲလိုပြောပြန်တော့ သူများနိုင်ငံကိုရောက်တော့ ဒီက တရုတ်တွေက ကိုယ့်လောက် မကြိုးစားကြပြန်ဘူး။ ကျနော် ဘယ်လိုနားလည်ရမယ်မသိ။ ကျနော် ခန့်မှန်းမိတာကတော့ အပြင်ထွက်လာတဲ့ သူတွေက ကြိုးစားချင်စိတ်ရှိသူတွေများပါတယ်။ အထဲမှာနေတဲ့သူတွေကတော့ မကြိုးစားဘူးလို့တော့ မဆိုလိုပါဘူး။ ဘာသာရေးဆိုရင်လည်း ဆရာတော် ဦးကောသလ္လပြောတဲ့ စကားကိုပြန်ပြောရရင် မှားနေတာတွေက ပိဋိကတ်သုံးပုံထက်များနေတယ်။ ပြောချင်တာကတော့ဗျာ။ နိုင်ငံရေးသမားကလည်း နိုင်ငံရေးလုပ်ကြပါတယ်။ စီးပွားရေးသမားကလည်း စီးပွားရေးလုပ်ကြပါတယ်။ ဘာသာရေးသမားကလည်း ဘာသာရေးလုပ်နေကြပါတယ်။ ခက်တာက ဘာမှ မလုပ်ပဲ ဘေးမှာထိုင်ပြီး ပြောနေကြတာတွေကလည်း အများကြီးဗျ။ ကိုယ့်ကိုကိုယ် အရင်ပြင်ပါလို့ ဆရာတော် ဥုးသုမင်္ဂလက အမြဲပြောပါတယ်။ မီးအမြဲပျက်နေတာကျတော့ ပြောတယ်။ လာပြန်တော့ တီဗွီ တောင်မပိတ်ပဲ အပြင်သွားနေကြတဲ့သူက တစ်ပုံကြီးပဲ။ အဲလိုဆိုတော့ ကျနော်ကောကောင်းလား။ မကောင်းပါဘူး။ အခုမှ ပြင်မလို့ကြံတုန်းပါ။ :) ကျနော်ပြောခဲ့တာတွေက အပြုသဘောတွေပါဗျာ။
ပိုစ့်ကော ကွန်မန့်တွေကော ကောင်းတယ်ဗျား..
December 18, 2008 at 4:31 PM"အနှိမ်ခံရခြင်း မခံရခြင်းဆိုတာက ကျနော့်အမြင်ကတော့ အခြေအနေနဲ့ အချိန်အခါရယ်၊ လက်ရှိ တိုင်းပြည်ရဲ့ အနေအထားရယ်၊ နောက်ဆုံးတခုက မိမိရဲ့ပင်ကိုယ် အရည်အသွေးရယ်ပေါ်မှာ မူတည်မယ်ထင်တယ်။"
ကို ကလိုစေးထူးပြောတာ ကိုလည်း ကိုးကားချင်သဗျား..
ကိုဗီပြောသလို ဘေးထိုင်ပြောနေသူတွေလည်း ရှိသဗျား.. တစ်ချို့ဟာတွေကတော့ တစ်မျိုးဗျ.. လူမျိုးကြီးစိတ်ဓာတ်တို့.. ဘာတို့ဆိုတာ ကလည်းရှိသေးတယ်.. အကြောင်းမျိုးစုံသွားတာပေါ့.
အနှစ်ချုပ် အနေနဲ့ တစ်ခုတည်း ယူမယ်ဆိုလည်း ရမယ်ထင်တာပဲ..
ဘာလည်းတော့ မပြောချင်ဘူး..ဂျာ
သိကြပါတယ်..
:).
ကြည့်.... ကြည့် ပြောရင်းနဲ့ နောက်ဆုံး ရန်ကုန်ဘူတာကြီးပဲ ပြန်ဆိုက်တာပဲ။ ဟိဟိ။ မှတ်ထား အဲ့ဒါကံကံ၏ အကျိုးပဲ။ ကံကို ပုံချတိုင်းလည်း မဖြစ်သေးဘူး အဲဒါလည်း ဒိဌိတစ်မျိုးပဲ။ ဟဲဟဲ။ ဖြစ်လာမှာပါကွယ်။ ဟိဟိ။ ရူးချင်ချင်ဖြစ်နေပါပြီ။ မကြာခင် စင်္ကာပူ ရွာသာကြီးကိုရောက်ပါတော့မယ်။ :)
December 18, 2008 at 4:38 PMမင်္ဂလာပါ ကိုတောင်ပေါ်သား
December 25, 2008 at 2:33 AMဤပိုစ့်ကို ကြိုက်၏။
ကွန်မင်းများလဲ ကြိုက်၏။
ကိုယ်ကိုတိုင်လဲ ကိုတောင်ပေါ်သားလို ညံ့နေသေးတော့ ဖတ်ပြီး ပြန်သွား၏
ရွှင်လန်းချမ်းမြေ့ပါစေ...
သဉ္ဖာအမြင်မှာတော့ မြန်မာဆိုလို့ အနှိမ်ခံရတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မျက်နှာသာ အပေးမခံရတာတော့ အမှန်ဘဲ။ first impression မရဘူးလို့ ပြောရမလားဘဲ။ ဒါပေမယ့် "ငါ့ကို မြန်မာဆိုပြီး နှိမ်ချင်တယ်။ နင်တို့ထက်တော်အောင် ကြိုးစားပြမယ်" ဆိုပြီးတော့တော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားချင်တဲ့ စိတ်ကို ပိုပြီးတော့ နှိုးဆွပေးသလိုဘဲ။ ဘယ်ကလာသလဲလို့မေးရင် မြန်မာပြည်ကပါလို့ ဂုဏ်ယူစွာပြောနိုင်တဲ့ နေ့ကိုတော့ မျှော်လင့်မိတာဘဲ။
January 2, 2009 at 10:23 AMPost a Comment