ချစ်သူသို့ ၎
မမျှတတဲ့ကံကြမ္မာရဲ့ ရိုက်ချက်တိုင်း
ငါအလူးအလဲနဲ့ ခံနိုင်ခဲ့တယ် ရုန်းထခဲ့တယ်
ဒါပေမဲ့ မင်းရဲ့ပျော့ပျောင်းတဲ့ ရိုက်ချက်လေးတခုကိုတော့
ငါမခံနိုင်ခဲ့ဘူးလေ အလူးအလဲနဲ့ ကျရှုံးခဲ့ရတယ်
ချစ်သူ.....
ဘ၀နှစ်ခုကို ပေါင်းစပ်ဖို့
ချစ်ခြင်းတွေလိုအပ်သလို သံယောဇဉ်တွေလည်း
လိုအပ်နေတယ်ဆိုတာ ငါယုံကြည်နေဆဲပါ
ဘာလို့များ မင်းမယုံကြည်ချင် ဟန်ဆောင်နေခဲ့တာလဲ
ချစ်သူ.....
ပျော်ရွှင်နေခဲ့တဲ့ ဟိုအချိန်တွေကို
တမြေ့မြေ့တွေးပြီး ခံစားနေရတာ
ယောင်ချာချာ တယောက်ထဲ အထီးကျန်နေခဲ့တာ
မင်းမသိချင်ဟန်ဆောင်နေတာလား
ချစ်သူ.....
မင်းအတွက် နှလုံးသားတခုကို အရင်းတည်လို့
အချစ်တခုကို ငါမွေးဖွားခဲ့ရတာပါ
လိုအပ်ချက်တိုင်းဟာ ငါ့အပြစ်တွေပဲလား
ငါကိုယ်တိုင်လဲ သေချာမသိခဲ့တော့ဘူး
ချစ်သူ.....
အချစ်အတွက် သတ္တိတွေ မွေးဖွားခဲ့တယ်တဲ့
ဘယ်စာဆိုက မိန့်ကြားခဲ့သလဲ
မင်းနဲ့ငါတို့ နှစ်ယောက်ကြားမှာ လိုအပ်ခဲ့တာ
အဲ့ဒီမိန့်ခွန်းလေး တခုတည်းပါ
ချစ်သူ......
လေးစားလျက် တောင်ပေါ်သား
8 comments:
အဟေဟးးးး တစ်တောင် ရလိုက်သေးတယ် ဗျ
July 6, 2009 at 7:55 AMကဗျာလေးကို ဘာမှမဝေဖန်ပဲ အေးဆေးပဲ ဖတ်ရူသွားတယ်ဗျို့
July 6, 2009 at 8:15 AMအရေးအသားပြေပြစ်တဲ့
July 6, 2009 at 11:25 AMကဗျာကောင်းတစ်ပုဒ်ပါရှင်
ဆက်လက်အားပေးနေပါတယ်
:)
July 6, 2009 at 3:47 PMချစ်သူအတွက်ရေးထားတဲ့ကဗျာလေးကို
July 6, 2009 at 5:49 PMမဆီမဆိုင် လာခံစားသွားပါတယ်။
ပျော်ရွှင်ပါစေ။
အချစ်ဆိုတာ လျှို့ဝှက်ချက် တစ်ခုပါ
July 7, 2009 at 5:43 AMသြော်
July 8, 2009 at 12:01 AMကိုဖိုးစိန်က အမြန်ဆုံးလာပါတော့မယ်တဲ့
အားမငယ်နဲ့တော့နော် :P
ပျော်ရွှင်စွာ တသက်လုံးပေါင်းဖက်နိုင်ပါစေလို့ လာဆုတောင်းတယ်နော်။ အဆိပ်ခွက်အိမ်မှာတွေ့လိုက်လို့ အပြေးလာတာ။ နွေးနွေးရေ လှတယ်နော့။
July 8, 2009 at 11:19 AMPost a Comment