Thursday, March 18, 2010

ရင်ခွင့်မဲ့ ငှက်တကောင်



ငါတို့ရဲ့ အတောင်ပံ ဖြန့်ထုတ်လို့
မိသားစုနဲ့ဝေးရာ တဖက်ကိုငါတို့ ပျံသန်းခဲ့တယ်
သာယာတဲ့ မိသားစုလေးဖြစ်ဖို့
ငါတို့တွေ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ.....

အဝေးက ငါတို့အိမ်လေး လှပဖို့
ငါတို့တွေ ဟိုကမ္ဘာတဖက်ကို စားကျက်ဖြန့်ခဲ့ကြတယ်...
သာယာသံတွေ ပျော်ရွယ်ဖွယ် အော်ဟစ်သံတွေနဲ့
ဖြန့်ကျက်ထားတဲ့ အိမ်လေးနဲ့ ဝေးရာကိုပေါ့
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ.....

တခါတလေ အတောင်ညောင်းလို့ ရပ်နားလိုက်တော့
ပတ်ဝန်းကျင်က ငှက်ဆိုးများရဲ့ တရစပ်ထိုးနှက်မှု
တိုက်ခတ်မှုတွေရဲ့ ဒဏ်ကိုခံရတာကလဲ အလူးအလဲ.......
ဒါပေမဲ့ ငါတို့ကျေနပ်ပါတယ်....
ငါတို့ပျံသန်းခဲ့တာ ငါတို့ကိုယ်တိုင် ရွေးချယ်ခဲ့တာ

တခါတလေ ငါတို့မျိုးတူတွေရဲ့ အသံများကြားလိုက်ရင်
ငါတို့မောပန်းခဲ့တာတွေ ပျောက်ကွယ်ပေါ့.....
တကယ်တော့ ငါတို့ ဦးတည်ချက်ပျောက်နေပေမဲ့
ငါတို့ အိမ်လေးအတွက် ဆက်ပျံသန်းဆဲပါ
တကယ်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်သာ.....

အချိန်တန်တော့လဲ အိမ်အပြန်လမ်းကို
ငါတို့ မမှားမယွင်း လမ်းမပျောက်ပဲ ပျံသန်းကြရမှာပါပဲ
ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအသိုက်အမြုံလေးထဲ
ငါတို့တွေ ပြန်ခိုလှုံလို့ ပျံသန်းခဲ့ကြရမှာပါ
လက်ရှိချိန်တော့ ငါတို့ဟာ ရင်ခွင်မဲ့ ငှက်တကောင်အဖြစ်သာ.............


ပုံကို Googleမှ ယူထားပါတယ်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား

10 comments:

noblemoe said...

စာမတင်တာ ကြာပေမဲ့  တင်လိုက်တော့ လည်းရင်ထဲကို
ထိသွားခံစားသွားရပါတယ်။အော် ရင်ခွင့် မဲ့ငှက်တစ်ကောင်တဲ့လား ( ဘေးနားမှာ အမောပြေတဲ့ သူရှိတော့ တော်သေးတာပေါ့  အမတို့ မှာတော့ ရှူဆေးတောင် စီးတီးဟောသွားမဝယ်အားလို့ လေ
ပျော်ရွှင်တဲ့ မိသားစုအသိုက်မြုံလေးထဲ ကိုပြန်ရောက်ချိန်မှာ မောင်လေးဘဝဘာ ပြီးပြည့် စုံပြီး
သာယာချမ်းမြေ့မှုအပြည့်နဲ့ ပျော်နိုင်ပါစေနော်
မိုး

March 18, 2010 at 9:40 AM
မိုးခါး said...

ကိုယ့်ကိုကိုယ်တော့ ရင်ခွင်မဲ့တယ်လို့ မတွေးမိဘူးဘူး ..
ဘယ်လောက်ဝေးဝေးမှာ ရှိနေပေမယ့် နွေးထွေးမှုပေးမယ့် မိသားစု ရှိတယ်ဆိုတာနဲ့တင် ကိုယ်ဟာ တယောက်တည်း မဟုတ်တော့ဘူး
တခုကို လိုချင်ရင် တခုကို စွန့်လွှတ်ရမယ်ဆိုတော့လည်း ......
အခိုက်အတန့်ပေါ့

March 18, 2010 at 10:08 AM
ရွှေရတုမှတ်တမ်း said...

တူမဖြစ်သူမိုးခါးပြောတာထောက်ခံပါသည်..

March 18, 2010 at 10:16 AM
Mogok Thar said...

ရင်ခွင် မမဲ့ပါဘူး။။
နွေးထွေးတဲ့ မေတ္တာတွေနဲ့
ဘေးမှာ မျိုးတူ မောင်နှမတွေရဲ့ ရင်ခွင်တွေ အများကြီးးးး...

(ပြောရင်း အိမ် လွမ်းသွားပြန်ပြီ)

March 18, 2010 at 10:29 AM
သံလွင် HeRo said...

ဂွတ်တယ်....ဂွတ်တယ်....

မြင့်မြင့်သာပျံပါကိုတောင်ပေါ်....

ငါးစားလျက်
သံလွင်ဟီးရိုး

March 18, 2010 at 11:13 AM
ကိုရေတမာ said...

မောင်နှမတွေရှိတယ်လေ။ အိမ်လေးလှပနေရင် ကျေနပ်စရာမကောင်းဘူးလား။ အမြင့်ဆုံးကို ပျံပြလိုက်စမ်းပါ

March 18, 2010 at 1:38 PM
Sein Lyan Tun said...

ဒီရင်ခွင်တစ်ခုလုံး အပိုင်ပေးထားတာတောင် ရင်ခွင်မဲ့နေတယ်လို့ ပြောထွက်သေးတယ်..


အံ့ပါရဲ့တော်.....


ဒီရင်ခွင်ကနေပဲရုန်းထွက်ကြည့်ပါဦး ကို ရယ်


သဲ

March 18, 2010 at 1:45 PM
kaungkinpyar said...

ရင်ခွင်မဲ့ ငှက်တကောင် မဖြစ်ပါဘူး၊

ရင်ခွင်ကျယ်ကြီးတွေ ရှိနေပါတယ်...း)

March 18, 2010 at 2:36 PM
may16 said...

ရင်ခွင်မဲ့ငှက်တစ်ကောင် ကိုလာဖတ်ပါတယ်

March 18, 2010 at 3:15 PM
ပုံ့မေ said...

ဟိဟိ...
ကိုဖိုးစိန် မန့် မန့် ကိုဖတ်ပြီး သဘောကျလိုက်တာ
ဟုတ်ပါ့တော်
မေ့ရက်လိုက်တာ လွန်ရော......
ရင်ခွင်မမဲ့ပါဘူး အစ်ကိုတောင်တလုံးပြောင်ရေ...
မယုံရင် ....

ဘေးတဖက်ကို ကြည့်လိုက်စမ်းပါ...

ပြုံးပြုံးကြီး ကြည့်နေတဲ့ ကိုဖိုးစိန်ကို မြင်ရမယ်တော်ရေ့ ........... =)))

March 18, 2010 at 10:48 PM