ကျနော်ရဲ့ မွေးနေ့
၁၆.၁၀.၂၀၀၈ ဆိုရင် ကျနော်ရဲ့ ကမ္ဘာမြေကြီးပေါ် လူသားရယ်လို့ဖြစ်လာတဲ့ အသက် ၂၄ နှစ်မြောက်မွေးနေ့လေးပါ။ ဘာလိုလိုနဲ့ အသက်တွေကြီးလာလိုက်တာ ကိုယ်ဟာကိုယ်တောင် မယုံနိုင်ဘူးဖြစ်နေပါ့။ ဘာမှအရာမရောက်ပဲ နှစ်ပေါင်း ၂၄ နှစ်ကိုတောင် ကျော်ဖြတ်လာခဲ့ပါလားလို့ တခါတလေ တွေးမိပါရဲ့။ ဒီလို ၂၄ နှစ်တာအတွင်းမှာ ကျနော် ချစ်တဲ့ တိုင်းပြည်အတွက်၊ ကျနော်ချစ်တဲ့ မြို့လေးအတွက် ပြီးတော့ မိသားစုအတွက် ကျနော်ဘာတွေ လုပ်နိုင်ခဲ့သလဲ ပြန်စဉ်းစားမိတယ် အမေးအားလုံးအတွက် အဖြေကတော့ တစ်ခုတည်းပါပဲ NO တဲ့။ ဒီလိုအဝေးရောက်နေတဲ့ လူတစ်ယောက်ရဲ့ မွေးနေ့လေးမှာ ပထမဆုံး သတိရမိတာကတော့ အမေပါပဲ။ သြော် အမေတောင် ဘာလိုလိုနဲ့ အသက်တွေကြီးလာပါကောလို့ စဉ်းစားမိသေးတယ်ဗျာ..ပထမဆုံး ကျေးဇူးတင်ရမှာတော့ အမေပါပဲ။ အမေကတော့ ဒီအချိန် ကျနော်မရှိတဲ့ မြို့လေးမှာ ကျနော်အတွက် ဆုတောင်းမူ တစ်ခုခုလုပ်ပေးနေလောက်ပြီပေါ့။ ကျနော်ကတော့ အမေအတွက် ဒီအရွှယ်ရောက်ထိတိုင်အောင် ဘာဆိုဘာမှ မယ်မယ်ရရမလုပ်ပေးနိုင်ခဲ့သေးပါဘူး။ မိဘမေတ္တာဟာ တော်တော်ကို ကြီးမားနက်ရှိုင်းမှန်း သိလိုက်ရတဲ့ အချိန်မှာ လူဆိုတဲ့အမျိုးဟာ နောင်တတွေကို ရင်ဝယ်ပိုက် ထွေးပွေ့ပြီးသား ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်လဲ ရှေးလူကြီးတွေပြောခဲ့တာပေါ့ ခလုတ်ထိမှ အမေ့ကို တကြတယ်တဲ့လေ.. ဒါဟာ အမှန်ပါပဲ
ကိုယ်ရဲ့ဘ၀မှာ သာယာကြည်နူးဖွယ် အဖြစ်တွေနဲ့ ကြုံကြိုက်နေတဲ့အချိန်မှာ မိဘတွေရဲ့ မေတ္တာကို မေ့နေတတ်ပေမဲ့ တကယ်တမ်း ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့လာတဲ့အခါမှာတော့ ဘုရားနဲ့ မိဘကလွဲရင် ဘယ်အရာကိုမှ မတောင့်တတတ်ကြပါဘူး ဒါဟာလဲ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ အရာတစ်ခုပါပဲ။ ညာဏ်မိသလောက် စဉ်းစားကြည့်ရမိသလောက်ကတော့ အရာရာပြည့်စုံနေရင် ကျနော်တို့ ဘုရားတရား၊မိဘတွေကို ဘယ်တမ်းတမိပါ့မလဲ။ ဒီတော့ ဘုရားသခင်က မမေ့မလျှော့အောင်လို့ ကျနော်တို့ကို ဒုက္ခလေးတွေနဲ့ ပေးတွေ့ဆုံတယ်လို့ မြင်မိပါတယ်။ ဒါမှလဲ လူဘ၀ဟာ ပြည့်စုံမှာပေါ့။ ဒုက္ခရောက်လိုက် ဘုရားတလိုက်၊ မိဘကိုတလိုက် ။ အဆင်ပြေတော့ လူဘ၀ကြီးကို မိန်းပြီးသာယာလိုက်နဲ့ လူဘ၀ဟာ တော်တော်ကို ဆန်းကြယ်ပါတယ်။
ဒုတိယကကျေးဇူးတင်တာကတော့ ကျနော့်နဲ့ အတူတူဘလော့ကင်းကြတဲ့ ညီအကို၊မောင်နှမတွေကို အထူးကျေဇူးတင်ပါတယ်ဗျာ... ကျနော်ကို အရာရာအားပေးကြတဲ့ အကိုတွေ၊ အမတွေ အားလုံး အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျနော်ရဲ့ ညီအကို ညီအမတွေဟာ တခါတလေ ကျနော် စိတ်ထဲမှာ ခံစားရသမျှကို ချပြခဲ့ပေမဲ့ ဒေါသမထွက် အားပေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကောမန့်(စာမူခ)လေးတွေကြောင့် ကျနော်ဒီဘလော့ကို ပိုတွယ်တာလာတယ်ဆိုရင်လဲ မမှားပါဘူး။ စိတ်ခံစားချက်ချင်း မတူခဲ့ပေမဲ့ အကောင်းမြင်တဲ့ ဝေဖန်စာများကိုလည်း ရခဲ့ပါတယ်။ ဘယ်လိုပြောပြော ဒီဘလော့လေးဟာ ကျနော်အမေအိမ်ရဲ့ ကိုယ်ပွားလေးတစ်ခုပဲလို့ ကျနော်ခံယူထားပါတယ်။ ကျနော်အမေ့ဆီက လောလောဆယ်မရနိုင်သေးတဲ့ အချက်တွေ ကျနော်ဘလော့ညီအကို၊ မောင်နှမတွေဆီက ကျနော်ရပါတယ်။ အရမ်းချစ်တဲ့ အမေနဲ့ ခဏတာဝေးနေတဲ့ အချိန်လေးမှာ ဒီဘလော့လေးမှာ အမေ့ရဲ့ အရိပ်လေးတွေကို ခံစားပြီး ဖွဲ့နဲ့ရေးသားချင်ခဲ့ပါတယ်။
ကဲဗျာ လွမ်းလိုက်တာ နဲနဲရှည်သွားတယ်.. ဟဲဟဲ ကဲကျနော်ရဲ့ ချစ်ညီအကို၊မောင်နှမများ အားလုံးကျနော်နဲ့ အတူတူပျော်ရွှင်စွာ ပါဝင်နွှဲပျော်လိုက်ကြစို့ဗျာ..
ကဲသုံးဆောင်တော်မူကြပါဗျာ...
ဒါလေးတွေကတော့ ကိတ်မုန့်အကောင်းစားတွေနော့် ရှားရှားပါးပါး Google ကပို့ထားတာ ဟဲ ဟဲ.. အားမနာနဲ့ စားတာစား
စားရင်နဲ့ နင်နေမှာဆိုလို့ ဒီမှာ အအေးလေးသောက်ဦး
ဒါကတော့ မမတွေ၊ညီမလေးတွေလည်း သောက်လို့ရပါတယ် ၀ိုင်နော့် ဂျာမနီက အော်ဒါမှာထားတာ အများကြီးတော့ မသောက်နဲ့ တော်ကြာမူးနေလို့ မပြန်နိုင်ပဲဖြစ်နေဦးမယ်နော့်...
ဒါလေးကတော့ ချစ်အကိုတွေဖြစ်တဲ့ ကိုကြီးရင်၊ကိုမိုးမောင်၊ကိုဖိုးမောင်၊ကိုကြယ်စင်သွေး တို့အတွက် သီးသန့်စပါယ်ရှယ်နော့် အပြင်းလေးတွေပေါ့ ဟီး အကိုတို့ရေ အမြည်းအတွက်တော့ သီးခံဗျာ ကိုမိုးမောင်တို့ကအူကြောင်ကျား ကုန်သွားလို့ မယူလာဘူးတဲ့လေ....
ကဲအားလုံးလဲ စားပြီးသွားပြီ ပြန်ကြတော့ တော်ကြာ စင်ကာပူရဲ တွေလာလို့ ဒုက္ခရောက်နေဦးမယ်နော့် ဟဲဟဲ ကျေးဇူးပါဗျာ..လာရောက်သုံးဆောင်တဲ့အတွက် ဥထမင်း ကတော့ နောက်မှ ချက်ကျွေးတော့မယ်နော့် ဟီး
28 comments:
ပျော်ရွှင်ဖွယ်မွေးနေ့ နှစ်ပေါင်း၁၀၀တိုင်ပါစေ မောင်လေး ရေ။
October 15, 2008 at 10:46 PMမကြီးတို့ ဘလောဂါမောင်နှမတွေအားလုံးက ဆွေမျိုးတွေပဲပေါ့နော်။
လွမ်းတာလည်းလွမ်းတာပေါ့ . မတတ်နိုင်တော့လည်း ပျော်အောင်နေရတာပေါ့ မောင်လေးရေ။
ပျော်ရွှင်ပါစေ။
ခင်တဲ့
မကြီး
မ၀ါ
happy birthday
October 15, 2008 at 10:48 PMHappy Birthday To U !!! :)
October 15, 2008 at 10:49 PMဒီနှစ်မှသည်နောင်နှစ်ပေါင်းများစွာတိုင် အောင်ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့လေးများပြုလုပ်နိုင်ပြီး လိုအင်ဆန္ဒများပြည့်ဝနိုင်ပါစေရှင်...
October 15, 2008 at 10:59 PMဆုတောင်းပေးပြီးသွားပြီး စားတော့မယ်....ကိတ်မုန့်ကရှယ်ပဲနော် ရှာရတာပင်ပန်းမှာပဲနော်...ဟိဟိ.....
မီးလေးထက်တောင်တစ်လကြီးတဲ့ဟာကို လာလာပြီးတော့ခေါ်တယ် မကြီးတဲ့ ဟွန့်.......ပျော်ရွှင်ပါစေနော်.....
အရင်ဆုံးပြောချင်တာက ကျမက ကိုတောင်ပေါ်သားထက် ငယ်ပါတယ်ရှင့်။ :P မကြီးတော့ မလုပ်လိုက်ပါနဲ့နော်။ :P
October 15, 2008 at 11:05 PMမွေးနေ့မှာ ပျော်ရွှင်မှုတွေ ရရှိပါစေနော်။ "ခင်ရာဆွေမျိုး"ဆိုတဲ့စကားနဲ့အညီ ကျမတို့ မောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ပွဲ ကျင်းပကြတာပေါ့နော်။
မွေးနေ့မှ စပြီး စိတ်၏ချမ်းသာခြင်းနဲ့ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
တောင်ပေါ်သားလေးရေ----
October 15, 2008 at 11:09 PMမွေးနေ့မှသည်---နှစ်ပေါင်းများစွာတိုင်---
အသက်ရှည်စွာ အနာမဲ့ပြီး
ပရဟိတ လုပ်ငန်းများ လုပ်နိုင်ပါစေ----
ကျနော့်ထက်အသက်၃နှစ်နဲ့၃၆၃ရက်တိတိကြီးတဲ့ ဗျိုးကိုကြီးတောင်ပေါ်သား...
October 15, 2008 at 11:22 PMမွေးနေ့အကြိမ်
ပေါင်းစုရေကာ
၂၄နှစ်ပြည့်ပြီမို့
နောင်နှစ်များစွာ
မွေးနေ့များသို့
ကျန်းမာ.ချမ်းသာ.ပျော်ရွှင်.ငြိမ်းချမ်း.ပြီးပြည့်စုံပါစေကြောင်း
ဆုချွေတောင်းသည်
ကိုတောင်ပေါ်သားတစ်ယောက်
ဆန္ဒပြည့်ဝပါစေသော်ဝ်.....
ဒီနှစ်သီတင်းကျွတ်မှသည်နောင်နှစ်အတွင်းမြန်မြန်စွံပြီး မိသားစုနဲ့ ပျော်ပျော်ကြီးနေနိုင်ပါစေဗျား...။
ကိတ်မုန့်စားပြီးရှန်ကီတော့ဘလော့ထဲမှာကစ်ပီးပီ...စလုံးကညီကိုတွေကို
အပြင်မှာတစ်ပွဲလောက်လုပ်လိုက်တော့လေဗျာ...ပြော.မနက်ဖြန်...
ဖူလ်တန်လား.river side မှာလား.orchard က hotel တွေမှာလား ဟဲဟဲ
မောင်လေးရေ... မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ရှင်သရွေ့ထိ အောင်မြင်မှုသရဖူဆောင်းနိုင်ပါစေနော် လို့မကြီးမဗေဒါက ဆုတောင်းပေးတယ်နော်..
October 15, 2008 at 11:28 PMဒါနဲ့နားမလည်လို့ အိမ်မှာ မွေးနေ့လုပ်တာ စကာင်္ပူရဲကဖမ်းတယ် ဟုတ်လား.. နားမလည်လို့ မဗေဒါအိမ်မှာ မွေးနေ့ခဏ ခဏလုပ်တော့ သတိထားရမယ်..
အော်.. ဒါနဲ့ ဒီမွေးနေ့ပွဲလေးကို မကြီးမဗေဒါလာလိုက်တာမှန်သွားတယ်ကွယ်.. ဘာလို့လဲဆိုတော့ မကြီးသိချင်နေတဲ့ မောင်လေးရဲ့အသက်ကို ခုမှသိလိုက်ရလို့ပါ..
သေချာစဉ်းစားကြည့်လိုက်တော့ မကြီးကမောင်လေးထက် ၄ ၅လလောက်ငယ်နေတယ်ကွယ်..
ကြည့်ရတာ မကြီးမဗေဒါက အရမ်းကို ရင့်ကျက်တဲ့ပုံပေါက်နေလို့ မကြီးအဖြစ် ခေါ်တာထင်ပါတယ်..
ဘာပဲပြောပြော တအုံ့နွေးနွေးကိစ္စလေးကို သိခွင့်ရသွားလို့ ခုမှစိတ်အေးရတော့တယ်...
ခင်မင်လျှက်
မကြီးမဗေဒါ..
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေနော်။
October 15, 2008 at 11:31 PMညီလေး တောင်ပေါ်သားရေ လာလည်သွားပါတယ်ခင်ဗျ
October 16, 2008 at 12:06 AMအစ်ကိုက ညီလေးထက် ၂ လပဲကြီးတာ အဟဲ ဘော်ဘော်တွေ လို ပြောင်းခေါ်ချင်ရင်လည်း ရတယ် :P
အစ်ကို့ အတွက် မပါပေမယ့် ခပ်တည်တည်နဲ့ အပြင်းလေး တစ်ခွက် တစ်ဖလားလောက် ၀င်ချသွားတယ် အဟဲ..
မွေးနေ့မှ စ၍ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေဗျာ
ညီလေးတောင်ပေါ်သားရေ...
October 16, 2008 at 1:02 AMပျော်ရွှင်ဖွယ်မွေးနေ့လေးဖြစ်ပါစေနော်...
ခင်တဲ့...
ကိုနေလင်း
အာ... ငါ့ညီကလဲ... အူကြောင်ကျား အခု အမှီလာပို့ပါတယ်ကွ... ဟား.ဟား..။ အူကြောင်ကျားက ဟင်္သာတမှာ သွားမှာရလို့ဟေ့..။ ဒါနဲ့ ငါ့ညီက အခု ၂၄နှစ် ပြည့်ပြီဆိုတော့ အကို့ထက် ငယ်တာပေါ့(အသက်...အသက်)ဟဲ..ဟဲ။
October 16, 2008 at 1:49 AMမွေးနေ့မှာ ပျော်ရွင်ပါစေကွာ...။
ခင်မင်လျက်....။
ကိုတောင်ပေါ်သားရေ ပျော်ရွှင်ရတဲ့မွေးနေ့ဖြစ်ပါစေဗျာ...။ မွေးနေ့မှစ
October 16, 2008 at 1:57 AMနောင်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်ပါစေ..။
ဆောရီးကွာ...ငါက ၁၄ ယောက်မြောက်ဖြစ်သွားတယ်။ အေးကွာ ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေကွာ..... ငါညီဒီထက်ပိုအောင်မြင်ပါစေ...
October 16, 2008 at 3:58 AMတောင်ပေါ်သားရေ... မိခင်ကိုဒီလောက်သိတတ်တဲ့သားက ကျေးဇူးစပ်ပြီးသားပေါ့...
October 16, 2008 at 7:49 AMမွေးနေ့ဆုတောင်းတွေပြည့်ဝပါစေလို့ ဆုတောင်းပေးသွားတယ်
Happy Birthday...
ကျနော်မွေးနေ့ကို လာပြီးဆင်နွှဲသွားတဲ့ ညီအကိုမောင်နှမများ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ဗျာ... ဟဲဟဲ ညီလေးသံလွင်ရေ စင်ကာပူကလူတွေကိုတော့ ဖိတ်ကျွေးချင်သား ဒါပေမဲ့ အဝေးရောက် ညီအကိုမောင်နှမတွေ စိတ်မကောင်းဖြစ်နေရမယ် (မစားရလို့) အမိတိုင်းပြည်ရောက်မှ အားလုံး ပျော်ပျော် ကဲကြတာပေါ့ ကောင်းဘူးလားဗျာ..
October 16, 2008 at 8:32 AMA very Happy Birthday to You.
October 16, 2008 at 8:32 AMကွန့်မန့်လာပေးတာ နောက်ကျသွားလို့ စိတ်တောင် မကောင်းပါဘူး ကိုတောင်ပေါ်သားရယ်....
ပျော်ရွှင်ပါစေ.. အရာရာ အဆင်ပြေပါစေ လို့ဆုတောင်းပေးပါတယ် ...
ကျွန်မ ထက် ၂ နှစ်တောင် ကြီးတယ်.. နောက်တစ်ခါ အမ လို့မခေါ်နဲ့တော့နော်...
လာတာနောက်ကျသွားလို့ ဆောရီပါ ညီငယ်။ မနေ့က စိတ်နည်းနည်းညစ်လို့ ဘလော့မလည်ပဲ အိပ်လိုက်တာ။ မွေးနေ့ ဖိတ်တာ သိလိုက်ဘူး။
October 16, 2008 at 9:14 AMညီငယ်မွေးနေ့မှ သည် ပျော်ရွှင်ဖွယ်မွေးနေများစွာကို ပိုင်ဆိုင်နိုင်ပါစေ။ အလုပ်အကိုင်လဲ အဆင်ပြေပါစေ။ ချစ်သော မေမေ၏ ချစ်မေတ္တာကို ခံယူလျက် အေးချမ်းစွာ အောင်မြင်သော ဘဝကိုပိုင်ဆိုင်နိုင်ပါစေ။
မဖိတ်ပဲရောက်ခဲ့တယ် ဟက်ပီးဘတ်ဒေး အစ်ကို မွေးနေ့ မှာပျော်ရွှင်ပါစေနော့် ကိုယ့်ကိုယ်ကိုပြန်မေးတိုင်း No ဆိုတဲ့အဖြေတူနေတယ် ။
October 16, 2008 at 11:28 AMဟယ်....မွေးနေ့မှန်းမသိလိုက်လို့နော်...ကြိုလည်းမဖတ်တော့ ဘာလက်ဆောင်မှ မယူလာမိဘူး.. တော်သေးတာ
October 16, 2008 at 12:36 PMပေါ့. မွေးနေ့ရက်လေးမှာ တိုက်တိုက်ဆိုင်ဆိုင် လာလည်တာနဲ့ ကြုံလာလို့ အားရပါးရ ကိုစားသွားတယ်နော်.
မွေးနေ့ရှင်လေး.. ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒ ပြည့်ပါစေ။ မိဘကိုလုပ်ကျွေးနိုင်သော သားကောင်းသားမြတ်လေး
တစ်ဦင်္းဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်.. ကို စိုးမင်းထိုက်ရေ...
မောင်လေးစိုးမင်းထိုက်ရေ...
October 16, 2008 at 1:29 PMခင်ရာ ဆွေမျိုးဆိုသလိုပါပဲ... အမတို့အားလုံးဟာ မောင်နှမသားချင်း ဆွေမျိုးတွေပေါ့ကွယ်...
မောင်လေးရဲ့ ၂၄နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်....................... :)
ဦးဦးဆိုးမင်းရေ..
October 16, 2008 at 1:36 PMသမီး ညက အိပ်ပျော်သွားလို့ ဒီနေ့ မှ ရောက်လာဖြစ်တာ..
မုန့် တွေ အကုန်တီးသွားတယ်နော့်.. :)
ပန်းကန်ပါ ဆေးပေးသွားတယ်... ဟီးဟီ..
မွေးနေ့ ဆုတောင်းပေးရဦးမယ်..
ဦးဦးဆိုးမင်း ကျန်းမာပါစေ.. ချမ်းသာပါစေ..
လိုအင်ဆန္ဒတွေလည်း တလုံးတ၀တည်း ပြည့်နိုင်ပါစေ..
ဦးဦးရဲ့ မေမေနဲ့ လည်း အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး
တွေ့ ရပါစေလို့ ....
ဆုတောင်းပေးလိုက်ပါတယ်နော့်..
HAPPY BIRTHDAY!!!!!!!!!!!!!!!!!!!!
October 16, 2008 at 3:35 PMပျော်ရွှင်စရာမွေးနေ့ပါဗျာ။
October 17, 2008 at 1:55 AMမိုးကြယ်
ညီလေးတောင်ပေါ်သားလေး..စာမူခအတွက်ကျေးဇူးအနန္တပါ။
October 17, 2008 at 3:06 PMဒီမွေးနေ့ကနေနောက်နှစ်မွေးနေ့အထိပျော်ရွှင်ခြင်းမြို့တော်မှာ
လိုအင်ပြည့်ဝခြင်းလမ်းတွေပေါ်လျှောက်လို့၊ ရည်မှန်းထားတဲ့
ပြည့်စုံခြင်းကမ္ဘာအထိပြုံးပျော်စွာလှမ်းနိုင်ပါစေ။
ညီလေးရေ
October 17, 2008 at 5:30 PMနောက်ကျလို့ တောင်းပန်လိုက်တယ်။ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသက်ထက်ဆုံး စိတ်ချမ်းသာမှု့တွေ
ပိုင်ဆိုင်နိင်ပါစေ။
အကို Happy birthday ဗျာ။ နောက်ကျ လို့ ခွင့်လွှတ်ဦး။
October 20, 2008 at 2:02 AMU lay, Happy Birthday!
October 16, 2009 at 9:02 AMPost a Comment