အပန်းပြေသော ဟာသလေးများ (၆)
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ
တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လျှိုပြီးထမ်းပြီး ဦးထုပ်တွေရောင်းဖို့ထွက်လာတယ်တဲ့.. အဲ့ချိန်မှာနေကအရမ်းပူတော့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ် . လမ်းတစ်ဝက်မှာ ညောင်ပင်ကြီးတစ်ပင်အောက်ရောက်တော့ မောပန်းလွန်းလို့ နားလိုက်တာ အိပ်ပျော်သွားတယ်တဲ့
အိပ်ယာကနိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး . . ။
သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ဦးထုပ်ပဲကျန်တော့တယ် . . ။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲ
လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ်ရောက်ကုန်တယ် . . ။ အဲဒီ
ဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး အကြံထုတ်တယ် . . ။ သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြသာနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်. . ။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်. . ။
သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေမြင်သာတဲ့နေရာကိုထွက်လိုက်တယ် . . ။
မျောက်တွေမြင်လောက်ပြီထင်တော့မှာ ဦးထုပ်ကိုချွတ်ပြီးခေါင်းကုတ်ပြတယ် . . ။
မျောက်တွေကလည်း သူ့ကိုအတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ် . . ။
ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်. . .။
မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ် . . ။
ဒီတော့မှ သူဟာ မျောက်တွေပစ်ချတဲ့ ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး ခြင်းထဲထည့်လိုက်တော့တယ်. . ။
ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်တယ် . . ။
နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက ဦးထုပ်အရောင်းထွက်သတဲ့ .. ။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့ . . ။ ခြေပစ်လက်ပစ်နားရင်း အိပ်ပျော်သွားတယ်. . ။
အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး. . ။ ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ်ရောက်နေတယ် . . ။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ် . . ။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ် . . ။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ် . . ။ သူကဦးထုပ်တွေနဲ့ယပ်ခက်ပြပြန်တယ် . . ။ မျောက်တွေကလဲ သူ့တို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ် . . ။
နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ် . . ။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကိုမော့ကြည့်တယ်. . ။ ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး..။ လက်ထဲမှာ အသေဆုပ်ကိုင်ထားကြတယ် . . ။ သူလည်းအံ့သြငေးမောကြည့်နေတုန်းမျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့. . ။
သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ် . . ။
``မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ ´´ တဲ့ . . ။
၂)သူ့အကြောင်းပြချက်
လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေကအမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
/>“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။
ဂျူရီလူကြီးတွေကအမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။
“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့
အကြောင်းပြချက်ကို ပြောလိုက်ပါတယ်။
၃)မယုံမရှိနဲ့...
မိုးခေါင်ရေရှား ရပ်ဝန်းက တောင်သူခွင်တွေမှာ ရေးထားတဲ့ ဆိုင်းဘုဒ်တွေက...
`သေချာအောင် နေကြာစိုက်..´ တဲ့..။
နောက်နှစ်ရက်ခန့်ကြာတော့ ဆိုင်းဘုဒ်တခုရဲ့ စာတမ်းအောက်ကနေ ထပ်ဖြည့်ထားတာကတော့..
`သွားမလုပ်နဲ့ ဟင်း.. နွားပြုတ်သွားမယ်..´ ဟူသတဲ့..။
၎)အမွှာ...
အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ" အမွှာထဲကတစ်ယောက်က ပြောလိုက်သည်မှာ "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"
ဟူသတဲ့....။
၅)စိတ်တာချ...
ရွာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။ ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊ မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက အမြင်ကပ်သတဲ့။ သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ
သား ။ ။ ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင် အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့ မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -
... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ... မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းနဲ့ သူတို့တွေက မောင်နှမမဟုတ်ဘူးဆိုတာ အမေ အာမခံတယ် ဟူ၍...
စာကြွင်း။ ။ ဟာသများကို မောင်ကောင်းထိုက်နှင့် Manutdfan မှ တဆင့် ကူးယူဖော်ပြပေးထားပါတယ်။ ဟာသများတောင်းဆိုသူများအတွက် နောက်ကျသွားတာ တောင်းပန်ပါတယ်။ ခုတလော အလုပ်တွေကများနေလို့ပါ။း)
လေးစားလျက် တောင်ပေါ်သား
13 comments:
ပထမဆုံးဟာသကိုကြိုက်တယ်။ ဘာမဆိုင်ညာမဆိုင်တောင်တွေးမိတယ်။ ဟိုကောင်ဟိုဒင်းတွေလဲမြေးတွေမွေးထားတော့နောင်ဆိုရင်သူလဲအဲဒိလိုများပြောမလားလို့.... စကားမစပ်ပါဗျာ...
August 27, 2009 at 6:27 PMနံပါတ် ၃ကို နားမလည်ဘူး .. :D
August 27, 2009 at 8:47 PMစိတ်ညစ်နေတုန်း ဟာသလေး ဖတ်ရတာ အနည်းငယ် ပြန်ကြည်သွားသဗျ...
August 27, 2009 at 8:56 PMပြုံးမိသွားတယ် ဆရာရ။ =]
August 27, 2009 at 9:29 PMမိုးလေးကအေး... ရုံးမှာ ပျင်းပျင်းနဲ့ငိုက်နေတာ.. ဒီ ဟာသ လာဖတ်လိုက်တော့... တော်တော် မျက်လုံးကျယ်သွားတယ်... 1 ကိုဖတ်ပြီး အတွေးလေး တွေ ရသွားတယ်... 5 ကိုဖတ်ပြီး ဒေါ်ချော ရဲ့ အပြောကို သဘောကျတယ်...း))
August 27, 2009 at 9:35 PMဟာသတွေကမိုက်တယ် :P
August 27, 2009 at 10:59 PMဦးထုပ်နဲ့ မျောက်ဟာသကို သဘောကျတယ်....။
August 28, 2009 at 12:41 AMအတွေးကောင်းတဲ့စာစုမှန်သမျှ နှစ်သက်ပါတယ်။
ပြုံးပြုံးရွှင်ရွှင် ဖြစ်စေတဲ့စာစုလေးတွေ ဝေမျှတာ ကျေးဇူးပါဗျာ...။
ဟာသများဖတ်ပြီး ရီမောသွားရတယ် တူမောင်ရေ။ ပထမဆုံးတပုဒ်ကို ပိုကြိုက်တယ်။ :)
August 28, 2009 at 11:53 AMဟာသရော အတွေးရော ... ကောင်းတယ်ဗျာ ရယ်ရတယ် :)
August 30, 2009 at 6:51 AMကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။”
August 30, 2009 at 9:47 AMအဟေးဟေးဟေး.. ဟုတ်တာဘဲဟာ မမှားဘူး အမှန်ဘဲ..။
၁ နဲ့ ၂ ကို အကြိုက်ဆုံးပဲ
September 1, 2009 at 5:58 AM:D
September 18, 2009 at 6:47 AMsense ပါတဲ့ ဟာသလေးတွေ ဖတ်ရတော့ ဆရာ ဦးအောင်သင်းပြောတာ သွားသတိရတယ်....သွားကိုသတိရတာမဟုတ်ဘူးနော် ..ဟီး...:P...အနုပညာ တို့ ကာတွန်းတို့ ဟာသ တို့ ဆိုတာ တွေးပြီးရီရ မှ တဲ့ ......ကြိုက်တယ်ဗျာ....blog ရေးနည်းလေးလည်း သင်ပေးပါအုံး အားလို့ရှိရင်နော
September 19, 2009 at 5:37 AMPost a Comment