Friday, December 11, 2009

စိတ်



ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်

တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွဲမှားယူဆ ပြင်ရန်ခက်သည်

တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘ၀ အမြန်ရောက်သည်

အရှက်မရှိ အကုန်ဖော်ထုတ်
နွားဇာတ်ခင်းတော့ လူကြည့်များသည်



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

15 comments:

မေလေး said...

တောင်ပေါ် သေအုန်းမယ် စာတွေအများကြီးဆိုလို့
အဟုတ်မှတ်ပီးပြေးလာတာ ခလုတ်တောင်တိုက်ဒယ်
နေအုန်း စာပြန်ဖတ်လိုက်အုန်းမယ်
အရင်ဆဲချင်လို့

December 11, 2009 at 7:15 AM
ဏီ(န်)ကင်း said...

အောက် ဆုံးအပိုဒ်လေး အရမ်းကြိုက်တယ်ကွယ်.....

December 11, 2009 at 7:17 AM
မေလေး said...

ဒုတိယပိုဒ်အကြိုက်ဆုံးဘဲ
ပြင်ရန်ခက်ပါ့

မမပြာ တယောက်ထဲဖြစ်နေမှာစိုးလို့
ဒေါင် တိန်
ကဲဟယ်

December 11, 2009 at 7:20 AM
မေလေး said...

ဟိ ၂ ခါဖြစ်သွားလို့ ပြန်ဖျက်လိုက်တာ ချောတီးးး

December 11, 2009 at 7:21 AM
နေ့အိပ်မက် said...

ခွိ.. ကောမန့်ပေးမလို့ဟာ ကိုဖိုးစိန်ရေးပေးထားတဲ့ဟာ ဖတ်လိုက်ရတော့ ရေးတော့ဘူး သူ့ကဗျာအတိုင်းသာ မှတ်လိုက်တော့ :P

December 11, 2009 at 7:35 AM
သံလွင် HeRo said...

နှလုံးသားလှမြတ်
စိတ်ဖြူသန့်လို့
မောဟစိတ်တွေ
တွေးသင့်မနေပဲ
သဘောထားကြီးစွာ
လွှတ်ပေးလိုက်ပါ။

December 11, 2009 at 7:40 AM
အိမ် said...

ချကွ.... ထိုး..ထိုး... သောက်ခွက်ကိုမတ်ခွက်နဲ့ ခြောက်ချက်လောက်ရိုက်ပြီး ကျောက်စက်နဲ့စားပစ်...။ ဖဲ့ကွာ.... ဖဲ့.. ..။

December 11, 2009 at 7:56 AM
ဂျူနို said...

ဖိုးစိန်ရယ် ရီလိုက်ရတာ။ နွားကို ပလာတာ မကျွေးပါနဲ့။ မအယ်ကိုတော့ ကျွေးပါနော်။ :)))

December 11, 2009 at 9:39 AM
ဂျပန်ကောင်လေး said...

ခုတ်ရာတခြာား ရှရာတလွဲဖြစ်တော့မှာပဲ... နွားဇာတ်ခင်းလို့ လူကြည့်များတယ်ဆိုလို့ပါ... တချို့ ဘလော့ခ်ဂါများ ဇာတ်လမ်းများရေးလို့ လူကြည့်များပြီး ကွန်မန့်တက်တာတွေနဲ့များ.ား.. နည်း... နည်း... တူ... တူ... နေမလားလို့.. ဟိဟိ... (ကိုသီဟသစ်နဲ့ သတ်ရတော့မှာပဲ.. သူ့စောင်းရေးတယ်ဖြစ်ဦးမယ်...)

December 11, 2009 at 3:26 PM
Welcome said...

ဆော်ပလော် တီးကောင်းတုန်းပဲ

ချကွ (ဘယ်ဘက်နေရမှန်းမသိဘူး ။။။)

ပရိသတ် လုပ်တာပဲ ကောင်းမယ်ထင်တယ်။

December 11, 2009 at 5:57 PM
ဗီလိန် said...

ဦးတောင်လား ကိုပေါ်လား သားသားလားဟင်

December 11, 2009 at 6:37 PM
Anonymous said...

"Great"

December 11, 2009 at 7:44 PM
မြစ်ကျိုးအင်း said...

ကဗျာဆိုတာထက် ရှေးခေတ်ကလို ဆုံးမစာ ပုံစံ မျိုးလို့ထင်မိတယ်။ ကြိုက်ရာရှုထောင့်က ယူလို့ ရတဲ့ စာမျိုးပါပဲ။ အမြဲလာဖတ်ဖြစ်ပေမယ့် မမန့် ဖြစ်တာပါ ။

December 12, 2009 at 3:52 AM
ဂျေဂျူဝိုင် said...

ကဗျာလေးက သဘောကျစရာပဲဗျာ

December 12, 2009 at 6:01 AM
စိုင်းစိုင်းလားရှိုး said...

ဘာဇါတ်ခင်း...... ?း) ၀င်ပြုံးသွားပါတယ်

December 18, 2009 at 6:57 AM