Monday, January 4, 2010

စိတ်ကူးများနဲ့ ကျနော်


ကျနော်ယုံကြည်တာက လောကမှာလူရယ်လို ဖြစ်လာရင် မရှိမဖြစ်လိုအပ်တာတခု မိသားစုပါ။ မိသားစုလို ပြောလိုက်ရင် မိဘ၊မောင်နှမတွေနဲ့ သာယာဖွယ် ကောင်းတဲ့ မိသားစုလဲဖြစ်နိုင်သလို မိမိချစ်သူ၊အိမ်ထောင်ဖက်နဲ့ အတူတကွ ပေါင်းစပ်ထားတဲ့ ကြည်နူးဖွယ်အိမ်ထောင်လေးတခုလဲ ဖြစ်နိုင်ပါတယ်။ လူတိုင်းဟာ တယောက်ထဲ နေရတာကို ငြီးငွေ့တတ်သလို တကယ့်အပြင်မှာလဲ တယောက်ထဲနေရသူအဖို့ အရာတော်တော်များများဟာ မပြည့်မစုံဖြစ်တတ်နေပြန်ပါတယ်။ ဒီလိုမျိုး မိသားစုဘ၀တခုကို ထူထောင်ဖို့အခြေခံလိုအပ်ချက်တွေလဲ အများအပြားရှိနေတတ်ပြန်ပါတယ်။ ပထမဆုံးမရှိမဖြစ်လိုအပ်တာက ငွေကြေးပါ။ ငွေကြေးမရှိပဲ ပြည့်စုံတဲ့ မိသားစုဘ၀တခုကို တည်ထောင်ဖို့ဆိုတာ အလွန်ကိုခဲယဉ်းလှပါတယ်။ ဒါကြောင့်ပဲ လူဆိုတဲ့သတ္တ၀ါတွေဟာ ငွေကြေးနောက်လိုက်နေကြတာလို့မြင်မိပါတယ်။ ငွေကြေးနောက်လိုက်ရင်း အစွဲတွေ ပါလာရသလို ငါချမ်းသာဖို့ဆိုတဲ့ အတ္တတွေပါလာခဲ့တော့ အာဏာရူး၊ သူဌေးရူးတွေ ဖြစ်တဲ့လူက ဖြစ်၊ လောကဒါဏ်ရဲ့ ရိုက်ချက်တွေကို မခံနိုင်ပဲ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ လူတွေကလဲ အများသား........

ကျနော်လား...... ကျနော်လဲ လူသားဖြစ်တဲ့အလျောက် ငွေမက်ပါတယ်။ ငွေမရှိရင် လောကမှာ ဖြစ်ချင်တိုင်း မဖြစ်ဘူးမလား ဒီတော့ ကျနော်လဲ ငွေကို ခုံမင်ပါတယ်။ ရှေ့ဆက်ရမဲ့ လှေကားထစ်တွေက အများသား ဒီလှေကားထစ်တွေကို အောင်မြင်စွာနဲ့ ကျနော် ကြိုးစားပြီး ကျော်ဖြတ်ချင်ပါတယ်။ တခါတရံမှာ ဒီလှေကားထစ်တွေကနေ ချော်လဲပြီး အပေါ်ကို မတက်နိုင်ပဲ အောက်အထစ်ကို ရောက်သွားခဲ့တာလဲ အကြိမ်ကြိမ်အခါခါ.. ဒါပေမဲ့ ကျနော်စိတ်မပျက်မိပါဘူး.. ကျနော်ဘ၀အတွက် ကျနော်ချစ်တဲ့ လူတွေအတွက် ကျနော်ဆက်ပြီး တက်နိုင်သလောက် တက်သွားချင်နေတုန်းပါပဲ။ တကယ်၍များ နောင် ၅ နှစ်အတွင်း ကျနော်ရည်မှန်းထားတဲ့ အချက်တွေပြည့်စုံတဲ့ တချိန်ကြရင်တော့ ကျနော် လုပ်ချင်တာလေးတွေ လုပ်ပါဦးမယ် အကယ်၍များ ဖြစ်လာမယ်ဆိုရင်ပေါ့.....

ကျနော်ဟာ ကျနော့်မွေးရပ်မြေကို အရမ်းချစ်တတ်ပါတယ်။ ဘာကြောင့်ချစ်လဲ လာမမေးနဲ့ ကျနော်မဖြေတတ်ပါဘူး။ သာယာတဲ့ ရှုခင်းကြောင့်လား.... မွေးဖွားကြီးပြင်းခဲ့လို့လား.... မိသားစုလေးကျန်ခဲ့လို့လား.... ဒါတွေ ကျနော်မဖြေတတ်ပါဘူး။ ဒါပေမဲ့ ကျနော်သိတာ ကျနော်မွေးရပ်မြေကို ကျနော်ချစ်တယ် ကျနော်ကြောင့် အားလုံးအတွက် တခုခုကို ကျန်ခဲ့စေချင်တယ်။ တခုခုကို ဖြစ်မြောက်သွားချင်တယ်။ ပထမဆုံး ကျနော့်စိတ်ကူးလေးက ကျနော့်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးတခုကို တည်ထောင်ချင်ပါတယ်။ ကွန်ပြူတာအလုံးရေ ၂၀လောက်နဲ့ အင်တာနက်ဆိုင်လေး တည်ဆောက်မယ် ပြီးရင် အပေါ်ထပ်မှာ ကျနော်နားလည်တတ်ကျွမ်းထားသလောက်လေး သင်တန်းလေးတွေ ပြန်ဖွင့်ချင်ပါတယ်.... ကျနော်ပြန်ရောက်ပြီး ဆိုင်ဖွင့်တဲ့ အချိန်ဆို အင်တာနက်လိုင်းတွေလဲ ကောင်းလောက်ပါပြီ :P ။

ကျနော် ဒီကိုမလာခင် အရင်ထဲက ဒီလိုစိတ်ကူးလေးတွေနဲ့ ရူးခဲ့ဖူးပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ (ဏီကင်း)အပါအ၀င် ကျနော်တို့ ကွန်ပြူတာလိုက်ပြင်တဲ့လုပ်ငန်းလေးလုပ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ CNS (Complete Network Service) ဆိုတဲ့နာမည်တောင် ကျနော်တို့ ပေးခဲ့ကြပြီး လိပ်စာကတ်တွေ လုပ်လို့ အစီအစဉ်ဆွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျနော်တို့လုပ်ငန်းမစခင်မှာပဲ ကျနော်တို့တတွေ တယောက်ပြီးတယောက် နိုင်ငံရပ်ခြားကို ထွက်လာဖြစ်ပါတယ်။ ကံကြမ္မာပေါ့ အားလုံး ဒီမှာပြန်ဆုံတွေ့ရလိမ့်မယ်လို့ ကျနော်တခါမှ မတွေးထင်ထားခဲ့ဖူးပါဘူး။ တကယ်လို့ ကျနော်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ဖြစ်ပြီး ကျနော့်ဒီလုပ်ငန်းလေးကို တယောက်ယောက်ကို လက်လွှဲနိုင်ပြီးဆိုရင်တော့ ကျနော် နိုင်ငံခြားတိုင်းပြည်တခုခုကို ကျနော် ပြန်ထွက်ချင်ပါတယ်။ (လက်ရှိ ကျနော်စိတ်ကူးက ကျနော် အမိမြေကို မအောင်မြင်ပဲ မပြန်သေးပါဘူး။ ကျနော် တခြားတိုင်းပြည်တွေကို သွားပြီး အလုပ်တွေ လုပ်ချင်ပါသေးတယ် လမ်းကြောင်းရှိသူများ ဆက်သွယ်ပါ :P)

နောက်တခုက အိမ်ထောင်ရေးပါ။ အမှန်ပြောရရင်တော့ ကျနော်လက်ရှိ အိမ်ထောင်ရေးကို စိတ်မ၀င်စားသေးပါဘူး။ လက်ရှိအချိန်မှာ ကျနော်ရဲ့မိသားစုသာ ကျနော့်ဘ၀မှာ အရေးကြီးဆုံးပါပဲ။ အဓိက ကျနော်ရဲ့ အမေပေါ့.. ကျနော့်အမေကို ကျနော် မသေခင်ထိ တတ်နိုင်သလောက် ပြုစုချင်ပါသေးတယ်။ အိမ်ထောင်ကျသွားပြီဆိုရင် ဘာမှပြောလို့ရတာမဟုတ်ပါဘူး မိဘကို ဒီလိုထောက်ပံ့နိုင်ရင်လဲ ထောက်ပံ့နိုင်မယ် ဒါမှမဟုတ် ကိုယ်တည်ထောင်တဲ့ မိသားစုလေးကို ပိုပြီးခင်တွယ်လို့ တဖက်မှာ လစ်ဟင်းသွားတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနော့်အမေကို စိတ်ကျေနပ်လောက်ထိ မပြုစုနိုင်သေးတရွှေ့ ကျနော် အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပါဘူး..... တချိန်မှာ ကျနော်လက်ထပ်ရမဲ့သူအတွက် ကျနော်ဖက်က ပြည့်စုံစေချင်ပါတယ်။ ကျနော်လက်ထပ်ရမဲ့သူအတွက် အရာရာ လိုလေတယ်မရှိ ကျနော် ဖြည့်ဆည်းပေးချင်မိပါတယ်။

အချစ်ဆိုတာ ဆန်းကြယ် နက်နဲလှပါတယ်။ ဘယ်လောက်ပဲ သံယောဇဉ်တွေရှိရှိ တချိန်မှာအကြောင်းကြောင်းကြောင့် ဝေးခဲ့ရတာတွေလဲ ရှိပါတယ်။ စိုင်းထီးဆိုင် သီချင်းလေးအတိုင်း "ချစ်တိုင်းလဲမညား" ဆိုသလိုပေါ့ လူတိုင်းဟာ ချစ်တိုင်းသာ ညားတိုင်းဆိုရင် ဒီကမ္ဘာပေါ်မှာ ဒဿဂီရိတို့၊ ဗီလိန်ဆိုတဲ့ စကာလုံးတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ကျနော်ကတော့ တချိန်မှာ ကျနော်လက်ထပ်ရမဲ့ သူနဲ့ ချစ်ရတဲ့လူ တထပ်ထဲ ဖြစ်စေချင်ပါတယ်။ လက်ရှိအချိန်မှာ ဟိုအရင်ကျောင်းသားဘ၀လို ရူးမိုက်တတ်တဲ့ အချစ်တွေ မရှိတော့တာတော့အမှန်လို့ ထင်တာပဲ။ အရာရာကို ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေးတောတတ်နေပြီလို့ ကိုယ့်ဟာကိုယ်တော့ ထင်မြင်မိတာပါပဲ။ နေ့မြင်ညပျောက်ဆိုသလို ကျနော်တို့ရဲ့ မနက်ဖြန်ကို ဘုရားသခင်မှ လွဲပြီး ဘယ်သူမှာ ကြိုတင်မသိရှိနိုင်ပါဘူး ဒီတော့ မလာသေးတဲ့ နေ့ရက်တွေကို ကြိုတွေးပြီး မပင်ပန်းချင်တော့ပါဘူး။ နေခွင့်ရတဲ့ ရက်လေးတွေမှာ ကိုယ့်ချစ်တဲ့ လူတွေအားလုံးအတွက် တတ်နိုင်သလောက် အပျော်တွေ မျှဝေချင်ပါတယ်။


ဒါကတော့ တီဝါ ရဲ့ Tag ပိုစ့်လေးပါပဲ။ ရေးမလို့စဉ်းစားနေတာ ကြာပါပြီ စလုံးရောက် ဘလော့ဂါတွေ တွေ့လိုက် ကဲလိုက်ဖြစ်နေတာမို့ စာမရေးဖြစ်တာပါ။ တောင်းပန်ပါတယ် တီဝါ ရေ.... ပိုစ့်ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ဒီလိုပဲ ပေးလိုက်တယ် အဟီးး

နောက်ဆုံးပိတ် အနှစ်ချုပ်ကို ပြန်ယူရသော်
၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.

လုပ်ငန်းအတွက် မွေးရပ်မြေမှာ ကွန်ပြူတာဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ချင်တယ်

၂.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး

အိမ်ထောင်ပြုဖို့ကို စိတ်မ၀င်စားသေးပါ။ (ချစ်သူနဲ့အိမ်ထောင်ဖက်ကို တယောက်ထဲ ဖြစ်စေချင်ပါတယ်).......
ဆက်ပြီး မ Tag တော့ပါဘူး။ :)


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား


23 comments:

ဒဏ္ဍာရီ said...

ကိုတောင်ပေါ်ရဲ့ စိတ်ကူလေးနဲ့ အကြံချင်း လာတူနေတယ်နော်။း) မကြီးဝါတက်ထားတာ အဲဒီလိုပဲ သင်တန်းကျောင်းလေး ဖွင့်ချင်တယ်လို့။ ဒါပေမယ့် ကိစ္စမရှိပါဘူး။။ ကိုတောင်ပေါ်သားက မွေးရပ်ဇာတိမှ ဖွင့်မှပဲ။ ကျမက ရန်ကုန်မှာဆိုတော့...အေ၀းကြီးပဲ။း)

ချစ်သူနဲ့ အိမ်ထောင်ဘက် တထပ်တည်း တဦးတည်း ဖြစ်ပါစေကိုတောင်ပေါ်သားရေ။

ခင်မင်လေးစားလျှက်

January 4, 2010 at 3:20 PM
Nge Naing said...

တောင်ပေါ်သားရေ စိတ်ကူးလေး သိပ်ကောင်းပါတယ်။ ကြိုးစားရင် ဖြစ်လာမှာပါ။ အချစ်နဲ့ အိမ်ထောင်ရေး တခုတည်း ဖြစ်တာကောင်းတယ်။ ဒါပေမဲ့ အချစ်ကို သိပ်ကိုးကွယ်ရင် အချစ်ဆိုတာ သိပ်အတ္တဆန်သွားရင် အကောင်းထက် အဆိုးဘက်ကို ဦးတည်သွားပြီး ပျက်စီးဖို့ (စိတ်ကုန်ဖို့) သိပ်လွယ်တယ်။ တကယ်တော့ မိသားစုဘ၀တခု ဖြစ်လာရင် အချစ်ဆိုတာ အစိတ်အပိုင်းတခုသာ ဖြစ်သွားတယ်။ နားလည်မှုရှိဖို့က သိပ်ကိုအရေးကြီးပါတယ်။ နှစ်သစ်နဲ့အတူ ရည်မှန်းထားတဲ့ ဆန္ဒတွေ ဖြစ်မြောက်အောင်မြင်ပါစေ။

January 4, 2010 at 4:40 PM
WWKM said...

စိတ်ထဲရှိတာလေးတွေ ရှင်းရှင်းလေးရေးပြသွားတာ ကျေးဇူးပါ တောင်ပေါ်သားရေ..
မိဘအပေါ် အရမ်းသိတတ်တဲ့ သားလိမ္မာတစ်ယောက်ဖြစ်တဲ့ တောင်ပေါ်သားကို တီဝါက လေးစားပါတယ်။
မိဘအပေါ် မိခင်အပေါ် အရမ်းသိတတ်လို့ ချီးမွမ်းပါတယ်။မိဘဆိုတာကလည်း သားသမီးလိမ္မာတွေရဲ့ရှေ့ရေးကို ပြီးပြည့်စုံစေချင်တတ်ကြပါတယ်။
မိဘအပေါ် သိတတ်သလို ကိုယ့်ဘ၀ရှေ့ရေးအတွက်လည်း စဉ်းစားပြီး
အချိန်တန်တော့လည်း သီးချိန်တန်သီး၊ပွင့်ချိန်တန်ပွင့် ဆိုတဲ့အတိုင်းပဲ
ကိုယ့်အပေါ် ၊ကိုယ့်မိဘအပေါ် နားလည်ပေးနိုင်မယ့် အိမ်ထောင်ဖက်ကောင်းကိုရှာပြီး မိဘအပေါ်
ကျေးဇူဆက်လက်ပြုနိုင်တာပဲလေ။ မိဘတွေ
က များသောအားဖြင့် ကိုယ်မသေခင် သားသမီးတွေနဲ့အတူ မြေးတွေနဲ့အတူ နေသွားချင်ကြမယ်ထင်ပါတယ်။

တီဝါတောင်မှ သမီးလေးခိုင်ကို ဘွဲ့ရတာနဲ့ အိမ်ထောင်ချပေးမလားလို့ စဉ်းစားထားတယ်.း)သူ့မှာ သာယာတဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးလေးတစ်ခု တည်ဆောက်နိုင်သွားခဲ့ရင် တီဝါတို့ သေမယ်
ဆိုရင်တောင် သူ့အတွက် စိတ်ချသွားပြီလေ။
အဲလို မိဘဆိုတာ သားသမီးတွေရဲ့ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးလေးကို မသေခင် မြင်သွားချင်ကြမယ် ထင်တာပဲ။း)
စီးပွားရေးလည်းကြိုးစား၊ ကြီးပွားရေးလည်းကြိုးစားပြီး၊
သမီးရည်းစားရေးလည်း ကြိုးစား အောင်မြင်နိုင်ပါစေ တောင်ပေါ်သားရေး..

စီးပွားရေး၊ကြီးပွားရေး၊ သမီးရည်းစားရေးလည်းအောင်ပါစေ ပေါ့။း)))
(သီချင်းဆိုတာနော်)
အင်တာနက်ဆိုင်လေးလည်းဖွင့်နိုင်ပါစေ.
တီဝါလည်း အင်တာနက်ကဖေးဖွင့်ချင်တာပဲ.
စုံစမ်းကြည့်တာ ကွန်ပြူတာ အလုံး ၂၀လောက်ဆိုဖွင့်နိုင်တယ်ပြောတာပဲ။
ခုတော့ စုနေတာ ၅လုံးရှိပြီ. ha ha :D

ရေးပေးတာကျေးဇူးတင်ပါတယ်။

တီဝါ

January 4, 2010 at 6:04 PM
ဆောင်းနှင်းရွက် said...

ကိုတောင်ပေါ် ...
ဘယ်သူမှ
ရိုက်လည်း မမေးဘဲနဲ့
သူ ကဲ ကြောင်းပါ
ထည့်ရေးသွားတယ် ...
အဟိ ...

ချစ်တဲ့ သူ နဲ့
အိပ်ထောင်ဖက်
တစ်ယောက် တည်း ဖြစ်ပါစေ ....

January 4, 2010 at 6:04 PM
တလနွန် said...

လုပ်ငန်းပိုင်းမှာ ရည်မှန်းထားတဲ့အတိုင်းဖြစ်မှာပါ.. မွေးရပ်မြေအပေါ် ကောင်းတဲ့ စေတနာ ၊ မိဘအပေါ် သိတတ်မှုတွေကြောင့် ကံတူအကျိုးပေးပါစေလို့ ဆုတောင်းပေးပါတယ်။ ချစ်သူအိမ်ထောင်ဖက်အတွက်တော့ မပြောတော့ဘူးနော် :)

ခင်မင်လျက်
တလနွန်

January 4, 2010 at 7:43 PM
သံလွင် HeRo said...

ကိုတောင်....
စိတ်ကူးတွေအမြန်ဆုံးအကောင်ထည်ဖော်နိုင်
သလို မိဘကိုကျေးဇူးဆပ်နိုင်တဲ့သားလိမ္မာ၊
မွေးရပ်မြေအတွက်အကျိုးရှိတဲ့ သားကောင်း
ရတနာ...အချစ်ဆုံးနဲ့လည်းအမြန်ဆုံးဖူးစာ
ဆုံပါစေဗျား။

ငါးစားလျက်
သံလွင်ဟီးရိုး

January 4, 2010 at 7:58 PM
နေ့အိပ်မက် said...

စိတ်ကူးတိုင်းကို တိတိကျကျအကောင်အထည်ဖော်နိုင်တဲ့နေ့ကျ ပို့စ်အသစ်ရေးဦးနော်...

တီဝါလုပ်ရင်းနဲ့ ဘလော့ဂ်ဂါတွေရဲ့အိပ်မက်မျိုးစုံကို ဖတ်ရတာ တော်တော်စိတ်ဝင်စားဖို့ကောင်းနေပြီ :)

January 4, 2010 at 8:17 PM
ကြယ်ပြာ said...

လက်ရှိအိမ်ထောင်ရေးကိုစိတ်မ၀င်စားဘူးဆိုတော့ ဘယ်တုန်းက အိမ်ထောင်ကျသွားတာတုန်း ... ဖတ်ရင်းတန်းလန်း စချင်လာလို့ ... ဆက် ဖတ်လိုက်ဦးမယ် ...

January 4, 2010 at 8:40 PM
ကြယ်ပြာ said...

မိဘကိုသိတတ်တာကိုဖတ်ရတာ ကြည်နူးမိသလို ချီးကျူးမိပါတယ် ... တောင်ပေါ်သား ဖြစ်ချင်တာတွေ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော ....

January 4, 2010 at 8:42 PM
Ree Noe Mann said...

ငါ့ညီ ခဏတော့စောင့်။

လူဆိုး လူမိုက်တွေသာ အမြန်ဆုံး ဆန္ဒပြည့်ကြတာ။

မိဘကို သိတက်တဲ့ လူတွေက အရနှေးတယ်။ တည်မြဲတယ် ညီ။

ငါ့ညီရဲ့ စိတ်ကူးလေး အတိုင်း ချစ်သူနဲ့ လက်ထက်ရသူ
တစ်ယောက်ထဲ ဖြစ်ပါစေကွာ။

January 4, 2010 at 10:18 PM
Anonymous said...

ချစ်သူနဲ့ အိမ်ထောင်ဖက် တစ်ထပ်တည်းကျပါစေဗျာ..

ဂျပန်ကောင်လေး

January 4, 2010 at 10:27 PM
yangonthar said...

ကိုတောင်ပေါ်ရဲ့ ဆန္ဒတွေ ဘဝမှာ ထပ်တူကျ စေဖို့ နည်းကောင်းလမ်းကောင်းတွေ တွေ့ ပါစေ ဗျာ မိဘကျေးဇူး ဆပ်နိုင်တဲ့ ချစ်ခင်အိမ်သူ ကို တင့်တောင့်တင့်တယ် ထားနိုင်တဲ့ သားကောင်း ခင်ပွန်းကောင်းဖြစ်ပါစေ .....
ခင်တဲ့
ရန်ကုန်သား :)

January 4, 2010 at 11:11 PM
ရွှေရတုမှတ်တမ်း said...

ဪ....ငါ့တူတော်မောင်က ရူးမိုက်တတ်တဲ့ အချစ်ကရှိခဲ့သေးသကိုး

January 5, 2010 at 10:18 AM
flowerpoem said...

ကိုတောင်ပေါ်သား ဖြစ်ချင်တာတွေ အားလုံး ပြည့်ပါစေရှင်..

January 5, 2010 at 12:37 PM
စိုင်းစိုင်းလားရှိုး said...

ကဲ ဆုတောင်ပေးမယ် နော်
ဖြစ်ချင်တာ အကုန် ဖြစ်ပါစေတော်း)

January 5, 2010 at 2:22 PM
မေလေး said...

တောင်ပေါ်ရေ နင်ကိုအပီအပြင် ဖဲ့မယ် အဲလေ မန့်မယ်ဆိုပီး အရှည်ကြီးရေးပီးတိုင်း နောက်မှာ သူဌေးကတော်ရောက်ရောက်လာလို့ ပိတ်လိုက်ရတာ ၄ ခါရှီပီ
တော်ဘီဟာ
မဝေဖန်တော့ဘူးးး
ဆန္ဒနဲ့ဘဝထပ်တူကျပါစေ။

January 5, 2010 at 5:01 PM
မိုးခါး said...

စိတ်ကူးရှိရင် ဖြစ်မှာပေါ့
စိတ်ကူးတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ပါစေး))
လူပြိုကြီး လုပ်တာ ကောင်းပါတယ် :D
အပူ ငြိမ်းတာပေါ့ :P

January 6, 2010 at 8:39 AM
kaungkinpyar said...

မိဘကို သိတတ်တဲ့ သားလိမ္မာလေး လိုရာ ဆန္ဒတွေ ပြည့်စုံပါစေ...

အင်တာနက်ဆိုင်ဖွင့်ရင် အိုင့် ကို အလကား ပေးသုံးနော်..း)

January 7, 2010 at 1:08 AM
Sein Lyan Tun said...

လူပြိုကြီး... ကြီးး.. ကြီးးး လုပ်.. လုပ်တော့မယ်ဆိုရင်...

တားလဲ မတားချင်ဘူး....

ဝေးရမယ့် အကြောင်းကို တွေးတွေး ပြီးတော့ကွယ်..

ပေါ့်ကိုလွမ်းလာတယ်....


ဟိဟိ... ခိခိ... ဂွိဂွိ..

အင်တာနက်ဆိုင်ဖွင့်မယ်တဲ့...

တူပြင်ပေးတဲ့ကွန်ပြူတာက သူ့ အရှေ့ မှာပဲ အင်တာနက်မိတယ်

သူနောက်ကွယ်လဲရောက်ရော အင်တာနက်လဲပျောက်ရော...

အဲလောက်တောင်တော်တာ လေ...


ကြီးပွားးးးးးး မှာပါ....


ကျောပေါ်က အမှတ်တရ အမာရွတ်တွေ....


ချစ်လို့ စတာ စိတ်ဆိုးလားး

စိတ်ဆိုးလဲ ဂရုမစိုက်ပါဘူး....

ဂယ်ပဲ ဂယ်ပဲ


စိန်စိန်

January 7, 2010 at 3:19 AM
အဆိပ်ခွက် said...

မိုက်တယ် အင်တာနက်ဆိုင်ဖွင့်.. လာအားပေးမယ်... အဟိ....
ခုမှ ဘလော့လည်ဖြစ်ပါတယ်..

ညီငယ်
အဆိပ်ခွက်

January 7, 2010 at 10:18 AM
ငချမ်းကောင် said...

ကောင်ကြီးရေ.. ရှယ်ယာဝင်လို့ရမလား။ မင်းလည်း ငါ့ဆီမှာ ရှယ်ယာဝင်ပေါ့။ ငါက ရွာပြန်ပြီး အရက်ပုန်း ရောင်းမလို့။ သူက တွက်ခြေအရမ်းကိုက်တယ်။

January 7, 2010 at 9:15 PM
Anonymous said...

အကောင်းဆုံးနည်းလမ်းပေးမယ်....စိပ်ပုတီနဲ့ ရိပ်ကြီးသာခိုလိုက်ပါ လူဘဝတကယ့်အရသာကို တွေပလာပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်တော့ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုဖို့က မဖြစ်သေးဘူး ဝဋ်ကြွေးတွေပေးဆပ်ချင်သေးလို့လေ.. အဟီးဟီး..။
ကတောင်ရဲ့ သဘောထားခံယူချက်လေးတေံ ကောာင်းမွန် မှန်ကန်ကြောင်း ထောက်ခံသွားတယ်။

January 8, 2010 at 11:10 AM
onegreatsai said...

စိတ်ကူးလေးတွေ အကောင်အထည် ဖေါ် နိုင်ပါစေ ၊ ကျွန်တော် လဲတောင်ပေါ် ပြန်ပြီး တတ်တာလေးတွေ လက်ဆင့် ကမ်းမယ် စိတ်ကူး ထားပါတယ်..till then..တနေ့ ပေါ့..

January 15, 2010 at 11:08 AM