နှစ်တနှစ်ကို ပြန်တွေးကြည့်ခြင်း
၂၀၀၈ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းတော့ပါမယ်။ ကျနော်လဲ ဒီ ၂၀၀၈ အတွင်းဘာတွေ လုပ်ဖြစ်ခဲ့တယ်ဆိုတာ ပြန်တွေးကြည့်မိပါတယ်။ဘ၀ရဲ့အစ
ဒီ၂၀၀၈ ခုနှစ်ဟာ ကျနော်ဘ၀အတွက် ပထမဆုံးသော ကျနော်ချစ်သော မိသားစု၊ သူငယ်ချင်း၊ တိုင်းပြည် ကို ခွဲခွာဖို့သေချာစေတဲ့ နှစ်တနှစ်ပါပဲ။ ကျနော်ဒီစင်ကာပူကို ၂၀၀၇ နှစ်ကုန်ပိုင်းလောက်မှာ ရောက်ခဲ့ပါတယ်။ ဘ၀မှာ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်တွေ့ခဲ့ရတဲ့ နှစ်တနှစ်ရဲ့အစပေါ့။ ပျော်ရွှင်မူ ၊ ၀မ်းနည်းမူတွေနဲ့ ပြည့်စုံခဲ့ရတဲ့ နှစ်တနှစ်ပါပဲ။ ၂၀၀၈ နှစ်ကူးအကြိုတုန်းကဆိုရင် ကျနော်တို့ ဒီဆင့်ကာပူကိုတောင် မကပ်နိုင်ပါဘူး။ မလေးရှားလိုနေရာမှာ သူငယ်ချင်းအပေါင်းအသင်းတွေ တိတ်ဆိတ်စွာပဲ နှစ်ကူးခဲ့ရပါတယ်။ ဒီစင်ကာပူကိုရောက်ပြီး ၂၀၀၈ နှစ်ဆန်းပိုင်းမှာ ကျနော် အလုပ်ရခဲ့ပါတယ်။ ဒါဟာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားခဲ့ရတဲ့ ဘ၀ရဲ့ အစိတ်တပိုင်းပါ။
ဒီနှစ်အတွင်းမှာ လူရယ်လိုဖြစ်လာရင် လူတယောက်လို နေတတ်ဖို့၊ လူတယောက်ကို လူတယောက်လိုနားလည်တတ်အောင် ကြည့်တတ်ဖို့ စာနာသနားတတ်ဖို့ အလေ့အကျင့်တွေရခဲ့ပါတယ်။ မိသားစုနဲ့ ခွဲနေရတဲ့ ဘ၀မှာ ကိုယ်ခြေထောက်ပေါ်မှာ ကိုယ်မြဲမြံအောင် ရပ်တည်နိုင်ဖို့၊ ပျက်စီးချင်ရင် လွယ်လွယ်ပျက်စီးတတ်တဲ့ သူတပါးတိုင်းပြည်မှာ ကိုယ်စိတ်ကို ထိန်းနိုင်အောင်နေတတ်တဲ့ အကျင့်ကောင်းလေးတွေ ရလာခဲ့ပါတယ်။ ဒါပေမဲ့ လူဆိုတာကတော့ တခုခုကိုလိုချင်ရင် တခုခုကိုပေးဆပ်ရစမြဲပါပဲ။ လူသားတွေထဲက လူသားတယောက်ဖြစ်တဲ့ ကျနော်ဟာ အမှားများစွာကိုလဲ ကျူးလွန်တတ်ခဲ့မိပါတယ်။ ကျနော်ကြောင့် ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ဖြစ်ဖြစ် စိတ်ပျက်ခဲ့ရတဲ့၊ ၀မ်းနည်းခဲ့ရတဲ့သူ အပေါင်းကို ကျနော် ဒီပိုစ့်လေးကနေ ရင်ထဲကနေ တောင်းပန်ပါတယ်။
စင်ကာပူကို ရောက်လာပြီး အလုပ်လာရှာကြတဲ့ ကျနော်ရဲ့ ညီနောင်တွေအတွက် ကျနော်ဘာမှ မယ်မယ်ရရမကူညီနိုင်ခဲ့ပါဘူး။ အဲဒီအတွက် ကျနော် စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တနေ့တော့ သူတို့တွေအားလုံး အဆင်ပြေချောမွေ့စွာ အလုပ်အကိုင်တွေ အဆင်ပြေပါစေလို့ ကျနော်အမြဲဆုတောင်းပေးလျက်ပါ။
ကျနော်ရဲ့ ဘလော့လေးကို ၀၄/၁၅/၂၀၀၈မှာ စတင်ခဲ့ပါတယ်။ ဒီဘလော့လေးကို စတင်လုပ်ဖြစ်တာကတော့ အကို ကိုဈာန်ကျေးဇူးကြောင့်ပါ။ ဒီလိုနဲ့ ဒီဘလော့လေး ရပ်တည်ခွင့်ရလာတာ ၈ လကျော်လာပါပြီ။ ဒီဘလော့လေးပေါ်မှာ ကျနော်ခံစားရတဲ့ အချက်လေးတွေ၊ မြင်တွေ့နေရတဲ့ အမြင်တွေ၊ သူငယ်ချင်းတွေဆီက ပေးလာတဲ့ စာလေးတွေ စသည်ဖြင့် ကျနော် စုစုပေါင်း ပိုစ့်လေး ၉၆ ပိုစ့် တင်နိုင်ခဲ့ပါတယ်။ ဒီအတွက် ဘလော့ချစ်ညီအကိုမောင်နှမတွေ၊ ကျနော်ဘလော့စာဖတ်ပရိသတ်တွေ ပေးတဲ့ စာမူခပေါင်း ၃၇၀ လောက် ရရှိခဲ့ပါတယ်။ ဘယ်လိုမှ မမျှော်လင့်ခဲ့ပါဘူး ဒီလိုမျိုး ကော်မန့် (စာမူခ)လေးတွေ ပေးသွားတဲ့ ဘလော့ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ နောက်ပြီး ဒီဘလော့လေးကို အစဉ်လာလည်ပြီး ကော်မန့်မပေးသွားတဲ့ ဘလော့ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များအားလုံးကိုလဲ ကျေးဇူးအထူးတင်ပါတယ်။ ဘာလိုလိုနဲ့ ကျနော်ဘလော့ကို လာလည်တဲ့သူတွေတောင် များလာပါပြီ။
ကျနော်ကို ဘလော့အသက်သွင်းပေးခဲ့တဲ့ အကိုကြီးကိုဈာန်၊ ကျနော်လေးစားအားကျမိတဲ့ ကမောင်ရင်၊ အကိုစေးထူး တို့ရဲ့ ကော်မန့်လေးများရရင် ကျနော်အဲဒီတနေ့လုံး ၀မ်းသာပီတီဖြစ်လို့မဆုံးပါဘူး။ ပြီးတော့ ကျနော်ကို မသိပေမဲ့ ကျနော်အမြဲသွားလည်ဖြစ်တဲ့ ကျနော်ရဲ့ ချစ်ညီအကိုများဖြစ်တဲ့ ကိုဝင်းဇော်၊ ကိုပုလုကွေး၊ ကိုရဲနိုင်စိုး၊ ကိုရုပ်ဆိုး၊ ကိုနေးတစ်၊ ဦးနော်၊ Happy Cloud၊ ကိုမိုးသောက်၊ဦးရှင်ကြီး၊ညီငယ်စနေသား၊ ကိုဆိုးသွမ်း၊ မောင်သံလွင် Hero၊မောင်ဂျယ်ဂျဲ၊ ဆရာဥာဏ်၊ ကိုဗီလိန်၊ ကိုBee၊ ကိုအလှတရား၊ ကိုဆန်းဝင်း၊ ကိုဖားကြီး၊ ယိမ်းနွဲ့ပါးညီအကိုများ၊ အကိုအောင်၊ အကိုအိမ်၊ အကိုတော်မောင်မျိုး၊ ဘ၀ရဲ့စာပေများကို ၀တ္တုတပုဒ်လို ရေးတတ်တဲ့ ကိုနဗန၊ကိုဝဏ္ဏ ၊ ကိုရဲ၊ ကိုJuly Dream၊ နည်းပညာတွေ ဝေမျှပေးတဲ့ ကိုကြယ်စင်မင်း၊ ကိုသံလုံငယ်၊
ဘလော့ဂါ ညီအမတွေဖြစ်တဲ့ ဆရာမ မေငြိမ်း၊ အမ မသက်ဇင်၊ မခင်မင်းဇော်၊ မမယ်လိုဒီမောင်၊ တီဝါ၊ တီငယ်နဲ့ ကလေးလေး၊ မခေါင်ခေါင်၊ မသက်တန့်၊ မမီး၊ မနိုင်းနိုင်းစနေ၊ မဗေဒါ၊ Dream၊ မလင်းလက်၊ မဂျစ်တူး၊ ကောင်မလေး၊ ချင်းမလေး၊ မမယ်ဂုမိ၊ မပုလဲစသည့်ဘလော့ဂါ မောင်နှမများ ကျနော်မေ့လျော့ပြီး ထည့်ဖို့ကျန်နေသေးသော ဘလော့ဂါ ညီအကိုမောင်နှမများ၊ စာဖတ်ပရိသတ်များ၊ ကျနော်ဘလော့လေးကို အကြံဥာဏ်ပေးတတ်တဲ့ ကျနော်အကို ကိုကြယ်စင်သွေး၊ အမ မခိုင်၊ ညီမလေး ချစ်စုတို့ကိုလဲ အရမ်းကျေးဇူးတင်ပါတယ်။
နောက်တခုကတော့ ၂၀၀၈ တန်ဆောင်တိုင်ကို Online ပေါ်ကနေ Live ကြည့်လို့ ရအောင်လုပ်ပေးတဲ့ တောင်ကြီးချယ်ရီမြေ မှ အဖွဲ့သားများ၊ ၂၀၀၈ အတွင်း စင်ကာပူရောက် တောင်ကြီးသူ/သားတွေ တွေ့ဖြစ်အောင်၊ တောင်ကြီးမြို့ ဖြစ်တည်မူ နှစ် ၁၁၄ နှစ်မြောက် အထိမ်းအမှတ် စတိတ်ရှိုးပွဲလေးကျင်းပဖြစ်အောင် လုပ်ပေးတဲ့ စင်ကာပူရောက် တောင်ကြီး Family အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။
ကျနော်တို့အားလုံး လာမဲ့ ၂၀၀၉ မှာအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများစွာနဲ့ ချစ်သော မိသားစု၊ သူငယ်ချင်းများစွာနဲ့ ပျော်ရွှင်စွာနေနိုင်ကြောင်း ဆုတောင်းပေးပါတယ်။ ကျနော်တို့တတ်နိုင်တဲ့ တထောင့်တနေရာကနေ ချစ်သောအမိမြန်မာပြည်ကြီး အတွက် အလုပ်တွေ လုပ်နိုင်ပါစေလို့ ဆုတောင်းလျက်
လေးစားလျက် တောင်ပေါ်သား
7 comments:
ကိုတောင်ပေါ်သား
December 31, 2008 at 2:09 PM၂၀၀၈ ခုနှစ်က ကိုတောင်ပေါ်သားကို မိသားစု၊ ကိုယ့်မိတ်ဆွေ ချစ်ခင်သူတွေနဲ့ခွဲခွာခဲ့ရတဲ့ တစ်ယောက်တည်းဘ၀ စခဲ့ရတာဆိုတော့ အမှတ်တရတွေများမှာပေါ့
ပြီးတော့ ၂၀၀၈ ရဲ့ သင်္ကြန်ရက်လေးမှာ ဘလော့လေးစတင်ခဲ့တာဆိုတော့ ...အမှတ်တရတွေများမှာပါ
၂၀၀၉ မှာ လမ်းခရီးတွေချောမွေ့ပြီး ပျော်ရွှင်ခြင်းတွေပိုင်ဆိုင်နိုင်ပါစေ
နှစ်သစ်မင်္ဂလာလေးပါ
နှစ်မကူးခင်ပြောခဲ့ပါတယ်
လိုအင်ဆန္ဒတွေလည်း ဖြစ်နိုင်သမျှပြည့်ဝပါစေ :)
ညီလေးတောင်ပေါ်သားလေးရေ။
December 31, 2008 at 11:01 PMမင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ပါစေ။ လူငယ်တစ်ယောက်အတွက်လှပတဲ့အနာဂတ်ကအမြဲကြိုနေမှာပါ။ ပေးဆပ်ခဲ့ရတာတွေကတော့ နောင်တချိန်အမှတ်တရအနေနဲ့ကျန်ရစ်မယ့် အရင်းအနှီးတွေပေါ့။
စိတ်ကောင်းရှိတဲ့ညီလေးအတွက် ကောင်းသောဆုတောင်းတွေအားလုံးပြည့်ဝပါစေ။
ကိုတောင်ပေါ်သားရေ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ...။
January 1, 2009 at 12:27 AMဘာပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့ရတဲ့ နှစ်တစ်နှစ်ကတော့ ကျော်လွန်ခဲ့ပြီးမဟူတ်လား ကျော်ဖြတ်ကြသေးတာပေါ့နော့်း) ဟက်ပီး နယူးရီးယား လူကို အစ်ကိုလို့မခေါ်ပါနဲ့ဆိုပြောမရဘူး ခဏ သေမင်း ကြားနေရင် ဒွတ်ခး)
January 1, 2009 at 1:44 AMတောင်ပေါ်သားကြီး.. နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ..
January 1, 2009 at 3:24 PMခင်တဲ့...
မိုးမောင်
နှစ်သစ်ကို ပြည့်စုံခြင်းနဲ့ ပိုင်ဆိုင်ပါစေ
January 1, 2009 at 4:53 PMမှတ်တမ်းမှတ်ရာလေးဖြစ်သွားပြီပေါ့နော်။အခုလို
January 3, 2009 at 6:57 PMအမှတ်တရ ထည့်ရေးပေးတာ ကျေးဇူးပါဗျား။
ကျနော်လဲ ချစ်သော အမိမြန်မာပြည်ကြီးအတွက် အလုပ်ကြိုးစားပါတော့မယ်ဗျာ ဟီးဟီး
Post a Comment