Wednesday, May 13, 2009

လိုအပ်ချက် နဲ့ အလိုအပ်ဆုံး



Tag ပိုစ့်လေးပါ။ လူရယ်လို ဖြစ်လာရင် ဘ၀မှာ လိုအပ်ချက်တွေနဲ့ ပြည့်နေတာ များပါတယ်။ တကယ့်ကို တရားမပေါက်တရွှေ့ကတော့ဖြင့် လိုအပ်ချက်တွေ တခုမဟုတ် တခုဖြစ်နေဦးမှာပါပဲ။ ဒီလိုပဲ ကျနော်လဲ လူသားတွေထဲက လူသားတယောက်ဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ရှိသလို ကိုယ့်ဘ၀မှာ အလိုအပ်ဆုံးတွေလဲ ရှိခဲ့ပါတယ်။ လက်ရှိလဲ ရှိနေဆဲပါပဲ။ ဒါပေမဲ့ လူတိုင်းဟာ ကိုယ့်လိုချင်တာတွေတိုင်းတာ ရနေမယ်ဆိုရင် ဒီလောကကြီးမှာ နေရတာ ပျော်စရာကောင်းတဲ့ နေရာရှိတော့မယ် မထင်ပါဘူး။ အရာအားလုံးကို ဘုရားသခင်က ဖန်တီးပေးပြီးသားပါ။ ဒီလူတယောက်ရဲ့ ဘ၀မှာ ဘာတွေ ဖြစ်မယ် ဘာတွေ လုပ်ရမယ် ၊ဘယ်အရာတွေကတော့ဖြင့် အောင်မြင်မယ်၊ ကျရှုံးမယ် ဒါတွေကို ကျနော်တို့ ကိုယ်ပိုင် ဖန်တီးလို့မရပါဘူး။ ဒါတွေက ကြိုတင်သတ်မှတ်ပြီးသားလို့ ကျနော်ကတော့ ခံယူပါတယ်။ ကျနော်ထင်မြင်တဲ့ လိုအပ်ချက်များကို စဉ်းစားပြီး ရေးလိုက်ပြီဗျာ.....

၁) စစ်မှန်တဲ့ ဘာသာရေးအသိစိတ်

အမှန်ပါ။ ကျနော်လိုအပ်ချက်လေးထဲမှာ ဒါကထိပ်ကနေ ပါပါတယ်။ လက်ရှိအချိန်မှာတော့ ဘ၀အတွက် ရုန်းကန်နေရတာပါ။ ဒီအတွက် ဘာသာတရားကို ထင်သလောက်၊ လုပ်ချင်သလောက် မလုပ်နိုင်ပါဘူး။ တခါတလေ အပြစ်မလွတ်တဲ့ အရာတွေပါ လုပ်မိတတ်ပြန်ပါတယ်။ ဒီအတွက်တော့ မကောင်းဘူးပေါ့ ဒီတော့ ဘာသာတရားတခုရဲ့ ပြည့်စုံတဲ့အနှစ်သာရ တခုကို ရချင်ပါတယ်။ ဒါဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အနှစ်သာရကို သိမှာလူဖြစ်ရတာ အဆင်ပြေပါတယ်။ အကယ့်တော့ ဘာသာတရားရဲ့ အနှစ်သာရကို သိမြင်ခဲ့ရင် ဒီကမ္ဘာပေါ်မှာ စစ်ဆိုတာလဲ ရှိမယ်မထင်ဘူး၊ ပြီးတော့ မတရား ဗိုလ်ကျ အုပ်ချုပ်နေတဲ့ အစိုးရတွေ ဆိုတာလဲ ရှိလာမှာမဟုတ်ပါဘူး။ တကယ့် အနှစ်သာရ သိချင်ပါတယ်။ ခုလက်ရှိကတော့ အစွန်းရောက်နေတဲ့လူတွေတချို့ကြောင့် .......

၂) အမေ

ငယ်စဉ်ကတည်းက ဖခင်မဲ့ခဲ့တဲ့ ကျနော်အတွက် အမေက ဘယ်အရာရာနဲ့ နှိုင်းယှဉ်ယှဉ် ပထမပါပဲ။ ကျနော်ရဲ့ ဘေးနားမှာ ကျနော့်အမေအမြဲရှိနေဖို့လဲ လိုအပ်ပါတယ်။ ခုလို သူတပါးတိုင်းပြည်မှာ နေထိုင်ရတော့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ သံယောဇဉ်တွေကို ပိုသိတတ်နားလည်လာပါတယ်။ ဖြစ်နိုင်ရင် ကျနော်ရဲ့ လုပ်အားခလေးတခုထဲနဲ့ အမေ့ကို လိုလေသေးမရှိ သက်တောင့်သက်သာ ထားချင်တာပါ။ လက်ရှိအချိန်မှာတော့ ကျနော်ရဲ့ ရည်မှန်းချက်က မပြည့်လာသေးပါဘူး။ အမေလဲ သူ့ဟာသူ ရုန်းကန်နေရဆဲပါ။ တချိန်မှာတော့ ကျနော်အမေကို ကျနော်ထားစေချင်သလို ထားပေးနိုင်မယ်လို့ ယုံကြည်နေဆဲပါ။ ကျနော် စိတ်ဓါတ်တွေ ကျနေရင် ကျနော်ကိုဘေးကနေ အမြဲအားပေးနေတဲ့လူဟာ အမေပါပဲ။ ဒီအတွက်ကျနော်ဘ၀မှာ အမေဟာ ကျနော်ရဲ့ မရှိမဖြစ် လိုအပ်ချက်လေးဖြစ်ပါတယ်။


၃) ဆွေမျိုးအသိုင်းအ၀ိုင်း

တခါတလေ လောကမှာ ဆွေမျိုးထက် သူစိမ်းက ပိုကောင်းတယ်လို့ လူတချို့ပြောဖူးကြတာတွေ့ရပါတယ်။ ဒါပေမဲ့ တချိန်ချိန်မှာတော့ ဆွေမျိုးအသိုင်းအ၀ိုင်းရဲ့ မေတ္တာ၊ ထောက်ခံမူတွေကို လိုအပ်လာတတ်ပါတယ်။ ဒီအတွက် ဆွေမျိုးသားချင်းဆိုတာ မခေါ်ချင်ရင်တာရမယ်၊ မတော်ချင်လို့ မရပါဘူး။ ဒါလဲ လိုအပ်ချက်တမျိုးပေါ့။ ကျနော်တယောက်ထဲ အမြင်ဆိုရင် ကျနော်အပေါ် ဆွေမျိုးတိုင်းက ကောင်းမွန်ကြပါတယ်။ ချစ်ခင်ကြပါတယ်။ ကျနော် ဦးလေးဆို ကျနော်ကို သူ့ရဲ့ သားတယောက်လိုကို ချစ်တာပါ။ အရာအရာ ပံ့ပိုးကူညီပေးပါတယ်။

၎) သူငယ်ချင်း

ကျနော်ကြုံတိုင်း ပြောခဲ့ဘူးပါတယ်။ ကျနော့်ဘ၀မှာ သူငယ်ချင်းတွေလဲ အလိုအပ်ဆုံးတခုပါပဲ။ တယောက်ထဲ အထီးကျန်စွာနေနေတဲ့ လူတွေ ကျနော် မြင်ဖူး၊ တွေ့ဖူးပါတယ်။ သူတို့တွေဟာ အောင်မြင်နေတုန်း ပြဿနာမဟုတ်ပေမဲ့ ကျရှုံးမူ တခုခုဖြစ်လာရင် သူတို့ရဲ့ စိတ်ဓါတ်က မထိန်းသိမ်းနိုင်အောင် အောက်ဆုံးကို ကျသွားတတ်ပါတယ်။ ကျနော်ဆို ခု စင်ကာပူကိုရောက်နေတဲ့ ၁ နှစ်ကျော်အတွင်း စိတ်ညစ်တယ်ဆိုတာ ခပ်ရှားရှားပါ။ မိသားစုကိုလွမ်းတာကတော့ ရှိတာပေါ့။ အလုပ်ရဲ့ Pressure လဲ ခံရတာရှိပါတယ်။ ဒါပေမဲ့ ကျနော် စိတ်ဓါတ် တခါမှ မကျဖူးပါဘူး။ ဒါဟာ ဘာလို့လဲ ဆိုတော့ ကျနော်မှာ သူငယ်ချင်းတွေ ရှိနေလို့ပါ။ ကျနော် အလုပ်မှာ ပြဿနာကြုံရင်လဲ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပါတယ်။ သူတို့တွေ ဘေးကနေ အားပေးပါတယ်။ သူတို့ဖြစ်ရင်လဲ ဒီအတိုင်းလုပ်လေ့ရှိပါတယ်။ တယောက်နဲ့ တယောက် ညီအကိုလို နေကြပါတယ်။ ဒါလဲ ကျနော်ဘ၀မှာ လိုအပ်ချက်တခုပါပဲ။

၅) အိမ်ထောင်ဖက်

အဟဲ ဒါကတော့ လူတိုင်းအချိန်တန်တော့ ရမှာပါ။ ကျနော်လဲ လိုအပ်ပါတယ်။ တဦးနဲ့တဦး နားလည်ပေးနိုင်တဲ့သူ၊ မိဘကလဲ သဘောတူကြည်ဖြူရင်တော့ အိမ်ထောင်ပြု ဖြစ်မယ်ထင်ပါတယ်။ ခုလက်ရှိကတော့ သူငယ်ချင်းတွေနဲ့ပဲ ဘောလုံးသွားကန်လိုက်... ထမင်းစားလိုက်.. အလုပ်သွားလိုက်... အိပ်လိုက်.... ဒါတွေနဲ့ အချိန်ဖြုန်းနေပါသေးတယ်။ ကျနော်ကတော့ တကယ်ကြိုက်တယ်ဗျာ.. ရည်းစား မရှိတဲ့ Life ကိုပြောတာနော့်.... ဒါကလဲ လူတယောက်ချင်းရဲ့ စိတ်အပေါ်မှာ မူတည်ပါတယ်။

စကားမစပ် လက်ရှိတော့ အလုပ်ရှင် Boss ဆိုတာကြီး သဘောကောင်းပြီး လစာတိုးပေးဖို့က ကျနော်ရဲ့ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်နေတယ်ဗျ.. အဟီးး (မထင်ပေါင်... အလုပ်မပြုတ်သေးတာ ကံကောင်း)


ကဲတော်ပြီဗျာ.. အဆိပ်ခွက်ရေ ကျနော်တော့ ဟုတ်လား မဟုတ်လား မသိဘူး ရေးလိုက်ပြီဗျာ....း) ထပ် မတက်ဂ်တော့ပါဘူး။။ တက်ဂ်လိုက်ရင် အားလုံး အရှက်တွေ ကွဲကုန်မယ် အဟားဟား......




လေးစားလျက် တောင်ပေါ်သား

13 comments:

အဆိပ်ခွက် said...

အရင်မန့်လိုက်မယ် နောက်က ချောင်းနေတဲ့လူရှိတယ် ပြီမှ သေချာ ပြန်ဖတ်ပြီး မန့်မယ်:P

အဆိပ်ခွက်

May 13, 2009 at 11:56 AM
အဆိပ်ခွက် said...

သေချာဖတ်ပြီးသွားပြီး.... ကောင်းပါတယ် ဗျ.... တစ်ယောက်တစ်မျိုးနဲ့ လိုအပ်တာတွေရှိနေ မြဲပါ....

ခင်မင်လျှက်
အဆိပ်ခွက်

May 13, 2009 at 11:59 AM
Sein Lyan Tun said...

လိုအပ်ချက် (၁) ကနေ (၄) အထိ
အကြွင်းမဲ့ထောက်ခံပါတယ်
လိုအပ်ချက်(၅)ကကြော်ငြာဝင်သွားတယ်ထင်တယ်နော့်
လိုအပ်ချက်နဲ့လိုအပ်ဆုံးကိုပြောတာထက်
ကြော်ငြာလေးကကြားဖြတ်သွားတယ်
လိုအပ်ချက်တွေ အလိုအပ်ဆုံးတွေ
မတောင်းတပဲနဲ့အမြဲတမ်းပြည့်နေပါစေလို့
း)
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

May 13, 2009 at 1:15 PM
neking said...

အင်းပေါ့လေ။အားလုံးကိုလက်ခံပါတယ်ဗျာ

May 13, 2009 at 1:18 PM
စိုင်းစိုင်းလားရှိုး said...

ငတောင် တစ်ခုလိုသေးတယ်လေ နင်ဟိုနေ့ကပြောတော့ ဖွလိုက်ရမလား

May 13, 2009 at 1:40 PM
Anonymous said...

အမှန်ပါပဲ အဲဒီလိုအပ်ချက်လေးတွေ။ ဘာရေးရမှန်းမသိသေးလို့ လာဖတ်သွားတယ်။ လိုတာတွေက များနေတယ်လေ။ ရေးမလောက်ပဲ။ :)

ခင်မင်လျှက်
မေတ္တာရောင်ပြန်

May 13, 2009 at 1:40 PM
မိုးခါး said...

တောင်ပေါ်ရေ .. လိုအပ်ချက်တွေ အလိုအပ်ဆုံးတွေ ပြည့်စုံပါစေ ..
အမေချစ်တဲ့သားပဲ .. အမေ့အပေါ်ဖြည့်ဆည်းပေးချင်တာတွေ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ပါစေ ..
သူဌေးက စိတ်ကောင်းစေတနာတွေဝင်ပြီး လခတွေလည်း အများကြီးတိုးပေးလိုက်ပါစေ .. :)
ပျော်ရွှင်ပါစေ

May 13, 2009 at 1:45 PM
flowerpoem said...

လိုအပ်ချက်တွေ အမြန်ဆုံးပြည့်ပါစေ.

May 13, 2009 at 4:11 PM
Ree Noe Mann said...

လိုအပ်ချက်တွေကို အလိုအပ်ဆုံး အချိန်တွေမှာပြည့်စုံပါစေဗျာ.

ခင်မင်လျှက်
ရီနိုး

May 13, 2009 at 11:35 PM
Maung Myo said...

နံပါတ် ၅ လိုအပ်ချက်ကို မြန်မြန်ရှာာာ

May 14, 2009 at 3:18 PM
kiki said...

အပ်ချလောင်းးးး
မောင်တောင်ပေါ် အား.. အာလာဒင် မီးခွက် တခု ပေးသနားတော် မူလိုက်၏ ။ လိုအပ်ချက်များ ပြည့် စေသတည်း ။ တလ မှာ တမျိုးသာ တောင်းဆို ခွင့် ရှိပါ၏ ။ ဒီလ အတွက် အသင် ဘာကို လို အပ်နေ ပါသနည်း ။ ရစေသတည်း ။။ ရစေသောဝ်

မကြီး ကိ...

May 14, 2009 at 3:22 PM
Anonymous said...

လိုအပ်ချက်တွေများနေပါလားဗျ... ကြိုးစားထား
ဗျို့.. ခက်တော့ခက်သားဗျာ တကယ်သာလိုအပ်
ချက်တွေ ရေးရင်တော့ ကုန်မှာတောင် မဟုတ်ဘူး

May 14, 2009 at 5:27 PM
နေ့အိပ်မက် said...

ရှိရှိသမျှ လိုအပ်ချက်တွေအကုန် ပြည့်စေသတည်း..... :P
:P

May 16, 2009 at 7:39 PM