မာယာ

မျက်နှာချင်းဆိုင် လူချင်းတွေ့ရင်
အပြုံးကဝေ အချစ်တွေပြ
မသိခဲ့ရင် အချစ်ကိုများ သူတယောက်ထဲ
မက်မက်မောမော ကိုးကွယ်သူအလား
ကွယ်ရာရောက်ရင် လူမမြင်ရင်
တွဲနေလိုက်တာ တယောက်ပြီးတယောက်
သူခိုးသူဝှက် လူပုံလည်မှာ အရှက်ကွဲသလို
ဖြစ်နေမှာဖြင့် သူမတွေးမိ
မာယာကျော့ကွင်း ဆင်းသက်ခဲ့မိ
ဒီအမိုက်မှောင် မမြင်ခဲ့တော့ အလင်းပမာ
ထွန်းလင်းနေခဲ့ ဒီအာရုံထဲ ပျော်ရွှင်မူတို့
အတိပြီတဲ့ ရသာအာရုံ ခံစားနေခဲ့
အချိန်လွန်မှ သိခဲ့ရတဲ့
ဒီနောင်တရယ် ဆယ်ကာမရ
အများအမြင် အပြစ်တင်ကာ ကဲ့ရဲ့ကြတယ်
ဒါပေမဲ့လဲ ဒီလူအတွေး ဒီအချစ်က
မပြောင်းမလဲ ကျန်နေသေးတယ်
ကံဆုံရင်တော့ ပြန်ဆုံချင်သေးတပေါ့
တောင်ပေါ်သား
6 comments:
အလိုလေးနော်..ပြန်ဆုံချင်သေးတယ်ဆိုပဲ..
March 27, 2009 at 6:20 AMမမှတ်သေးဘူး။:))
ကောင်းတယ်ကဗျာလေး.
မာယာဆိုလား ဘဲ အဲဒါတော့ ...ကျွန်တော်လည်းကြောက်တယ်။ :)
March 27, 2009 at 6:25 AMမောင်တော် နဲ့  မာယာ နဲ့ ဆုံတဲ့ အခါ ဘယ်လို ခေါ်ရမလဲ ။ မယ်တော်မာယာ ။ အဲ မောင်တော် မာယာ ပေါ့ ။
March 27, 2009 at 6:16 PMသတိလေး ဆွဲထားအုံး ။ ဂုံးအဆင်းမှာ ဘရိတ်မပေါက်စေနဲ့ နော....ချိတ်ပူဒယ် ဝေ့...
ဟားဟား ဘာလဲ.... မာယာထဲ မျှောဖူးသေးတပေါ့.... သိနေတယ်နော်.. ဟွန်းး ဟွန်းးး
March 28, 2009 at 5:15 PMဟားဟား ဒီလိုပဲဖြစ်ရမယ်လေ။ လာလည်သွားတယ်ဗျို့။
March 29, 2009 at 12:29 AMမကီကီ ကျေးဇူးအမရေ မောင်တော်မာယာ ဘရိတ်မပေါက်စေရဘူးး)
March 29, 2009 at 6:35 PMPost a Comment