Monday, March 9, 2009

လက်ထပ်မင်္ဂလာ





သာယာချမ်းမြေ့တဲ့ ဘ၀တခုကို ပိုင်ဆိုင်ချင်သူတွေတိုင်းဟာ တချိန်ချိန်မှာတော့ ထိမ်းမြားလက်ထပ်မူကို မပြုမနေ ပြုလုပ်ကြရပါတယ်။ ဒါမှလဲ သာယာတဲ့ ဘ၀၊ ပြီးပြည့်စုံတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မှာပါ။ အခုဆို ကျနော်တို့ရဲ့ အကိုတယောက် ဖြစ်တဲ့ ကိုနေးတစ် တယောက် လူပျိုဘ၀ကြီးကို စွန့်လို့ သာယာချမ်းမြေ့တဲ့ ဘ၀တခုကို ချစ်ဇနီးရဲ့ လက်ကို တွဲပြီး လျှောက်လှမ်းနေပါပြီ။ ပျော်ရွှင်ရပါတယ် အကိုရေ… နောင်တချိန် ကလေးတသိုက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးကို မြင်ယောင်ပြီး ရီနေမိတယ် အကိုရေ…….


ရင်ထဲမှာ နေလို့ မရတာတော့ အမှန်ပါ။ ကျနော် တကယ့်ကို ညံ့ပါတယ်။ ကျနော်ကို တကူးတက ဖိတ်ထားခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲလေးကို အကြောင်းအမျိုးမျိုးကြောင့် ကျနော် မသွားဖြစ်ခဲ့ပါဘူး။ ကျနော် တောင်းပန်ပါတယ် ကိုနေးတစ် ရေ…….


စားကြွင်း။ ။ ဦးရှင်ကြီး , မောင်စနေ လက်မနှေးတော့နဲ့ဟ အမြန်လုပ်ထား..... နာကတော့ ကိုနေးတစ် ရဲ့နောင်မျိုးဆက်လေးပဲ စောင့်တော့မယ် အဟား



လေးစားလျက်
တောင်ပေါ်သား


Type rest of the post here

7 comments:

Anonymous said...

ကိုတောင်ပေါ်သားရေ.. လုပ်ထားနော်.. လူများတွေကို အားမကျဘူးလား..
ဟိးးးး

March 9, 2009 at 1:00 PM
khin oo may said...

glad to hear that happy ending...

March 9, 2009 at 1:04 PM
Anonymous said...

တောင်ပေါ်သားကော ဘယ်တော့ ကျွတ်မှာလဲ (မင်္ဂလာဆောင်မှာလဲ ) :P

March 9, 2009 at 5:59 PM
Phyo Evergreen said...

နောက်မကျသေးဘူး..ကိုတောင်ပေါ်သား......... နောက်လူတွေကျော်တက်ကုန်တော့မယ်.......
ဟိုတစ်ယောက်ကော.......။

March 9, 2009 at 7:39 PM
Anonymous said...

သူများကို လက်မနှေးနဲ့ ဘာနဲ့သွားပြောမနေနဲ့၊ ကိုယ့်ကိုကိုယ် အရင်စွံအောင်လုပ်ဦးဆရာ။
ပို့စ်လေးအတွက်ကျေးဇူးတင်ပါတယ်ဗျာ။

ခင်မင်လျှက်
မိုင်နေးတစ်လန်း

March 10, 2009 at 8:16 AM
စိုင်းစိုင်းလားရှိုး said...

ဟားဟားဟား တောင်ပေါ်က တောင်ပေါ်သားလေး နေးတစ်ပြောတာမှန်တယ် နင့်ကိစ္စ နင်အရင်ရှင်း ဟားဟား

March 10, 2009 at 11:42 AM
သက်တန့် said...

မောင်လေး စိုးမင်းထိုက်ရေ... ကျောက်ပျဉ်လာပို့တယ်ဟေ့... မိအောင်ဖမ်း... လာလေ့... ရော့... :P

March 12, 2009 at 11:26 PM