Wednesday, April 16, 2008

ကျွန်တော်ရဲ့မြို့လေးအကြောင်း

Photobucket

တစ်ကယ်တော့ကျွန်တော်ကိုမွေးဖွားလာတဲ့နေရာလေးကတော်တော်ကိုနေချင်စရာလေးပါဗျာ.
ကျွန်တော် မွေးဖွားခဲ့ရာ ဇာတိမြေကတော့ ရှမ်းပြည်နယ်က တောင်ကြီးဆိုတဲ့မြို့လေးမှာပါ။ ကျွန်တော်က အဲဒီမြို့လေးကိုလည်း ချစ်တယ်၊ အဲဒီမြို့လေးမှာနေရတာပျော်တယ်..
ကျွန်တော်တို့အိမ်က ရိုးရိုး သာမန်ရပ်ကွက်ထဲမှာ ရှိပါတယ်။ကျွန်တော်တို့မြို့လေးမှာလူတိုင်းနီး
ပါးကရိုးသားပွင့်လင်းကြပါတယ်..တစ်ကယ်တမ်းလည်းပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေး ပိုင်ဆိုင်ဖို့အတွက်အိမ်တစ်အိမ်မှာစည်းလုံးညီညွတ်မှုနဲ့တစ်ယောက်ကိုတစ်ယောက် ချစ်ခင်၊ သည်းခံဖို့က မရှိမဖြစ်ပဲလိုအပ်သလို ပတ်ဝန်းကျင်ကလည်းအရေးပါ တယ်လို့ကျွန်တော်ထင်ပါတယ်။ ပြောရရင်တော့ လူတစ်ယောက်နဲ့တစ်ယောက်ခင်မင်မူ၊ သံယောဇဉ်ရှိမူ။မေတ္တာတရားက အရေးကြီးဆုံးပေါ့၊အဲဒီလို လိုအင်တွေနဲ့ပြည့်စုံနေတဲ့ ကျွန်တော်တို့မြို့လေးးကိုအရမ်းချစ်မိပါတယ်။ တစ်ကယ်ဆို ကျွန်တော်တို့ မြို့လေးဟာအရမ်းအေးချမ်းတယ်။ ကျွန်တော်တို့ငယ်စဉ်ကဆိုရင် တစ်နှစ်ပတ်လုံး အေးချမ်းနေတာပဲ။ နွေရာသီဆိုရင်လည်းအရမ်းနေလို့ကောင်းလို့ အောက်ပြည်ကလူတွေအမြဲလာလည်ကြပါတယ်။ အရှေ့ဘက်ဆီကနေမင်းကြီးမထွက်လာခင်အုပ်ဆိုင်းနေတဲ့မြူနှင်းတွေကြားမှာ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေတဲ့တောင်ပေါ်သူ၊တောင်ပေါ်သားတွေရဲ့အလှကလည်း တစ်မျိုးချစ်စရာပါ… အားလုံးဟာလူမချမ်းသာပေမဲ့ စိတ်ကတော့ချမ်းသာကြပါတယ်။ အားလုံးရဲ့ မျက်နှာကိုကြည့်လိုက်ရင် ဟန်ဆောင်မူကင်းတဲ့အပြုံးလေးတွေကိုမြင်ရမှာပါ.. မြို့လေးရဲ့ဘေး ပတ်ပတ်လည်မှာလဲမြင့်မားတဲ့ တောင်တန်းတွေနဲ့ကာရံထားပါတယ်။အရှေ့ဘက်ဆီမှာကတော့ ကျွန်တော်တို့မြို့လေးရဲ့နာမည်ကြီးတွေထဲက တစ်ခုဖြစ်တဲ့တောင်ချွန်းဆိုတဲ့တောင်အမြင့်တစ်ခု ရှိပါတယ်။ကျွန်တော်တို့ကျောင်းသားဘ၀ သူငယ်ချင်းတွေနဲ့ပျော်ပွဲစားထွက်တိုင်းအဲဒီ တောင်ချွန်းကိုသွားကြပါတယ်။လူဆိုတာကိုယ်ရည်မှန်းတဲ့ ပန်းတိုင်မရောက် ရောက်အောင်သွားရတယ်ဆိုတာ တောင်ချွန်းဆိုတဲ့တောင်လေးက ကျွန်တော်တို့တောင်ပေါ်သာ်းတွေကို သင်ခန်းစာပေးတဲ့နေရာလေးတစ်ခုပါ။ မိုးရာသီမှာ တောင်ပေါ်တက်ရတာလောက်ပျော်ရွင်စရာမရှိပါဘူး… တောင်ထိပ်ကိုရောက်တော့ အေးမြလတ်ဆတ်တဲ့ လေအထိကြောင့်မောပန်းလာသမျှအားလုံးပျောက်သွားကြစမြဲပါ… ကျွန်တော်တို့မြို့လေးရဲ့အရှေ့ဘက်ဆီမှာ ပတ္တမြားဂူလို့ခေါ်တဲ့သဘာဝထုံးကျောက်တောင် တစ်ခုရှိပါသေးတယ်။ အဲဒီဂူကတော့ ထုံးကျောက်ရည်တွေ ကနေစိမ့်ပြီးစီးလာတဲ့ရေတွေဟာအောက်ခြေထိမရောက်ပဲ ကျောက်ခက်၊ကျောက်ပန်းလိုဖြစ်နေတာလေး တွေပေါ့ဗျာ… အထဲဝင်သွားရင်ကိုလူတိုင်းစိတ်လှုပ်ရှားရတဲ့နေရာတစ်ခုပေါ့ဗျာ…ဆောင်းဝင်လာပြီဆိုရင် တောင်တစ်ခုလုံးဟာလည်း ချယ်ရီပန်းတွေနဲ့လှပတဲ့ပန်းခင်းကြီးတစ်ခုကြနေတာပါပဲ… ကျွန်တော်တို့တောင်ပေါ်သူ၊တောင်ပေါ်သားတွေကတော့ ချယ်ရီပန်းကိုအရမ်းမြတ်နိုးကြတယ်.

ချယ်ရီတွေပွင့်လန်းလာပြီဆိုရင်ခူးပြီးတော့ကိုယ်ရဲ့ ဆရာ၊မိဘတွေကိုပေးကြတယ်.. ကိုယ်မြတ်နိုးတဲ့ကောင်မလေးလည်းပါတာပေါ့ဗျာ.. ဆောင်းအကုန် နွေဦးအစ ညနေစောင်းတွေမှာ လေတိုက်ရင်း သဘာဝအလျောက် သစ်ပင်တွေ ပွတ်တိုက်ရာက ဖြစ်ပေါ်လာတဲ့ တောမီးဟာလည်း တောင်တန်းကြီးတလျှောက် ပုံစံမျိုးစုံနဲ့ လှပနေတဲ့ တောမီးတန်းကြီးဟာ တမျိုးတဖုံ ကြည့်လို့ကောင်းပါတယ်။

ကျွန်တော်တို့တောင်ပေါ်မြီု့လေးရဲ့ပျော်ရွင်စရာအကောင်းဆုံး၊လူတိုင်းရဲ့ရင်ထဲမှာစိတ်အလှုပ်
ရှားဆုံးပွဲတော်တစ်ခုရှိသေးတယ်ဗျ.. အဲဒါကတော့တန်ဆောင်တိုင်ပွဲတော်ပါပဲ..ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ကျွန်တော်တို့မြို့လေးမှာကတန်ဆောင်တိုင်ပွဲတော်ကို သူများမြို့ များနဲ့မတူ ထူးထူးရှားရှားလုပ်လေ့ရှိပါတယ်။ ဒီစာကိုဖတ်တဲ့လူတိုင်းကြားဖူးမယ်လို့ထင်ပါတယ်. တောင်ကြီးတန်ဆောင်တိုင်မီးပုံပျံပွဲတော်ကြီးပါ။ ကျွန်တော်တို့မြို့လေးရဲ့ရိုးရာပွဲလေးပေါ့ဗျာ.. သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့လူငယ်တွေအခြားဘာမှစိတ်ဝင်စားမူမရှိတော့ပါ ဘူး..တန်ဆောင်တိုင်မီးပုံပျံပွဲအတွက်တာစူနေကြပြီလေ… ကျောင်းတွေမှာလည်းကျောင်းသွား တဲ့သူမရှိ..အလုပ်တွေမှာလဲ အလုပ်သမားတွေမရှိနဲ့ အတော်ကိုပျော်စရာကောင်းတဲ့ ရိုးရာပွဲ တစ်ခုလေးတစ်ခုပါ…အားလုံးရဲ့ရင်ထဲမှာ သိသိမသိသိအားလုံးဟာညီအစ်ကိုမောင်နှမစိတ်နဲ့ ၀ိုင်းဝန်းပြီးပွဲတော်ဖြစ်မြောက်အောင်လုပ်ဆောင်ကြပါတယ်။ လူငယ်တွေဟာလည်းကိုယ်စီ အဖွဲ့ကိုယ်စီနဲ့ အလှမီးပုံပျံတွေလုပ်ဆောင်ကြပါတယ်။ လူကြီးပိုင်းတွေကတော့ ကျွန်တော်တို့ အခေါ်မီးကျည်လို့ခေါ်တဲ့ မီးရှုးမီးပန်းတွေနဲ့ မီးပုံးပျံကိုလုပ်ဆောင်ကြပါတယ်..နောက်တစ်ခုရှိ သေးတယ်ဗျ.. စိန်နားပန်လို့ခေါ်တယ်အလှမီးပုံပျံပါပဲ…. သူကတော့စီးပွါးရေးလုပ်ငန်းရှင်တွေ အကြိုက်ပေါ့ဗျာ.သူတို့ရဲ့ကြော်ငြာလေးတွေကို မီးပုံပျံရဲ့ပတ်ပတ်လည်မှာချိတ်ပြီးလွတ်တင်ရတဲ့ အမျိုးအစားပေါ့ဗျာ…ဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်သားအများစုကတော့ မီးကျည်လို့ခေါ်တဲ့ အမျိုးအစားကိုပိုသဘောကျကြတယ်။သူကစိတ်ဝင်စားစရာအရမ်းကောင်းသလို အန္တရယ် လည်းအရမ်းများတယ်။အခုဆိုကျွန်တော်တို့ရဲ့ရိုးရာပွဲလေးကိုပြန်မရောက်ဖြစ်တာအတော့်ကို ကြာနေပါပြီဗျာ.. ဒါကြောင့်မို့ဒီလို ရေးလိုက်ရတာပါ…


1 comments:

zawmaung said...

အိမ်အရမ်းလွမ်းတယ်ဗျာ..

March 26, 2010 at 5:35 AM