Wednesday, April 16, 2008

ကျွန်တော်အကြောင်းအပိုင်း (၂)

စင်ကာပူ ဆိုတဲ့နိုင်ငံကိုရောက်တော့ ကျွန်တော်တို့နိုင်ငံနဲ့ ဘယ်လောက်ထိကွာဟနေတယ်ဆို သိလိုက်ရတယ်။ကိုယ်တိုင်းပြည်ကိုလည်း ဒီလိုပဲ တိုးတက်တဲ့နိုင်ငံကြီး တစ်ခုဖြစ်စေချင်တာ နိုင်ငံပြင်ပကိုရောက်ဖူးတဲ့ လူတိုင်းရဲ့ရင်ထဲမှာ ရှိမယ်ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဘယ်လိုမှ လိုက်နိုင်သေးမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော်သိလိုက်ပါတယ်။ လူတိုင်းရဲ့နှလုံးသားထဲမှာ ခံစားချက်တစ်ခု ရှိတယ်ဆိုတာ ကျွန်တော်သိလိုက်ရပါတယ်။တစ်နေ့နေ့တချိန်ချိန်မှာ ကိုယ့်တိုင်းပြည် တိုးတက်ရင်ကိုယ်တတ်တဲ့ပညာနဲ့တစ်ထောက်တစ်နေရာကနေပြီးတော့ အားပြည့်ပေးချင်တယ် ဆိုတာပါပဲ။ တစ်ကယ်တမ်း သူများတိုင်းပြည်မှာ စီးပွါးလာရှာတယ်ဆိုတာ အလွန်ကို မလွယ်တဲ့ ကိစ္စ္စတစ်ခုပါ။ ကိုယ်ကြိုးစားသလောက် ကံမပါခဲ့ရင်ဘယ်လိုမှ အလုပ်မရနိုင်ပါဘူး။ ကျွန်တော်တို့ အတွက် အရေးကြီးဆုံး ပြဿာနာကတော့ လူနေမူအဆင့်အတန်း အရမ်းကွာ ဟမူပါပဲ။ အဲဒီတော့ ဒီရောက်လာတဲ့ လူ (တော်တော်များများကကျောင်းသူ၊ကျောင်းသား)တွေဟာကိုတိုင်းပြည်ရဲ့အလေ့အထတွေကို မေ့ပြီး ဒီမှာ စိတ်ထင်ရာလျှောက်လုပ်ကြတော့ တာပါပဲ။ နောက်ထပ်အရေးအပါဆုံး က အလုပ်လုပ်တဲ့လူ တော်တော်များများခံစားကြရတာ ကတော့ အိမ်လွမ်းနာ ပါပဲ။ သူတစ်ပါးတိုင်းပြည်မှာ အလုပ် လုပ်ရတာဟာ တော်တော်ကို (Stress) စိတ်ဒုက္ခများပါတယ်။ ကိုယ့်တိုင်းပြည်နဲ့ သူတို့တိုင်းပြည် ရဲ့ Technology ကွာဟမူဟာ အတော်ကိုရုန်းကန်ရတဲ့ ခက်ခဲမူတစ်ခုပါပဲ…………………………….

0 comments: