Monday, October 13, 2008

ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့

အင်း မမ၀ါ ကတက်ဂ်ထားသေးတယ် အခုတလော တက်ဂ်ကြွေးတွေ ပိနေပါ့။ အခုတော့လဲ ရေး၇ဦးမှာပေါ့ ဒါပေမမဲ့ မမ၀ါ တက်ဂ်တဲံ့ ခေါင်းစဉ်က ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ တဲ့။ သွားပြီ ကျနော် ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ ကို သိဘူးဗျ ဒီစင်ကာပူမှာတော့ ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ ဆိုတာရှိသေးဘူးလားလို့ ဟဲဟဲ ကိုယ့်ဟာကို ထင်တာလေ..

ဒီတော့ ကျနော်စဉ်းစားလိုက်ရတာ ဘာတွေလဲပေါ့ ငါရဲ့ဗရုတ်သုတ်ခအကျဆုံးက.. ဒါပေမဲ့ စဉ်းစားလဲ ဦးနှောက်က မမှတ်မိတော့ဘူးဗျ နောက်ဆုံး တစ်ခုတည်းသော အရာလေးကို ပြန်အမှတ်ရမိတယ်။ ကိုယ်ပေါင်ကို ပြန်လှန်းထောင်းနေသလိုတော့ ဖြစ်နေပြီ မမ၀ါ ရေ.. ဒုက္ခ ဒုက္ခ...

ကျနော် တောင်ကြီးကနေ အထက်တန်းအောင်လို့ ရန်ကုန်ကိုတက်လာပြီး အများတကာလို ကွန်ပြူတာတွေ ခေတ်စားနေတဲ့ ခေတ်မှာ အဲဒီသင်တန်းလေးကို တက်ဖြစ်ပါတယ်။ ပြီးတော့ ကျနော် ကေအမ်ဒီမှာ အလုပ်ဝင်လုပ်ဖြစ်ပါတယ်။ အဲမှာ ကျနော်က တောင်ပေါ်သားဆိုတော့ ကျနော်တို့စီမှာ လွယ်အိတ်တွေလွယ်ရင် (ကချင် လွယ်အိတ်)ကြိုးကို ထုံးပြီးလွယ်တတ်ကြပါတယ်။ အရင်က တက္ကသိုလ်ကျောင်းသားကြီးတွေ အတိုင်းပေါ့။ ကျနော်ပုံစံကလည်း ကြည့်ပါဦး ပုဆိုးကခပ်တိုတို လွယ်အိတ်ကတခြမ်းစောင်း ကြိုးထုံးလေးနဲ့ ဒီတော့ သင်တန်းက စီနီယာဆရာမက ပြောပါလေကော “စိုးမင်းထိုက် နင်ဆရာလုပ်မယ်လဲ ဆိုသေး လုပ်လာတဲ့ပုံစံလဲ ကြည့်ဦးတဲ့“ ကျနော်ကတော့ ဆရာမရှေ့ဆို ဟုတ်ဟုတ်နဲ့ ပုဆိုးတွေ ပြန်ပြင်ဝတ် လွယ်အိတ်လေးကို အထုံးလေးဖြေပေါ့.. ဆရာမကွယ်ရာရောက်ယင်တော့ နဂိုအတိုင်းပြင်လုပ်ပြီးနေတာပါပဲ.. အကျင့်ဖြစ်နေတာကိုဗျ...

ကျနော်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့တစ်နေ့ဖြစ်ခဲ့တာကတော့ အလုပ်ကို မနက်ပိုင်း ဆင်းရတဲ့ အချိန်ပါ။ မနက်ဆို ၆နာရီလောက်ထရတာကိုး။ လူကမနက်ဆို မထချင် အပျင်းကတက်သေး။ တရက်ကျတော့ ဒုက္ခစတွေ့ပါလေရော ဘာဖြစ်လဲဆိုတော့ ကျနော်တို့ အလုပ်က ယောပုဆိုး ၀တ်ရတယ်လေ.. အဲဒီပုဆိုးတွေမှာ ဘေးမှာ လိုင်းဖြူတလိုင်းပါတယ်။ အဲဒီယောပုဆိုးက ပုံစံမျိုးစုံပါပဲ ပထမတစ်ခါကတော့ ကျနော်လဲ အိပ်ချင်မူးတူးနဲ့ ထပြီး ရေချိုးပြီး အ၀တ်အစားလဲပြီး ထွက်လာတာပေါ့ ဖြစ်ချင်တော့ ယောပုဆိုးမှာ ပါတဲ့ အကွက်တွေက ငှက်ပုံလေးတွေဗျ ကျနော်က အဲဒီပုဆိုးကို အထက်အောက်မှားဝတ်မိရော ဒီတော့ ငှက်လေးတွေက ဇောက်ထိုးဖြစ်သွားရောပေါ့ ဟီး ရှက်လိုက်တာမပြောပါနဲ့ လိုင်းကားပေါ်ရောက်မှ သိတာဗျ.. ဒီလိုနဲ့ ဘယ်သူမှတော့ မသိပါဘူး ကျနော်တစ်ယောက်ထဲသိတာ အခုမှ ဘလော့ညီအကို၊မောင်နှမတွေ သိသွားပြီး အဲဒါ မမ၀ါကြောင့်ပေါ့နော့်။

ဒုတိယဗရုတ်သုတ်ခအကျဆုံးနောက်တခါလဲ ဒီအလုပ်ပါပဲ။ ဘယ်လောက်တောင် မဆင်ခြင်မိလဲဆိုတော့ ကျနော်မှာ ရှိတဲ့ ပုဆိုးက နှစ်ဖက်လှပုံစံလေးပါ။ ဒါပေမဲ့ ဘေးကပါတဲ့ အဖြူစင်းလိုင်းလေးက တော့ တဖက်လှပါပဲ။ ဒီတော့ ကျနော်မှ ပုဆိုးကို ဗြောင်းဗျန်ကြီး ၀တ်သွားမိပါတယ်။ အဲဒီတော့ ဘေးကအစင်းအဖြူက ချည်တွေက ထွက်လို့ပေါ့ ကျနော်လဲ မသိပါဘူး ကားမှတ်တိုင်ရောက်မှ ပိုဆိုးကို သတိထားမိတာ ကံကောင်းတာက ပုဆိုးကို လှည့်ဝတ်လို့ရလိုက်လို့ပေါ့။တော်ကြာ အရှက်တွေ ဟက်တက်ကွဲတော့မလို့ အလုပ်ရောက်မှ အပေါ့သွားတဲ့ အခန်းလေးထဲသွားပြီး အမြန်လဲရတယ် ဟီး ဘယ်သူမှ သိဘူး အခုမှ သိတာတွေ ဒါတွေကတော့ ကျနော်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့တွေပါ။ အမှတ်တရဖြစ်အောင်လို့ ရေးလိုက်တာပါ မမ၀ါ ရေ ကျေနပ်တော့နော် ကျနော်တော့ ဘယ်သူကိုမှ မတက်ဂ်တော့ပါဘူး။ အားလုံးလဲ တက်ဂ် ကြွေးတွေ ပိနေလောက်ပြီး ဟီးးးးးးးးးးးးးး (ကိုကြယ်စင်သွေး စကားလုံး ယူသုံးကြည့်တာပါ စိတ်ဆိုးနဲ့နော့်
အကိုကြီးရေ)

အားလုံးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေဗျာ...

4 comments:

mabaydar said...

နောက်ဆို ကိုစိုးမင်းထိုက်ကိုတွေ့ရင် ဘောင်းဘီကို အရင်ကြည့်မယ်.. ဗြောင်းပြန်ဝတ်လာလားလို့.. ဘလော့ဒေး ဗွီဒီယိုမှာသေချာကြည့်လိုက်အုံးမယ်.. ဗြောင်းပြန်များဖြစ်နေလားလို့.. ဟဲ.. ဟဲ.. မဗေဒါကိုလဲ ကိုပုလုကွေး တက်ခ်ထားတယ်.. ဘာရေးရင်ကောင်းမလဲ စဉ်းစားတုန်း.. ကိုယ့်ကိုကိုယ်ဆိုတော့ သက်သက်သာသာလေးရေးမှထင်တယ်.. ဟီး..

October 13, 2008 at 6:55 PM
flowerworld said...

အကိုကလဲလှည့်ဝတ်နေလိုက်သေးတယ် ဘာဖြစ်လဲစတိုင်ပေါ့...ဟီး

October 14, 2008 at 12:25 AM
puluque said...

ဟား..ဟား.. နည်းနည်းပဲရီသွားတယ်။ ကိုယ်ချင်းစာလို့

October 14, 2008 at 7:26 PM
မသက်ဇင် said...

တောင်ပေါ်သားလေးရေ----
အခုတလော တာ့တွေဖတ်ရတယ်နော်---
ခေါင်းစဉ်တွေအမျိုးမျိုးနဲ့ပေါ့---
မအားတာနဲ့ ကိုယ့်ကိုတာ့ကြတာတွေလည်းမရေးနိုင်--
တပတ်တခါ တင်ပေးနေတဲ့ နှင်းဆီနီ အဆက်ကိုလည်း
ဆက်ဖို့ လာလာပြော---
ဘာပဲဖြစ်ဖြစ်--တောင်ပေါ်သားလေးတို့ဆီတော့---
မရောက်ရောက်အောင် လာလည်ပါတယ်ရှင်----
ခင်မင်လျက်

October 15, 2008 at 4:50 PM