Monday, October 12, 2009

အပိုင်းအစများ


ခုတလော ဘလော့ပိုစ့်တွေ မတင်ဖြစ်ပြန်ပါဘူး။ စာရေးဖို့ စိတ်ကူးတိုင်း စိတ်ကမထွက်လာတော့ဘူးဖြစ်နေတတ်ပါတယ်။ အိမ်ကိုလဲ အရင်ကထက် ပိုသတိရနေပြန်တယ်။ မြန်မာပြည်က အလည်လာတဲ့ ဧည့်သည်တွေ အိမ်မှာခဏတည်းနေတော့ သူတို့နဲ့ စကားစမြည်ပြောဖြစ်တယ်။ သူတို့အဓိကပြောတာကတော့ စင်ကာပူကြီး ဘယ်လောက်သန့်ရှင်းတယ်။ လမ်းဘေးဝဲယာ သစ်ပင်တွေနဲ့ သာယာနေတယ် စသည်ဖြင့်ပေါ့။ငါတို့ တိုင်းပြည်ကြီးကတော့ ဘယ်လိုဖြစ်နေတယ်။ လေထုဆိုတာလဲ ညစ်ညမ်းမူတွေနဲ့ မိုးလေမရွာလိုက်နဲ့ မြောင်းတွေက ပြည့်ကျပ်ပြီး ရေပုတ်တွေ လျှံတက်နေသည် စသည်ဖြင့် မကုန်နိုင်သော ဓါတ်ပြားဟောင်းများကို ဖွင့်လှစ်ပြပါတယ်။ ဘယ်လိုပဲပြောပြော အမိမြေနဲ့ ဝေးနေစဉ်ခဏချိန်လေးတော့ ကျနော်တို့လဲ အမှတ်တရ စကားတွေ ပြောဖြစ်ကြပါတယ်။

မြန်မာပြည်တွင်းက သူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တော့ သူတို့တွေရဲ့ စိတ်ကိုအကြမ်းဖျင်းအားဖြင့် ခတ်မှန်းမိပြန်တယ်။ သူတို့လေးတွေလဲ စိတ်သွားတိုင်းကိုယ်မပါရဲတဲ့ အဖြစ်တွေ ရင်နာစရာကောင်းလှပါတယ်။ နေ့စဉ် ပုံမှန်မလာတဲ့ ရေ၊မီးတွေကြားထဲမှာ သူတို့ဘ၀လေးတွေကို ရောင့်ရဲတင့်တိမ်နေတာကို အားမရလှပါဘူး။ ဒါဟာ ကျနော်တဦးတယောက်ထဲရဲ့ အမြင်ဖြစ်ပါတယ်။ ကျနော်တို့ ဘာလို့ဒီလိုနေမှာလဲ၊ ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းရှာဖို့ စိတ်မကူးတော့ဘူးလား။ ကျနော်တို့မျိုးဆက်တခုလုံး ဒီလိုဘ၀တွေနဲ့ နေတော့မှာလား။ ဧည့်သည်ဦးလေးကပြောပါသေးတယ် စလုံးမှာ သူ့သူငယ်ချင်းတယောက် ကားတွေ အများကြီးပိုင်တယ်တဲ့။ စလုံးနိုင်ငံသားအဖြစ်တောင်ခံယူတော့မယ်ပြောတယ်။ ဒီပါးစပ်က အော်အော် ဆိုတာပဲ ထွက်နိုင်တော့တယ်။ လူဆိုတာကတော့ ကိုယ်ရဲ့ ကိုယ်ပိုင်ဘ၀ကို ကိုယ့်စိတ်ကြိုက်တည်ဆောက်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့သားသမီးတွေရဲ့ အသိထဲမှာ မြန်မာနိုင်ငံဆိုတာကို မေ့ခိုင်းတော့မှာလား.မနေ့က Youtube မှာကလိနေရင် Wesheme ကတင်ထားတဲ့ သားသားပုံလေးတွေကိုကြည့်ပြီး ပျော်နေမိပါတယ်။ သာယာဖွယ်ကောင်းတဲ့မိသားစုလေးပါ။ စံပြထားရမဲ့ မိဘတွေပါ။


စလုံးရောက် လူတော်တော်များများကိုလဲ အကဲခတ်မိနေပြန်တယ်။ တော်တော်များများက လူအများရှေ့မှာ မြန်မာလို့ပြောရမှာ ရှက်နေသလိုပဲ။ တခါတလေ အတင်း ဟန်ဆောင်လုပ်နေတာတွေကို တွေ့တော့လဲ တယောက်ထဲ ရီနေမိပြန်တယ်။ ကမ္ဘာကြီးလဲ တဖြေးဖြေး ဆုတ်ယုတ်လာနေပြီလားမသိဘူး။ နေ့စဉ် သဘာဝဘေးဆိုးဒဏ်တွေကြောင့် လူတွေ သေနေတာ၊ အသက်အိုးအိမ်မဲ့နေတာတွေ စိတ်မကောင်းစွာနဲ့ မြင်နေရတယ်။ဒါတွေဟာ ဘယ်သူမပြူမိမိမူပါပဲ။ ဘာသာတရားရှိတယ်ဆိုယုံလောက်နဲ့ မလုပ်လောက်ပါဘူး။အသိတရားလေးတွေ ရှိနေရင် ဒီလို သဘာဝဘေးဆိုးတွေကို အတတ်နိုင်ဆုံး ရှောင်းရှားမူတွေ လုပ်နိုင်မှာပါ။ အခုလက်ရှိအချိန်ထိ စလုံးမှာ အလုပ်အကိုင်အခြေအနေက သိပ်အဆင်ပြေသေးသည်မဟုတ်ပါ။ ကံကောင်း၍ အလုပ်ရသွားသော်လဲ အလုပ်သမားဝန်ကြီးဌာနက သူတို့စလုံးနိုင်ငံသားတွေကို ဦးစားပေးဖို့ စီစဉ်နေသောကြောင့် သိပ်အဆင်မပြေကြကြောင်း သိရပြန်သည်။ အဆင်ပြေမယ်ဆိုရင် မြန်မာပြည်က သူငယ်ချင်းများကို မလာစေချင်သေးပါ။ ကျနော်အထင်တော့ နောင်လာမဲ့ ၂၀၁၀ လောက်မှ အဆင်ပြေနိုင်မည်ထင်တယ်။ စလုံးကို ပြောချင်ပါ။ အမိတိုင်းပြည်တော့ မသေချာပါး)

ငယ်စဉ်က ပုံပြင်တပုဒ်ကိုတွေးနေမိသည်။ အဖေက သားတွေကို ထင်းစည်းချိုးခိုင်းသည့် ပုံပြင်။ စုပေါင်းလုပ်ဆောင်လျှင် လိုချင်သောအရာကို ရနိုင်သည်။တိုင်းပြည်တခု တည်ထောင်လျှင် အရေးကြီးဆုံးသောအရာမှာ ပြည်ထောင်စုတိုင်းရင်းသားအားလုံး သွေးစည်းဖို့ပင်ဖြစ်သည်။ သူတလူ ငါတမင်းအုပ်စိုးနေရင်တော့ဖြင့် ဘေးကအလကား စားသောက်မဲ့ ဖြူဖြူ၊ မဲမဲ တိရစာ

5 comments:

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဒေါ်မူသေတို့များ မြန်ချက်။ ဟူးးးးးး
ငါမောင်လေးကပိုဆိုးတယ်ဟဲ့။
လေဆိပ်ကထွက်လာတော့ ဟယ် လင်းထိန်နေတာဘဲ ရွာကဘုရားပွဲထက်တောင် လင်းသေးတယ်တဲ့။
ညကျ ညသန်းခေါင်လောက်ကြီး ထလာပြီး မီးလာပြီ မီးလာပြီ ရေတင်ရအောင်တဲ့။ (အိမ်မှာက ညဘက်မီးလာမှ ရေထတင်တာကို။ ရေမတင်ထားရင် သုံးစရာ မရှိဖြစ်တတ်တာကိုး)
နောက်၂ ရက်လောက်နေတော့ ကြိကြိ တို့ဘယ်နေ့ မီးပျက်အလှည့်လဲတဲ့။ဟိဟိ မီးကအမြဲလာနေလို့ ထူးဆန်းနေတာလေ။

October 12, 2009 at 9:55 PM
ဝက်ဝံလေး said...

ဟဟဟဟ နှင်းဆီပန်းချစ်တဲ့ ကောင်မလေး ရေးတာ ဖတ်ပြီးရီလိုက်ရတာ တောင်ပေါ်သားရေ

တို့ကတော့ ဘယ်ကလဲ မေးရင် မြန်မာကပါလို့ ရဲဝင့်စွာပဲ ဖြေတယ်ဟေ့ ဒီမှာက မနှိမ်ကြလို့လေ ဟက် မသိဘူး တဲ့ မသိတော့လဲ တရုတ်နဲ့ ယိုးဒယားနားကလို့ပြောလိုက်တာပဲ အေးရော ဟေားဟေားးးး

October 13, 2009 at 1:45 AM
Angel Shaper said...

ဖတ်သွားတယ် ကိုတောင်ပေါ်သားရေ...
မြန်မာဆိုတာ မြန်မာပီသတဲ့ စိတ်ဓာတ်ရှိဖို့ပဲ လိုပါတယ်။
မြန်မာလူမျိုးများ ဘုရားသခင်ကောင်းကြီးပေးလို့
ကိုယ့်အမိမြေမှာပဲ အောင်မြင်ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ကြပါစေ။ နိုင်ငံတကာအနှိမ်ခံ မဖိနှိပ်ခံဘ၀မှ လွတ်ကင်းနိုင်ပါစေ။

October 13, 2009 at 3:16 PM
Phyo Maw said...

မြန်မာပြည်သားဟေ့ မြန်မာပြည်သား

October 13, 2009 at 5:23 PM
reenoemann said...

အင်း ဘယ်လိုပြောရမှန်းတောင် သိတော့ ဘူးညီရာ

ကိုရီနို

October 14, 2009 at 5:55 AM