Wednesday, September 2, 2009

အမေသို့ လွမ်းချင်း


မနက်စောစော အိပ်ယာထတာနဲ့
အမေ့ရဲ့ ပဲပြုတ်ထမင်းလေးကိုလွမ်းတယ်
ရသမျိုးစုံပါတဲ့ လူကုံထံတွေဆီက ညထမင်းဝိုင်းလေးထက်
မိသားစုလက်စုံစားခဲ့ဖူးတဲ့ စားပွဲဝိုင်းလေးကို ပိုလွမ်းနေဆဲပါ အမေ....

တခါတရံ နွေးထွေးမူတွေလိုအပ်တိုင်း
အမေ့ရဲ့ ရင်ခွင်ထဲမှာ ခိုလှုံချင်နေမိတယ်
အခုတော့အထီးကျန် တယောက်ထဲ
ဘ၀ရဲ့ လမ်းတွေပေါ် ဖြတ်သန်းနေဆဲပေါ့ အမေ....

ချောမွေ့တဲ့လမ်းတွေပေါ်မှာ နှစ်သက်စွာ
တယောက်ထဲ ဖြတ်သန်းရင်
လမ်းကြမ်းတွေရောက်ရင် အမေ့ရဲ့အားပေးမူတွေယူပြီး
ကြိုးစားရုန်းကန် ဖြတ်သန်းနေရစမြဲပါ အမေ....

ထွေလီများပြားတဲ့ လူစရိုက်တွေကြားမှာ
အမေသင်ပေးခဲ့တဲ့ ဘ၀လူမူဆက်ဆံရေးလေးကို
မလွဲမှားအောင်ကြိုးစားရင် လူမျိုးစုံ လူပေါင်းစုံနဲ့
အခုနေတတ်စပြုနေပါပြီ အမေ....



လေးစားလျက် တောင်ပေါ်သား

16 comments:

မိုးခါး said...

နေတတ်စပြုရုံပဲ ရှိသေးလား ........

September 2, 2009 at 6:48 PM
မေဇင် said...

း)) အခတ် အခဲတွေ ကြုံတိုင်း.... အမေ ကိုသတိရတာ..သားသမီးတွေ ရဲ့ တူညီသော ခံစားမှုပါပဲ....။

September 2, 2009 at 7:39 PM
နွေးနေခြည် said...

အမေ့ကို လွမ်းတယ်...

September 2, 2009 at 7:56 PM
ရေတမာ said...

အမေများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ

September 2, 2009 at 8:48 PM
flowerpoem said...

အမေ့ရင်ခွင်မှာ အမြဲခိုနားချင်ပါတယ်
ကိုတောင်ပေါ်သားရေးတာကို ဖတ်ပြီး တကယ်ခံစားရပါတယ်..

September 2, 2009 at 9:42 PM
ပွင့်မြုးဇင် said...

အမေကိုလွမ်းတဲ့ သီချင်းလေးနားထောင်ရင်း အမေကိုလွမ်းတဲ့ ကဗျာလေးဖတ်ရတာ အရမ်းကောင်းပါတယ်...

September 3, 2009 at 5:27 AM
အိမ် said...

လုပ်ပြီဗျာ.... အမေ့ကို သတိတောင် ရသွားပြီ။ အကိုရေ နားလည်ပါတယ်ဗျာ ဒါမျိုးတွေက အဝေးရောက်သားတိုင်း ခံစားနေရတဲ့ ခံစားချက်လေးပါ။ အဲဒါလေးကို ကဗျာအနေနဲ့ ရေးဖွဲ့ပြတော့ ကျနော်တို့လို အဝေးရောက်သားတွေရဲ့ နုလုံးသားကို လှုပ်ခေတ်သွားစေတယ်ဗျာ။

September 3, 2009 at 3:07 PM
အိမ် said...

လုပ်ပြီဗျာ.... အမေ့ကို သတိတောင် ရသွားပြီ။ အကိုရေ နားလည်ပါတယ်ဗျာ ဒါမျိုးတွေက အဝေးရောက်သားတိုင်း ခံစားနေရတဲ့ ခံစားချက်လေးပါ။ အဲဒါလေးကို ကဗျာအနေနဲ့ ရေးဖွဲ့ပြတော့ ကျနော်တို့လို အဝေးရောက်သားတွေရဲ့ နုလုံးသားကို လှုပ်ခေတ်သွားစေတယ်ဗျာ။

September 3, 2009 at 3:07 PM
ဏီ(န်)ကင်း said...

အေးပါဗျာ..အမေ့ထက်လွမ်းရမယ့်သူမရှိတာက အပူတစ်မျိုးသက်သာတာပေါ့ဗျာ....

September 3, 2009 at 5:21 PM
ကိုအောင်(ပျူနိုင်ငံ) said...

အမေကို လွမ်းတဲ့ ကဗျာလေးကို ဖတ်သွားတယ်၊ အားပေးလျက်ပါ။

September 4, 2009 at 4:48 AM
မြစ်ကျိုးအင်း said...

သီချင်းသံလေးနဲ့ ကဗျာဖတ်လိုက်ရတာ မေမေ့ကို အရမ်းလွမ်းသွားပြီဗျာ။အားလုံးပဲ အမြန်ဆုံး ပြန်ဆုံကြပါစေဗျာ

September 4, 2009 at 12:26 PM
ဝက်ဝံလေး said...

အွန်းးး သူလုပ်မှပဲ ပိုလွမ်းသွားပြီ ဟွန်းးးးး

September 5, 2009 at 1:02 PM
ဝက်ဝံလေး said...

တူ့ကဗျာလေး ဖတ်ပြီး လွမ်းနေရတာနဲ့တင် လာရင်း ကိစ္စ မေ့သွားတယ် ပြောချင်ဘူး ဂမယ် တောင်ပေါ်သား (ခါးပေါ်လက်ထောက်၍ လက်ညိုးငေါက်ငေါက်ထိုး၍) ပြင်ထားပါ ဘလော့ဂ်ဂါ ကောင်စီရုံးမှာ လက်မှတ်ထိုးဖို့ ကြားလား ဘာအမှုလဲ သိချင်လား ဖွားကိ အိမ်မှာ comment ၄ ခု ယူမှု ဒါဗြဲ ဟွန်းးးးးးးး

September 5, 2009 at 1:04 PM
ဝက်ဝံလေး said...

ဒါပေမယ့် များက သနားတတ် ကြင်နာတတ်ပါတယ်နော် ဟွင်းးးးး လျှော့ရက် ၁၈ လ ရမယ်နော် သိလား ဟက် ဘိုင် တာ့တာ

September 5, 2009 at 1:04 PM
မေသူ said...

ခံစားချက်ကို နားလည်ပါ၏.

September 6, 2009 at 10:59 PM
ဇီးကုန်းသာယာ said...

ကောင်းတယ်ဗျို့.. ဖက်ရတာ.. အရသာ ရှိတယ်.. :)

September 8, 2009 at 6:21 PM