အဆင်ပြေရင်တော့ ဖြေသွားစေချင်တယ်
မြန်မာတွေ အနှိမ်ခံရပါသလား ဒီမေးခွန်းလေးကို ကျနော် ကိုညီလင်းဆက်ဘလော့ကပိုစ့်လေး တခုရဲ့ comment လေးမှာ တွေ့လိုက်ရပါတယ်။ တချို့ကတော့ ပြောကြပါတယ် မြန်မာတွေ အနှိမ်မခံရပါဘူးတဲ့ တချို့ကတော့ ပြောပြန်တယ် မြန်မာတွေ အနှိမ်ခံကြရပါတယ်တဲ့။ ကဲ ကျနော် ဘလော့ချစ်ညီအကို၊ ချစ်ညီအမတွေကော ဘယ်လို ထင်သလဲ ဖြေသွားကြပါဦး …. ကျနော် အမြင်ကတော့………….ဒါဟာ ကြုံတွေ့ရတဲ့ ကိုယ်ရဲ့ ဘ၀အခြေအနေပေါ်မှာ မူတည်နေပါလိမ့်မယ်။ တကယ်ရ်ျများ ကျနော်တို့ဟာ ပညာရပ်တခုကို ကျွမ်းကျင်သလောက် မကျွမ်းကျင်ပဲ သူတပါးတိုင်းပြည်မှာ အလုပ်လာလုပ်ခဲ့ ရင် အနဲ နဲ့ အများတော့ အနှိမ်ခံရမယ်လို့ ကျနော် မြင်မိပါတယ်။ ဒါပေမဲ့ တခါတလေ ကိုယ်က ပညာရပ်တခုကို ကျွမ်းကျင်ပါရက်နဲ့ ဘာသာစကား အခက်အခဲကြောင့်လဲ အနှိမ်ခံရပါတယ်။ ဒါတွေဟာ ဘယ်သူမပြု မိမိမူ ဆိုသလို ကိုယ်ရဲ့ အားလျှော့မူကြောင့် ဖြစ်တာပါ။ ဘယ်သူကိုမှ အပြစ်တင်လို့ မရပါဘူး။
အဲကိုယ်က ပညာရပ်လဲ ကျွမ်းကျင်တယ်။ ဘာသာစကား အခက်အခဲလဲ မရှိပါပဲ မြန်မာဆိုတဲ့ အချက်တချက်ထဲကို ကြည့်ပြီး နှိမ်တာကျတော့ ဘယ်လိုပြောမလဲ။ ကျနော်တို့ လက်ရှိရင်ဆိုင်နေရတာ အဲဒီအချက်က အဓိကကျပါတယ်။ မြန်မာလို့ ပြောလိုက်ရင် Interview မရတာတဲ့ လူနဲ့၊ အမျိုးကို စုံနေတာပါပဲ။ ဒါဘယ်သူကို အပြစ်ပြောမလဲ ကျနော်တို့ မြန်မာတွေဟာ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် မြန်မာလို့ ပြောလိုက်ရင် အကြင်နာ တရားရှိတတ်ကြပါတယ်။ သူတပါးကို အမြဲတမ်းမဟုတ်တောင် ကူညီသင့်ရင် ကူညီဖို့အဆင်သင့်ရှိတတ်ကြပါတယ်။ ဒါဆို သူများတိုင်းပြည်က လူတွေက ဒီလိုမဟုတ်ဘူးလားဆိုတော့ အများစုကတော့ သဘောကောင်းကြပါတယ်။
ကျနော်မြင်ရသလောက် ဥရောပကလူတွေအများစုက အရမ်းသဘောကောင်းကြတာပါပဲ။ သူတို့က လူအဆင့်အတန်းခွဲခြားတာတွေ မတွေ့ရပါဘူး။ လူ လူချင်း တန်ဖိုးထား တတ်ကြပါတယ်။ကျနော်တို့ မြန်မာတချို့သာ လူ လူချင်းတန်ဖိုးမထားကြပဲနဲ့ ခေါင်းရ ခေါင်းစား အမြီးရ အမြီးစားလုပ်နေကြတာပါ။ အခုလက်ရှိကျနော်မြင်ရသလောက် ကျနော့်တို့ အဝေးရောက်မြန်မာတွေရဲ့ စိတ်ထဲမှာ အားလုံးလိုလိုက သိမ်ငယ်စိတ်လေးတွေ ၀င်နေကြပါတယ်။ ငါမြန်မာပြည်ကလို့ ဘယ်သူမှ မပြောဝံ့တဲ့ အနေအထားတွေတောင် တွေ့နေရတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ ကျနော်တို့ ဒီသိမ်ငယ်စိတ်တွေ ၀င်နေရင် ဘယ်လိုလုပ် အောင်မြင်နိုင်မလဲ ကျနော်တို့ ဒီထက်ပိုကြိုးစားဖို့လိုနေပါတယ်။
ကျနော်လက်တွေ့ ရင်ဆိုင်ရတဲ့ အဖြစ်မှန်လေး ပြောပြပါ့မယ်။ စင်ကာပူ နဲ့ မြန်မာ ဘောလုံးပွဲမကန်ခင်ရက်ပိုင်းက အလုပ်က စင်ကာပူအမတယောက်က ပြောပါတယ် နင်ဘယ်ဘက်ကို အားပေးမှာလဲတဲ့ ကျနော်ကပြောလိုက်ပါတယ် ငါက မြန်မာပြည်ကလာတာလို့ ငါမြန်မာဘက်မှာပဲ အားပေးမှာပေါ့လို့ ပြောတော့ သူကတော့ ရယ်နေလေရဲ့ ။ ပွဲပြီးလို့ သူတို့ စင်ကာပူလဲ နိုင်ရော ကျနော်ကို မသိသလိုနဲ့ ဘယ်သူနိုင်လဲ လာမေးတယ်ဗျာ.. ကျနော်ကတော့ ရှင်းရှင်းပါပဲ စလုံး နိုင်တယ်လို့ကို မပြောဘူး ဟီးးးးးးး ငါတို့ မြန်မာ ရှုံးသွားတယ်လို့ ဒီမှာ ကျနော်မန်နေဂျာရဲ့ စကားလေးကို တော်တော်သဘောကျပါတယ်။ သူကဘာပြောလဲဆိုတော့ မြန်မာတွေ ရှုံးမှာပေါ့တဲ့ ငါတို့ စလုံးအသင်းက နိုင်ငံပေါင်းစုံက လူတွေ ပေါင်းထားတော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲတဲ့။ သူပြောစေချင်တာကတော့ ကျနော်တို့ မြန်မာညံ့လို့ ရှုံးတာမဟုတ်ဘူး သူတို့ စလုံးကလူတွေက ပေါင်းစုံဆိုတော့ သန်မာတဲ့ လူကများများလေ ဒါကြောင့်နိုင်တာတဲ့ ကျနော်လဲ ပြန်ပြောတာပေါ့ နင်တို့က Fair Play နားမလည်ဘူး ဒိုင်ကလဲ ဘက်လိုက်တယ်ပေါ့။
ဒါပေမဲ့ ညရောက်တော့ ကျနော်အသေအချာပြန်စဉ်းစားမိတယ်ဗျ အခုသူတို့ဟာသူတို့ လူမျိုးဘယ်လောက်စုံစုံပေါင်းထ
6 comments:
ခက်တယ်ဗျာ... ဒီအကြောင်း ပြောရင်တနွယ်
December 18, 2008 at 3:06 AMငင်တစဉ်ပါဆိုသလိုပဲ ပြောရရင်တော့ အကုန်သိမ်းကျုံးပြောမှ ပြည့်စုံမှာဗျ။
ဥပမာပေါ့ဗျာ အိမ်တအိမ်မှာ အိမ်ထောင်ဦးစီး
မကောင်းတော့ ဘာဖြစ်တတ်ပါသလဲ.........
ဒါပါပဲ ထပ်ပြီးတော့ မပြောတော့ဘူးဗျာ နားလည်
လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
သိရက်နဲ့ မေးမနေပါနဲ့တော့လေ... ကြုံဖူးသူတိုင်း သိကြတယ်း)။ လုပ်ငန်းမှာ တိုင်းတပါးသားထက်လဲ ပိုကျွမ်းကျင်တယ်... လူမှုဆက်ဆံရေးလဲ အဆင်ပြေတယ်.. ဒါပေမယ့်... မြန်မာဖြစ်နေလို့ မျက်နှာသာ မပေးတဲ့ သူဠေးတွေထုနဲ့ဒေး..
December 18, 2008 at 3:24 AMနှိပ်ခံရတာကတော့.. ကိုယ်ဘက်ကညံ့တာရယ်..ပြီးတော့ ဘာသာစကားမကျွမ်းကျင်တာရယ်.. ပြီးတော့ အလုပ်မကျွမ်းကျင်တာရယ်..လူများမလုပ်ချင်တဲ့အလုပ်ကို
December 18, 2008 at 6:46 AMလုပ်နေရတရယ်.. သြော်... ပြောရရင် မကုန်နိုင်ဘူး..။ ဒါကလည်း ချခဲ့တဲ့မျိုးစေ့မကောင်းမူ့တွေကြောင့်.. ကျွန်တော်တို့အားလုံးကို ဒီလို မြင်ကြတာပေါ့လို့.. တော်ပြီ တော်ပြီမပြောချင်တော့ဘူး.. ရင်နာတယ်.. နှိမ်ခံရတယ်လို့ကြားရင်.. :(
မောင်လေး တောင်ပေါ်သား ရေ နှိမ်တယ်ထင် ရင် ကြိုးစားကြတာပေါ့ အမ ကတော့ စနစ်ဆိုးကြောင့် လူမျိုးချင်း တိုင်းရင်းသားချင်း အနိုင်ကျင့်နေမှုကြောင့် သူများနိုင်ငံသားတွေ ကကိုယ့်ကို အထင်သေးချင် နှိမ်ချချင်တာ မှန်ပေမဲ့ အင်္ဂလိပ်တွေ ဘယ်မှာ မြန်မာစကားပြောနိုင်လဲ အမတို့ တတွေ အင်္ဂလိပ်အမေရိကန် နဲ့ တထပ် တည်းပြောနိုင် သူတွေပုံလို့  ဒီအခါ သူတို့ နှိမ် လို့ ရမလား စနစ် ဆိုးအောက် က အဖိနှိပ်ခံတွေ မို့ အထင်သေး တာ သက်သက် အနှိမ်မခံရအောင် ကိုယ်ရည်ကိုယ်သွေး ရှိဖို့ ကြိုးစားကြရမှာ က သက်သက် ပဲ အဲဒီအခါ ဒို့ ခေတ်ရောက် မှာပေါ့ ဟုတ်တယ်မဟုတ်လား
December 18, 2008 at 7:06 PMကြည့်.... ကြည့် ပြောရင်းနဲ့ နောက်ဆုံး ရန်ကုန်ဘူတာကြီးပဲ ပြန်ဆိုက်တာပဲ။ ဟိဟိ။ မှတ်ထား အဲ့ဒါကံကံ၏ အကျိုးပဲ။ ကံကို ပုံချတိုင်းလည်း မဖြစ်သေးဘူး အဲဒါလည်း ဒိဌိတစ်မျိုးပဲ။ ဟဲဟဲ။ ဖြစ်လာမှာပါကွယ်။ ဟိဟိ။ ရူးချင်ချင်ဖြစ်နေပါပြီ။ မကြာခင် စင်္ကာပူ ရွာသာကြီးကိုရောက်ပါတော့မယ်။ :)
December 19, 2008 at 12:38 AMသဉ္ဖာအမြင်မှာတော့ မြန်မာဆိုလို့ အနှိမ်ခံရတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် မျက်နှာသာ အပေးမခံရတာတော့ အမှန်ဘဲ။ first impression မရဘူးလို့ ပြောရမလားဘဲ။ ဒါပေမယ့် "ငါ့ကို မြန်မာဆိုပြီး နှိမ်ချင်တယ်။ နင်တို့ထက်တော်အောင် ကြိုးစားပြမယ်" ဆိုပြီးတော့တော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားချင်တဲ့ စိတ်ကို ပိုပြီးတော့ နှိုးဆွပေးသလိုဘဲ။ ဘယ်ကလာသလဲလို့မေးရင် မြန်မာပြည်ကပါလို့ ဂုဏ်ယူစွာပြောနိုင်တဲ့ နေ့ကိုတော့ မျှော်လင့်မိတာဘဲ။
January 2, 2009 at 6:23 PMPost a Comment