Tuesday, November 17, 2009

လိုအပ်ချက် (၁)


ဘ၀မှာ လူဖြစ်ကြရတယ်ဆိုတာ တကယ်တော့ တော်တော်လေးကို မြင့်မြတ်လှပါတယ်။ လူလို့ ပြောလိုက်ရင် ပခုံးနှစ်ဖက်ကြားက ဦးခေါင်းထွက်တတ်တဲ့၊ မျက်စိ နှစ်လုံး၊ ပါးစပ်တပေါက် စသည်ဖြင့် လူတွေရဲ့ပုံပန်းကို ခန့်မှန်းမိကြမှာပါပဲ။ ဒါတွေမဲ့ လူတွေရဲ့ စိတ်ကို ခန့်မှန်းတတ်ဖို့ကြဖို့တော့ အတော်ကို မလွယ်တဲ့ ကိစ္စတခုပါပဲ။ ကျနော်လဲ လူတွေထဲက လူသားတယောက်ဖြစ်တဲ့အတွက် လူတွေကျင့်တဲ့ စရိုက်မျိုးစုံရှိပါတယ်။ လူလောကမှာ ရှင်သန်ဖို့ဆိုတာ အမြဲတမ်း ရိုးသားနေဖို့က အရေးကြီးတဲ့ အခြေခံအချက်တခုလို့ ပြောမယ်ဆို လူတိုင်းလက်ခံကြမှာပါပဲ။ ဒါပေမဲ့ လူတိုင်းက ရိုးသားတဲ့ စကားလုံးလေးရဲ့ အနက်အတိုင်း လိုက်ပြီး နေထိုင်ကျင့်ကြံဖို့ကတော့ မလွယ်လှပါဘူး။

တခါတလေ အဆင့်အတန်းတွေ ကွာခြားလွန်းတဲ့ လူတွေကြားမှာနေရတာများလာတော့ ကျနော်တို့ရွာက လူတွေကို အရမ်းသတိရ၊ သနားမိပါတယ်။ လူတိုင်းအနေနဲ့ ဘ၀တခုကို ပြီးပြည့်စုံစွာ ဖြတ်သန်းသင့်ပါတယ်။ ဆိုလိုတာက ဘ၀ရဲ့ အခြေခံအကျဆုံးသော လိုအပ်ချက်လေးတွေသာ ပြည့်စုံနေမယ်ဆိုရင်တော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုအိမ်လေးတွေကို လူတိုင်း ဖန်တီးပေးနိုင်ကြမယ်လို့ ကျနော်ကတော့ ယုံကြည်နေမိတာပါပဲ။ ဒီလို အခြေခံကြတဲ့ လိုအပ်ချက်တွေဟာ ဘာတွေလဲ.... အဓိက ရေ၊မီးပါပဲ။ ဒီလို ရေ၊မီးပြည့်စုံစွာ ရှိနေမယ်ဆိုရင် ပြည်ပက ရင်းနှီးမြုပ်နှံမဲ့လူတွေ တဖြေးဖြေး တိုးလာမယ်။ ဒါဆိုရင် ပြည်သူလူထုအနေနဲ့ စီးပွားရေး အနဲနဲ့အများဆိုသလို အရင်ကထက် ပိုမိုချောင်လာမယ် နောက်တဆင့် ထပ်တက်ရရင်ဖြင့် တဖြေးဖြေး ကောင်းမွန်တဲ့ ပတ်ဝန်းကျင်၊ ဓလေ့စရိုက် တနည်းအားဖြင့် လူသားခြင်း လူလိုသိတတ်လာမယ် ခိုးယူဆိုးသွမ်းမူတွေ တဖြေးဖြေးလျှော့လာမယ်လို့ ကျနော်တဦးတယောက်ထဲအနေနဲ့ မြင်မိပါတယ်။

ပထမဆုံး ကျနော်ကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဆရာသမားများကို ခွင့်လွတ်ကြဖို့ တောင်းပန်ချင်ပါတယ်။ တကယ်တော့ ကျနော်တို့ ဒီလိုပြင်ပမှာ အလုပ်လာလုပ်နေကြတာ အများစုက ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတတ်ပါဘူး။ ဒါဟာဘာကြောင့်လဲ ကျနော်တို့ရဲ့ ကိုယ်ပိုင်စွမ်းဆောင်ရည်ကိုက ညံ့ဖျင်းလို့ပါပဲ။ ဘယ်သူကိုမှ အပြစ်မတင်သင့်ပါဘူး။ ဟိုအရင် ကျနော်တို့ရဲ့ ဆရာ၊ဆရာမတွေဟာ ကျနော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့ရဲ့ ပညာဖြန့်ဝေမူကြောင့် ကျနော်တို့ ဒီအဆင့်ထိ တက်လှမ်းနိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ယခု လက်ရှိအခြေအနေကို ပြန်ကြည့်လိုက်မယ်ဆိုရင်ဖြင့်......

ကျနော်သူငယ်ချင်းရဲ့ ညီလေးတယောက်ဟာ ပထမတန်းတက်နေတာပါ။ လစဉ် စာမေးပွဲဆိုတာတွေကိုလဲ ကောင်းကောင်းဖြေဆိုနိုင်ပါတယ် ဒါပေမဲ့ သူ့ရဲ့အဆင့်က ကြည့်လိုက်ရင်ဖြင့် နောက်ဆုံးလေးနားက မတက်လာပါဘူးတဲ့ မိဘတွေက ဆရာမကို သွားတွေ့ဆုံပြီး ဆွေးနွေးတော့ ဆရာမပြောသာတခွန်းထဲပါပဲ သူ့ဆီ ကျူရှင်ထားပါတဲ့ဗျာ.. ဒါဟာ ဆရာမတယောက်အနေနဲ့ ဖြစ်သင့်၏၊ လုပ်သင့်သည်ဟု သင်ကောထင်ထားသလား။ ကျနော်တို့ငယ်စဉ်ကဆို ကျူရှင်ဆိုတာ မရှိခဲ့၊ အတန်းငယ်စဉ်ကဆို တချို့ဆရာမတွေက အခမဲ့ ပညာသင်ပေးကြရသည်။ မိဘတွေက သားသမီးတွေကို အားလပ်ချိန်လေးတွင် သင်ပေးတတ်သည်။ ခုနောက်ပိုင်း ခေတ်ကာလတွေ တဖြေးဖြေး ပြောင်းလဲလာတော့ အားလုံးသိတဲ့အတိုင်း မိသားစုဝမ်းရေးအတွက် အိမ်ရှိလူအကုန် စီးပွားရှာနေရတဲ့အချိန်မှာ မိမိ၏သားသမီးတွေရဲ့ တာဝန်တွေကို လစ်ဟင်မူတွေ ရှိလာတတ်ပါတယ်။ ဟိုအရင်ကျနော်တို့ ဖတ်ဖူးတဲ့ ပုဇဉ်းရင်ကွဲ ရင်ဘာကြောင့်ကွဲ ရသလဲဆိုတဲ့ ပုံပြင်ထဲကလိုပါပဲ တဆင့်ပြီးတဆင့် အဓိက အခြေခံအကျဆုံး ပြဿနာရဲ့တရားခံကို ရှာလိုက်တော့ ရိုးအီနေပြီးဖြစ်တဲ့ ဓါတ်ပြားဟောင်းကြီးပဲ တွေ့ကြရတာပါပဲ။ နဲနဲလေးများ ပိုပြီးအကောင်းမြင်စွာ စွမ်းဆောင်ပေးခဲ့ရင်ဖြင့်........


မှတ်ချက်။ ။ လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

17 comments:

စိုင်းစိုင်းလားရှိုး said...

တောင်ပေါ်သားရေ.... ကိုယ်ဟာကိုတော်နေတာတောင် နေရာကောင်းတစ်ခုရဖို့ သူ့ဆီလာပြီး ကျူရှင်တက်ရမယ်ပေါ့။ ဒါဆို နေရာရနေတဲ့သူက မတော်ပဲ နေရာကောင်းတွေရနေလို့လား ? တောင်ပေါ်သားရေ အရင်းထိတော့ မစစ်ချင်တော့ပါဘူး အကုန်ပေါ်ကုန်မယ်လေနော်း)

November 17, 2009 at 2:37 PM
flowerpoem said...

ကိုတောင်ပေါ်သားရေ ပြောချင်တော့ပါဘူး နေရာတိုင်းပဲ အဲဒီအဖြစ်တွေက

November 17, 2009 at 2:56 PM
ဒဏ္ဍာရီ said...

ကိုတောင်ပေါ် ရေးသားထားတာလေးကို ကိုယ်တွေ့ဖြစ်ရပ်လေးနဲ့ ခံစားပြီး နားလည်သွားတယ်။ ဒီလိုမျိုး အဖြစ်တွေ နွယ် ကိုယ်တိုင်တွေ့ခဲ့ဘူးတယ်။ အခုခေတ်မှာ ချို့တဲ့တဲ့ မိဘတွေဟာ စားစရာမရှိရင် နေရမယ်။ ကျူရှင်ဖို့ကိုတော့ ရအောင်ရှာပေးနေကြရတယ်တဲ့။ ဒီလိုပိုစ့်မျိုးလေး ရေးခဲ့ဘူးတယ်။ အခုလိုမျိုးလေးတွေ မြင်ရပါများလာတော့ ကိုယ့်တိုင်းပြည်က မပြည့်စုံတဲ့ ကလေးတွေအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။

ခင်မင်လေးစားလျှက်

November 17, 2009 at 3:15 PM
ဏီ(န်)ကင်း said...

ပြောဘူး....ဟင်း....ဒါတွေပြောရင်ဒေါတွေပါတယ်.. ကျွန်တော်ကံကောင်းတာကဒါပဲ...ငယ်ငယ်တုန်းကနယ်တွေတနယ်ပြီးတနယ်ကျောင်းပြောင်းတက်ခဲ့ရတာပဲ...ရန်ကုန်အရောက်နောက်ကျတာကံကောင်းတယ်ပြောရမယ်..ကျူရှင်ဒုက္ခသိပ်မသိသလို့..အာစရိပညာတွေလဲသိပ်မခံရလိုက်ဘူး....
(ရည်ရွယ်သူများကိုသာရည်ရွယ်ပါတယ်)

လေးစားလျက်
ဏီ(န်)ကင်း

November 17, 2009 at 3:28 PM
ဂျူနို said...

အတန်းစစ်တွေမှာ ကျောင်းက ဆရာမဆီ ကျူရှင် မယူထားလို့ အမှတ်ကောင်းကောင်း မပေးတာ ၊ စာမေးပွဲ ချလိုက်တာ၊ ရိုက်တာ၊ အမြဲတန်းလိုလို ဆူငေါက်ခံရတာ က မဆန်းတော့ပါဘူး။

ခုဆို စာတွေ့ လူတွေ ဖြေရတဲ့ နေရတိုင်းလိုလိုမှာ ဖြစ်နေတာပါ။


မအယ်

November 17, 2009 at 3:44 PM
ဂျပန်ကောင်လေး said...

ပြုံးသွားတယ်ကိုတောင်ပေါ်..၀င်တော့မပြောတော့ဘူး...

November 17, 2009 at 3:54 PM
မိုးခါး said...

အင်း
ကြားနေတာတော့ ကြာပြီ .. ကြုံဘူးတဲ့လူတွေဆီက .. အမေဆိုပြောတယ် .. သမီးတို့ မြန်မြန် ၁၀ တန်းအောင်လို့ ကျေးဇူးတင်တယ်တဲ့ .. :P
ဲမြန်မာနိုင်ငံက လူတွေ စားဝတ်နေရေးက အစ စိတ်ဓါတ်အဆုံး ဖျက်ဆီးခံနေရတာပဲ ..

November 17, 2009 at 4:24 PM
Mogok Thar said...

အကိုတို့ မြို့ကလေးမှာောတ့ အဲဒီလို ဆရာမမျိုးက ခပ်ရှားရှားရယ်။ ခုတော့ မသိဘူးပေါ့။

“ငါဝမ်းပူဆာ မနေသာ” တာကိုပဲ ခွင့်လွတ်ရမလား။

“ပေါက်ပင်ဘာကြောင့်ကိုင်းရလဲ” ဆိုတာပဲ တွေးမလား။

ဆက်ပြောရရင် အရင်းမြစ်တွေ ပေါ်တော့မယ်။

November 17, 2009 at 5:45 PM
ဇော် said...

လွတ်လပ်စွာ မဝေဖန် မငြင်းဆိုပဲ ဖတ်သွားလိုက်ပါတယ် .. =)

November 17, 2009 at 9:02 PM
နှင်းနဲ့မာယာ said...

ဒါက မြန်မာနိုင်ငံ ပညာရေး စနစ်သစ်လို့ပဲ
မှတ်ယူလိုက်ပါတယ်...
နေရာတိုင်းမှာ ကြားနေရတော့လဲ..
မဆန်းတော့တဲ့ ပုံပြင်လေးတစ်ပုဒ်ပေါ့...
ဒီစနစ် ဒီခေတ်မှာ ဒီပညာရေးစနစ်က
Made in Myanmar only....

နှင်း

November 18, 2009 at 5:09 PM
Sein Lyan Tun said...

ဆရာမ ဘက်က ကြည့်ရင်လည်း သူ့ စီးပွားရေးကို သူကိုယ်တိုင် နည်းလမ်းရှာ ဖြေရှင်းနေရတဲ့ မလှုပ်သာ မလှည့်သာတဲ့ ဘဝမျိုးပဲနေမှာပါ...

ဆရာ၊ ဆရာမ တွေလဲ သားနဲ့ သမီးနဲ့ မိသားစုနဲ့လေ..
ချမ်းသာတဲ့ အတန်းအစားထဲက မဟုတ်ကြဖူးမဟုတ်လား..
ကျောင်းသားဘက်က နားလည်ပေးနိုင်သလို သူတို့ ဆရာ၊ ဆရာမ ဘဝကိုလဲ နားလည်ပေးလိုက်တာပါ..

အကြောင်းအရင်းကို ပေါင်းသင်းဆန်းစစ်ကြည့်တော့...


ချစ်ပေါ်ရေ... ဆက်တွေးပေါ့


ချစ်ခင်စွာဖြင့်

ဖိုးစိန်

November 18, 2009 at 7:56 PM
သိင်္ဂါကျော် said...

ဒါမျိုးတွေကတော့ ရိုးနေပါပြီလေ... ခေတ်ကိုက မကောင်းတာပါ။
ဒါပေမယ့် အဲလိုမဟုတ်တဲ့ ဆရာမတွေလည်း အများကြီးပါ။

November 18, 2009 at 11:39 PM
ကောင်းကင်ပြာ said...

အင်း ဟုတ်ပါတယ် တောင်ပေါ်.. အမှန်တွေပဲ..

November 19, 2009 at 2:28 AM
မြစ်ကျိုးအင်း said...

ဒီလိုသတင်းမျိုးတွေ မကြာမကြာ ကြားဖူးနေပေမယ့်

ဘယ်သူ့အမှားလို့ပြောရမလဲ တောင်ပေါ်သားရေ

ဆက်တွေးရင် ဒီဘူတာပဲ စိုက်တာပါပဲကွာ

...ခင်မင်သောအားဖြင့်.....

November 19, 2009 at 10:36 AM
kiki said...

စနစ်ပျက်ကြီး ခေတ်ပျက်ကြီး မှာ
လူတွေ ပျက်နေကြတာ ဘာဆန်းတော့မှာလည်း ..

ပြောရရင်လည်း မောင်ခွေးလွန်ရာကျမယ် ။
ပြောမဆုံးပေါင် တော ၃ ထောင် ..
ခုကတော့ တောတွေတောင်တွေ ပြုတ်ပြုန်းလို့  ဘာနဲ့ နှိုင်းရမှန်းကို မသိတော့ပါဘူး ..

ဘဲဥ အစရှာတာကမှ လွယ်အုံးမယ် နော့် ။။

လိုချင်တာ မင်းလေးတယောက်ပါကွယ် ..
( အင်းးး ဘယ်သူ့ သီချင်းမှန်းတောင် မသိတော့ပါဘူး .. )

November 20, 2009 at 3:52 AM
ညီညီ said...

ကိုတောင်ပေါ်ရေ. ရိုးအီနေတဲ့ ဓါတ်ပြားဟောင်းကိုနားထောင်သွားပါတယ်။ အားလုံးက မြေကြီးပေါ် ပုံကျလို့နေပါတယ်.။ မနေနိုင်လို့ကောက်တင်တဲ့သူက ကြိုးစားတင်နေတယ်.. အောက်ကိုပြန်ချ ချင်တဲ့သူတွေက ပြန်ချ နေတယ်.။ တစ်ချိန်ချိန်ပေါ့. မျှော်လင့်ပါတယ်.။

ခင်တဲ့

ညီညီ

November 21, 2009 at 2:30 AM
သီဟသစ် said...

အင်း ပေါ်ပေါ်ရေ..

ဒီဇာတ်လမ်းမျိုးတွေရဲ့ အခြေခံ အကြောင်းအရင်းတွေ ဘယ်တော့များ အကောင်းဘက်ကို ပြောင်းနိုင်မှာလဲမသိ

ခင်မင်စွာဖြင့်
သီဟသစ်

November 22, 2009 at 4:23 PM