Tuesday, May 6, 2008

အားလုံး ကူညီပေးကြပါဗျာ…..

မိတ်ဆွေ Blogger အကိုကြီး အမကြီး ညီလေး ညီမလေးတို့

ကျွန်တော်တို့တိုင်းပြည်ဟာ ကပ်ကြီးသုံးပါး ဆိုက်နေပါပြီ
နာဂစ် မုန်တိုင်းရဲ့ပြင်းထန်စွာတိုက်ခိုက်မှုကို ကျွန်တော်တင်ပြပေးနေတဲ့ post တွေမှာမြင်တွေ့ပြီးလောက်ပြီလို့ထင်ပါတယ်
ခုလောလောဆယ်မှာ အပြစ်မဲ့ပြည်သူတွေ မြို့လိုက်ရွာလိုက်ကို သေကြေနေကြပါပြီ
မုန်တိုင်းထဲမှာမသေလိုက်သူတွေလဲ အစာရေစာမရခြင်း အအေးကြောင့်ဖြစ်တဲ့ရောဂါတွေဝင်ခြင်း
ရေပုတ်တွေကတဆင့်ဖြစ်လာတဲ့ ခြင်၊ ယင် တွေကြောင့် အသည်းယောင်၊ အသားဝါရောဂါတွေကူးစက်ခြင်းတွေကြောင့် သေဆုံးကြတော့မှာပါ
ဒါကိုစစ်အစိုးရလဲ လက်လျှော့ရတော့မယ့်အခြေအနေမှာဖြစ်နေပါတယ်
ခုနောက်ဆုံးသူတို့ကိုင်တွယ်ဖြေရှင်းလို့လုံးဝမရတော့ဘူးဆိုတာသေချာတဲ့အခြေအနေကိုရောက်လာလို့သာ ခုလို အနောက်နိုင်ငံတွေကိုဝင်ရောက်ကူညီဖို့လက်ခံလိုက်ရတာပါ

ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာတွေအတွက်တော့ဒါဟာအဆိုးထဲကကောင်းသတင်းပါဘဲ
ဒါပေမယ့် ကျွန်တော်တို့တွေ အနောက်နိုင်ငံတွေကိုချည်းအားကိုးနေလို့မရပါဘူး
လူသိန်းပေါင်းများစွာကိုကူညီဖို့ငွေအားအရမ်းလိုပါတယ်
ဒီတော့ လောလောဆယ်ဖြစ်နေတဲ့နိုင်ငံရေးကိစ္စတွေချည်းအာရုံစိုက်နေကြမဲ့အစား လူမှုရေးကိစ္စ အသက်ပေါင်းများစွာဆက်လက်ရှင်သန်ရေးကိစ္စကိုလဲ ဝိုင်းဝန်းကူညီပေးကြပါစို့

ကျွန်တော်ဦးဆောင်ပြီး မြန်မာပြည်က မုန်တိုင်းဘေးဒုက္ခသည်မှန်သမျှကို တိုက်ရိုက်လူကိုယ်တိုင်လှုဒါန်းနှိုင်ဖို့စီစဉ်ထားပါတယ်
ကျွန်တော်တို့ကိုလှုဒါန်းတဲ့ငွေတွေအားလုံးကို မြန်မာပြည်ကလူမှုရေးတကယ်လုပ်နေတဲ့မိတ်ဆွေတွေကိုပို့ပေးပါတော့မယ်
ဒီကိစ္စက နိုင်ငံရေးနဲ့လုံးဝမပါတ်သက်ပါဘူး လူအခြင်းခြင်းစာနာမှုနဲ့ကူညီတဲ့ လူမှုရေးသီးသန့် ဖြစ်ပါတယ်

ကျွန်တော်ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမှပေးမှာမဟုတ်ပါဘူး လူလူချင်းတိုက်ရိုက် ကူညီသွားဖို့စီစဉ်ထားပါတယ်

ဒီတော့ မြန်မာတွေရဲ့ဒုက္ခဆင်းရဲတွေကို ကျွန်တော့်လိုဘဲ ခံစားစာနာပေးတတ်မယ်ဆိုရင်
ကျွန်တော်ကြိုးစားနေတဲ့ Myanmar cyclone relief funds ကိစ္စလေးဖြစ်အောင် ဝိုင်းကူညီပေးကြပါဗျာ
ကျွန်တော်နဲ့မသိသေးတဲ့ Blogger တွေအများကြီးရှိမှာပါ မိတ်ဆွေတို့သိသမျှ Blogger တွေကိုလဲလက်ဆင့်ကမ်းပေးကြပါ

ဘယ်လိုလဲ ခုလဲကျွန်တော်တို့ရင်ခုန်သံတွေစည်းချက်ညီနေပါတယ်ဆိုတာ
မျက်ရေတွေအရောင်တူနေသေးတယ်ဆိုတာ
ငါ့လူမျိုးထိရင် မချိအောင်နာတဲ့ မျိုးချစ်စိတ်ရှိတယ်ဆိုတာ
အလုပ်နဲ့သက်သေပြကြပါစို့

စာကြွင်း----ကိုမျိုးချစ် Blog မှကူးယူတင်ပြပါတယ်

မုန်တိုင်းဒုက္ခသည်တွေ အတွက် လှူဒါန်းနိုင်မယ့် နည်းလမ်းတွေပါ။
မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေ အတွက် အလှူအတန်းပြုနိုင်ဖို့ နိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ရဲ့ အဆက်အသွယ်တွေကို တစုတစည်းတည်း တင်ပြပေးလိုက်ပါတယ်။

စင်ကာပူအောက်ဖော်ပြပါဆိုင်များတွင် အလှူခံပုံးများချထားပါသည်။
၁။ လင်းလက် ( ၂ထပ်၊ ပင်နီဆူလာ ပလာဇာ)
၂။ စင်းမြန်မာ ( ၃ထပ်၊ ပင်နီဆူလာ ပလာဇာ)
၃။ သပြေနု (ဒေါ်သန်းသန်းနု) ( ၅ထပ်၊ ပင်နီဆူလာ ပလာဇာ)
၎။ လမ်းပြကြယ်စာကြည့်တိုက် (၅ထပ်၊ ပင်နီဆူလာ ပလာဇာ)အောက်ပါ တာဝန်ခံပုဂ္ဂိုလ်များသို့လည်း ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

၁။ကိုအေးကိုကို (+၆၅ ၉၆၃၅၂၀၆၄)
၂။ကိုဝင်းကျော် (+၆၅ ၈၁၁၈၀၃၁၅)
၃။ကိုစိုးထွန်း (+၆၅ ၉၄၈၇၄၄၁၃)
၎။ကိုမင်းသိမ်း (+၆၅ ၈၁၈၆၀၀၄၂)
၅။ကိုသူရိန် (+၆၅ ၈၁၈၆၈၁၅၆)
၆။ကိုညီညီအောင် (+၆၅ ၉၇၄၂၀၉၀၅)
၇။ မလဲ့လဲ့ (+ ၆၅ ၉၂၇၂၆၇၄၄)အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
1 ဒေါ်စိုးစိုးအောင် @ Catherine (+65 92986743)
2 စည်သူအောင် @ Chris (+65 8168 1121)
3 ရဲသွေး @ Danny (+65 91084611)

ကိုရီးယားအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေမှ ကိုရန်နိုင်ထွန်း နဲ့ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ရုရှားထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း က ကိုအောင်ဆွေဦးကို ဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။http://www.ymba-mephi.blogspot.com/ယူကေအလှူငွေပါဝင် ထည့်လိုသူများ အောက်ပါ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ၏ ဘဏ် အကောင့်တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။ ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com ကို စတင်ရေးသားနေပါသည်။

ဆရာတော်၏ ဘဏ် အချက်အလက်များမှာBank Name : BarclaysAccount Holder Name Mr A CandobhasaA/C 90 00 28 36S/C 20 80 71ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်Ph 078 77 297 205email: ashinucandobhasa@yahoo.co.ukUK နိုင်ငံမှ မဟုတ်သော အခြားနိုင်ငံမှ လှူဒါန်းလိုသူများအတွက် paypal အကောင့် တွင် ပေးပို့နိုင်ပါသည်။paypal အကောင့်ဖြင့် ပေးလိုလျှင် www.paypal.com တွင် မိမိ၏ paypal account ဖြင့် ဆရာတော်၏ paypal email account သို့ ပေးနိုင်ပါသည်။ဆရာတော်၏ paypal email account မှာashinucandobhasa@yahoo.co.ukဖြစ်ပါသည်။မည်သို့ ပေးရမည်ကို သိလိုလျှင် ကိုထိုက် ထံသို့ ဖုန်းဆက်မေးမြန်းနိုင်ပါသည်။


ကျွန်တော် ရသလောက် Link လေးတွေကို တင်ပေးထားပါတယ်....

http://cyclonerelief.wordpress.com/

http://picasaweb.google.com/cyclonerelief/HlaingTharYarHopesDelivered

ကိုထိုက် (+44) 7974 817 387

0 comments: