Thursday, August 20, 2009

တွေးမိရာရာ


မနက်ခင်း နေရောင်အောက်မှာ ပန်းလေးတွေရဲ့ လန်းဆန်းနေမူကို လူတိုင်းမြင်တွေ့ကြဖူးမည် ထင်ပါတယ်။
ကျနော်တို့ မြို့လေးမှာဆို မနက်ခင်း အေးမြတဲ့ မြူမှုန်များကြားမှာ အလှအပပွင့်နေတဲ့ ပန်းမျိုးစုံကို တွေ့မြင်နေကြဖြစ်သည်။ထိုအချိန်က ထိုသို့ပန်းများဖူးပွင့်ခဲ့သည်ကို အလေးအနက်မထားမိခဲ့ဖူးပေ။ ယခုလို အမိမြေနဲ့ ဝေးနေတဲ့ နေရာတနေရာမှာ ကြိုးစားလှုပ်ရှားနေရတော့မှ အရာရာကို သတိရတတ်လာခဲ့သည်။ စလုံးလို နိုင်ငံမျိုးမှာ အရာရာကို အတုတွေသာ ဖန်တီးပေးထားတတ်ကြပေသည်။ အရာအားလုံးဟာ စက်ရုံတရုပ်လို ရွှေ့လျားနေစမြဲ၊ကျောင်းသူ၊ကျောင်းသားတို့သည်လဲ သူတို့ဘ၀အတွက် တဖက်ကပညာကို ကြိုးစားရှာနေစဉ် တခြားတဖက်တွင် အချိန်ပိုင်းအလုပ်များနှင့် ရုန်းကန်နေရစမြဲ... အချိန်ပြည့်အလုပ်လုပ်နေသူများအတွက်လဲ နေ့တဓူဝံ ဒီအလုပ်တွေနဲ့ လုံးချာလည်နေဆဲ... အခန့်မသင့်ရင် အလုပ်က စိတ်ထားပုတ်သော လူတွေနှင့် စကားများရစမြဲ၊ ရန်ဖြစ်ရစမြဲ။ ဒီလိုအချိန်မျိုးမှာ အမိမြေ မွေးရပ်မြေ၏ ပျော်ရွှင်မူတွေကို တမ်းတတတ်ကြစမြဲ။

လူသားတွေ ဖြစ်သည့်အလျှောက် တယောက်ထဲ အထီးကျန်၊ သီးခြားနေထိုင်မူကို ရေရှည်မဖက်တွယ်နိုင်ပေ။ သည့်အတွက် သူငယ်ချင်း၊ အပေါင်းအသင်း၊ ချစ်သူစသည်ဖြင့် အတွယ်အတာတွေကို ခုန်မင်လာသည်။ အပေါင်းအသင်းတွေများလာသည့်အတွက် ကောင်းခြင်း၊ဆိုးခြင်းတွေ များလာသည်။ ကောင်းခြင်းဟုဆိုရာတွင် ရင်းနီးမူလေးတွေ ပိုလာသည်။ အရင်ကထက် ပို၍ခင်တွယ်လာသည်။ စိတ်ညစ်စရာများကို တယောက်နဲ့တယောက် ညှိုနှိုင်း အဖြေရှာနိုင်သည်။ တယောက်ထဲမမြင်နိုင်သော လမ်းကြောင်းအသစ်တွေ တွေ့လာရသည်။ ထိုအတူ မကောင်းခြင်းများတွင်က စကားတွေ ပြောပါများလာတော့ တယောက်တပေါက်ဖြစ်ခြင်း၊ အဓိပ္ပါယ် လွဲမှားစွာဖြင့် နားလည်မူတွေလွဲ တဖက်နှင့်တဖက် အထင်မြင်သေးပြီး ဝေးခဲ့ကြရပြန်သည်။

ဘယ်အရာမဆို၊ ဘယ်ရုပ်ဝတ္ထုမဆို ကောင်းခြင်း၊ဆိုးခြင်းတရားများကို ဒွန်တွဲ ပိုင်ဆိုင်ထားကြသည်။ ဤကဲ့သို့ ဆိုးခြင်း၊ကောင်းခြင်း ၂ခုလုံးကို ပိုင်ဆိုင်ထားသော အရာများကို ကောင်းသည် ဆိုးသည်ဟု ခွဲခြားကြသည်မှာ ကျနော်တို့လူသားများသာ ဖြစ်ပေသည်။ လူတွင်လဲ အကောင်းမြင်သမားနှင့် အဆိုးမြင်သမားဆိုတာ ရှိတတ်စမြဲပင် ဖြစ်သည်။ ကြားနေမူဆိုတာကတော့ မရှိသလောက် ရှားပေမည်။ အရာအားလုံးကို အကောင်းမြင်တတ်သော လူအဖို့ သူ့အတွက်သည် ကောင်းကျိုးမဖြစ်ထွန်းနိုင်ပေ။ သူ့၏ တက်လမ်း၊ အကျိုးစီးပွါးကို သူကိုယ်တိုင်ပင် ပိတ်လိုက်သလို ဖြစ်နေပေသည်။ အဆိုးမြင်သမားများအဖို့လဲ ထိုအတူပင်။

ကျနော်တို့ မြန်မာလူမျိုးများတွင် အလွန်ဆိုးသောအကျင့်လေးတွေ ရှိသည်။ ထိုအကျင့်လေးများကို လေ့လာကြည့်သောအခါ အောက်ပါအတိုင်းတွေ့ရသည်။

၁) တဖက်သားကို အားနာတတ်ခြင်း
၂) ပြဿနာတခုကို ကိုယ်ဘယ်လောက် မှန်မှန် အကျိုးသင့်အကြောင်းသင့် မဖြေရှင်းတတ်ခြင်း
၃) ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်ခြင်း

၁) တဖက်သားကို အားနာတတ်ခြင်း

ဤတချက်သည် မြန်မာလူမျိုးများတွင် အတွေ့ရ အများဆုံးဖြစ်ပေသည်။ အရာရာကို အားနာလွန်ခြင်းသည်လဲ ကောင်းသောအကျင့်မဟုတ်ပေ။ သေချာပြန်စဉ်းစားကြည့်လျှင် အားနာတတ်သူ အပြစ်ကျူးလွန်သူနှင့် တူနေပေသည်။ ဥပမာ.. ပစ္စည်းတခုကို ယူပြီး ပြန်မပေးသေးသောအခါ ပြန်တောင်းရမည်ကို အားနာနေလျှင် ထိုပစ္စည်းကို ယူမိသောသူသည် မေ့နေလျှင် ပြဿနာမဟုတ်ပေ။ တမင်တဖက်သားအားနာတတ်သည့် အကျင့်ကို အလွဲသုံးစားလုပ်၍ ပြန်မပေးလျှင် ထိုသူနှစ်ယောက်၏ ခင်မင်မူသည် အနှေးအမြန်ပင် ပျက်စီးဖို့ရှိပေသည်။ ထိုအတွက် အရာရာကို အားနာတတ်သည့်အကျင့်ကို ကျနော်တို့ မြန်မာလူမျိုးများ ဖျောက်ဖျက်ဖို့ လိုပေသည်။

style="font-weight:bold;">၂) ပြဿနာတခုကို ကိုယ်ဘယ်လောက် မှန်မှန် အကျိုးသင့်အကြောင်းသင့် မဖြေရှင်းတတ်ခြင်း


ပြဿနာတခုပေါ်ပေါက်လာလျှင် နည်းလမ်းမှန်စွာဖြင့် ကျနော်တို့ မြန်မာလူမျိုးများ မဖြေရှင်းတတ်ကြပေ။ အရာရာကို အလွယ်လိုက်၍ ဖြေရှင်းတတ်ပေသည်။ တကယ်တော့ ကျနော်တို့တိုင်းပြည်ကို ကျနော့်တို့ကိုယ်တိုင်သာ ဖျက်ဆီးနေသည်ဟု မြင်မိသည်။ ဥပမာ အချိန်ပေး၍ လုပ်မှ ရနိုင်မည့် အလုပ်မျိုးကို ကျနော်တို့မလုပ်နိုင်သောအခါ ပိုက်ဆံပေး၍ ၊ တနည်းပြောရလျှင် လာဏ်ထိုး၍ လုပ်ဆောင်သည်။ တခါလာဏ်စားဖူးသောလူသည် နောင်အခါသူ့အတွက်၊ သူ့မိသားစုကောင်းစားရေးကို အကြောင်းပြု၍ လာဏ်လာဘ များကို မယူပဲ မဖြေရှင်း၊မလုပ်ဆောင်ပေးတော့ပေ။ ထို့အတွက် ကျနော်တို့ တိုင်းပြည်တွင် အလိုအပ်ဆုံးသော အရာမှာ ရိုးသားမူကို ခုံမင်၍ အမှန်တရားအတိုင်း လုပ်ဆောင်နိုင်မူသာ ဖြစ်သည်။ ဤအချက်ကို သေချာဆန်းစစ်လျှင် ဘယ်သူမကောင်းလဲ ပြောစရာမလိုအောင် မြန်မာပြည်သူပြည်သားတိုင်း သိပေမည်။

တိုင်းပြည်တိုင်းတွင် လာဏ်စားမူသည် ကင်းမည်မဟုတ်။ စင်ကာပူလို တိုင်းပြည်တွင်လဲ ထိုကိစ္စများ ရှိပေသည်။ MOM လိုနေရာမျိုးတွင်တောင်မှ ပွဲစားများ ခြေလိမ်အောင် လုပ်ပေးတတ်ကြသည်။ ဒါပေမဲ့ အများစုကတော့ လာဏ်စားလို့မရအောင် လုပ်ဆောင်ပေးထားသည်။ ဥပမာ ကားစီးလျှင် ကျသင့်သည့် အဖိုးခကို စပါယ်ရာကို ပေးစရာမလို၊ ထို့အတွက် ဒရိုင်ဘာ၊စပါယ်ယာ တို့လဲ ပိုက်ဆံလိမ်တောင်း၍ မရပေ။ ထို့အတူ အစိုးရနဲ့ တိုက်ဆိုင်သော ကိစ္စရပ်များအတွက် ငွေရှင်းလျှင် အများစုမှာ ဘဏ်ကဒ်နှင့်သာ ပေးဆောင်ရပေးသည်။ ထိုအတွက် လိမ်ညာပိုယူ၍ မရ။ ထိုအတွက် တိုင်းပြည်တခုအတွက် မရှိမဖြစ်သော အရာမှာ ရေ၊မီး ဖြစ်ပေသည်။ တကယ်၍များ ကျနော်တို့တိုင်းပြည်တွင် အုပ်ချုပ်သူ ဘယ်လောက်ဆိုးသည်ဖြစ်ပါစေ ရေ၊မီးကို အပြည့်အ၀ပေးနိုင်လျှင် ရင်းနှီးမြုပ်နှံမည့်သူများမှာ ဒုနဲ့ဒေးပင် ဖြစ်ပေမည်။ ထိုသို့ ရင်းနှီးမူတွေရှိလာလျှင် ဘဏ်လုပ်ငန်းသည်လဲ အလိုအလျောက် တိုးတက်လာမည်သာ။ ယခုလက်ရှိ တဒေါ်လာ ပေါက်ဈေးသည် ဘယ်လောက်ရှိသည်ဆိုတာ ပွဲစားဖြစ်သူတို့ ပြောစကားပေါ်တွင် မူတည်နေမြဲသာ..

၃) ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်ခြင်း

နံပါတ် ၃ အချက်သည် တိုင်းပြည်တခုတွင် နေထိုင်ကြသော လူတိုင်း မရှိမဖြစ် ပြုပြင်နေသင့်သည့် အချက် ဖြစ်သည်။ ကျနော်အပါအ၀င် လူတော်တော်များများသည် ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်ကြသည်။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုသော စကားပုံလေးကို အသဲထဲစွဲအောင် သံမှိုရိုက်သွင်းထားတတ်ကြသည်။ လူအများနဲ့ သက်ဆိုင်သော အရေးကိစ္စများကို အလေးမထားချင်ကြပေ။ လက်ရှိကျနော်တို့ အဓိက ပြုပြင်ရန် လိုအပ်နေသည်မှာ နံပါတ်(၃) အချက်သာ ဖြစ်ပေသည်။ သစ်ပင်အကြီးတပင်ကို တယောက်ထဲ ခုတ်လို့ကတော့ မပြတ်မဟုတ် ပြတ်မည်တာ။ အချိန်အတိုင်းအတာ တခုတော့ စောင့်ရပေမည်။ အားလုံးသာ စိတ်နှလုံးသား ညီညွတ်ရင် ထိုသို့သော အပင်ကြီးများကို ခဏလေးနှင့် ခုတ်လှဲနိုင်ပေမည်။ ကျနော်တို့သည် ကိုယ့်ဟာကိုယ့် အားငယ်စိတ်မွေးနေကြသည်။ အလုပ်တခုကို မလုပ်သေးပဲနှင့် ဒီလို လုပ်လို့ကော ဘာထူးမှာတုန်း စသည်ဖြင့် ကိုယ့်ဟာကိုယ့် ဖြေသိမ့်နေကြသည်။ ကိုယ့်အတွက်သာ ကြည့်ပြီး လုပ်ဆောင်နေသော လူများသည် တကိုယ်ကောင်းသမားသာ ဖြစ်သည်။ အတ္တဆန်နေပေသည်။ ထိုသို့သော လူများကြောင့် နောက်ဆုံးရလာဒ်က ဘာလဲ ကျနော်တို့တိုင်းပြည် တဖြေးဖြေးဆုတ်ယုတ်လာသည်သာ။ မြန်မာပြည်တွင် နေ့စဉ် ထမင်းကြမ်းခဲနှင့် ရေသောက်နေရသူတွေ ဘယ်လောက် ရှိနေပြီလဲ။ မိဘမဲ့ကလေးတွေ တောင်းစားနေတဲ့ ကလေးတွေ ဘယ်လောက် ရှိနေပြီလဲ လက်ချိုးရေမရအောင် ရှိမည်မှာ မလွဲပေ။ တကယ်၍များ ထိုသို့သော် လူများထဲတွင် သင်ရဲ့ ဆွေမျိုးတွေများ ပါ

6 comments:

ဝါ၀ါ said...

တွေ့မိတွေးရာ ကိုလာဖတ်သွားတယ်နော်

ဝါ၀ါက တောင်ပေါ်သားတင်ထားတဲ့ သီးချင်းကို အရမ်းကြိုက်ပါတယ်

August 20, 2009 at 9:06 PM
အိုက်ခီလောက် said...

ချကွာဆော်ကွာ အားပေးတယ်
ပါးပါးလေးပုတ် တာကနေ ပြင်းလာပြီ ကတောင်ပေါ်
နင့်ပြောသလိုပဲ အားနာတာတို့  မဖြစ်တာတို့ စဉ်းစားနေရင်ဘာမှမဖြစ်လာဘူး လက်ခံတယ်
ေ၇းသွားတာလေးတွေကောင်းမှကောင်း ဆိုလိုရင်းကို ထိတယ်
ဒီထက်ပိုပြီးလုပ်ဆောင်နိုင်ပါစေကွာ ဆုတောင်းလျှက်
အတူတူလျှောက်လှမ်းကြတာပေါ့ လိုချင်တဲ့ ပန်းတိုင်ဆီကို

August 20, 2009 at 9:12 PM
flowerpoem said...

ကိုတောင်ပေါ်သား ထောက်ပြတဲ့ အချက်တွေက တော်၂များ၂ ပြုပြင်သင့်ပါတယ်... ဒါပေမယ့် အရိုးစွဲနေပြီလို့ထင်တယ်..

August 21, 2009 at 12:04 AM
စိုင်းစိုင်းလားရှိုး said...

ငတောင် ရေးချက်တွေ ပြင်းလာပြီ မှန်တယ်ကွဲ့ ရေးထားတာ ဒီထက်လဲ ရေးစရာတွေ အများကြီး ကျန်သေးတယ်။ မင်ကုန်သွားလို့နော့်။

August 21, 2009 at 5:22 AM
မိုးခါး said...

အင်း
flowerpoem ပြောသလိုပဲ တော်တော်က အရိုးစွဲနေပြီ ..
ပြင်နိုင်ဖို့ ကြိုးစားနေတာပါပဲ ..
ဒီလူတွေကြား ရောက်တော့ ဒီပုံပဲ ပြန်ဖြစ်ပြန်ပါရော ..
တဦးတယောက် ကောင်းရုံနဲ့တော့ မဖြစ်ဘူးလေ .. အားလုံး ၀ိုင်းဝန်း ပြုပြင်သင့်တာတွေပေါ့ ..

August 21, 2009 at 7:52 AM
ကိုလူထွေး said...

မျိုးဆက်နဲ့ချီပြီးတော့ ပျက်စီးအောင် ဖျက်စီးထားတဲ့ အဲဒီစနစ်ကြီးကို မုန်းတီးမိပါတယ်...

August 21, 2009 at 10:01 AM