Monday, November 2, 2009

ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ


အချိန်တွေက တဖြေးဖြေးနဲ့ ကုန်ဆုံးခဲ့ပြန်ပြီ။ မွေးရပ်မြေပေါ် ခြေမချမိတာလဲ နှစ်ပေါင်းကအတော်ကြာခဲ့ပြန်လေပြီ။ ယခုတော့ အရင်မွေးရပ်မြေမှာပျော်ခဲ့ရသလို အကုန်လုံးစိတ်အလွမ်းမပြေနိုင်ပေမဲ့ အတတ်နိုင်ဆုံး စွမ်းဆောင်ပေးခဲ့သည့် တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားတွေ၏ စေတနာ အကျိုးကျေးဇူးကြောင့် ကျနော်တို့အလွမ်းတွေ အနဲနဲ့အများဆိုသလို ပြေပျောက်ခဲ့ရပါတယ်။ တကယ့်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးပါ တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားများခင်ဗျာ... တကယ်တမ်း ဒီနှစ်က အရင်နှစ်တွေကနဲ့မတူ အားလုံး စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ကြိုးစားပြီး မရရအောင်လုပ်ပေးခဲ့ရတာကိုလဲ အမြဲသတိတရ ရှိနေမှာပါ။

ပထမဆုံး ကျေးဇူးတင်ချင်တာကတော့ ဒီနှစ်မှာ အင်တာနက်အခက်အခဲတွေကြားကနေ မရမက ညတိုင်း အပင်ပန်းခံ လုပ်ပေးတဲ့ တောင်ကြီးချယ်ရီမြေမှ ကိုကျော်စွာ၊ နာမည်မသိလိုက်ရတဲ့ ကင်မရာရိုက်ပေးတဲ့ ညီအကိုများ၊ အင်တာနက်လိုင်းစီစဉ်ပေးတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် ရှမ်းပြည်နယ် ကွန်ပြူတာပညာရှင်များအသင်းနှင့် အဖက်ဖက်မှ ကူညီသောလူများအားလုံးကို ကျနော်ကျေးဇူးအထူးတင်ပါတယ်။ တကယ်တမ်း ဒီနှစ်လေးဟာ ပျော်စရာတွေ ရခဲ့တယ်ဆိုပေမဲ့ မနှစ်ကအပျော်လောက် ကျနော့်ရင်ထဲကို မပျော်ရွှင်စေခဲ့ပါဘူး။ ဒါဟာဘာလဲဆိုတော့ စီပုံးကလူတချို့ရဲ့ လုပ်ရပ်တွေပါ။ ပွင့်ပွင့်လင်းလင်းပြောကြမယ်ဆို ကိုကျော်စွာက စီပုံးကို မထားချင်ပါဘူး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဒါပေမဲ့ ကျနော်တို့ရဲ့ မေတ္တာရပ်ခံမူကြောင့် ကိုကျော်စွာအနေနဲ့ စီပုံးကို မဖြုတ်ပဲ ထားပေးခဲ့ပါတယ်။ ကျေးဇူးထပ်တင်ပါတယ် ကိုကျော်စွာရေ..

မနှစ်က အပျော်တွေဟာ လူတယောက်ခြင်းစီရဲ့ စိတ်ဓါတ်ကိုပြသပေးသလို အမိမြေကိုလွမ်းတဲ့စိတ်လေးတွေကိုလဲ တော်တော်လေး ဖြေသိမ့်မူပေးနိုင်ပါတယ်။ ကျနော်တို့ စီပုံးကို ၀င်လာတာနဲ့ နွေးထွေးတဲ့ ကြိုဆိုမူတွေ၊ ချစ်စရာအခေါ်အဝေါ်လေးတွေနဲ့ တောင်ပေါ်မြေကို တကယ့်အပြင်မှာရောက်သွားသလိုပါပဲ။ တကယ့်ကို အမှတ်တရ ရှိနေမိပါတယ်။ ဒီနှစ်ကတော့ အပေါ်ယံ အလာပ သလာပတွေ ပြောဆိုနေပြီးတော့ တယောက်နဲ့တယောက် သမီးရည်းစားပြောနေသလိုလို၊ မဆိုင်တဲ့အကြောင်းအရာတွေ ဥပမာ ဘောလုံးအသင်းအကြောင်းတွေ ပြောဆိုနေတာတွေ ၀မ်းနည်းဖွယ်တွေ့ရပါတယ်။ တခါတလေမှာ တော်တော်လေး မိုက်ရိုင်းတဲ့ အဆဲအဆိုတွေလဲ ပါလာတတ်ပါတယ်။ စေတနာနဲ့ ထောက်ပြ၊၀င်ပြောပေးတဲ့လူကိုလဲ အမုန်းပွားနေတာတွေ တွေ့ရတော့ အလွန်မှ ၀မ်းနည်းမိပါတယ်။ ဒုတိယနေ့မှာ ၀င်လာပြီး ပေါက်တတ်ကရ ပြောသွားတဲ့လူတွေ ဒီစာလေးကို ဖတ်မိရင်ဖြင့် ကိုယ့်ဟာကို အရှက်တရား ရသွားမယ်လို့ ထင်မြင်မိပါတယ်။

အများသူငါ ပျော်ရွှင်နေကြတဲ့အချိန်မှာ ကိုယ့်ကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရရင် ဘယ်လောက်တောင်မှ ၀မ်းနဲဖို့ကောင်းသလဲဆိုတာ သူတို့တွေ မတွေးမိဘူးလားမသိပါဘူး။ သူတို့ဘယ်ကလာတယ် ဘာတွေလုပ်နေတယ် ဘယ်မှာဘာပညာတွေ သင်နေတယ်ဆို ကျနော်သိပါတယ်။ ဒီလောက် ပညာကောင်းတွေ သင်ကြားနေရပါလျက်နဲ့ ဘာလို့ ဒီလို မကောင်းတဲ့ စိတ်ဓါတ်လေးကို မွေးမြူနေကြလဲ ၊ မပြင်နိုင်ကြလဲ ကျနော်မစဉ်းစားတတ်ပါဘူး။ လူတဦးတယောက်ကြောင့် ငါးခုံးမတကောင်ကြောင့် တလှေလုံးပုတ်တယ် ဆိုတဲ့ စကားပုံအတိုင်းပဲ အားလုံးကို ထိခိုင်နစ်နာစေပါတယ်။ ဒါဟာလူ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဘာသာတရား စသည့်အချက်တွေနဲ့ မဆိုင်ပါဘူး။ စိတ်ဓါတ်ပါ ပွင့်ပွင့်လင်းလင်းပြောရရင် စိတ်ဓါတ်က ရှိသင့်ရှိထိုက်တာထက်ကို အောက်ကျနေတာပါ။

ဒီအတွက် ကျနော်တို့ တောင်ကြီးချယ်ရီမြေမှ စီစဉ်တဲ့ ပွဲလေးကတော့ ပျက်စီးသွားခြင်းမရှိပါဘူး။ တောင်ကြီးချယ်ရီမြေမှ အက်မင်များကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ နောက်နှစ်များမှာလဲ ကျနော်တို့တွေ ကောင်းမွန်တဲ့ ရလာဒ်တွေနဲ့ ပြန်လည် တွေ့ဆုံနိုင်ဦးမယ်လို့ မျှော်လင့်မိပါတယ်။ အမှတ်တရပေါ့ ကဗျာရယ်လဲ မဟုတ်ပါဘူး စပ်မိစပ်ရာ စပ်လိုက်ပါတယ်။ နောင်နှစ်တွေမှာလဲ ချစ်သောမိတ်ဆွေ၊ သူငယ်ချင်း ညီအကိုမောင်နှမများနဲ့ ပျော်ရွှင်စွာ ဒီလို ဆုံချင်ပါသေးတယ်။




မွေးရပ်မြေ...

ဝေးနေပေမဲ့ ထာဝစဉ်သတိရဆဲပါ
မရောက်နိုင်ပေမဲ့ စိတ်ကတော့တမ်းတဆဲပါ
ဘယ်တော့မှမမေ့တဲ့ ငါတို့မွေးရပ်မြေ
ရိုးသားမူတွေ လွမ်းခြုံတဲ့ မောဝ်တို့ရှမ်းမြေ
ပွင့်လင်းမူတွေနဲ့ ဖော်ရွှေတဲ့တို့ဆွေမျိုးတွေ

ချမ်းအေးတဲ့နှင်းထုကို ဖောက်ခွင်းလို့
ရှမ်းစည်ဗုံးမောင်း အတိုင်းသားကြားနေရတယ်
ဒါဟာငါတို့ရိုးရာ ငါတို့ဓလေ့
ဟန်ဆောင်မူကင်းလို့ အမြဲပြုံးရွှင်နေတဲ့
ဧည့်ဝတ်ကျေပွန်တဲ့ တို့တောင်ပေါ်သား/သူတွေ
ထာဝစဉ် မေ့မရပါလေ

သွေးစည်းမူကို ပြသတဲ့ငါတို့ဓလေ့ပွဲ
အများအမြင် ငွေကိုမီးရှို့သတဲ့လား
ငါတို့ဓလေ့ငါတို့မြတ်နိုး ဘယ်သူပြောပြော
ရှေ့သို့ချီတက် ဆက်ကာလှမ်းတက် နှစ်ပေါင်းများခဲ့လေပြီ
ရင်သပ်ရှု့မော ချစ်စရာအရုပ်အလှ
တွဲလောင်းချိတ်လို့ မီးပုံလေးတွေနဲ့ စိန်နားပန်တဲ့လား

ရောင်စဉ်ဖျာကြဲ ကောင်းကင်းထက်မှာ
မီးရှူးမီးပန်း အလင်းရောင်စုံ ဝေဟင်ထက်မှာ ၀ဲကာပျံသန်း
မှင်သက်ငေးမော် ထိုအလှကို လူတိုင်းရင်မှာ စွဲကျန်ရစ်စေ
ပွဲဈေးတလျောက် လူပေါင်းထောင်ချီ ရွှင်မြူးနေခဲ့
မသိပေမဲ့ အပြန်လမ်းဝယ် စကားစမြည် ပြောလို့မိတ်ဖွဲ့
ငါတို့ရင်မှာ ငါတို့ရိုးရာ တန်ဆောင်တိုင်ကား
ဘယ်တော့ခါမှ မပျောက်ပျက်ပါလေ.....








လေးစားလျက် တောင်ပေါ်သား

11 comments:

kiki said...

အလွမ်းပြေ ရှမ်းမြေလေးကို ပြန်လည် တွေ့မြင်ရတာ ။ မီးပုံးပျံတွေ တလုံးပြီးတလုံးအပြိုင် လှပစွာပျံ တက်နေကြတာ ။ရှမ်းအိုးစည် ဗုံမောင်းသံတွေ ပြန် နားဆင်လို့ရတာ ။။အားလုံး အားလုံး အောင်းမေ့ဘွယ်ရာများအတွက် အပင်ပန်းခံတင်ဆက်ပေးသူများအားလုံး ကို ကျေးဇူးတင် ပါတယ် ။

နောင် နှစ်တွေမှာလည်း ဒီအစီအစဉ်လေး ဆက်လက် တည်ရှိနေနိုင်ပါစေ လို့ မျှော်လင့် လျှက်ပါ ...

အဝေးတနေရာမှ...

November 3, 2009 at 1:27 AM
ကောင်းကင်ပြာ said...

အမလဲ တောင်ကြီးချယ်ရီမြေ ကို ကျေးဇူးတင်ပါတယ်..း)

November 3, 2009 at 3:00 AM
ဂျပန်ကောင်လေး said...

ဟင်း.. လွမ်းအောင်လုပ်နေပြန်ပြီဗျာ.....း(

November 3, 2009 at 8:19 AM
စည်သူ said...

ဟား..ဟား..ဟား..

မမမကောင်းကင်ပြာက ကျေးဇူးမတင်ပဲ ဘယ်နေမှာလဲ..
မုန့်တွေလည်း အတ်ေလေးကို ရောင်းလိုက်ရတာကိုး..

ကိုတောင်ပေါ်သားလည်း အတော်လေးကို အလုပ်ဖြစ် သွားတယ်လေ.. ဆေးလိပ်ကွမ်းယာပေါ့..းP

ကျွန်တော်လည်း မော်လမြိုင် မုန့်ဟင်းခါး အတော်လေးကို ရောင်းလိုက်ရတယ်..း)

ဘာပဲပြောပြော.. ပျော်ဖို့ကောင်းပါတယ်..
ပျော်လည်းပျော်ခဲ့ရပါတယ်.. ဒါက ကျွန်တော့အတွက် ပထမဆုံးအကြိမ်ပါ..
ရာက်လည်း မရောက်ဖူးပါဘုး
ကြားသာကြားဖူးတာလေ.. မရာက်ဖူးပေမယ့် အခုလို လိုင်းပေါ်ကနေပြီး မြင်ရ တွေ့ရတော့ ရောက်သွားသသလိုပါပဲ..

စီပုံးကိုတော့ မဖြုတ်ပါနဲ့လို့ ထပ်မံပြောကြားလိုပါတယ် ..

အဲဒါမရှိရင်.. ပါးစပ်မပါသလို ဖြစ်နေလို့ပါ..
ကျွန်တော်လည်း ဒီကနေပြီးတော့ပဲ ကျေးဇူးတင်ရှိတဲ့အကြောင်း ပြောကြားလိုက်ပါတယ်..

နောင်နှစ်တွေများမှာလည်း ပြန်လည် တင်ဆက် နိုင်ပါစေလို့ ဆုတောင်းရင်း.......

ပျော်ရွှင်ချမ်းမြေ့ကြပါစေ
စည်သူ။

November 3, 2009 at 11:48 AM
ညီညီ said...

ကျွန်တော်လည်း တစ်ခေါက်မှ မရောက်ဘူးဘူး ။ ဒီနှစ်မှ ကြည့်ဖူးတယ်. တောင်ကြီးချယ်ရီမြေ ကိုကျေးဇူးတင်ရှိပါသည်။
ကျွန်တော်တောင် ဘာမဆိုင်ညာမဆိုင် လွမ်းလာတယ်ဗျာ. ဟဲ. :P

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

November 3, 2009 at 8:59 PM
သံလွင် HeRo said...

ကျနော်လည်းရောရာပါရေရာပါ....နေ့တိုင်း
လာကြည့်ရတာအမောပါ။ ရှမ်းတောင်သူ၊သား
တွေရဲ့အပျော်ကိုကူးစက်ရတော့မဂ်လာတစ်ပါးပါ။
နိုင်ငံဂုဏ်ဆောင်ပွဲလည်းဖြစ်တာကြောင့်
တောင်ကြီးကလူတွေကိုလည်းလေးစားမိပါတယ်။
နောင်နှစ်မှာပြန်ဆုံချင်သေးပါတယ်ဗျား။
ငါးစားလျက်
သံလွင်ဟီးရိုး

November 3, 2009 at 11:01 PM
ကိုလူထွေး said...

တောင်ပေါ်မြေမှာ ရွှေဝါပိတောက်ပန်းမရှိပေမယ့်
ဖြူစင်စေတနာ အရိုးခံစိတ်ထားရှိကြလို့...

ခြောက်စားပါတယ်...

းဝ)

(သံလွင်က ငါးစားတယ်ဆိုလို့းP )

November 4, 2009 at 6:05 AM
မိုးခါး said...

hehe ၇ စားရတော့မယ် ထင်တယ် :P
မမြင်ဘူးတာတွေ မြင်ခွင့်ရလို့ စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ် .. ဒီထက်ပို အောင်မြင်ပါစေ ..း))

November 7, 2009 at 12:13 AM
Anonymous said...

စီပုံး အကြောင်း ၀င်ရောက် comment ပေးပါတယ် .. သူများကို မကောင်းဘူးလို့ ပြောတဲ့လူဟာ ... ကိုယ့်ကိုယ်ကိုယ် .. ဘာကောင်လဲ ဆိုတာ ပြောတာနဲ့ အတူတူပါပဲ ... ။ (ဆောရီး နဲနဲမာသွားတယ်) ဒီလိုရေးရင်လဲ .. ရှက်သင့်တယ်)

အဝေးရောက် တောင်ကြီးသားတွေ ပျော်စရာဆိုလို့ .. အဲဒီစီးပုံးပဲ ရှိတယ်လေ (တန်ဆောင်တိုင်တွင်း) ... အချင်းချင်း လှောင်ကြမယ် .. ပြောင်ကြမယ် ... ၂၀၀၇ တန်ဆောင်တိုင် လွင့်ကတည်းကပဲ .. အဲဒါကြောင့်လဲ ... အချင်းချင်း ခင်မင် ရင်းနီးမှုတွေ ရလာကြတယ် ... ။ တောင်ကြီးသားတွေ ... အချင်းချင်း ရင်းနှီးလာကြတယ်.... အစရှိသည်ဖြင့်ပေါ့ ... ။

ဆဲတာ ဆိုတာကတော့ လက်ခံတယ်... လုံးဝကို မလုပ်သင့်တာ သေချာတယ်။ ဒါပေမယ့် .. ပျော်စေ ပျက်စေ ပြောတဲ့ စကားတွေကတော့ ... ရှိမှာပဲလေ ...။ အဲဒါက .. နားလည်မှု ရှိရမယ်.. ။ ကိုတောင်ပေါ်သားက .. ကြည့်ပဲ ကြည့်ချင်တယ်ဆိုရင်တော့ ... သူများတွေ .. စီပုံးမှာ ပြောပါစေ ... ပျော်ပါစေ ... ။ ဟိုမှာ.. တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေ ရှိတယ်... (Cပုံး)ကို. . သူတို့ စောင့်ကြည့်နေတာပဲ .. ။ သူတို့တွေ လိုအပ်တာတွေ သူတို့ .. လုပ်ကြမှာပဲ .. ဒါတွေက.. အားလုံးသိတယ်.. ။ ကိုတောင်ပေါ်သားက.. ကြားထဲကနေ .. (Admin) တွေအစား .. ၀င်ပြီး သူများကို ပြောတော့ .. သောက်မြင်ကပ် စရာတွေ ဖြစ်ကုန် တာပေါ့ဗျာ.. ဟုတ်တယ် မဟုတ်လား ... ။ (မှတ်ချက်။ ။ မသိတဲ့လူတွေကို ၀င်ရောက်ကူညီတာ.. လုံးဝ ထောက်ခံပါတယ်.. ကောင်းတယ် :)

တောင်ကြီးသားတွေ တွေ့ဆုံတဲ့နေရာဖြစ်တဲ့.. တောင်ကြီး ချယ်ရီမြေကြီးကို .. (ဆိုက်ကို) .. (စီပုံးကို) တောင်ကြီးသားတွေ အားလုံး ၀ိုင်းဝန်း ထိန်းသိမ်းကြမယ်လို့ ပြောမလား .. ။ ဒါပေါ့ .. မှန်တယ်... ကိုတောင်ပေါ်သား ... ။ ဒါပေမယ့်.... (စီပုံး) အက်ဒမင်တွေ ရှိတယ်လေ .. ။ သူတို့ လုပ်ပါလိမ့်မယ်... ။ ကိုတောင်ပေါ်သားရဲ့ .. (စီပုံး)ထဲမှာ လာအော်ရင်တော့ တစ်မျိုးပေါ့ မဟုတ်ဘူးလား။

အယူအဆချင်း တူမှာမဟုတ်ပါဘူး ... ကိုတောင်ပေါ်သားရဲ့ ... အယူအဆက. .. အေးဆေးပဲ ကြည့်နေတာကို... ကြိုက်တယ်...။ အချို့သူငယ်ချင်းတွေက .. လှောင်ပြောင်ကြမှ .. ပျော်တတ်တယ်... တောင်ကြီးမရောက်ပဲ .. တောင်ကြီးမှာ .. ရှိတဲ့ပုံစံနဲ့ ပြောဆိုကြတွေ .. ရှိကြမှာပဲပေါ့ဗျာ ... ။ ဟုတ်တယ် မဟုတ်လား ... ။

တောင်ကြီးမြို့ကို ချစ်တဲ့ တောင်ကြီးသားတွေ ချည်းပဲ .. (စီပုံး)က .. အဝေးရောက် တောင်ကြီးသားတွေရဲ့ ပျော်စရာ နေရာတစ်ခုပါ ... ။

ဒီလောက်ဆို .. ရပါပြီ ... :) စိတ်အနှောင့်ဖြစ်သွားရင်တော့ .. fORGIVE ME ပါ .. ကိုတောင်ပေါ်သား ... ။

သိတယ်ဆိုလို့ .. (aNONYMOUS) နဲ့ပဲ ၀င်လိုက်တယ် .. ။ ပျော်ရွှင်ပါ နားလည်နိုင်ပါစေဗျာ ... :)

(သူများကို အောက်တန်းတယ်လို့ပြောရင် .. ပြောတဲ့လူက ဘာဖြစ်သွားတတ်သလဲ??) :)

November 11, 2009 at 8:22 PM
တောင်ပေါ်သား said...

Anonymous .....


ကျနော်ကို ကောမန့်ပေးသွားတာ ကျေးဇူးအထူးတင်ပါတယ်။ အကိုပြောသွားတာတွေကို ကျနော်သဘောတူပါတယ်။ အကိုလို့ခေါ်လိုက်တာက အမှန်ကတော့ ကျနော်ထက် ငယ်ရင်လဲ ငယ်နိုင်ပါတယ်။း) အကိုလဲ ကျနော်တို့ပွဲလေးကို သေချာလာအားပေးသွားတာ ကျေးဇူးပါပဲ။ ကျနော်ရေးသားထားတာဟာ အဆင့်မရှိတဲ့ လူတွေရဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။ စီပုံးမှာ ကျနော်ကိုယ်တိုင်လဲ ၀င်ကဲပါတယ်။ ဒါပေမဲ့ မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုတာတွေ၊ အလကားနေရင် (အမျိုးသမီးတွေ မရှိတဲ့နေရာမှာနေရလို့ထင်ပါရဲ့) မိန်းကလေးလေးတွေရဲ့ အီးမေးလ်တွေ တောင်းနေတာဟာ ကျနော်တို့တွေအတွက် တောင်ပေါ်သားတွေအတွက် ရသ ပျက်ပါတယ်။ ကျနော်ကိုယ်တိုင် စီပုံးကိုမပိတ်ဖို့ တားမြစ်တဲ့ထဲမှာ ပါဝင်ပါတယ်။ ဒီစီပုံးကြောင့် ခင်မင်ရင်းနှီးမူတွေ ရတယ်ဆို ကျနော်လက်ခံပါတယ် ဒါပေမဲ့ ဖြစ်သင့်တာထက် လိုအပ်နေသည်ထက် ပိုပြီး လုပ်နေတာကိုး ကျနော်က ထောက်ပြပြောဆိုတာပါ။ တကယ်တော့ စီပုံးအက်မင်က ကျနော်လဲ ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့အဖွဲ့ဝင်တွေအားလုံး တဦးတယောက်ကိုမှ အကြောင်းမဲ့ မပိတ်ခဲ့ပါဘူး။ ကျေးဇူးတင်ပါတယ် အကိုလဲတောင်ပေါ်သား တယောက်ဖြစ်တယ်ဆိုရင် ကျနော်တို့ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။


လေးစားလျက်
တောင်ပေါ်သား

November 11, 2009 at 8:46 PM
Anonymous said...

စိတ်တော့ မရှိပါနဲ့ .. ညီလေး (သို့) အစ်ကိုကြီး တောင်ပေါ်သားပေါ့ ... :) ကြီးလား ငယ်လား မသိဘူး ဆိုတော့ .. ။ ကျနော့် comment လဲ .. နဲနဲလွန်သွားတယ် ။ ဒါလက်ခံပါတယ် .. ။ ၀န်ခံတယ် .. ။ လူဆိုတာက... ဘောဘ၊ ဒေါသ၊ မောဟနဲ့ .. ပြည့်ညက်နေတာပဲ .. ပုထုဇဉ်တွေပဲဗျာ .. ။ Nothing is perfect ပေါ့ ။

ဒါပေမယ့် .. ကိုတောင်ပေါ်သား ရေးလိုက်တဲ့ (ပို့စ်)ကြောင့် .. (စီပုံး)ထဲ ၀င်အော်တဲ့ လူတစ်ယောက် အပါအ၀င်ဖြစ်တဲ့ .. ကျနော်နဲ့ ကျနော်တို့ရဲ့ ဘော်ဒါတွေကိုလဲ လာထိခိုက်ကုန်တာပါ .. ။ စီပုံးက .. အက်ဒမင်တွေက ... (if I'm not mistaken) ချယ်ရီလန်းအဖွဲ့တွေပါ ... :) ။ ကိုကျော်စွာတို့ ... ဆိုတာကလဲ.. ကျနော်တို့ရဲ့ အစ်ကိုကြီးတွေပါ .. :) .. ။ ဖြစ်မြောက်အောင် လုပ်ပေးတာကိုပဲ အကုန်လုံး ၀မ်းမြောက်နေကြတာပါ .. ။ သူတို့တွေ ဘယ်လောက် ပင်ပန်း ပြသနာ ကြုံရလဲ ဆိုတာ စာနာမိပါတယ် .. ။ သူတို့ကို ပျော်အောင်လဲ စရင် စမိကြမှာပဲ ... ။ ပျော်စေချင်လွန်းလို့ပါ .. ။ မပျော်ပျော်စရာကောင်းအောင် .. ကြံဖန်ပေါကြတဲ့.. ဘော်ဒါတွေလဲ အများကြီးပါ .. ။ အနဲဆုံး ကိုယ့်ရပ်မြေသားတွေနဲ့ စကားပြော ရီရတာ ဘယ်လောက် ကြည်နူးစရာကောင်းလဲဗျာ .. ။

ကျနော်လဲ တောင်ပေါ်သားပါပဲ .. နားလည်မှု ရှိပါတယ် .. ။ သဘောပေါက်တယ်.. ဖြစ်ပျက်နေတာတွေကိုလဲ .. နားလည်ပါတယ် (အဖျက်သမားတွေ) နေရာတိုင်းမှာ ရှိတာပါပဲ .. ။ ဒါပေမယ့် ကိုတောင်ပေါ်သားရဲ့ (ပို့စ်)မှာက .. (စီပုံး)မှာ ၀င်ပေါတဲ့ လူတိုင်းကို (ထိခိုက်) သွားတယ် ... Unfortunately ပဲ ထားပါတော့ ... ။ ကိုကျော်စွာတို့လဲ .. နားလည်ပါတယ် . အဲဒါတွေကို .. ။ ၀င်ဆဲတာတော့.. ကျနော်လဲ လက်မခံပါဘူး .. လုံးဝ (disagree) ပါ .. :) ... ။

အယူအဆပေါ့ဗျာ ... ။ ယူဆတာချင်း မတူညီကြလို့ .. ပုံစံအမျိုးမျိုး ကွဲပြားနေတာပေါ့ .. ။ Let it be ဗျာ ... ။ ပြောချင်တာ ပြောလိုက်ရလို့ ရင်ထဲတော့ ပေါ့သွားပါပီ .. ။ ကိုတောင်ပေါ်သား (or) ညီတောင်ပေါ်သားရဲ့ စိတ်ထဲမှာ ရှိတာတွေကို .. Let it be ပါတော့ဗျာ။

မုဒိသာ ပွားနိုင်ပါစေဗျာ .. ။

If there is a will, there is a way :)
(တောင်ပေါ်သား .. :)

November 11, 2009 at 10:01 PM