Tuesday, February 9, 2010

စိတ်ကူးတဲ့ရာ ရေးသည်


အမေနဲ့ ဖုန်းပြောဖြစ်သည်။ အမေလဲ တဦးတည်းသော သားကိုတွေ့ချင်နေပေမည်။ ကိုယ့်တိုင်းပြည်ကို ကိုယ်မပြန်ဖြစ်သည်မှာလဲ ခုဆို ၂ နှစ်ကျော်လာခဲ့ပြီ။ သူများတွေဖြင့် တနှစ်လောက်ဆို တခါပြန် နှစ်ခါပြန်နှင့် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ကျနော်လဲ ပြန်ချင်သည် ဒါပေမဲ့ မပြန်ချင်သေးဘူးဟု ဆိုရလျှင်လဲ မှန်ပေသည်။ မပြန်ချင်သည် အကြောင်းအရာများစွာထဲတွင် ကျနော်လှည့်ပတ်နေသည်မှာ အချိန်အတိုင်းအတာတခုထိ ရှိလာခဲ့လေပြီ။ အဝေးရောက်နေသော သား၊သမီးများကိုလဲ မိဘ၊ဆွေမျိုးများက တွေ့ချင်သည်မှာအဆန်းတော့မဟုတ်လှပေ။

လက်ရှိအသက်ကို ကြည့်လိုက်တော့ လူပျိုအရွယ်ဆိုသည်ထက် ဆယ်စုနှစ်တခုကိုကျော်လွန်လာခဲ့ပြန်ပြီ။ ဘာမှ မယ်မယ်ရရအလုပ်အကိုင်မရှိ ဘယ်အရာကိုမှ ဦးဆောင်နိုင်စွမ်းလဲ ကိုယ့်ဟာကိုယ်ရှာမတွေ့သေး ဒီအတိုင်းဆို တသက်လုံး သူများလက်အောက်ခံအဖြစ်ရောက်နေပေဦးမည်။ သေချာစဉ်းစားဦးမှ ဖြစ်ပေမည်။ စလုံးရောက်တော့ လူတိုင်းက ငွေကို စုဆောင်းမိသည်ဟု ထင်မြင်နေပေမည်။ တကယ်တော့ ဒီရောက်တဲ့လူအချင်းချင်းသာ နားလည်တတ်သည်။ ဒီမှာ ဟိုနားကကုန် ဒီနားကကုန်နဲ့ ကုန်ပေါက်တွေချည်းတွေ့နေရသည်။ လကုန်ပြီး အသုံးစရိတ်တွေနုတ်ကြည့်တော့ တခါတရံ - တောင်ပြချင်သလိုလိုး) ဘာဆက်လုပ်မည်နည်း....

တောင်ပေါ်ကိုလွမ်းသည်။ တောင်ကြီးမြို့က တို့ဟူးနွေးလေးကို ကြာကွေးကြော်လေးထည့်ပြီး စားချင်သည်။ အမေချက်သည့် ငါးခေါင်းဟင်းမျိုးစားချင်သည်။ အမေ့ရဲ့လက်ရာ ငရုတ်သီးဆားထောင်းလေးလဲ စားချင်သည်။ ငရုတ်သီးဆားထောင်းလေးထဲတွင် အသားခြောက်ကြော်မွမွလေးထည့်ထောင်းတတ်သော ရန်ကုန်က အဒေါ်ဖြစ်သူရဲ့ လက်ရာလဲ တမ်းတမိပြန်သည်။ မတွေ့ရတာကြာပြီဖြစ်သော ညီ၊ညီမ၀မ်းကွဲလေးတွေ တွေ့ချင်သည်။ အမမှမွေးသော မျောက်သုံးကောင်ကိုလဲ တွေ့ချင်သည်။ ခုတော့ အလုပ်ကို အောက်တိုဘာပြန်မည်ဟု ကြိုပြောထားသည်။ အောက်တိုဘာဆို ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲရှိပေမည်။ ဒါဆို ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ သွားကဲမည်။ အမေ့ရဲ့ ထမင်းနဲ့ဟင်းကို အားရပါးရ လက်နဲ့စားဦးမည်း)

ကိုယ့်ရွာမှာ နွေရောက်လာတော့မည်။ ကလေးတွေ ကျောင်းပိတ်တော့မည်။ ဒီအချိန်ဆို လေတံခွန်(စွန်)တွေ လွတ်နေကြတော့မည်။ လူက အသက်သာကြီးလာတယ် ငယ်တုန်းက ဆော့တာတွေ အကုန်ဆော့ချင်နေတုန်း (သူငယ်ပြန်တာတော့ မဟုတ်နိုင်).. လေတံခွန်လွတ်ချင်သည် စိတ်ကူးထားသည် မြန်မာပြည်ပြန်ပြီး ဒီပြန်လာခဲ့ရင် ရစ်ဘီးလုံးကို ယူလာမည် စွန်အတွက်ကတော့ ဆီစိမ်စက္ကူတွေယူလာမည်း) တောင်ကြီးမြို့ရဲ့ တောင်ချွန်းပေါ်တက်ပြီး စက္ကူလေယာဉ်လေးတွေ လွတ်ချင်သည်။ စ၀်စံထွန်းနားက လမ်းဘေးအသားကင်ဆိုင်လေးကို သတိရသည်။ အဲ့ဆိုင်လေးက လမ်းဘေးဆိုင်ပေမဲ့ အချဉ်ကတော်တော်လေးကောင်းသည် အာလူးကင်၊ရုံပတေသီးကင် စသည်ဖြင့် အကင်မျိုးစုံရပေသည်။ သတိရသည်။ အဒေါ်ဖြစ်သူ အင်းလေးသမ ချက်ကျွေးသော ငါးဖယ်နဲ့ ရေမုန်ညှင်းအရည်သောက်လေးလဲ သောက်ချင်ပြန်သည်။ ငါးဖယ်ဆိုလို့ ဒီစလုံးရောက်ပြီးကတည်းက ငါးဖယ်ဆိုတာ မမြင်ဖူးတာကြာပေါ့။

ဒီနေ့ နေ့လည်စာလဲ သွားနေကြအတိုင်း၊ စားနေကြအတိုင်းပေါ့ အရသာမရှိတဲ့ တရုတ်လုပ် အစားအစာသာ စားရပေဦးမည်။
ညစာလားးးးးးး ညစာကတော့.... မဆိုးပါဘူး..... မဆိုးပါဘူး ....မဆိုးပါဘူး......

လုပ်ချင်တာတွေ၊ စားချင်တာတွေ မှတ်ထားလိုက်ပြီး) တကယ်ပြန်ဖြစ်ရင် ဒီပိုစ့်ကို ပြန်ဖတ်ပြီး စာရင်းပြုစုရမည်။ Update လုပ်ရမည်း)




လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

17 comments:

မြရေလျဉ် said...

တကယ် ပြန်တော့မယ်ပေါ့
ပြန်လာရင် ရှမ်းစားစရာတွေဝယ်လာဖို့မမေ့နဲ့နော်
ပေါ်ပေါ်



သူငယ်ချင်း
မြ

February 9, 2010 at 1:28 PM
ကြယ်ပြာ said...

အင်း ... ပြန်ဖြစ်ရင် ပျော်စရာကြီး ... ၂နှစ်တောင်မပြန်ပဲနေထားတာဆိုတော့ ... ကိုယ်လုပ်ချင်တာလေးတွေ တန်းစီရေးထားတာ ဟာကွက်ကိုမရှိဘူး .... အခွန်ရောဆောင်ပြီးပြီလားဟင် ... အစ်မလဲ ပြန်ချင်တာ ခွင့်မရသေးဘူး ... .အခွန်လဲမဆောင်ရသေးဘူး ...း(

February 9, 2010 at 1:48 PM
ညလင်းအိမ် said...

ပြန်ပါဗျာ.. ကောင်းတယ်..
တောင်ကြီးတန်ဆောင်တိုင်ပွဲ အရမ်းသွားချင်တာ...
တစ်ခါမှ မကြုံဘူး သွားဖို့ကို...
ရအောင်ပြန်ဗျို့..

February 9, 2010 at 2:00 PM
မိုးခါး said...

ညစာကတော့ မဆိုးပါဘူး မဆိုးပါဘူး မဆိုးပါဘူးတဲ့ မမပြာနဲ့ ကိုဖိုးစိန်ရေရရရရရရရရရရရရရရရရရရ :P

ဒီပို့စ်တွေရေးတိုင်း မြန်မြန်ပြန်နိုင်ပါစေပဲ ဆုတောင်းပေးနေရတယ် .. အပြောင်းအလဲဖြစ်အောင် ယပင့်နဲ့ ပျံ ခိုင်းလိုက်မယ် .. :P

February 9, 2010 at 2:01 PM
Sein Lyan Tun said...

လကုန်ပြီး အသုံးစရိတ်တွေနုတ်ကြည့်တော့ တခါတရံ-တောင်ပြချင်သလိုလိုး)


ချစ်ပေါ်... နားလည်ရခက်တဲ့စာ အရေးအသားပါလားနော်...

အောက်တိုဘာပြန်မယ်ဆိုတော့ လွမ်းရအုံးမယ်ပေါ့...

ပေါ်ပေါ်စားချင်တဲ့ဟင်းကို ပေါ်ပေါ့် အမေ လက်ရာ မမှီပေမယ့် အတတ်နိုင်ဆုံးတော့ ကောင်းအောင် ချက်ကျွေးချင်ပါတယ်...


ချီးမပေါက်နဲ့ပေါ့....

February 9, 2010 at 2:09 PM
kaungkinpyar said...

ချောက်ပီးကောင်

အိုင် ရော ဘယ်တော့ ပြန်ရမှာပါလိမ့်...

မောင်တောင်ပေါ် ရည်ရွယ်ထားတဲ့ အချိန်မှာ ပြန်နိုင်ပါစေလို့.....

စားချင်တာတွေလဲ စားနိုင်ပါစေ နော်...

February 9, 2010 at 2:13 PM
ရေတမာ said...

အိမ်လွမ်းတာလည်း လွမ်းတာပေါ့ စားချင်တာလည်း စားချင်တာပေါ့ အနီးအနားက အရာတွေကို ပိုတန်ဖိုးးထားးပါ.......

February 9, 2010 at 2:45 PM
ဆောင်းနှင်းရွက် said...

ပြန်လာရင် ဆီတို့ဟူးးးး
ဆွဲခဲ့ပါဗျို့ ....

ရှမ်းပြည်က ဆီတို့ဟူး
စားချင်တယ် ... :)

February 9, 2010 at 2:45 PM
flowerpoem said...

ပြန်ပါ ကိုတောင်ပေါ်သားရယ် အခြေအနေ အချိန်အခါတွေ ပေးတုန်း ဘာမှ သိပ်မစဉ်းစားပါနဲ့ ပြန်လိုက်ပါအုံး အိမ်ကလူတွေသတိရနေမှာပေါ့

February 9, 2010 at 3:58 PM
Anonymous said...

ဟင့်... ကိုတောင်ကထုမှ ၂နှစ်ပဲချိသေးတာ တားက၃နှစ်ကျော်ပြီ.... တားလွမ်းဖို့လဲ ထားပါဦး ဆရာရယ်...။ တားဆို၃နှစ်ကျော်ပြီ ဘာမှမစုမိသေးဘူး... စုတော့စုထားတယ် အိမ်သာတွင်းထဲမှာ... ဟီ

အမေ့ကိုလွမ်းတာလား... ကဲဖို့နဲ့ စားဖို့ သောက်ဖို့ အတွက် လွမ်းတာလား မသဲကွဲဘူး..။

February 9, 2010 at 4:02 PM
WWKM said...

ခေါင်းစဉ်ကြိုက်လို့ တီဝါ လာအားပေးသွားတယ် တောင်ပေါ်သားရေ. :D
ဖတ်နေရင်း စားစရာတွေဖတ်ရတော့ သွားရည်ကျသွားတယ်...

စိတ်ကူးတည့်ရာရေးသည် ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘလော့ဂါမောင်နှမတွေ အများကြီးကို တက်ဂ်လိုက်ရရင်တော့..း)))
မပြန်ခင် လူမုန်းခံသွားမလားလို့ စဉ်းစားနေတာ. :P

အမြဲတမ်း ပျော်ရွှင်စွာနဲ့ ဘလော့ဂင်နိုင်ကြပါစေ။
ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ဘယ်သူ့ပါးစပ်ဖျားမှာမှ လမ်းမဆုံးကြပါစေနဲ့။

Cheer!!!!!!!!!!!

T War

February 9, 2010 at 4:12 PM
kiki said...

( ပျံသာ ပျံပါ ရွှေဟင်းပေါ်ရာ ....)၂
ပျံသာ.. ပျံပါဦးးးး
သစ်ငုတ်တို ရွှေချလို့ လှမလာတော့..

သီချင်း ညီး ကြည့်တာပါ ။
ဒီလောက် လွမ်းပြနေရသလား ။
ဘယ်သူမှ ပိုက်ပိုက် မချေးပါဘုး နော် ..
ကြို ပြီး (-) ပြမနေပါနှင့် ။
အစ်မက မျောက် ၃ ကောင် မွေးထားတယ် ဆိုတော့ ဆရာပေါ့် အလှည့်ကျ ဘာလေး မွေးမှာ တုံးးးးးး
ဟေးဟေးးးး

February 9, 2010 at 5:55 PM
ရွှေရတုမှတ်တမ်း said...

ပြန်ဖို့စိတ်ကူးနေရတာလေးကိုက ပျော်စရာကောင်းတယ်
ဒါနဲ့စကားမစပ်..တခါတရံ(-)တောင်ပြချင်တယ်ဆိုတာ..(-)က အနှုတ်ကိုပြောတာလား၊ ဘကျောက်တော့ငါ့တူဘာတွေ ပြချင်ပါလိမ့်လို့ ..အဟီး

February 10, 2010 at 2:32 AM
မောင်ဖိုးနမ်း said...

အရောင်ပြောင်းခဲ့တဲ့တိမ်တိုက်တွေသယ်ဆောင်ကာခရီးဆက်ဆဲ အိပ်မပျော်တဲ့ ညတိုင်းအတွေးအများနဲ့ ငါအိမ်ပြန်ချိန်ကို လွမ်းနေသူ...

အဟီး သီးချင်းဝင်ဆိုသွားတာပါ အစ်ကိုလိုရေခြားမြေခြားမပြောနဲ့ ကျွန်တော် ကိုယ်နိုင်ငံတွင်းတောင် အိမ်ကိုလွမ်းလှချည်ရဲ့ကိုယ်ချင်းစာတယ်ဗျာ

February 10, 2010 at 7:00 AM
Anonymous said...

အခုမှ နှစ်နှစ် ဘဲ ရှိသေးတယ် ... အမ က ဆယ်နှစ် ခွဲ တော့ မှ ပြန်ဖြစ်တာ ( အိမ် ကို သတိရ နေ လွမ်း နေ တာ လေးတွေ လျော့ အောင်လို့ ) ... တကယ် ပြန်ဖြစ်တော့ လည်း နှစ် ပတ် တည်း ရယ် ... စင်ကာပူ က နေ ပြန်ရင် လေယာဉ် ဖိုးရယ် အချိန်ရယ် သက်သာ ပါသေးတယ် လေ .. ဒီကနေ သွားဖို့ ကတော့ မလွယ်ရေးချ မလွယ် ....သွားလည် ပြီးနေ ပေမယ့် လည်း ဘယ်ချိန်ဖြစ်ဖြစ် ထပ်ပြန်ချင်နေတုန်း ... အင်း))))))) ဒီတခါ တော့
ထီ ပေါက် မှ ဘဲ ပြန်နိုင် တော့ မယ် ထင် ပ ...
မသွားခင်တော့ ဟိုသွားဒီသွား မယ် ဆိုပြီးစိတ်ကူးက
တမျိုး .. တကယ် ရောက် တော့ လုပ်သင့် တာတွေ ဘဲ
ရွေးချယ် လိုက်တော့ သိပ်သွားချင်သေးတဲ့ တောင်ကြီး တောင် မရောက်ဖြစ်ခဲ့ဘူး ... တောင်ကြီးမြို့  လေး ကို
တအားကြိုက်တယ် ... မသွားခင် က စာရင်းပြုစုထားတဲ့
အတိုင်းဘဲ မြန်မြန် အကုန်ရောက် ပါစေ ...

mie nge

February 10, 2010 at 7:45 AM
အိုက်ခီလောက် said...

ဟဟ ကတောင်ပေါ် သွေးရူးတန်းရူးနဲ့ စားချင်တာတွေ ပြောနေပြီ
ပြန်မယ် ပြန်မယ်နဲ့  ခုထိမပြန်နိုင်သေးဘူးမလား
လုပ်ပါ တန်ဆောင်တိုင်ဆုံမယ်ဝေးးးး
အဲ့ခါကျရင် တစ်ပျော်တစ်ပါး လက်ဆုံစားကျတာပေါ့ ကမွတ်ဆိတ်

February 10, 2010 at 11:09 AM
noblemoe said...

တောင်တောင် ပြန်တော့မယ်ပေါ့ 
သာယာချမ်းမြေ့ ပြီး ပျော်ရွှင်တဲ့  ခရီးလေးဖြစ်ပါစေနော်
မိုး

February 12, 2010 at 10:15 AM