Wednesday, April 30, 2008

မေ့မရသော မိသားစုတစ်စု အကြောင်း

တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားဟာအမှန်လား၊ သေချင်သောကျား တောပြောင်းဆိုတဲ့ စကားဟာ အမှန်လားဆိုတဲ့ စကားပုံနှစ်ခုမှာ ကျွန်တော်တို့လို စွန့်စားပြီး ရေခြားမြေခြားမှာ အလုပ်လာရှာသူတွေ အတွက်ဘယ်တခုက အမှန်ယူရမလဲဆိုတာ ကျွန်တော်တကယ် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို သူငယ်ချင်းတသိုက် တောပြောင်းတုန်းကတော့ အရမ်းသဘောကောင်းပြီး မြန်မာတို့ရဲ့ ဓလေ့ဖြစ်တဲ့ လူတဖက်သားကို ကူညီတတ်တဲ့ မိသားစုတစ်စုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတသိုက် ဆုံဆည်းခဲ့ရပါတယ်..


သူတပါးတိုင်းပြည်မှာ လူတဖက်သားကို ကူညီဖို့ထက် ကိုယ်ရဲ့ဘ၀ အတွက် အနိုင်နိုင် ရပ်တည်နေရဲ့တဲ့အချိန်မှာ သူတစ်ပါးကို ကူညီနိုင်ဖို့ဆိုတာ တော်ရုံစိတ်နဲ့ မဖြစ်နိုင်ပါဘူး. ဒါပေမဲ့ အဲဒီလိုစိတ်ဓာတ်နဲ့ ပြည့်စုံတဲ့ သာယာပျော်ရွင်ဖွယ်ကောင်းတဲ့ မိသားစု လေးနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေဆုံစည်းခဲ့ပါတယ်.. အဲဒီ မိသားစုလေးဟာ ကျွန်တော်တို့ ရဲ့ကျေးဇူးရှင် အရှင်သခင်လို့ပြောရင်လည်း မမှားပါဘူး။ ဒီမိသားစုလေးကြောင့် ကျွန်တော်တို့ သူငယ်ချင်းတွေ သူတပါးနိုင်ငံမှာ အများကြုံရသလို အခက်အခဲ သိပ်မရှိပဲ ဒုက္ခဆိုတာ ဘာလဲလို့ ပြန်မေးရလောက်အောင်ကို အစစအရာရာ အဆင်ပြေခဲ့ပါတယ်။ သူများတွေဆို ရောက်ခါစမှာ နေဖို့အတွက် အခန်းကို စပြီးခေါင်းစားရတော့တာပါပဲ။ ဒါပေမဲ့ ကျွန်တော်တွေ အဲဒီ ၀ဠ်ဒုက္ခကနေ ကင်းလွတ်ခဲ့ပါတယ်..အဲဒါကတော့ ဒီမိသားစုလေးရဲ့ အကူအညီကြောင့်ပါပဲ. အဲဒီမိသားစု အကြောင်းနဲနဲတော့ တင်ပြပါရစေဗျာ…. အဲဒီဖြူစင်စိတ်ထားပြည့်ဝတဲ့ မိသားစုလေးရဲ့ ပဲ့ကိုင်ရှင် အရှင်သခင်တွေကတော့ ဦးလေး ဦးတင်ယု နဲ့ အန်တီ ဌေးဌေးမွန် တို့အကြင်လင်မယားပဲဖြစ်ပါတယ်..သူတို့မှာ ချစ်စရာအရမ်းကောင်းပြီး အမြဲပျော်ပျော်နေ တတ်တဲ့ သားလေး မင်းဇော်နဲ့ သမီး ချိုလေးတို့ နှစ်ယောက်ရှိပါတယ်.. တကယ်ဆို ဒီမိသားစုလေးက ကျွန်တော်တို့ စင်ကာပူကို အတူတူလာတဲ့ သူငယ်ချင်း (၁) ယောက်ရဲ့ ဦးလေးနဲ့ အဒေါ်ပါ…သူတို့ဟာ မယုံနိုင်အောင်ကို သဘောကောင်းကြပါတယ်။ ကျွန်တော်တို့ လိုလေးတယ်မရှိအောင် ဂရုစိုက်ကြပါတယ်.. စင်ကာပူကို ရောက်စကတော့ အရာရာဟာ ကိုယ့်တိုင်းပြည်နဲ့ တော်တော်ကိုခြားနားပါတယ်.. တိုက်တာအဆောက်အဦး ၊ လမ်းတွေ အစရှိသဖြင့်ပေါ့ဗျာ… စင်ကာပူဆိုတဲ့ နိုင်ငံကိုလာတဲ့ လူတယောက်အတွက် ပထမဆုံး အရေးကြီးတာကနေဖို့၊ အိပ်ဖို့ နေရာတစ်ခုပါ.. ကျွန်တော်တို့ မြန်မာနိုင်ငံမှာလို ဘုန်းကြီးကျောင်းမှာလို ကပ်အိပ်လို့မရသလို၊ သူငယ်ချင်းတွေနားလည်း နေဖို့ဆိုတာလည်း လွယ်တဲ့အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အန်တီဌေးတို့ မိသားစုရဲ့ ကျေးဇူးကြောင့် နေစရာရခဲ့ပါတယ်.. စင်ကာပူဆိုတဲ့ နေရာမှာ လူတစ်ယောက်ရဲ့ စားစရိတ်ဟာ ကျွန်တော်တို့ မြန်မာကျပ်ငွေနဲ့ တွက်လိုက်ရင် တော်တော်တန်ဖိုးရှိပါတယ်.. ဒါပေမဲ့ ကျွန်တော်တို့ အတွက် စားစရာလည်း မပူခဲ့ရပါဘူး… ဒါတွေဟာ ဒီမိသားစုလေးရဲ့ ကျေးဇူးပါပဲ ကျွန်တော်တို့လို IT အလုပ်မျိုးရှာတဲ့လူတွေအတွက် မရှိမဖြစ်ကတော့ အင်တာနက် ပါပဲ. ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်လျှောက်ရင် အများစုကို online ကနေ လျှောက်ရတာကိုး.. အင်တာနက်ကလည်း အပြင်မှာသုံးရင် တနာရီကို စင်ကာပူငွေ (၃)ကျပ်လောက်ပေးရတယ်ဗျ.. မြန်မာငွေနဲ့ဆို (၂၅၀၀) ကျပ်လောက်တော့ ရှိမယ်ဗျ.. ပြီးတော့ ကျွန်တော်တို့ နိုင်ငံမှာလို ကြိုက်တဲ့ Cyber ကိုသွားလို့ မရဘူးဗျ.. ဒီမှာကလူတိုင်းနီးပါးက အိမ်မှာ Internet သုံးနေကြတော့ ဆိုင်ဆိုတာကနဲနဲ ရှားတယ်လေ..ဒီတော့ Internet သုံးမယ်ဆိုရင် မြန်မာတွေ ရှိတဲ့ Plaza ကိုသွားရတဲ့ သွ

0 comments: