Friday, May 15, 2009

ဇင်ဘာဘွေ


ကမ္ဘာပေါ်မှာ ရှိကြတဲ့ နိုင်ငံတိုင်းမှာ လူသားစာနာထောက်ထားမူတွေ၊ တယောက်နဲ့ တယောက်အပြန်အလှန် နားလည်မူလေးတွေ ၊ လူတယောက်ကို လူတယောက်လိုသဘောထားပြီး ဆက်ဆံတတ်ရင် အဲ့ဒီနိုင်ငံကြီးဟာ စည်ပင်သာယာနေမှာ အမှန်ပါပဲ။ ဒီလိုတွေးလိုက်လို့ အရင်ဆုံးပြေးမြင်လိုက်တာက အမေရိကန်နိုင်ငံကိုပါ။ အနောက်နိုင်ငံတွေကို အားကျတာ မဟုတ်ပေမဲ့ သူတို့ရဲ့ လူသားတွေအပေါ် (ပြည်သူ)ထားတဲ့ စိတ်ဓါတ်ကို ကျနော် သဘောကျပါတယ်။ လွန်ခဲ့တဲ့ ရက်ကပဲ စစ်ကားတကားကြည့်ဖြစ်ပါတယ်။ သူတို့ရဲ့အဖော် စစ်သားတယောက်ကျဆုံးသွားရင်တောင်မှ မရရအောင် ဘာလေးပဲဖြစ်ဖြစ် မိသားစုအတွက် ပြန်လည် ယူလာပေးကြပါတယ်။ တကယ်တမ်းတော့ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီ ရလို့ဒီလိုဖြစ်နေလားလို့ ပြောရင်တော့ ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ အပြည့်အ၀တော့ လက်မခံနိုင်ပါဘူး။ အမေရိကန်နိုင်ငံမှာလဲ အရမ်းကို ဆိုးသွမ်းတဲ့ စရိုက်တွေ ရှိနေမှာပါပဲ။ အမေရိကန်နိုင်ငံရောက်တဲ့ လူတိုင်းဟာ လူဖြစ်ပင်မေ့ စိတ်ဓါတ်ချင်းကတော့ တူမှာမဟုတ်ပါဘူး။

သတင်းတပုဒ်ဖတ်လိုက်ရပါတယ်။ ကမ္ဘာ့ရဲ့ပေါ်မှာ အဆင်းရဲဆုံးထဲက နိုင်ငံတနိုင်ငံဖြစ်တဲ့ ဇင်ဘာဘွေနိုင်ငံအကြောင်းပါ။ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေရောက်နေ ဇင်ဘာဘွေ အစိုးရကတော့ အေးဆေးပါပဲ။ သူတို့ ကောင်းစားဖို့ပဲ ကြည့်ကြတာကိုး။ မနက်စာထမင်းတနပ် စားရဖို့ ဇင်ဘာဘွေ ပိုက်ဆံ ဆာလာအိတ် တအိတ်စာလောက် သယ်သွားရတာကိုကြည့်ရင်ပဲ ဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာ သိသာပါတယ်။ ဒါပေမဲ့ အုပ်ချုပ်သူ အစိုးရကတော့ တင်းခံနေဆဲပါ။ မိုက်ရူးရဲ ဆန်နေဆဲပါ။ ပြည်သူတွေက အစာကို ၀၀လင်လင်မစားရတော့ ပြန်ပြီး ခုံခံနိုင်မဲ့လူက နဲနေပါတယ်။ ပြန်ခုခံတဲ့ လူတချို့ကိုလဲ လက်နက်အားကိုး အာဏာအားကိုးနဲ့ မတွန်းလှန်နိုင်အောင် လုပ်ထားကြပါတယ်။

ကျနော်ရဲ့ အမြင်အရဆိုရင် တကယ်တမ်း ဖြစ်သင့်တာက သူတို့ဇင်ဘာဘွေအစိုးရ အုပ်ချုပ်နေချင်တယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့ထမင်းရှင် ပြည်သူတွေကို အပြည့်အ၀ထောက်ပံ့သင့်ပါတယ်။ အစိုးရတခုဆိုတာ ပိုက်ဆံမရှိပါဘူး။ အဓိက သူတို့ရတာက ပြည်သူတွေဆီကပါပဲ။ ဒီတော့ ပြည်သူတွေကို ပြန်လည် ကြည့်ရှုသင့်တယ်လို့ မြင်မိပါတယ်။ လက်ရှိ စင်ကာပူ အနေအထားကို ကြည့်မိပါတယ်။ တကယ်တမ်း စင်ကာပူအစစ်တွေဟာ သူတို့ အစိုးရကို မုန်းတီးတာကို တွေ့ရပါတယ်။ Taxi စီးလိုက်ရင် ဘယ်အခွန်ကတော့ဖြစ် ဘယ်လိုတိုးကောက်တာ အစချီပြီး သူတို့အစိုးရ မကောင်းကြောင်း ပြောတတ်ပါတယ်။ ဒါပေမဲ့ သူတို့လက်ခံနေပါတယ် ဘာလို့လဲဆိုတော့ စင်ကာပူအစိုးရက ပြည်သူတွေဆီက ယူတယ်။ ထိုက်သင့်သလောက်တော့ ပြည်သူတွေအတွက် ပြန်လုပ်ပေးပါတယ်။ ရေရှားတယ်လို့ ပြောတဲ့ စင်ကာပူမှာ ရေကို ကြိုက်သလို သုံးနိုင်ပါတယ်။ မီးမပြတ်ပါဘူး သွားရေးလာရေး စသည်ဖြင့်ပေါ့ဗျာ... ဇင်ဘာဘွေနိုင်ငံမျိုးနဲ့ တခြားစီပေါ့ဗျာ.. အားလုံးပဲ စိတ်ဓါတ်လေးတွေ ကောင်းနေရင် အကောင်းဆုံး ဖြစ်မှာပါပဲ။ မတရားသဖြင့် ခံနေရသူများအားလုံး လွတ်မြောက်ပါစေဗျာ....



လေးစားလျက် တောင်ပေါ်သား



ဘာမှ မရှိတော့ပါဘူးဗျို့.. အဟီးးးးးးးးးးးးးးးး စတာ

12 comments:

စိုင်းစိုင်းလားရှိုး said...

ခံစားသွားပါတယ်ကွာ

May 15, 2009 at 1:32 PM
မိုးခါး said...

ဟုတ်ပါတယ် ..
အယူချည်းပဲကတော့ကောင်းဘူးပေါ့ ..း)
(လျှာရှည်သွား၏ :D)

May 15, 2009 at 1:43 PM
တလနွန် said...

ဇင်ဘာနိုင်ငံလို နိုင်ငံမျိုးလေးလည်း ရှိပါသေးတယ်
သိတယ်ဟုတ်...ဇင်ဘာနိုင်ငံသားတွေအားလုံးအတွက်
မတရားတာကို တွန်းဖယ်နိုင်မဲ့တစ်ရက် ရှိလာအုံးမယ်လို့ 
မျှော်လင့်မိပါတယ်။

ခင်မင်ခြင်းနှင့်
တလနွန်

May 15, 2009 at 2:12 PM
ဂျပန်ကောင်လေး said...

ပေါ်ပေါ်ရေ.. သူများမျက်ချေးမြင် ကိုယ့်မျက်ချေးမမြင်. ဇင်ဘာဘွေကိုနောက်မှကြည့်.. ......... ကိုအရင်ကြည်..း)

May 15, 2009 at 2:32 PM
Anonymous said...

ဒီလိုနိုင်ငံလေးနဲ့ အလားတူတဲ့ နိုင်ငံတွေ အမျာကြီးရှိတယ်နော်။ စိတ်မကောင်းဘူး မရောင် ကိုယ်တိုင်အပါ အ၀င်ပေါ့။ စိတ်ဓါတ်လေးတွေ ကောင်းစေချင်ပါတယ်ရှင်။

ခင်မင်လေးစားလျှက်
မေတ္တာရောင်ပြန်

May 15, 2009 at 3:02 PM
နေလင်း said...

အင်း.. ဖတ်မှတ်သွားပါတယ်.. ညီလေးရေ... :(

May 15, 2009 at 3:12 PM
Sein Lyan Tun said...

သားတော်မှာ မပြောလိုပါ
မပြောချင်ပါ
တိတ်တိတ်နေခြင်းသည်
ပြောသွားခြင်းထက် အများကြီးအဓိပါယ်သက်ရောက်ပါတယ်
ကိုကိုပေါ်တစ်ယောက် ပြောချင်ခဲ့သေားစကားများကို
ကြားနိုင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

May 15, 2009 at 3:18 PM
EEK said...

ဇင်ဘာဘွေတောင်မှ အတိုက်အခံ အစိုးရကို အာဏာလွှဲပေးလိုက်တာ ရက် ၁၀၀ ပြည့်ခါနီးပါပြီ။
အတိုက်အခံ အစိုးရ တက်လာပြီး ငွေကြေး ဖောင်းပွမှုကို အတန်အသင့် ထိန်းသိမ်းပေးနိုင်ပြီး တခြား တိုးတက်မှုတွေလဲ မြင်ရလို့  ပြည်သူတွေမှာ ကျေနပ်နေကြပြီလေ။
တို့ များမှာတော့ ဘယ်တော့လဲ လို့ ပဲ မေးရမှာပဲ။

May 15, 2009 at 5:28 PM
Anonymous said...

သူများနိုင်ငံတွေ မပြောပါနဲ့ဦးဗျာ ကိုယ့်နိုင်ငံအကြောင်း လေးလဲပြောပါဦး...

May 15, 2009 at 11:47 PM
kiki said...

ဪ ..ကိုတောင်ပေါ်ကလည်း ရှင်းရှင်းဘွင်းဘွင်းရေးမှပေါ့ ။
ဘာလို့  ရှည်ရှည်ဝေးဝေး ဇင်ဘာဘွေတွေ ဘာတွေ လုပ်နေရတာလဲ ။ ဟင်း ။။ ဖတ်ရတဲ့သူ စိတ်မရှည်အောင်
ရှင်းရှင်းပြောပါလား လို့  .
ဗမာတွေ နေတာ ဗမာပြည်လေ ။ အဟဲ ။
ဗမာတွေဘဲံ ဗမာပြည် အကြောင်း ခရေစေ့ တွင်းကျ သိပေမပေါ့ ။
တော်မလှန်ရင် ကျုပ်လှန်မှာနော် ။။.
ခင်မင်လျှက်
အမ ကိကီ။ :)

May 16, 2009 at 1:49 AM
အိုက်ခီလောက် said...

အဟား မကြီးကီတော့ရေးသွားတာရှင်းလို့ 
တောင်ပေါ်နင့်တော့သေချာတယ်
ကားပြာလေးတော့လာကြိုတော့မယ်
လုံခြုံအောင်အစောင့်အရှောက်ကလည်း ထပ်ကြပ်မကွာဗျာ
ရန်လာရှာမှာစိုးလို့ တံခါးတောင်သော့ခတ်ထားသေး အဟိ

May 16, 2009 at 2:29 AM
ခီခန့် said...

ဟဟ...
ကိုတောင်ပေါ်သားတော့ သူတို့နိုင်ငံသွားရင် ဆာလာအိပ်နဲ့ ပိုက်ဆံယူသွားနော်...
ဟုတ်ပြီလား.. အခု မြန်မာ မှာတောင် ဈေးဝယ်ထွက်ရင် ပိုက်ဆံကို ဈေးခြင်းထဲထည့်နေရပြီ ဘယ်အချိန် ဆာလာအိပ်နဲ့ ထည့်ရမလဲ မသိဖူး..။

May 16, 2009 at 7:10 AM