Saturday, March 28, 2009

ဝါသနာများ


အကိုတော် မောင်မျိုး က တက်ထားလေရဲ့ ၀ါသနာများတဲ့။ ဒီတော့ ကျနော်လဲ စဉ်းစားတာ ဘာဝါသနာပါသလဲပေါ့ ဒါပေမဲ့ ခုထက်ထိ ကိုယ်ဝါသနာပါတာကို မသိသေးပါဘူး။ ဒီတော့ အကိုတော် မောင်မျိုး အတိုင်းပဲ ခေါင်းစဉ်လေးတွေ ခွဲပြီး ပြောပြသွားပါမယ် တကယ်ဝါသနာ ပါတာတွေနော့်း)

၁) ငယ်ငယ်တုန်းက ၀ါသနာ

ကျနော် ငယ်ငယ်တုန်းက ဘယ်တခုကိုမှ ၀ါသနာမပါခဲ့ပါဘူး။ ငယ်တုန်းက ကစားဖို့ပဲ သိခဲ့တာပါ။ ဒီတော့ ဘာပဲ ကစားရ ကစားရ ပျော်နေတာပါ။ အထူးတခြား ဘာကိုပဲ လုပ်မယ်ဆိုတာတော့ မရှိခဲ့ပါဘူး။ ကျနော်က မောင်နှမ နှစ်ယောက်ပဲ ရှိခဲ့တဲ့အတွက် အမကစားတဲ့ အရာတွေကလဲ ကျနော်အတွက် သိပ်အသုံးမ၀င်ခဲ့ပါဘူး။ ဒီတော့ ကျနော် ကလေးဘ၀အစက သူငယ်ချင်းတွေနဲ့ တူတူဆော့ကစားရတာကိုပဲ ပျော်ရွှင်ခဲ့တာပါ။

ကျနော် နဲနဲလေး သိတတ်ခါစ (၄-တန်း) အရွယ်လောက်ရောက်တော့ ကျနော်ဝါသနာပါတာကို သိလာခဲ့ပါတယ်။ ဒါကတော့ စွန်(လေတံခွန်) လွှတ်တာပါ။ ဒါကျနော်ရဲ့ ၀ါသနာတခုပေါ့။ ကျနော်တို့မြို့လေးမှာ စွန်လွှတ်တဲ့ ရာသီဆိုပြီး သီးသန့်ကို ရှိပါတယ်။ အဓိက နွေရာသီနဲ့ မိုးတွင်းအစလေးတွေမှာပါ။ ကျနော်က စွန်လွှတ်ရတာကို အရမ်းပျော်ပါတယ်။ ကျနော် စသိတတ်ခါစမှာ အမေက ဈေးလိုက်ခိုင်းတာ အပြန်မှာ စွန်ဝယ်ခိုင်းတာ စွန်တဒါဇင် ၀ယ်ပေးတာ အခုထိမှတ်မိနေဆဲပါ။

၈-တန်း အရွယ်ရောက်တော့ ၀ါသနာက ပိုများလာသလိုပါပဲ။ စွန်လွှတ်တာဝါသနာ ပါတာအပြင် ဘောလုံးကန်တာပါ ၀ါသနာပါလာပါတယ်။ စွန်လွှတ်တာက သူ့အချိန်နဲ့ သူလွှတ်ရတာဖြစ်လို့ အမြဲတမ်း မလွှတ်နိုင်ပါဘူး။ ဘောလုံးက တနှစ်ပတ်လုံးကန်နေရတာကိုး။ ကျနော်တို့လူငယ်တွေ စုစည်ပြီး အသင်းတွေဖွဲ့ အခြားအသင်းတွေနဲ့ ချိန်းပွဲလေးတွေ ကန်ဖြစ်ခဲ့ကြပါတယ်။ ဒီဝါသနာက အခု စင်ကာပူရောက်တာတောင် ပါလာသေးတယ် စနေ၊တနင်္ဂနွေ တရက်ရက်မှာ ဘောလုံးကန်ဖြစ်နေပါသေးတယ်။

၂) လူပျိုပေါက်စ ၀ါသနာ

ဒီအရွယ်ကတော့ အကိုတော် မောင်မျိုးနဲ့ တူနေသလိုပဲ။ လူပျိုပေါက်စအရွယ်ဆိုတော့ အလှအပလဲ ကြိုက်တတ်လာတယ်။ ကောင်မလေးချောချောမြင်ရင် ကြည့်တတ်နေပြီ။
ဒါပေမဲ့ ကျနော် လက်ဘက်ရည်ဆိုင်တွေတော့ မထိုင်တတ်ခဲ့ပါဘူး။ ဒီလိုဖြစ်အောင် ကျနော်ရဲ့ အချစ်ဆုံး အဒေါ်က သွန်သင်ပေးခဲ့ပါတယ်။ ဒီတော့ ကျနော် ၁၀ တန်းအောင်တဲ့အထိ လက်ဖက်ရည်ဆိုင်မှာဆိုတာ သိပ်မရှိခဲ့ပါဘူး။ ကျနော်ဘ၀မှာ သူဌေးဖြစ်ချင်တာရယ်တော့ မရှိခဲ့ပါဘူး။ စိတ်ထဲကတော့ မိသားစုကို ကောင်းကောင်းထားနိုင်ချင်တယ် ဖြစ်နိုင်ရင်တော့ အချမ်းသာကြီးနေချင်တာပေါ့ ဒါကတော့ လူသားတယောက်ဖြစ်တာနဲ့ အညီ လူတိုင်းမှာလဲ ဒီလိုစိတ်ဓါတ် ရှိကြမှာပါ။

၁၀-တန်းအောင်ပြီး ရန်ကုန်ရောက်မှ ဆရာဖေမြင့်ရဲ့ တက်ကျမ်းတွေ ဖတ်ပြီး ၀ါသနာက ပါလာပြန်ပါတယ်။ လူဆိုတာ လုပ်ရင်ဖြစ်နိုင်တယ် မဖြစ်နိုင်တာမရှိဘူး ဘာညာနဲ့စိတ်က အတော်ကို တွေးခေါ်တတ်ပါနေပါတယ်။ တွေးခေါ်တတ်တယ်ဆိုတာထက် စိတ်ကူးယဉ်နေတာလေးတွေပေါ့ ဘာပဲပြောပြော ဒီအရွှယ်မှာ ဒီလိုအချိန်လေးတွေ ဖတ်ပြီး စာတွေဖတ်ဖြစ်ခဲ့တာ ပညာဗဟုသုတရစေပါတယ်..။

၃) အပျင်းထူ ၀ါသနာ

အိပ်တာကို အပျင်းထူတယ်လို့ပြောရင်တော့ ကျနော်လဲ အပျင်းထူဝါသနာ တခုရှိပါတယ်။ ကျနော်က အိပ်တာကိုဝါသနာပါတယ်ဆိုတာထက် အချိန်မမှန်ပဲ စိတ်ကို အလိုလိုက်တတ်တာ ပိုများမယ်ထင်တယ်။ ကိုယ်လုပ်ချင်တာကို လုပ်နေရရင် ကျေနပ်နေတတ်တဲ့ လူတယောက်လို့လဲ ကျနော့်ကိုကျနော် ခံယူထားပါတယ်။ ဥပမာ မနက်ပိုင်းအစော အလုပ်သွားစရာရှိပေမဲ့ ကျနော်ကြိုက်တဲ့ မန်ယူဘောလုံးအသင်းလာရင် ကျနော်မအိပ်ပဲ နေတတ်ပါတယ်။ ဘောလုံးပွဲကြည့်ပြီးမှ အိပ်ပါတယ်။ တောင်ကြီးမှာနေတုန်းကတော့ အမေက မန

5 comments:

ကြယ်စင်မင်း said...

မဖြစ်သေးပါဘူး.. အကြွေးတွေများနေတယ်.. ဒီ Tag ကိုတော့ ရေးအုံးမှ ပဲ.. မနက်ဖြန်နော်.. ( မနက်ဖြန် ဆိုတာ ရက်စွဲမပါပါ.. :D )
ရေးပါ့မယ်ဗျာ.. အခုလောလောဆယ်ကတော့ မော(၀်) ဘလော့လေးကို အမြန်ပြင်နေရတဲ့ အခြေအနေမို့ နားလည်ပါအုံးနော်.. ဟိးးး

March 29, 2009 at 2:18 AM
မောင်bee said...

ဘောကန်ရင်ခေါ်လေ ဗျာ.... :)

March 29, 2009 at 5:49 AM
အိုက်ခီလောက် said...

ရေးဆိုလည်းရေးရမှာပေါ့ ခုမှ လိုင်းကြေးဆောင်ပြီးခါစ ဆိုမှ ကံထူးသူများထဲမှာပါနေပါ့လား
ကိုအငဲပြောသလိုပဲ ဆွေမျိုးတွေက ဘာဖြစ်တတ်တယ်ဆိုလားလို့ 

March 29, 2009 at 9:07 AM
ကြယ်ပြာ said...

ဝါသနာတွေလာဖတ်ပါတယ် ... ဘယ်သူ့ဆီသွားဖတ်ဖတ် အပျင်းထူတဲ့နေရာသွားသွားတူနေတယ် ဒုက္ခ ... စလုံးကလူတွေကများသောအားဖြင့်အဲ့လိုပါပဲ တောင်ပေါ်သားရေ ... အစ်မလဲ သောကြာညဆိုသိပ်မအိပ်တတ်ဘူးရယ် ... စနေ၊ တနင်္ဂနွေဆိုရင်လဲ နေမြင့်မှထတာ ... နောက် တနင်္ဂနွေညဆိုရင်တော့ ညမိုးချုပ်မှာစိုးတတ်သေးတယ် ...

March 30, 2009 at 7:02 PM
ကြယ်စင်မင်း said...

ရေးပြီးကြောင်း.. အကြောင်းကြားအပ်ပါသည်။ အမိန့်ကို မလွန်ဆန်ရဲပါသောကြောင့်.. :D

April 1, 2009 at 11:58 PM